Analysis Premier League

မန်ချက်စတာယူနိုက်တက် 5-1 လိဒ်စ်ယူနိုက်တက်ပွဲအပြီး ထူးထူးခြားခြားပြောစရာ 7 ချက်

အဖွင့်လှပသွားတဲ့ မန်ချက်စတာယူနိုက်တက်
၂၀၂၁-၂၂ ပရီးမီးယားလိဂ်ရာသီသစ်ကိုတော့ ယူနိုက်တက်တို့ လှလှပပဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်က အဖွင့်ပွဲမှာ ၅ ဂိုးပြတ်သွင်းတဲ့စံချိန်ကို ထပ်ယူသွားခဲ့တာပါ။ အမှတ်ပေးဇယား အဆင့် ၁ နေရာကို ပွဲစဥ် ၁ အပြီးမှာ ယာယီသွားနိုင်ခဲ့လို့ နည်းပြ ဆိုးလ်ရှားတယောက် ကျေနပ်နေမှာဖြစ်ပြီး မန်စီးတီး၊ ချယ်လ်ဆီးတို့ကို ချန်ပီယံဆုအတွက် တပါတည်း ရာဇသံပေးလိုက်တယ်လို့ ဆိုရမှာဖြစ်ပြီး ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်းပွဲစဥ်ကို ဆက်လက်ခရီးနှင်ရပါဦးမယ်။

သရဲနီအချစ်တော် ဆန်ချိုရဲ့ပွဲဦးထွက်မှာ ဗာရွန်းကိုပါ ပွဲထုတ်ကြေငြာခဲ့
အိုးထရက်ဖို့ဒ်မှာပဲ ယူနိုက်တက်ပွဲဦးထွက်ကို ကစားခွင့်ရခဲ့တဲ့ ဂျေဒန် ဆန်ချိုက ပရိသတ် ၇ သောင်းခွဲရဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခြင်းခံခဲ့ရသလို မိနစ် ၇၀ ဝန်းကျင် ပွဲအေးသွားချိန်မှ လူစားဝင်ကစားခွင့်ရခဲ့လို့ ပရိသတ်မိတ်ဆက်သဘောသာ မြင်တွေ့ခဲ့ရပြီး သူနဲ့အတူ ဒီနေ့ပွဲအဖွင့်မှာ အိုးထရက်ဖို့ဒ်လူထုရှေ့ တရားဝင်ကြေငြာသွားခဲ့တဲ့ ရာဖေးလ် ဗာရွန်းတို့ရဲ့အကောင်းဆုံးပုံစံကိုတော့ အသားကျလာမယ့်ခြေစွမ်းနဲ့အတူ မျှော်လင့်စရာတွေအတွက် စိတ်ရှည်ရှည်နဲ့ အချိန်ပေးသွားရဦးမှာပါ။

နှင်းဆီဒါဘီမှာ ပညာပေးခံရပြန်တဲ့ ဘီယယ်လ်ဆာ
ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်ကို ၆-၂ နဲ့ ဂိုးပြတ်ရှူံးခဲ့တဲ့ နှင်းဆီဒါဘီဟာ လိဒ်စ်ယူနိုက်တက်အတွက်တော့ သံသရာဆိုးတကျော့ပြန်လည်လာခဲ့ပြီး နည်းပြ ဆိုးလ်ရှားတယောက် နည်းဗျူဟာဘုရင်ကြီး မာဆယ်လို ဘီယယ်လ်ဆာကို တန်ပြန်တိုက်စစ်နဲ့ပဲ ပညာထပ်ပေးပြီး မျက်နှာပျက်စေခဲ့ပြန်ပါတယ်။ ဂိုးသွင်းပွဲတော်ကြီးလို့ အမည်ပေးခံထားရတဲ့ အဆိုပါဒါဘီပွဲစဥ်ကို ဖျော်ဖြေမှုရသအပြည့်ပေးစွမ်းနိုင်တယ်လို့ မှတ်ချက်ပေးခံထားရပါတယ်။

တပွဲတည်း ၄ ဂိုးဖန်တီးသွားတဲ့ ပေါ့ဘာ
ပြီးခဲ့တဲ့ရာသီက ဝေဖန်မှုတွေကို ခေါင်းငုံ့ခံခဲ့ရတဲ့ ယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ ယူရိုပြိုင်ပွဲအပြီးမှာတော့ ကြံ့ခိုင်မှုအပြည့်ဝဆုံးပုံစံနဲ့ ပြန်လာခဲ့ပြီး လိဒ်စ်ကိုသွင်းတဲ့ ၅ ဂိုးမှာ ၄ ဂိုးအထိ ဖန်တီးပြီး အိုးထရက်ဖို့ဒ် ပရိသတ်တွေရှေ့မှာ ဝင့်ဝင့်ကြွားကြွား အောင်ပွဲခံနိုင်ခဲ့သလို သူ့ရဲ့ အစမ်းသပ်ခံနိုင်ဆဲ အဆင့်အတန်းကိုပါ ပြသခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတလျှောက် သူ့ရဲ့ ဂိုးဖန်တီးမှုမှတ်တမ်းဆိုးကို ပွဲချိန်တနာရီနီးပါးအတွင်းမှာပဲ လိုက်မီသွားခဲ့တာ အံ့အားသင့်ခဲ့ရပြီး Assist King လို့ နာမည်ကြီးတဲ့ ဘရူနို ဖာနန်ဒက်စ်တောင် ပညာပြန်ယူရမယ့် ကွင်းလယ်ဆရာတဆူအဖြစ် ရပ်တည်ပြသွားခဲ့သလို ပရီးမီးယားလိဂ်သမိုင်းမှာ တပွဲတည်း ၄ ဂိုးဖန်တီးတဲ့ ၇ ယောက်မြောက်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ရာသီသစ်ရဲ့ ပထမဆုံး ဟက်ထရစ်ရယူလိုက်တဲ့ စစ်သူကြီး ဘရူနို
စစ်သူကြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ပရီးမီးယားလိဂ် ၅၂ ပွဲမြောက်ဖြစ်လာခဲ့ပြီး သူ့ရဲ့အစွမ်းကတော့ ယူရိုပြိုင်ပွဲက ဝေဖန်သံတွေအပြီး အံ့မခန်းတိုးတက်လာခဲ့ပြီး ဟက်ထရစ်သွင်းယူသွားခဲ့သလို Match Ball ကို အိမ်ပြန်သယ်ခွင့်ရသွားခဲ့ပါတယ်။ ဒါဟာ အခုရာသီသစ်ရဲ့ ပွဲစဥ် ၁ မှာပဲ ဒီလိုလုပ်ပြနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သလို သူ့ရဲ့ ၃ ဂိုးစလုံးဟာ ချိန်သားကိုက်ပြေးထွက်ပုံနဲ့အတူ နေရာယူပုံမှန်ကန်ပြီး ဂိုးသွင်းကန်ချက်တိုင်းက တိကျပါးနပ်သလို လိဒ်စ်ခံစစ်တတန်းလုံးကို ရူးခါသွားစေနိုင်ခဲ့တာပါ။

ပြီးပြည့်စုံနေတဲ့ မက်ဖရက်ဒ်အတွဲ
ကွင်းလယ်လူအသစ် အဝင်မခံတော့ဘူးလို့ ဆိုးလ်ရှားသတိပေးလိုက်သလားလို့တောင် ချီးကျူးခံထားရတဲ့ မက်ဖရက်ဒ်(မက်တော်မီ​နေး+ဖရက်ဒ်) အတွဲရဲ့ နှင်းဆီဒါဘီပွဲက ဟန်ချက်ညီမျှမှုက အတော်လေးကောင်းခဲ့သလို “မခွဲအတူ အမြဲနေမယ်” ဆိုတဲ့ နားလည်မှုရှိရှိနဲ့ အတွဲအဖက်ကောင်းအဖြစ် သက်သေပြသွားခဲ့တာပါ။ ဆန်ချို၊ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်တို့ မပါဝင်သေးတဲ့ ပွဲထွက်လူစာရင်းနဲ့ အတော်​လေးပေါက်ကွဲပြပြီး ကစားသွားခဲ့သလို လိဒ်စ်တို့ ဘောလုံးတည်မရအောင်ကို အလုပ်ရှုပ်စေပြီး ဒုက္ခကောင်းကောင်းပေးနိုင်ခဲ့တာပါ။

ဆိုးလ်ရှားကို ဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်သွားစေတဲ့ ဂရင်းဝုဒ်
ဒီနေ့ပွဲမှာ ပေါ့ဘာရဲ့ဟန်အတိုင်း ကွင်းလယ်ကြောကနေ အလှပဆုံးဖန်တီးပေးပို့မှုကို အချိတ်အဆက်မိမိ ပြေးထွက်သွားပြီး လိဒ်စ်ဂိုးသမားရဲ့ ဘယ်ဘယ်ထောင့်ကို တိတိကျကျ အနိမ့်ဘောနဲ့ တဂိုးသွင်းခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ ပဥ္စမမြောက်ဂိုးသွင်းအများဆုံး ဆယ်ကျော်သက်လူငယ်ကစားသမားဖြစ်လာခဲ့တဲ့ ဂရင်းဝုဒ်က ကာဗာနီမရှိချိန်မှာ အားအကိုးရဆုံးဖြစ်လာမယ့် ဂိုးသွင်းမုဆိုးအဖြစ် သက်သေပြသွားတော့မယ်လို့ ချီးကျုးလောက်စရာဖြစ်လာခဲ့သလို ဆိုးလ်ရှားတယောက် အချိန်ပေးရကျိုးနပ်ခဲ့လို့လည်း ဂုဏ်ယူမဆုံး တပြုံးပြုးဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဖြင့္လွပသြားတဲ့ မန္ခ်က္စတာယူႏိုက္တက္
၂၀၂၁-၂၂ ပရီးမီးယားလိဂ္ရာသီသစ္ကိုေတာ့ ယူႏိုက္တက္တို႔ လွလွပပဖြင့္လွစ္ႏိုင္ခဲ့ၿပီး ၂၀၀၆ ခုႏွစ္က အဖြင့္ပြဲမွာ ၅ ဂိုးျပတ္သြင္းတဲ့စံခ်ိန္ကို ထပ္ယူသြားခဲ့တာပါ။ အမွတ္ေပးဇယား အဆင့္ ၁ ေနရာကို ပြဲစဥ္ ၁ အၿပီးမွာ ယာယီသြားႏိုင္ခဲ့လို႔ နည္းျပ ဆိုးလ္ရွားတေယာက္ ေက်နပ္ေနမွာျဖစ္ၿပီး မန္စီးတီး၊ ခ်ယ္လ္ဆီးတို႔ကို ခ်န္ပီယံဆုအတြက္ တပါတည္း ရာဇသံေပးလိုက္တယ္လို႔ ဆိုရမွာျဖစ္ၿပီး ေဆာက္သမ္တန္အသင္းနဲ႔ အေဝးကြင္းပြဲစဥ္ကို ဆက္လက္ခရီးႏွင္ရပါဦးမယ္။

သရဲနီအခ်စ္ေတာ္ ဆန္ခ်ိဳရဲ႕ပြဲဦးထြက္မွာ ဗာ႐ြန္းကိုပါ ပြဲထုတ္ေၾကျငာခဲ့
အိုးထရက္ဖို႔ဒ္မွာပဲ ယူႏိုက္တက္ပြဲဦးထြက္ကို ကစားခြင့္ရခဲ့တဲ့ ေဂ်ဒန္ ဆန္ခ်ိဳက ပရိသတ္ ၇ ေသာင္းခြဲရဲ႕ ေသာင္းေသာင္းဖ်ဖ် ႀကိဳဆိုျခင္းခံခဲ့ရသလို မိနစ္ ၇၀ ဝန္းက်င္ ပြဲေအးသြားခ်ိန္မွ လူစားဝင္ကစားခြင့္ရခဲ့လို႔ ပရိသတ္မိတ္ဆက္သေဘာသာ ျမင္ေတြ႕ခဲ့ရၿပီး သူနဲ႔အတူ ဒီေန႔ပြဲအဖြင့္မွာ အိုးထရက္ဖို႔ဒ္လူထုေရွ႕ တရားဝင္ေၾကျငာသြားခဲ့တဲ့ ရာေဖးလ္ ဗာ႐ြန္းတို႔ရဲ႕အေကာင္းဆုံးပုံစံကိုေတာ့ အသားက်လာမယ့္ေျခစြမ္းနဲ႔အတူ ေမွ်ာ္လင့္စရာေတြအတြက္ စိတ္ရွည္ရွည္နဲ႔ အခ်ိန္ေပးသြားရဦးမွာပါ။

ႏွင္းဆီဒါဘီမွာ ပညာေပးခံရျပန္တဲ့ ဘီယယ္လ္ဆာ
ၿပီးခဲ့တဲ့ရာသီက မန္ခ်က္စတာယူႏိုက္တက္ကို ၆-၂ နဲ႔ ဂိုးျပတ္ရႉံးခဲ့တဲ့ ႏွင္းဆီဒါဘီဟာ လိဒ္စ္ယူႏိုက္တက္အတြက္ေတာ့ သံသရာဆိုးတေက်ာ့ျပန္လည္လာခဲ့ၿပီး နည္းျပ ဆိုးလ္ရွားတေယာက္ နည္းဗ်ဴဟာဘုရင္ႀကီး မာဆယ္လို ဘီယယ္လ္ဆာကို တန္ျပန္တိုက္စစ္နဲ႔ပဲ ပညာထပ္ေပးၿပီး မ်က္ႏွာပ်က္ေစခဲ့ျပန္ပါတယ္။ ဂိုးသြင္းပြဲေတာ္ႀကီးလို႔ အမည္ေပးခံထားရတဲ့ အဆိုပါဒါဘီပြဲစဥ္ကို ေဖ်ာ္ေျဖမႈရသအျပည့္ေပးစြမ္းႏိုင္တယ္လို႔ မွတ္ခ်က္ေပးခံထားရပါတယ္။

တပြဲတည္း ၄ ဂိုးဖန္တီးသြားတဲ့ ေပါ့ဘာ
ၿပီးခဲ့တဲ့ရာသီက ေဝဖန္မႈေတြကို ေခါင္းငုံ႔ခံခဲ့ရတဲ့ ယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာဟာ ယူ႐ိုၿပိဳင္ပြဲအၿပီးမွာေတာ့ ႀကံ့ခိုင္မႈအျပည့္ဝဆုံးပုံစံနဲ႔ ျပန္လာခဲ့ၿပီး လိဒ္စ္ကိုသြင္းတဲ့ ၅ ဂိုးမွာ ၄ ဂိုးအထိ ဖန္တီးၿပီး အိုးထရက္ဖို႔ဒ္ ပရိသတ္ေတြေရွ႕မွာ ဝင့္ဝင့္ႂကြားႂကြား ေအာင္ပြဲခံႏိုင္ခဲ့သလို သူ႔ရဲ႕ အစမ္းသပ္ခံႏိုင္ဆဲ အဆင့္အတန္းကိုပါ ျပသခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတေလွ်ာက္ သူ႔ရဲ႕ ဂိုးဖန္တီးမႈမွတ္တမ္းဆိုးကို ပြဲခ်ိန္တနာရီနီးပါးအတြင္းမွာပဲ လိုက္မီသြားခဲ့တာ အံ့အားသင့္ခဲ့ရၿပီး Assist King လို႔ နာမည္ႀကီးတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ေတာင္ ပညာျပန္ယူရမယ့္ ကြင္းလယ္ဆရာတဆူအျဖစ္ ရပ္တည္ျပသြားခဲ့သလို ပရီးမီးယားလိဂ္သမိုင္းမွာ တပြဲတည္း ၄ ဂိုးဖန္တီးတဲ့ ၇ ေယာက္ေျမာက္ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။

ရာသီသစ္ရဲ႕ ပထမဆုံး ဟက္ထရစ္ရယူလိုက္တဲ့ စစ္သူႀကီး ဘ႐ူႏို
စစ္သူႀကီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ပရီးမီးယားလိဂ္ ၅၂ ပြဲေျမာက္ျဖစ္လာခဲ့ၿပီး သူ႔ရဲ႕အစြမ္းကေတာ့ ယူ႐ိုၿပိဳင္ပြဲက ေဝဖန္သံေတြအၿပီး အံ့မခန္းတိုးတက္လာခဲ့ၿပီး ဟက္ထရစ္သြင္းယူသြားခဲ့သလို Match Ball ကို အိမ္ျပန္သယ္ခြင့္ရသြားခဲ့ပါတယ္။ ဒါဟာ အခုရာသီသစ္ရဲ႕ ပြဲစဥ္ ၁ မွာပဲ ဒီလိုလုပ္ျပႏိုင္ခဲ့တဲ့ ပထမဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့သလို သူ႔ရဲ႕ ၃ ဂိုးစလုံးဟာ ခ်ိန္သားကိုက္ေျပးထြက္ပုံနဲ႔အတူ ေနရာယူပုံမွန္ကန္ၿပီး ဂိုးသြင္းကန္ခ်က္တိုင္းက တိက်ပါးနပ္သလို လိဒ္စ္ခံစစ္တတန္းလုံးကို ႐ူးခါသြားေစႏိုင္ခဲ့တာပါ။

ၿပီးျပည့္စုံေနတဲ့ မက္ဖရက္ဒ္အတြဲ
ကြင္းလယ္လူအသစ္ အဝင္မခံေတာ့ဘူးလို႔ ဆိုးလ္ရွားသတိေပးလိုက္သလားလို႔ေတာင္ ခ်ီးက်ဴးခံထားရတဲ့ မက္ဖရက္ဒ္(မက္ေတာ္မီ​ေနး+ဖရက္ဒ္) အတြဲရဲ႕ ႏွင္းဆီဒါဘီပြဲက ဟန္ခ်က္ညီမွ်မႈက အေတာ္ေလးေကာင္းခဲ့သလို “မခြဲအတူ အၿမဲေနမယ္” ဆိုတဲ့ နားလည္မႈရွိရွိနဲ႔ အတြဲအဖက္ေကာင္းအျဖစ္ သက္ေသျပသြားခဲ့တာပါ။ ဆန္ခ်ိဳ၊ ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္တို႔ မပါဝင္ေသးတဲ့ ပြဲထြက္လူစာရင္းနဲ႔ အေတာ္​ေလးေပါက္ကြဲျပၿပီး ကစားသြားခဲ့သလို လိဒ္စ္တို႔ ေဘာလုံးတည္မရေအာင္ကို အလုပ္ရႈပ္ေစၿပီး ဒုကၡေကာင္းေကာင္းေပးႏိုင္ခဲ့တာပါ။

ဆိုးလ္ရွားကို ဂုဏ္ယူမဆုံး တၿပဳံးၿပဳံးျဖစ္သြားေစတဲ့ ဂရင္းဝုဒ္
ဒီေန႔ပြဲမွာ ေပါ့ဘာရဲ႕ဟန္အတိုင္း ကြင္းလယ္ေၾကာကေန အလွပဆုံးဖန္တီးေပးပို႔မႈကို အခ်ိတ္အဆက္မိမိ ေျပးထြက္သြားၿပီး လိဒ္စ္ဂိုးသမားရဲ႕ ဘယ္ဘယ္ေထာင့္ကို တိတိက်က် အနိမ့္ေဘာနဲ႔ တဂိုးသြင္းခဲ့ၿပီး ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္မွာ ပၪၥမေျမာက္ဂိုးသြင္းအမ်ားဆုံး ဆယ္ေက်ာ္သက္လူငယ္ကစားသမားျဖစ္လာခဲ့တဲ့ ဂရင္းဝုဒ္က ကာဗာနီမရွိခ်ိန္မွာ အားအကိုးရဆုံးျဖစ္လာမယ့္ ဂိုးသြင္းမုဆိုးအျဖစ္ သက္ေသျပသြားေတာ့မယ္လို႔ ခ်ီးက်ဳးေလာက္စရာျဖစ္လာခဲ့သလို ဆိုးလ္ရွားတေယာက္ အခ်ိန္ေပးရက်ိဳးနပ္ခဲ့လို႔လည္း ဂုဏ္ယူမဆုံး တၿပဳံးျပဳးျဖစ္ေနတာကို ေတြ႕ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.