Premier League

လြန္ခဲ့တဲ့ ေျခာက္ႏွစ္ကလိုမ်ဳိး မျဖစ္ေစဖို႔ ယာဂန္ ကေလာ့ပ္ကို ဆုေတာင္းေပးလုိက္တဲ့ ေရာ့ဂ်ားစ္

လက္စတာစီးတီးအသင္းနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က လက္ရွိလီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ သူႀကဳံခဲ့ရဖူးသလို ခ်န္ပီယံဆုနဲ႔ လက္တစ္ကမ္းအလိုကေန လြဲေခ်ာ္တာမ်ဳိး ထပ္မံမျဖစ္ေပၚေစဖို႔ ဆုေတာင္းတယ္လို႔ ဆိုလုိက္ၿပီး ဒီလိုမ်ဳိးအျဖစ္ကေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္စရာ ေကာင္းမွာျဖစ္ေၾကာင္းဆုိလုိက္ပါတယ္။

၂၀၁၄ ခုႏွစ္တုန္းက အဓိကၿပဳိင္ဘက္ မန္ခ်က္စတာစီးတီးကို အိမ္ကြင္းမွာ အႏိုင္ယူႏုိင္ခဲ့ေပမယ့္ ေက်ာ္ၾကားလွတဲ့ စတီဗင္ ဂ်ရတ္ရဲ႕ ေျခေခ်ာ္မွဳနဲ႔အတူ ေနာက္တစ္ပြဲမွာလည္း ပဲေလ့စ္ကို သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားရာကေန ဆယ္မိနစ္အတြင္း သုံးဂိုးျပန္လည္ခြင့္ျပဳၿပီး ခ်န္ပီယံဆုနဲ႔ ေရာ့ဂ်ားစ္ရဲ႕အသင္းဟာ လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အမွတ္ေပးဇယားထိပ္က ၂၅ မွတ္ ျဖတ္ထားမွဳနဲ႔အတူ ႏွစ္ေပါင္း ၃၀ ၾကာ ေစာင့္ဆုိင္းခဲ့ရတဲ့ ခ်န္ပီယံဆုဖလားကို ရယူဖို႔ လက္တစ္ကမ္းအလိုမွာ ရွိေနေပမယ့္ ကိုဗစ္-၁၉ ေၾကာင့္ ၿပဳိင္ပြဲေတြ ဖ်က္သိမ္းႏိုင္တဲ့ အေျခအေနနဲ႔ ႀကဳံခဲ့ရသလို အားကစားစိတ္ဓာတ္မရွိဘဲ ကိုယ္က်ဳိး ရွာေဖြလိုတဲ့ အသင္းေတြရဲ႕ ရာသီပိတ္သိမ္းဖို႔ တုိက္တြန္းမွဳေတြနဲ႔လည္း ရင္ဆုိင္ခဲ့ရတာပါ။

“သူတုိ႔က ဒီႏွစ္မွာ အတည္ၿငိမ္ဆုံးကစားႏုိင္တဲ့ အေကာင္းဆုံးအသင္းပါ။ သူတုိ႔ကစားေနတဲ့ စြမ္းေဆာင္ရည္၊ အဆင့္အတန္းက ခ်ီးက်ဴးစရာ အေနအထားမွာရွိၿပီး ဒီပုံစံနဲ႔မွ ဆုဖလားကို မကိုင္ေျမႇာက္ႏုိင္ခဲ့ရင္ေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္စရာျဖစ္မွာပါ။ သူတုိ႔ေတြ အၾကာႀကီး ေစာင့္ဆုိင္းခဲ့ရၿပီး ခ်န္ပီယံျဖစ္ဖို႔လည္း ထုိက္တန္ပါတယ္။ ယာဂန္နဲ႔ သူ႕လူေတြ ေဘးကင္းလုံၿခဳံတဲ့ ပတ္ဝန္းက်င္မွာ ကစားၿပီး ေအာင္ပြဲခံႏုိင္ၾကမွာပါ”လို႔ လီဗာပူးလ္ နည္းျပေဟာင္းက ေျပာပါတယ္။

ဘရန္ဒန္ ေရာ့ဂ်ားစ္က သူတုိ႔တုန္းကလည္း ဒီဆုဖလားနဲ႔ နီးစပ္ခဲ့ဖူးၿပီး ရယူႏုိင္ခဲ့ရင္ အားလုံးရဲ႕ တေလးတစား ခ်ီးက်ဴးမွဳကို ခံရႏုိင္တဲ့အခ်ိန္မွာ မလုပ္ႏုိင္ခဲ့ဘူးလို႔ ညည္းတြားသြားခဲ့ေပမယ့္ လက္ရွိမွာေတာ့ သူ႕ေခါင္းထဲက ဒီကိစၥကို ထုတ္ထားၿပီး အေကာင္းဆုံး ေရွ႕ဆက္ဖို႔ကိုပဲ လုပ္ေဆာင္ေနတယ္လို႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လက်စတာစီးတီးအသင်းနည်းပြ ဘရန်ဒန် ရော့ဂျားစ်က လက်ရှိလီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ သူကြုံခဲ့ရဖူးသလို ချန်ပီယံဆုနဲ့ လက်တစ်ကမ်းအလိုကနေ လွဲချော်တာမျိုး ထပ်မံမဖြစ်ပေါ်စေဖို့ ဆုတောင်းတယ်လို့ ဆိုလိုက်ပြီး ဒီလိုမျိုးအဖြစ်ကတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းမှာဖြစ်ကြောင်းဆိုလိုက်ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက အဓိကပြိုင်ဘက် မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့ပေမယ့် ကျော်ကြားလှတဲ့ စတီဗင် ဂျရတ်ရဲ့ ခြေချော်မှုနဲ့အတူ နောက်တစ်ပွဲမှာလည်း ပဲလေ့စ်ကို သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားရာကနေ ဆယ်မိနစ်အတွင်း သုံးဂိုးပြန်လည်ခွင့်ပြုပြီး ချန်ပီယံဆုနဲ့ ရော့ဂျားစ်ရဲ့အသင်းဟာ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အမှတ်ပေးဇယားထိပ်က ၂၅ မှတ် ဖြတ်ထားမှုနဲ့အတူ နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံဆုဖလားကို ရယူဖို့ လက်တစ်ကမ်းအလိုမှာ ရှိနေပေမယ့် ကိုဗစ်-၁၉ ကြောင့် ပြိုင်ပွဲတွေ ဖျက်သိမ်းနိုင်တဲ့ အခြေအနေနဲ့ ကြုံခဲ့ရသလို အားကစားစိတ်ဓာတ်မရှိဘဲ ကိုယ်ကျိုး ရှာဖွေလိုတဲ့ အသင်းတွေရဲ့ ရာသီပိတ်သိမ်းဖို့ တိုက်တွန်းမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာပါ။

“သူတို့က ဒီနှစ်မှာ အတည်ငြိမ်ဆုံးကစားနိုင်တဲ့ အကောင်းဆုံးအသင်းပါ။ သူတို့ကစားနေတဲ့ စွမ်းဆောင်ရည်၊ အဆင့်အတန်းက ချီးကျူးစရာ အနေအထားမှာရှိပြီး ဒီပုံစံနဲ့မှ ဆုဖလားကို မကိုင်မြှောက်နိုင်ခဲ့ရင်တော့ တော်တော်လေး စိတ်ပျက်စရာဖြစ်မှာပါ။ သူတို့တွေ အကြာကြီး စောင့်ဆိုင်းခဲ့ရပြီး ချန်ပီယံဖြစ်ဖို့လည်း ထိုက်တန်ပါတယ်။ ယာဂန်နဲ့ သူ့လူတွေ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ ကစားပြီး အောင်ပွဲခံနိုင်ကြမှာပါ”လို့ လီဗာပူးလ် နည်းပြဟောင်းက ပြောပါတယ်။

ဘရန်ဒန် ရော့ဂျားစ်က သူတို့တုန်းကလည်း ဒီဆုဖလားနဲ့ နီးစပ်ခဲ့ဖူးပြီး ရယူနိုင်ခဲ့ရင် အားလုံးရဲ့ တလေးတစား ချီးကျူးမှုကို ခံရနိုင်တဲ့အချိန်မှာ မလုပ်နိုင်ခဲ့ဘူးလို့ ညည်းတွားသွားခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ခေါင်းထဲက ဒီကိစ္စကို ထုတ်ထားပြီး အကောင်းဆုံး ရှေ့ဆက်ဖို့ကိုပဲ လုပ်ဆောင်နေတယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.