Other Serie A

CR7 ဟာ ဘယ်သူသေသေ ငတေမာဖို့ လုပ်နေသူလို့ ဂျူဗီကွင်းလယ်လူဟောင်း တိုက်ခိုက်သွား

ပြီးခဲ့တဲ့ရာသီက ၉ နှစ်ဆက် သိမ်းပိုက်လာခဲ့တဲ့ စကူဒတ်တိုဖလားကို လက်လွှတ်ခဲ့ရပြီး စီးရီးအေမှာ ကျရှူံးခဲ့တယ်လို့ သတ်မှတ်ခံထားရသလို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေလည်း ပတ်စာခွာ ဖျာသိမ်း”ပြီး အိမ်လှည့်ပြန်ခဲ့ရတဲ့ ဂျူဗင်တပ်စ်အသင်းမှာ အဓိကတရားခံက ခရစ္စတီယာနို ရော်နယ်လ်ဒိုဖြစ်တယ်လို့ စွပ်စွဲခံနေရတာပါ။

အခုတခါမှာလည်း ဂျူဗင်တပ်စ်ကွင်းလယ်လူဟောင်း ဒိုမီနီကို မာရော့ခီနိုက ရော်နယ်လ်ဒိုကြောင့် မျှော်လင့်ချက်တွေ ကြီးမားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ပေါ်တူဂီသားဟာ အသင်းအတွက် လောက်လောက်လားလား စွမ်း​ဆောင်ရည် ဘာတစ်ခုမှ မရှိခဲ့ဘဲ သူ့ရဲ့တစ်ကိုယ်ရည်အောင်မြင်မှုကိုသာ ရှာဖွေနေခဲ့တယ်လို့ တိုက်ခိုက်သွားခဲ့ပြန်ပါတယ်။

CR7 ဟာ တကိုယ်ကောင်းဆန်လွန်းပြီး “ဘယ်သူသေသေ ငတေမာရင်ပြီးရော” စိတ်ဓာတ်ပိုင်ရှင်မျိုးဖြစ်တယ်လို့ တူရင်ကလပ်ရဲ့ ကစားသမားဟောင်းက ဝေဖန်သွားခဲ့တာဖြစ်သလို အသင်းအကျိုးအတွက် ဘာမဆို မငဲ့တတ်တဲ့ ကမ္ဘာ့ဘောလုံးဂန္ထဝင်ကြီးတွေရဲ့ အဆင့်ကို မမီလို့ သူ့ကို GOAT ကြီးအဖြစ် တစ်တန်းတည်းထားလို့ မရဘူးလို့ သူက ထိုးနှက်သွားတာလည်း ဖြစ်ပါတယ်။

“ဂျူဗင်တပ်စ်အသင်းမှာ အမှန်တကယ် ခမ်းနားတဲ့ တိုက်စစ်မှူးမျိုး မရှိပါဘူး။ ရော်နယ်လ်ဒိုကို စာရင်းသွင်းလိုံ မရပါဘူး။ သူက သူ့အတွက်သူ ကစားနေတာပါ။ အသင်းကို အကျိုးပြုနေသူ မဟုတ်ပါဘူး။ အရင်ကတော့ ဇုန်အလိုက် ခံစစ်ကစားပုံကြောင့် ကစားသမားတွေ အတော်များများ နှစ် ၃၀ လောက် ကစားခွင့်ရခဲ့ပါတယ်”

“အဲ့ဒီတုန်းကတော့ တိုက်စစ်မှူးတစ်ဦးဟာ တစ်ရာသီကို ၁၆ ဂိုးသွင်းရင် အတော်လေးလုပ်နိုင်တယ်လို့ ပြောရမယ့် ခေတ်မျိုးပေါ့ဗျာ… ဒါပေမယ့် ဒီခေတ်မှာတော့ ရော်နယ်လ်ဒိုကို စာရင်းသွင်းစရာမရှိပါဘူး”လို့ မာရော့ချီနိုက ပြောကြာသွားခဲ့တဲ့နောက်မှာ အီတလီသားတွေဖြစ်တဲ့ အန်တိုနီယို ကက်ဆာနိုနဲ့ နည်းပြ ဖာဘီယို ကာပယ်လိုတို့ရဲ့ CR7 အပေါ် ပူပူနွေးနွေးဝေဖန်မှုတွေကိုလည်း ထောက်ခံကြောင်း ပြသသွားခဲ့တာပါ။

တစ်ဖက်မှာတော့ အသက် ၃၆ နှစ်သားကြီးဟာ တူရင်ကလပ်က ကျဆုံးသမျှ အပြစ်ပုံချစရာ ဓားစာခံဖြစ်နေတယ်လို့လည်း သုံးသပ်မှုတွေရှိနေပြီး ၂၀၁၈ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ယူရိုသန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့တဲ့နောက်မှာ သူဟာ ဂျူဗင်တပ်စ်အသင်းအတွက် ၁၃၃ ပွဲကစားပြီး ၁၀၁ ဂိုးသွင်း၊ ၂၂ ဂိုး ဖန်တီးပေးထားတာကိုလည်း တွေ့ရပါတယ်။

ဒါဟာ အသင်းလိုက်အောင်မြင်မှုအတွက်တော့ မလုံလောက်ဘူးလို့ သတ်မှတ်ခံထားရပြီး ယူရို ၂၀၂၀ မှာ ရွှေဖိနပ်ဆုရခဲ့သလို ဘလွန်ဒေါ ၅ ဆုကို ၁ ဆုထပ်တိုးဖို့ အားစိုက်နေတဲ့ ရော်နယ်လ်ဒိုကတော့ သူ့ပုံစံကို အသင်းအတွက် ပြောင်းလဲသွားဖို့ ရှိမလားဆိုတာတော့ သြဂုတ် ၂၂ ရက်၊ အူဒီနီးစ်နဲ့ ကစားမယ့် စီးရီးအေ ရာသီသစ် အဖွင့်ပွဲစဉ်မှာ စတင်စောင့်ကြည့်ခံရတော့မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ရာသီက ၉ ႏွစ္ဆက္ သိမ္းပိုက္လာခဲ့တဲ့ စကူဒတ္တိုဖလားကို လက္လႊတ္ခဲ့ရၿပီး စီးရီးေအမွာ က်ရႉံးခဲ့တယ္လို႔ သတ္မွတ္ခံထားရသလို ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကေနလည္း ပတ္စာခြာ ဖ်ာသိမ္း”ၿပီး အိမ္လွည့္ျပန္ခဲ့ရတဲ့ ဂ်ဴဗင္တပ္စ္အသင္းမွာ အဓိကတရားခံက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုျဖစ္တယ္လို႔ စြပ္စြဲခံေနရတာပါ။

အခုတခါမွာလည္း ဂ်ဴဗင္တပ္စ္ကြင္းလယ္လူေဟာင္း ဒိုမီနီကို မာေရာ့ခီႏိုက ေရာ္နယ္လ္ဒိုေၾကာင့္ ေမွ်ာ္လင့္ခ်က္ေတြ ႀကီးမားခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ေပၚတူဂီသားဟာ အသင္းအတြက္ ေလာက္ေလာက္လားလား စြမ္း​ေဆာင္ရည္ ဘာတစ္ခုမွ မရွိခဲ့ဘဲ သူ႔ရဲ႕တစ္ကိုယ္ရည္ေအာင္ျမင္မႈကိုသာ ရွာေဖြေနခဲ့တယ္လို႔ တိုက္ခိုက္သြားခဲ့ျပန္ပါတယ္။

CR7 ဟာ တကိုယ္ေကာင္းဆန္လြန္းၿပီး “ဘယ္သူေသေသ ငေတမာရင္ၿပီးေရာ” စိတ္ဓာတ္ပိုင္ရွင္မ်ိဳးျဖစ္တယ္လို႔ တူရင္ကလပ္ရဲ႕ ကစားသမားေဟာင္းက ေဝဖန္သြားခဲ့တာျဖစ္သလို အသင္းအက်ိဳးအတြက္ ဘာမဆို မငဲ့တတ္တဲ့ ကမာၻ႔ေဘာလုံးဂႏၴဝင္ႀကီးေတြရဲ႕ အဆင့္ကို မမီလို႔ သူ႔ကို GOAT ႀကီးအျဖစ္ တစ္တန္းတည္းထားလို႔ မရဘူးလို႔ သူက ထိုးႏွက္သြားတာလည္း ျဖစ္ပါတယ္။

“ဂ်ဴဗင္တပ္စ္အသင္းမွာ အမွန္တကယ္ ခမ္းနားတဲ့ တိုက္စစ္မႉးမ်ိဳး မရွိပါဘူး။ ေရာ္နယ္လ္ဒိုကို စာရင္းသြင္းလိုံ မရပါဘူး။ သူက သူ႔အတြက္သူ ကစားေနတာပါ။ အသင္းကို အက်ိဳးျပဳေနသူ မဟုတ္ပါဘူး။ အရင္ကေတာ့ ဇုန္အလိုက္ ခံစစ္ကစားပုံေၾကာင့္ ကစားသမားေတြ အေတာ္မ်ားမ်ား ႏွစ္ ၃၀ ေလာက္ ကစားခြင့္ရခဲ့ပါတယ္”

“အဲ့ဒီတုန္းကေတာ့ တိုက္စစ္မႉးတစ္ဦးဟာ တစ္ရာသီကို ၁၆ ဂိုးသြင္းရင္ အေတာ္ေလးလုပ္ႏိုင္တယ္လို႔ ေျပာရမယ့္ ေခတ္မ်ိဳးေပါ့ဗ်ာ… ဒါေပမယ့္ ဒီေခတ္မွာေတာ့ ေရာ္နယ္လ္ဒိုကို စာရင္းသြင္းစရာမရွိပါဘူး”လို႔ မာေရာ့ခ်ီႏိုက ေျပာၾကာသြားခဲ့တဲ့ေနာက္မွာ အီတလီသားေတြျဖစ္တဲ့ အန္တိုနီယို ကက္ဆာႏိုနဲ႔ နည္းျပ ဖာဘီယို ကာပယ္လိုတို႔ရဲ႕ CR7 အေပၚ ပူပူေႏြးေႏြးေဝဖန္မႈေတြကိုလည္း ေထာက္ခံေၾကာင္း ျပသသြားခဲ့တာပါ။

တစ္ဖက္မွာေတာ့ အသက္ ၃၆ ႏွစ္သားႀကီးဟာ တူရင္ကလပ္က က်ဆုံးသမွ် အျပစ္ပုံခ်စရာ ဓားစာခံျဖစ္ေနတယ္လို႔လည္း သုံးသပ္မႈေတြရွိေနၿပီး ၂၀၁၈ ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းကေန ယူ႐ိုသန္း ၁၀၀ နဲ႔ ေရာက္ရွိလာခဲ့တဲ့ေနာက္မွာ သူဟာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ၁၃၃ ပြဲကစားၿပီး ၁၀၁ ဂိုးသြင္း၊ ၂၂ ဂိုး ဖန္တီးေပးထားတာကိုလည္း ေတြ႕ရပါတယ္။

ဒါဟာ အသင္းလိုက္ေအာင္ျမင္မႈအတြက္ေတာ့ မလုံေလာက္ဘူးလို႔ သတ္မွတ္ခံထားရၿပီး ယူ႐ို ၂၀၂၀ မွာ ေ႐ႊဖိနပ္ဆုရခဲ့သလို ဘလြန္ေဒါ ၅ ဆုကို ၁ ဆုထပ္တိုးဖို႔ အားစိုက္ေနတဲ့ ေရာ္နယ္လ္ဒိုကေတာ့ သူ႔ပုံစံကို အသင္းအတြက္ ေျပာင္းလဲသြားဖို႔ ရွိမလားဆိုတာေတာ့ ၾသဂုတ္ ၂၂ ရက္၊ အူဒီနီးစ္နဲ႔ ကစားမယ့္ စီးရီးေအ ရာသီသစ္ အဖြင့္ပြဲစဥ္မွာ စတင္ေစာင့္ၾကည့္ခံရေတာ့မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.