Other Premier League

လက်ညှိုးညွှန်ရာ ရေဖြစ်နေတဲ့ မန်စီးတီးလို့ဆိုခဲ့တဲ့ ကလော့ပ်ကို တန်ပြန်လိုက်တဲ့ ဂွါဒီယိုလာ

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်အနေနဲ့ အက်စတန်ဗီလာအသင်းကို ပေါင်သန်း ၁၀၀ ပုံပေးပြီး ဂျက်ဂရီးလစ်ရှ်ကို ခေါ်ယူခဲ့တဲ့အပြင် အခုတကြိမ်မှာလည်း စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို ယူရိုသန်း ၁၅၀ နဲ့ ထပ်မံအားဖြည့်ဦးမယ်ဆိုတဲ့ မန်စီးတီးအသင်းနဲ့ သူတို့ရဲ့ ဘဏ္ဍာရေးအ​ခြေအနေကို နားမလည်နိုင်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

“လူတိုင်းမှာ သူ့အမြင်နဲ့သူရှိကြမှာပါ။ ကျွန်တော်ကတော့ တခြားအသင်းတွေ ဘာလုပ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဝင်ရောက်ပြောဆိုနိုင်စွမ်း မရှိပါဘူး။ ဘောလုံးပွဲရဲ့ရသကို ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ ခင်ဗျားအသင်းမှာ အကောင်းဆုံးဆိုတဲ့ ကစားသမား ၁၁ ယောက်ကို မလိုအပ်ဘူး ဆိုတာပါပဲ”

“ခင်ဗျားအနေနဲ့ ကိုယ်က အပေါ်အသင်းဖြစ်လည်း ရှူံးနိုင်သလို အောက်အသင်းဖြစ်လည်း နိုင်နိုင်တယ်ဆိုတာ ရသပါ။ မန်စီးတီးအကြောင်းကို ပြောမယ်ဆိုရင်တော့ ဟာရီကိန်းကို ငွေပုံပေးပြီး ခေါ်ယူမယ်ဆိုတာ မမှားယွင်းတဲ့ ဆုံးဖြတ်ချက်ပါ။ သူတို့က ပရီးမီးယားလိဂ်ဖလားတင်မက ချန်ပီယံလိဂ်ဖလားကိုပါ လိုချင်တာကိုး”

“ဒါပေမယ့် ကျွန်တော်နားမလည်နိုင်ကတော့ သူတို့ ဒီလို ငွေအင်အားတောင့်တင်းမှုမျိုးတွေက ဘယ်လိုစီးဆင်းနေသလဲဆိုတာပါပဲ။ ကျွန်တော်အသင်းကတော့ ဒီနွေမှာ လူမဝယ်နိုင်လို့ ငုတ်တုတ်မေ့နေပေမယ့် သူတို့အတွက်ကတော့ လက်ညှိုးညွှန်ရာ ရေဖြစ်နေတဲ့ အနေအထားပါ”လို့ လီဗာပူးလ်နည်းပြ ကလော့ပ်က ပြောသွားခဲ့တာပါ။

ဒီအချိန်မှာ မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ “ကိုယ့်အသင်းက လူမဝယ်နိုင်ရင်လည်း ဝယ်နိုင်တဲ့အသင်းကို အာမချောင်ဘဲ အေးဆေးနေသင့်တယ်”ဆိုတဲ့ သဘောမျိုးကို ခပ်ပါးပါးပုတ်ပြီး ကလော့ပ်ကို ပညာသားပါပါ ပြန်လည်တုံ့ပြန်သွားခဲ့တာကိုလည်း တွေ့ခဲ့ရချိန်မှာ မန်စီးတီးရဲ့ လူအင်အားနဲ့ ငွေအင်အားကို ဂျာမန်သားကြီးတယောက် မနာလိုအားကျဖြစ်နေတာလားဆိုတဲ့ လေတိုက်သံတွေလည်း ထွက်လာခဲ့ပါတယ်။

“ကျွန်တော် ပြောပြမယ်… ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဖလား ၂ လုံးယူခဲ့တုန်း ကျွန်တော့်အသင်းမှာ မက်ဆီတစ်ယောက်တည်းရှိတာ မဟုတ်ဘူး။ ၂၀၁၁ မှာဆိုရင် လာမာစီယာ အကယ်ဒမီထွက် ကစားသမား ၇ ဦးအထိ မန်ချက်စတာယူနိုက်တက်နဲ့ ဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့တယ်။ သူတို့အတွက် ကျွန်တော်တို့ တစ်ပြားတစ်ချပ်မှ မကုန်ကျခဲ့ပါဘူး”

“ဒါကြောင့် အသင်းတစ်သင်းမှာ သူ့လမ်းစဥ်ရှိတယ်ဆိုတာကို အဓိက ပြောချင်ပါတယ်။ ဒါကို အသင်းပိုင်ရှင်နဲ့ တာဝန်ရှိသူတွေက ဆုံးဖြတ်ပါတယ်။ သူ့တို့အနေနဲ့ အသင်းကို ဘယ်လိုနည်းနဲ့ တည်ဆောက်မလဲဆိုတာကိုပေါ့။ ခင်ဗျားအနေနဲ့ ငွေအမြောက်အမြား သုံးစွဲပြီးတော့ အောင်မြင်မှုကို ဝယ်လို့ရပါတယ်။ လီဗာပူးလ်အသင်းကိုပဲ ဥပမာအဖြစ် ကြည့်နိုင်ပါတယ်”

“သူတို့ တောက်လျှောက်ခြေစွမ်းတက်လာပြီး ဆုဖလားကို စိန်ခေါ်နိုင်တဲ့ အဆင့်ကို ရောက်လာတယ်။ အဲ့ဒီအချိန်မှာပဲ စျေးကွက်ထဲဝင်ပြီး ဆောင်းရာသီမှာ ဗာဂျီးလ် ဗန်ဒိုက်ကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူလိုက်တယ်။ ပြီးတော့ နွေရာသီအပြောင်းအရွှေ့မှာ ဂိုးသမား အယ်လစ်ဆန် ဘက်ကာကို ပေါင် ၅၄ သန်းပေးပြီး ဝယ်လိုက်ပြန်တယ်…”

“ဒီလိုကစားသမားနှစ်ဦးကို ငွေပုံပေးလိုက်ချိန်မှာ သူတို့က ချန်ပီယံလိဂ်ဖလား​ရော ပရီးမီးယားလိဂ်ဖလားကိုပါ သိမ်းပိုက်သွားခဲ့တယ်။ ကလော့ပ်ပြောသလို သူတို့ အခုချိန်မှာ လူမဝယ်နိုင်ဘူးဆိုတာ သူတို့ကိစ္စပါ။ မန်စီးတီးက ဂရီးလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်တယ်ဆိုတာ FFP စည်းမျဥ်းနဲ့အညီပါ။ လူရောင်းထုတ်ထားတဲ့ ရန်ပုံငွေ ပေါင်သန်း ၆၀ ကို ပြန်လည်အသုံးပြုခဲ့တာပါ။ အောင်မြင်မှု ဆာလောင်တဲ့ ယူနိုက်တက်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့လည်း ငွေသုံးခဲ့ပါတယ်။ ဒါက အသင်းကြီးတွေရဲ့ လမ်းစဥ်ပါ”လို့ ဂွါဒီယိုလာက ကလော့ပ်ရဲ့ အဆိုကို ပြန်လည်တုံ့ပြန်ပြီး ချေပသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္အေနနဲ႔ အက္စတန္ဗီလာအသင္းကို ေပါင္သန္း ၁၀၀ ပုံေပးၿပီး ဂ်က္ဂရီးလစ္ရွ္ကို ေခၚယူခဲ့တဲ့အျပင္ အခုတႀကိမ္မွာလည္း စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို ယူ႐ိုသန္း ၁၅၀ နဲ႔ ထပ္မံအားျဖည့္ဦးမယ္ဆိုတဲ့ မန္စီးတီးအသင္းနဲ႔ သူတို႔ရဲ႕ ဘ႑ာေရးအ​ေျခအေနကို နားမလည္ႏိုင္ေၾကာင္း ေဝဖန္သြားခဲ့ပါတယ္။

“လူတိုင္းမွာ သူ႔အျမင္နဲ႔သူရွိၾကမွာပါ။ ကြၽန္ေတာ္ကေတာ့ တျခားအသင္းေတြ ဘာလုပ္ေနတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး ဝင္ေရာက္ေျပာဆိုႏိုင္စြမ္း မရွိပါဘူး။ ေဘာလုံးပြဲရဲ႕ရသကို ကြၽန္ေတာ္အႀကိဳက္ဆုံးအခ်က္ကေတာ့ ခင္ဗ်ားအသင္းမွာ အေကာင္းဆုံးဆိုတဲ့ ကစားသမား ၁၁ ေယာက္ကို မလိုအပ္ဘူး ဆိုတာပါပဲ”

“ခင္ဗ်ားအေနနဲ႔ ကိုယ္က အေပၚအသင္းျဖစ္လည္း ရႉံးႏိုင္သလို ေအာက္အသင္းျဖစ္လည္း ႏိုင္ႏိုင္တယ္ဆိုတာ ရသပါ။ မန္စီးတီးအေၾကာင္းကို ေျပာမယ္ဆိုရင္ေတာ့ ဟာရီကိန္းကို ေငြပုံေပးၿပီး ေခၚယူမယ္ဆိုတာ မမွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ပါ။ သူတို႔က ပရီးမီးယားလိဂ္ဖလားတင္မက ခ်န္ပီယံလိဂ္ဖလားကိုပါ လိုခ်င္တာကိုး”

“ဒါေပမယ့္ ကြၽန္ေတာ္နားမလည္ႏိုင္ကေတာ့ သူတို႔ ဒီလို ေငြအင္အားေတာင့္တင္းမႈမ်ိဳးေတြက ဘယ္လိုစီးဆင္းေနသလဲဆိုတာပါပဲ။ ကြၽန္ေတာ္အသင္းကေတာ့ ဒီေႏြမွာ လူမဝယ္ႏိုင္လို႔ ငုတ္တုတ္ေမ့ေနေပမယ့္ သူတို႔အတြက္ကေတာ့ လက္ညႇိဳးၫႊန္ရာ ေရျဖစ္ေနတဲ့ အေနအထားပါ”လို႔ လီဗာပူးလ္နည္းျပ ကေလာ့ပ္က ေျပာသြားခဲ့တာပါ။

ဒီအခ်ိန္မွာ မန္စီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ “ကိုယ့္အသင္းက လူမဝယ္ႏိုင္ရင္လည္း ဝယ္ႏိုင္တဲ့အသင္းကို အာမေခ်ာင္ဘဲ ေအးေဆးေနသင့္တယ္”ဆိုတဲ့ သေဘာမ်ိဳးကို ခပ္ပါးပါးပုတ္ၿပီး ကေလာ့ပ္ကို ပညာသားပါပါ ျပန္လည္တုံ႔ျပန္သြားခဲ့တာကိုလည္း ေတြ႕ခဲ့ရခ်ိန္မွာ မန္စီးတီးရဲ႕ လူအင္အားနဲ႔ ေငြအင္အားကို ဂ်ာမန္သားႀကီးတေယာက္ မနာလိုအားက်ျဖစ္ေနတာလားဆိုတဲ့ ေလတိုက္သံေတြလည္း ထြက္လာခဲ့ပါတယ္။

“ကြၽန္ေတာ္ ေျပာျပမယ္… ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ဖလား ၂ လုံးယူခဲ့တုန္း ကြၽန္ေတာ့္အသင္းမွာ မက္ဆီတစ္ေယာက္တည္းရွိတာ မဟုတ္ဘူး။ ၂၀၁၁ မွာဆိုရင္ လာမာစီယာ အကယ္ဒမီထြက္ ကစားသမား ၇ ဦးအထိ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဗိုလ္လုပြဲမွာ ပါဝင္ကစားခဲ့တယ္။ သူတို႔အတြက္ ကြၽန္ေတာ္တို႔ တစ္ျပားတစ္ခ်ပ္မွ မကုန္က်ခဲ့ပါဘူး”

“ဒါေၾကာင့္ အသင္းတစ္သင္းမွာ သူ႔လမ္းစဥ္ရွိတယ္ဆိုတာကို အဓိက ေျပာခ်င္ပါတယ္။ ဒါကို အသင္းပိုင္ရွင္နဲ႔ တာဝန္ရွိသူေတြက ဆုံးျဖတ္ပါတယ္။ သူ႔တို႔အေနနဲ႔ အသင္းကို ဘယ္လိုနည္းနဲ႔ တည္ေဆာက္မလဲဆိုတာကိုေပါ့။ ခင္ဗ်ားအေနနဲ႔ ေငြအေျမာက္အျမား သုံးစြဲၿပီးေတာ့ ေအာင္ျမင္မႈကို ဝယ္လို႔ရပါတယ္။ လီဗာပူးလ္အသင္းကိုပဲ ဥပမာအျဖစ္ ၾကည့္ႏိုင္ပါတယ္”

“သူတို႔ ေတာက္ေလွ်ာက္ေျခစြမ္းတက္လာၿပီး ဆုဖလားကို စိန္ေခၚႏိုင္တဲ့ အဆင့္ကို ေရာက္လာတယ္။ အဲ့ဒီအခ်ိန္မွာပဲ ေစ်းကြက္ထဲဝင္ၿပီး ေဆာင္းရာသီမွာ ဗာဂ်ီးလ္ ဗန္ဒိုက္ကို ေပါင္ ၇၅ သန္းနဲ႔ ေခၚယူလိုက္တယ္။ ၿပီးေတာ့ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ဂိုးသမား အယ္လစ္ဆန္ ဘက္ကာကို ေပါင္ ၅၄ သန္းေပးၿပီး ဝယ္လိုက္ျပန္တယ္…”

“ဒီလိုကစားသမားႏွစ္ဦးကို ေငြပုံေပးလိုက္ခ်ိန္မွာ သူတို႔က ခ်န္ပီယံလိဂ္ဖလား​ေရာ ပရီးမီးယားလိဂ္ဖလားကိုပါ သိမ္းပိုက္သြားခဲ့တယ္။ ကေလာ့ပ္ေျပာသလို သူတို႔ အခုခ်ိန္မွာ လူမဝယ္ႏိုင္ဘူးဆိုတာ သူတို႔ကိစၥပါ။ မန္စီးတီးက ဂရီးလစ္ရွ္ကို ေပါင္သန္း ၁၀၀ နဲ႔ ေခၚတယ္ဆိုတာ FFP စည္းမ်ဥ္းနဲ႔အညီပါ။ လူေရာင္းထုတ္ထားတဲ့ ရန္ပုံေငြ ေပါင္သန္း ၆၀ ကို ျပန္လည္အသုံးျပဳခဲ့တာပါ။ ေအာင္ျမင္မႈ ဆာေလာင္တဲ့ ယူႏိုက္တက္၊ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္တို႔လည္း ေငြသုံးခဲ့ပါတယ္။ ဒါက အသင္းႀကီးေတြရဲ႕ လမ္းစဥ္ပါ”လို႔ ဂြါဒီယိုလာက ကေလာ့ပ္ရဲ႕ အဆိုကို ျပန္လည္တုံ႔ျပန္ၿပီး ေခ်ပသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.