Analysis Other Premier League

ဆူပါဖလားနဲ့ ပျော်မွေ့လို့အပြီးမှာ တူဟယ်လ်ကျော်ဖြတ်ရမယ့် စိန်ခေါ်မှု ၅ ခု

ဒီရက်ပိုင်းအတွင်းမှာပဲ ဗီလာရီးရဲလ်နည်းပြ အူနိုင်း အမ်မရီကို ကျော်ဖြတ်ပြီး ဥရောပဆူပါဖလားချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က လုပ်တတ်ကိုင်တတ်တဲ့ နည်းပြလို့ အ​တော်လေးချီးကျူးခံနေရသလို တဖက်မှာလည်း လုပ်စရာကိုင်စရာတွေကလည်း ပြဿနာတချို့ဖြေရှင်းဖို့ ကျန်ရှိနေပါသေးတယ်။

ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ကို ကစားရမယ့် ချယ်လ်ဆီးအသင်းက ရာသီသစ်ကို တာထွက်လှပစေပြီး အရှိန်ကောင်းသွားစေခဲ့တဲ့ ဆူပါဖလားနဲ့ ပျော်မွေ့လို့အပြီးမှာ တူဟယ်လ်ကျော်ဖြတ်ရမယ့် စိန်ခေါ်မှု ၅ ခု ကို တင်ဆက်ပေးပါရစေ။

၁။ တာဝန်ကျေတဲ့ ဇီးယက်ရှ်ဖြစ်လာဖို့
ဗီလာရီးရဲလ်ကို အဖွင့်ဂိုးသွင်းခဲ့တဲ့ ဟာကင်းမ် ဇီးယက်ရှ်က ရာသီကြိုမှာ အတော်လေးခြေမြူးနေတာကို တွေ့ရတယ်။ ပီတာဘရော့အသင်းကို ဟက်ထရစ်သွင်းတယ်။ စပါးစ်ကို ၂ ဂိုးသွင်းတယ်။ အာဆင်နယ်ကို တဂိုးသွှင်းယူခဲ့တယ်။ ပြန်ရုန်းထနေတဲ့ မိုရိုကိုသားကို တူဟယ်လ်မြင်နေရပါပြီ။

လူသစ်စိတ်သစ်နဲ့ ပြန်လာခဲ့တဲ့ ၂၈ နှစ်သားက ချယ်လ်ဆီးတိုက်စစ် ၃ ယောက်တန်းရဲ့ ညာခြမ်းနေရာမှာ အတော်လေးအန္တရာယ်ကြီးတာကို တွေ့ရပါတယ်။ ဗီလာရီးရဲလ်နဲ့ပွဲက သူ့ရဲ့ဖြတ်တင်ဘောတွေက အူနိုင်း အမ်မရီကို အသက်ရှုကျပ်စေခဲ့ပြီး သူဒဏ်ရာရပြီးထွက်သွားမှ သက်သာရာရသွားခဲ့သလို အသစ်ဝင်လာမယ့် တိုက်စစ်မှူး ရိုမီလူ လူကာကူးနဲ့ ဘယ်လိုတာဝန်ကျေပြနိုင်မလဲဆိုတဲ့ အခွင့်အရေးကို တူဟယ်လ်လမ်းညွှန်ပေးရဦးမှာပါ။

၂။ ဗာနာကို ဘယ်လိုညှစ်ထုတ်နိုင်မလဲ
ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ရာသီမှာ ၃၅ ပွဲကစားပြီး ၆ ဂိုးပဲရခဲ့တဲ့ ဂျာမန်သားကိုတော့ တူဟယ်လ်ဆက်ဂရုစိုက်ရပါဦးမယ်။ ဗာနာနဲ့ လူကာကူတွဲဖက်လာမယ့် ချယ်လ်ဆီးတိုက်စစ်အားက မျှော်လင့်စရာတခုတော့ ရှိနေပေမယ့် ဘယ်လ်ဂျီယမ်သားကို ပိုပံ့ပိုးပေးနိုင်ဖို့ အရေးကြီးနေတာလည်း ဖြစ်ပါတယ်။

ပေါင် ၄၇.၅ သန်းတန် အသက် ၂၅ နှစ်သားဟာ တူဟယ်လ် ပညာသားပါပါကိုင်တွယ်ရဦးမယ့် ပုစ္ဆာတခုဖြစ်သလို ဒီအရေးမှာ သူက အဆုံးသတ်ပိုင်းညံ့ဖျင်းနေသေးတာကလွဲရင် အသင်းဖော်တွေကို ဘယ်လောက်ပံ့ပိုးပေးနိုင်သလဲဆိုတာ ဗီလာရီးရဲလ်နဲ့ပွဲက ခြေစွမ်းက ထင်ရှားနေခဲ့တာလည်းဖြစ်ပြီး တကိုယ်ကောင်းမဆန်တတ်တဲ့ သူ့အားသာချက်ကို အဓိကသုံးစွဲသွားနိုင်ဖို့ လိုအပ်နေပါတယ်။

၃။ လူကာကူးတယောက်တည်းကို မှီခိုနေလို့မရ
ဒီအချက်က ရိုးစင်းသလောက် ချယ်လ်ဆီးကို ဒုက္ခအပေးနိုင်ဆုံး ပြဿနာလည်းဖြစ်ပါတယ်။ ဇီးယက်ရှ်၊ ဗာနာ၊ ခိုင် ဟာဗတ်ဇ်၊ ပူလီရှစ်ချ်တို့အားလုံးက တိုက်စစ်မှူးအရည်အသွေးပါသလို ဂိုးသွင်းနိုင်စွမ်းရှိပေမယ့် တကယ့်ဂိုးသွင်းအားက မလုံလောက်သေးတာလည်းဖြစ်ပါတယ်။

ဒီအခြေအနေမှာ လူကာကူးက အားကိုးစရာတခုဖြစ်လာပြီး ဂိုးသွင်းဖို့တာဝန်ကို သူတဦးတည်းကသာ ပခုံးထမ်းဖို့ ဖြစ်လာရင်တော့ ချယ်လ်ဆီးတိုက်စစ်က ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက်နဲ့ ပိုလေးပြီး တကယ်ရသင့်တဲ့ဂိုးအရေအတွက်ကို ရဖို့ ရွာလည်သွားနိုင်သလို စာရွက်ထဲမှာ အထင်ကြီးစရာကောင်းနေတဲ့ တိုက်စစ်အင်အားစုက လက်တွေ့မှာ တကယ်ဂိုးသွင်းခြေရှိလာဖို့ အားထုတ်ရဦးမှာပါ။

၄။ ချာလိုဘာကြောင့် ကွန်ဒေဇာတ်လမ်းတခန်းရပ်သွားနိုင်လား?
ဗီလာရီးရဲလ်နဲ့ပွဲမှာ ချယ်လ်ဆီးအကယ်ဒမီထုတ်ကုန် အသက် ၂၂ နှစ်သား ထရီဗာ ချာလိုဘာကို တူဟယ်လ်က ဗဟိုခံစစ်နေရာ ရဲရဲပွဲထုတ်ခဲ့တယ်။ မေဆန်မောင့်၊ ရီးစ်ဂျိမ်းစ်တို့လို အကယ်ဒမီကနေ ပထမလူစာရင်းထဲ ဝင်တိုးလာတော့မယ့် ခြေစွမ်းမျိုးကို ပြသသွားခဲ့တယ်။

သူကစားတာ အတော်လေးငြိမ်သလို ဂျရတ် မိုရီနိုကိုလည်း အကြောက်အလန့်မရှိ ထိန်းချုပ်ပြသွားတယ်။ ဒါကြောင့် ဆီဗီလားကစားသမား ဂျူးလ်စ်ကွန်ဒေအတွက် ငွေပုံပေးဦးမှာလားဆိုတာ မေးခွန်းထုတ်ခံနေရပြီး တကယ်တမ်းမှာတော့ ချာလိုဘာကို တရာသီလုံးအားကိုးဖို့မဖြစ်နိုင်ဘဲ ချယ်လ်ဆီးက ပြင်သစ်သားကို လိုအပ်နေဆဲလို့လည်း တိုက်တွန်းခံထားရပါတယ်။

၅။ ကွန်တေနေရာ အရန်တယောက်လိုနေတယ်
ကွင်းလယ်လူ အန်ဂိုလို ကွန်တေက ဘယ်လိုပဲ အဆုတ် ၄ လုံးနဲ့ ကစားနေပါတယ်ပြောပြော တရာသီလုံးလျှောက်ရမယ့် ခရီးကြမ်းမှာတော့ သူ့ရဲ့ဝန်ကို လျှော့ချပေးမယ့် အရန်လူတယောက်ကို တူဟယ်လ်လိုအပ်ဦးမှာပါ။ ကွန်တေက သက်လုံအားသိပ်ကောင်းတယ်။ ပါဝါသိပ်ပြင်းတယ်။

ဒါပေမယ့် အသက် ၃၀ အရွယ် ပြင်သစ်သားကြီးသာ ဒဏ်ရာရသွားခဲ့မယ်လို့ တွေးကြည့်ရင် တူဟယ်လ်အတွက် အိပ်မက်ဆိုးကြီးဖြစ်လာပါလိမ့်မယ်။ အခုချိန်မှာ ကွန်တေနေရာ အသင့်အစားထိုးနိုင်မယ့် ကွင်းလယ်အဖျက် အရန်လူတယောက်ကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပြီး စတမ်းဖို့ဒ်မြေဆီ ချိတ်ဆက်နေတဲ့ မိုနာကိုကွင်းလယ်လူ Aurelien Tchouameni ကို ခေါ်ယူထားမယ်ဆိုရင်လည်း မဆိုးဘူးလို့ ပြောရမှာပါ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီရက္ပိုင္းအတြင္းမွာပဲ ဗီလာရီးရဲလ္နည္းၿပ အူနိုင္း အမ္မရီကို ေက်ာ္ျဖတ္ၿပီး ဥေရာပစူပါဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ခ်ယ္လ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္လ္က လုပ္တတ္ကိုင္တတ္တဲ့ နည္းျပလို႔ အ​ေတာ္ေလးခ်ီးက်ဴးခံေနရသလို တဖက္မွာလည္း လုပ္စရာကိုင္စရာေတြကလည္း ျပႆနာတခ်ိဳ႕ေျဖရွင္းဖို႔ က်န္ရွိေနပါေသးတယ္။

ပဲေလ့စ္နဲ႔ ပရီးမီးယားလိဂ္အဖြင့္ကို ကစားရမယ့္ ခ်ယ္လ္ဆီးအသင္းက ရာသီသစ္ကို တာထြက္လွပေစၿပီး အရွိန္ေကာင္းသြားေစခဲ့တဲ့ စူပါဖလားနဲ႔ ေပ်ာ္ေမြ႕လို႔အၿပီးမွာ တူဟယ္လ္ေက်ာ္ျဖတ္ရမယ့္ စိန္ေခၚမွု ၅ ခု ကို တင္ဆက္ေပးပါရေစ။

၁။ တာဝန္ေက်တဲ့ ဇီးယက္ရွ္ျဖစ္လာဖို႔
ဗီလာရီးရဲလ္ကို အဖြင့္ဂိုးသြင္းခဲ့တဲ့ ဟာကင္းမ္ ဇီးယက္ရွ္က ရာသီႀကိဳမွာ အေတာ္ေလးေျချမဴးေနတာကို ေတြ႕ရတယ္။ ပီတာဘေရာ့အသင္းကို ဟက္ထရစ္သြင္းတယ္။ စပါးစ္ကို ၂ ဂိုးသြင္းတယ္။ အာဆင္နယ္ကို တဂိုးသႊင္းယူခဲ့တယ္။ ျပန္႐ုန္းထေနတဲ့ မိုရိုကိုသားကို တူဟယ္လ္ျမင္ေနရပါၿပီ။

လူသစ္စိတ္သစ္နဲ႔ ျပန္လာခဲ့တဲ့ ၂၈ ႏွစ္သားက ခ်ယ္လ္ဆီးတိုက္စစ္ ၃ ေယာက္တန္းရဲ့ ညာျခမ္းေနရာမွာ အေတာ္ေလးအႏၲရာယ္ႀကီးတာကို ေတြ႕ရပါတယ္။ ဗီလာရီးရဲလ္နဲ႔ပြဲက သူ႔ရဲ့ျဖတ္တင္ေဘာေတြက အူနိုင္း အမ္မရီကို အသက္ရွုက်ပ္ေစခဲ့ၿပီး သူဒဏ္ရာရၿပီးထြက္သြားမွ သက္သာရာရသြားခဲ့သလို အသစ္ဝင္လာမယ့္ တိုက္စစ္မွူး ရိုမီလူ လူကာကူးနဲ႔ ဘယ္လိုတာဝန္ေက်ျပနိုင္မလဲဆိုတဲ့ အခြင့္အေရးကို တူဟယ္လ္လမ္းညႊန္ေပးရဦးမွာပါ။

၂။ ဗာနာကို ဘယ္လိုညႇစ္ထုတ္နိုင္မလဲ
ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ရာသီမွာ ၃၅ ပြဲကစားၿပီး ၆ ဂိုးပဲရခဲ့တဲ့ ဂ်ာမန္သားကိုေတာ့ တူဟယ္လ္ဆက္ဂ႐ုစိုက္ရပါဦးမယ္။ သူနဲ႔ လူကာကူတြဲဖက္လာမယ့္ ခ်ယ္လ္ဆီးတိုက္စစ္အားက ေမၽွာ္လင့္စရာတခုေတာ့ ရွိေနေပမယ့္ ဘယ္လ္ဂ်ီယမ္သားကို ပိုပံ့ပိုးေပးနိုင္ဖို႔ အေရးႀကီးေနတာလည္း ျဖစ္ပါတယ္။

ေပါင္ ၄၇.၅ သန္းတန္ အသက္ ၂၅ ႏွစ္သားဟာ တူဟယ္လ္ ပညာသားပါပါကိုင္တြယ္ရဦးမယ့္ ပုစၧာတခုျဖစ္သလို ဒီအေရးမွာ သူက အဆုံးသတ္ပိုင္းညံ့ဖ်င္းေနေသးတာကလြဲရင္ အသင္းေဖာ္ေတြကို ဘယ္ေလာက္ပံ့ပိုးေပးနိုင္သလဲဆိုတာ ဗီလာရီးရဲလ္နဲ႔ပြဲက ေျခစြမ္းက ထင္ရွားေနခဲ့တာလည္းျဖစ္ၿပီး တကိုယ္ေကာင္းမဆန္တတ္တဲ့ သူ႔အားသာခ်က္ကို အဓိကသုံးစြဲသြားနိုင္ဖို႔ လိုအပ္ေနပါတယ္။

၃။ လူကာကူးတေယာက္တည္းကို မွီခိုေနလို႔မရ
ဒီအခ်က္က ရိုးစင္းသေလာက္ ခ်ယ္လ္ဆီးကို ဒုကၡအေပးနိုင္ဆုံး ျပႆနာလည္းျဖစ္ပါတယ္။ ဇီးယက္ရွ္၊ ဗာနာ၊ ခိုင္ဟာဗတ္ဇ္၊ ပူလီရွစ္ခ်္တို႔အားလုံးက တိုက္စစ္မွူးအရည္အေသြးပါသလို ဂိုးသြင္းနိုင္စြမ္းရွိေပမယ့္ တကယ့္ဂိုးသြင္းအားက မလုံေလာက္ေသးတာလည္းျဖစ္ပါတယ္။

ဒီအေျခအေနမွာ လူကာကူးက အားကိုးစရာတခုျဖစ္လာၿပီး ဂိုးသြင္းဖို႔တာဝန္ကို သူတဦးတည္းကသာ ပခုံးထမ္းဖို႔ ျဖစ္လာရင္ေတာ့ ခ်ယ္လ္ဆီးတိုက္စစ္က ေပါ့ေစလိုလို႔ ေၾကာင္႐ုပ္ထိုးကာမွ ေဆးအတြက္နဲ႔ ပိုေလးၿပီး တကယ္ရသင့္တဲ့ဂိုးအေရအတြက္ကို ရဖို႔ ရြာလည္သြားနိုင္သလို စာရြက္ထဲမွာ အထင္ႀကီးစရာေကာင္းေနတဲ့ တိုက္စစ္အင္အားစုက လက္ေတြ႕မွာ တကယ္ဂိုးသြင္းေျခရွိလာဖို႔ အားထုတ္ရဦးမွာပါ။

၄။ ခ်ာလိုဘာေၾကာင့္ ကြန္ေဒဇာတ္လမ္းတခန္းရပ္သြားနိုင္လား?
ဗီလာရီးရဲလ္နဲ႔ပြဲမွာ ခ်ယ္လ္ဆီးအကယ္ဒမီထုတ္ကုန္ အသက္ ၂၂ ႏွစ္သား ထရီဗာ ခ်ာလိုဘာကို တူဟယ္လ္က ဗဟိုခံစစ္ေနရာ ရဲရဲပြဲထုတ္ခဲ့တယ္။ ေမဆန္ေမာင့္၊ ရီးစ္ဂ်ိမ္းစ္တို႔လို အကယ္ဒမီကေန ပထမလူစာရင္းထဲ ဝင္တိုးလာေတာ့မယ့္ ေျခစြမ္းမ်ိဳးကို ျပသသြားခဲ့တယ္။

သူကစားတာ အေတာ္ေလးၿငိမ္သလို ဂ်ရတ္ မိုရီနိုကိုလည္း အေၾကာက္အလန္႔မရွိ ထိန္းခ်ဳပ္ျပသြားတယ္။ ဒါေၾကာင့္ ဆီဗီလားကစားသမား ဂ်ဴးလ္စ္ကြန္ေဒအတြက္ ေငြပုံေပးဦးမွာလားဆိုတာ ေမးခြန္းထုတ္ခံေနရၿပီး တကယ္တမ္းမွာေတာ့ ခ်ာလိုဘာကို တရာသီလုံးအားကိုးဖို႔မျဖစ္နိုင္ဘဲ ခ်ယ္လ္ဆီးက ျပင္သစ္သားကို လိုအပ္ေနဆဲလို႔လည္း တိုက္တြန္းခံထားရပါတယ္။

၅။ ကြန္ေတေနရာ အရန္တေယာက္လိုေနတယ္
ကြင္းလယ္လူ အန္ဂိုလို ကြန္ေတက ဘယ္လိုပဲ အဆုတ္ ၄ လုံးနဲ႔ ကစားေနပါတယ္ေျပာေျပာ တရာသီလုံးေလၽွာက္ရမယ့္ ခရီးၾကမ္းမွာေတာ့ သူ႔ရဲ့ဝန္ကို ေလၽွာ့ခ်ေပးမယ့္ အရန္လူတေယာက္ကို တူဟယ္လ္လိုအပ္ဦးမွာပါ။ ကြန္ေတက သက္လုံအားသိပ္ေကာင္းတယ္။ ပါဝါသိပ္ျပင္းတယ္။

ဒါေပမယ့္ အသက္ ၃၀ အရြယ္ ျပင္သစ္သားႀကီးသာ ဒဏ္ရာရသြားခဲ့မယ္လို႔ ေတြးၾကည့္ရင္ တူဟယ္လ္အတြက္ အိပ္မက္ဆိုးႀကီးျဖစ္လာပါလိမ့္မယ္။ အခုခ်ိန္မွာ ကြန္ေတေနရာ အသင့္အစားထိုးနိုင္မယ့္ ကြင္းလယ္အဖ်က္ အရန္လူတေယာက္ကို ႀကိဳတင္ျပင္ဆင္ထားဖို႔ လိုၿပီး စတမ္းဖို႔ဒ္ေျမဆီ ခ်ိတ္ဆက္ေနတဲ့ မိုနာကိုကြင္းလယ္လူ Aurelien Tchouameni ကို ေခၚယူထားမယ္ဆိုရင္လည္း မဆိုးဘူးလို႔ ေျပာရမွာပါ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.