Premier League

ေပါ့ဘာ ကစားသင့္တဲ့ ေနရာဟာ လက္ရွိေနရာ မဟုတ္ဘူးလို႔ ဖာဒီနန္ေထာက္ျပ

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က အသင္းမွာ ႐ုန္းကန္ေနခဲ့ရတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ ကစားသင့္တဲ့ ေနရာဟာ လက္ရွိေနရာမဟုတ္ဘဲ တုိက္စစ္ပိုင္းကို ပုိမိုဖန္တီးခြင့္ရမယ့္ ေနရာမ်ဳိးမွာ ေျပာင္းလဲကစားေစသင့္တယ္လို႔ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားကို အႀကံေပးလုိက္ပါတယ္။

“ကၽြန္ေတာ့္အျမင္ေတာ့ ေပါ့ဘာက သူ႕ေနရာသူ ကစားေနရတာ မဟုတ္ဘဲ ကြင္းလယ္အဖ်က္ကစားေနသလိုမ်ဳိးျဖစ္ေနတယ္။ သူဟာ တကယ္ေတာ့ ကြင္းလယ္ထက္ တုိက္စစ္မွဴးေနာက္က သုံးေယာက္တန္းကို အလယ္ဗဟိုကေန ဦးေဆာင္ရမယ့္ ကစားသမားမ်ဳိးပါ။ ေပါင္သန္း ၉၀ ေလာက္ေပးထားၿပီး ဒီလိုမ်ဳိး ေျခစြမ္းမျပႏိုင္တဲ့ ေနရာမွာ ထားတာကေတာ့ ဆုိးဝါးပါတယ္”လို႔ ဖာဒီနန္က ဆုိပါတယ္။

နည္းျပေဟာင္း ဟိုေဆး ေမာ္ရင္ညဳိရဲ႕ လက္ထက္မွာ ျပႆနာေတြ ျဖစ္ပြားခဲ့ေပမယ့္လည္း ကြင္းလယ္မွာ Free Role ကစားရခ်ိန္မွာ အနီးအေဝး ေပးပုိ႔မွဳေတြနဲ႔အတူ ေျခစြမ္းျပႏုိင္ခဲ့ဖူးတဲ့ ေပါ့ဘာတစ္ေယာက္ မန္ခ်က္စတာကို ျပန္မေရာက္ခင္ ဂ်ဴဗင္တပ္စ္မွာ ဘယ္လိုကစားရသလဲဆုိၿပီး ဖာဒီနန္က ေမးခြန္းထုတ္လုိက္ပါတယ္။

“သူ႕ရဲ႕ အေကာင္းဆုံးပုံစံက တုိက္စစ္ကို လိုက္ၿပီး ဖန္တီးေပးရတဲ့ ေနရာဗ်။ ဂ်ဴဗင္တပ္စ္မွာ သူဘယ္လို ကစားခဲ့သလဲ ၾကည့္ေလ… ဖန္တီးမယ္၊ ဂိုးဧရိယာအျပင္ကေန ကန္သြင္းမယ္။ အခုေတာ့ ဒီမွာ သူ႕ကို အဲ့ဒီပုံစံမ်ဳိး ေပးမထားဘူး။ တကယ္က သူ႕မွာ ဒီဘ႐ိုင္းနားနဲ႔ ေကာင္းေကာင္း ယွဥ္ႏိုင္တဲ့ အရည္အေသြးရွိၿပီး တူညီတဲ့ ကိန္းဂဏန္းေတြကိုလည္း ပုိင္ဆုိင္ခြင့္ရွိမယ္လုိ႔လည္း ျမင္မိပါတယ္”လို႔ ဖာဒီနန္က ဆုိပါတယ္။

ဒါ့အျပင္ ဖာဒီနန္က ေပါ့ဘာအေနနဲ႔ ပရီးမီးယားလိဂ္မွာ သာမန္ပုံစံသာ ကစားေနေပမယ့္ သူ႕ရဲ႕ အရည္အေသြးအစစ္အမွန္ကေတာ့ ခ်န္ပီယံလိဂ္ၿပဳိင္ပြဲဝင္အသင္းတစ္သင္းကို အေကာင္းဆုံး ဦးေဆာင္ႏုိင္စြမ္းရွိၿပီး သူ႕ကို ဝန္းရံၿပီး အသင္းတစ္သင္းကို တည္ေဆာက္သြားရမွာျဖစ္ေၾကာင္းလည္း ေျပာၾကားသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: METRO & RIO FERDINAND PRESENTS FIVE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ရီယို ဖာဒီနန်က အသင်းမှာ ရုန်းကန်နေခဲ့ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ ကစားသင့်တဲ့ နေရာဟာ လက်ရှိနေရာမဟုတ်ဘဲ တိုက်စစ်ပိုင်းကို ပိုမိုဖန်တီးခွင့်ရမယ့် နေရာမျိုးမှာ ပြောင်းလဲကစားစေသင့်တယ်လို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို အကြံပေးလိုက်ပါတယ်။

“ကျွန်တော့်အမြင်တော့ ပေါ့ဘာက သူ့နေရာသူ ကစားနေရတာ မဟုတ်ဘဲ ကွင်းလယ်အဖျက်ကစားနေသလိုမျိုးဖြစ်နေတယ်။ သူဟာ တကယ်တော့ ကွင်းလယ်ထက် တိုက်စစ်မှူးနောက်က သုံးယောက်တန်းကို အလယ်ဗဟိုကနေ ဦးဆောင်ရမယ့် ကစားသမားမျိုးပါ။ ပေါင်သန်း ၉၀ လောက်ပေးထားပြီး ဒီလိုမျိုး ခြေစွမ်းမပြနိုင်တဲ့ နေရာမှာ ထားတာကတော့ ဆိုးဝါးပါတယ်”လို့ ဖာဒီနန်က ဆိုပါတယ်။

နည်းပြဟောင်း ဟိုဆေး မော်ရင်ညိုရဲ့ လက်ထက်မှာ ပြဿနာတွေ ဖြစ်ပွားခဲ့ပေမယ့်လည်း ကွင်းလယ်မှာ Free Role ကစားရချိန်မှာ အနီးအဝေး ပေးပို့မှုတွေနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ဖူးတဲ့ ပေါ့ဘာတစ်ယောက် မန်ချက်စတာကို ပြန်မရောက်ခင် ဂျူဗင်တပ်စ်မှာ ဘယ်လိုကစားရသလဲဆိုပြီး ဖာဒီနန်က မေးခွန်းထုတ်လိုက်ပါတယ်။

“သူ့ရဲ့ အကောင်းဆုံးပုံစံက တိုက်စစ်ကို လိုက်ပြီး ဖန်တီးပေးရတဲ့ နေရာဗျ။ ဂျူဗင်တပ်စ်မှာ သူဘယ်လို ကစားခဲ့သလဲ ကြည့်လေ… ဖန်တီးမယ်၊ ဂိုးဧရိယာအပြင်ကနေ ကန်သွင်းမယ်။ အခုတော့ ဒီမှာ သူ့ကို အဲ့ဒီပုံစံမျိုး ပေးမထားဘူး။ တကယ်က သူ့မှာ ဒီဘရိုင်းနားနဲ့ ကောင်းကောင်း ယှဉ်နိုင်တဲ့ အရည်အသွေးရှိပြီး တူညီတဲ့ ကိန်းဂဏန်းတွေကိုလည်း ပိုင်ဆိုင်ခွင့်ရှိမယ်လို့လည်း မြင်မိပါတယ်”လို့ ဖာဒီနန်က ဆိုပါတယ်။

ဒါ့အပြင် ဖာဒီနန်က ပေါ့ဘာအနေနဲ့ ပရီးမီးယားလိဂ်မှာ သာမန်ပုံစံသာ ကစားနေပေမယ့် သူ့ရဲ့ အရည်အသွေးအစစ်အမှန်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်အသင်းတစ်သင်းကို အကောင်းဆုံး ဦးဆောင်နိုင်စွမ်းရှိပြီး သူ့ကို ဝန်းရံပြီး အသင်းတစ်သင်းကို တည်ဆောက်သွားရမှာဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: METRO & RIO FERDINAND PRESENTS FIVE
PHOTOS CREDIT TO OWNERS
SPORTS A2Z.