Other Premier League Transfer News

14 Aug နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

ဂျက်ခ် ဂရီးလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ ဝယ်ယူခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းအစား လူမှားခေါ်မိပြီလို့ လီဗာပူးလ်ဂန္ထဝင်ဟောင်း ဂျွန်ဘန်းစ်က ဝေဖန်သွားခဲ့ပြီး ဆာဂျီယို အဂွေရိုမရှိတော့တဲ့ ဂိုးသွင်းတာဝန်ကို အင်္ဂလန်ကပ္ပတိန်ကသာ အခိုင်အမာ အာမခံချက်ပေးနိုင်မှာဖြစ်ကြောင်း မှတ်ချက်ပေးသွားခဲ့။

အီတလီအပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အတည်ပြုချက်အရ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို လက်မလျှော့သေးတဲ့ မန်စီးတီးအသင်းဟာ ပေါင် ၁၂၇ သန်း (ယူရို သန်း ၁၅၀)နဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ရှိနေပြီလို့ သိရပြီး နည်းပြ ပက်ပ် ဂွါဒီယိုလာကတော့ ဒီအပြောင်းအရွှေ့အပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ ငြင်းပယ်သွားခဲ့။

မန်စီးတီးအနေနဲ့ ဒီနွေမှာ တိုက်စစ်မှူး ဖြည့်တင်းမယ်ဆိုရင် ဟာရီကိန်းနောက်ကို လိုက်ပြီး အချိန်ကုန်ခံမနေသင့်ဘဲ ဒေါ့မွန်ဂိုးသွင်းစက် အာလင်း ဟာလန်းကိုသာ ​စိတ်ရှည်ရှည်နဲ့ ပစ်မှတ်ထားသင့်ကြောင်း အသင်းနောက်ခံလူဟောင်း ဒန်နီမေးလ်စ်က တိုက်တွန်းသွားခဲ့ပြီး အင်္ဂလန်သားထက် ငယ်ရွယ်ပြီး အနာဂတ်တောက်ပတဲ့ လူငယ်ခြေတက် နော်ဝေသားကိုသာ တစ်ပေးရွေးချယ်သွားခဲ့။

စပါးစ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲကို ကီဗင် ဒီဘရိုင်းနား လွဲချော်မယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အတည်ပြုခဲ့ပြီး ဖီးလ် ဖိုဒန်ဟာလည်း ၄ ပတ်အထိ အနားယူရဦးမှာဖြစ်သလို ရာဟင်းမ် စတာလင်၊ ဂျွန်စတုန်းစ်၊ ခိုင်လ် ဝေါ်ကာနဲ့ ဂျက်ခ် ဂရီးလစ်ရှ်အပါအဝင် အဓိကကစားသမားအများစု ကြံ့ခိုင်မှုအပြည့်နဲ့ ပွဲထွက်လာမှာဖြစ်ပြီး စပါးစ်ဘက်မှာလည်း ဟာရီကိန်းတစ်ယောက် ပါဝင်လာဖို့ မသေချာဘူးလို့ သိရ။

Manchester Evening News ဝက်ဘ်ဆိုက်က မန်စီးတီးပရိသတ် ၃၀၀၀ ကျော်ကို စစ်တမ်းကောက်ယူမှုအရ စီတီဇန် ၇၄ ရာခိုင်နှုန်းက ပရီးမီးယားလိဂ်ဖလားကို ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြပြီး ၁၂ ရာခိုင်နှုန်းကသာ အဆင့် ၂ နဲ့ ရာသီသိမ်းမယ်လို့ အဆိုပြုသွားကြသလို ယူရိုမှာ ခြေမြူးခဲ့တဲ့ ရာဟင်းမ် စတာလင်က ဂိုးသွင်းဘုရင်ဖြစ်လာမယ်လို့ ခန့်မှန်းသွားခဲ့ကြ။

ချန်ပီယံလိဂ်တစ်ရာသီအတွင်း အကောင်းဆုံးကစားသမား နေရာအလိုက် စွမ်းဆောင်ရည်အမြင့်ဆုံး ဆန်ခါတင်စာရင်းမှာ ချယ်လ်ဆီးအသင်းက ၅ ဦး၊ မန်စီးတီးအသင်းက ၃ ဦးနဲ့ ဦးဆောင်သွားခဲ့ကြောင်း သိရပြီး မန်စီးတီးရဲ့ ဂိုးသမား အီဒါဆန်၊ ဗဟိုခံစစ်မှူး ရူဘင် ဒီယက်စ်နဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားတို့ ရွေးချယ်ခံခဲ့ရ။

မန်စီးတီးကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားဟာ ဒီနွေမှာ သူ့ကို လိုက်နေတဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားမှုမရှိကြောင်း ပယ်ချလိုက်တယ်လို့ သိရပြီး နည်းပြ ဂွါဒီယိုလာအနေနဲ့ ပေါ်တူဂီသားကို ဟာရီကိန်းအပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဂန်းနားတွေရဲ့ ခါးသီးတဲ့ အိမ်နီးချင်းပြိုင်ဘက် စပါးစ်ဆီ အလိုက်ပေးသွားဖို့လည်း စီစဥ်နေ။

အသင်းကနေ ထွက်ခွာခွင့်တောင်းထားတဲ့ ဗဟိုခံစစ်မှူး အေးမရစ် လာပေါ့တ်သာ အီတီဟတ်ကို စွန့်ခွာသွားမယ်ဆိုရင် မန်စီးတီးအားကစားဒါရိုက်တာ ဇီကီ ဘီဂီရီစတိန်းရဲ့အစီအစဥ်အရ နာပိုလီကစားသမား ခါလီဒူး ကူလီဘေလီနဲ့ အစားထိုးဖို့ ပြင်ဆင်နေပြီး အသက် ၃၀ အရွယ် ဆီနီဂေါသားကို ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းသွားဖွယ်ရှိနေ။

မန်စီးတီးတောင်ပံတိုက်စစ်မှူး ဖယ်ရန် တောရက်စ်က မိမိတို့အသင်းသာ ဒီနှစ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရမယ်လို့ ကြုံးဝါးသွားခဲ့ချိန်မှာ ပရီးမီးယားလိဂ် ဂန္ထဝင်တိုက်စစ်မှူးကြီး အလန် ရှီးရားကတော့ ရိုမီလူ လူကာကူးကို ဝယ်ယူထားတဲ့ ချယ်လ်ဆီးအသင်းသာ ချန်ပီယံဖြစ်လိမ့်မယ်လို့ ပြန်လည်တုံ့ပြန်ပြီး စကားစစ်ထိုးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေပါင္သန္း ၁၀၀ နဲ႔ ဝယ္ယူခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းဟာ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းအစား လူမွားေခၚမိၿပီလို႔ လီဗာပူးလ္ဂႏၴဝင္ေဟာင္း ဂၽြန္ဘန္းစ္က ေဝဖန္သြားခဲ့ၿပီး ဆာဂ်ီယို အေဂြရိုမရွိေတာ့တဲ့ ဂိုးသြင္းတာဝန္ကို အဂၤလန္ကပၸတိန္ကသာ အခိုင္အမာ အာမခံခ်က္ေပးနိုင္မွာျဖစ္ေၾကာင္း မွတ္ခ်က္ေပးသြားခဲ့။

အီတလီအေျပာင္းအေရႊ႕သတင္းေထာက္ ဖာဘရီဇီယို ရိုမာနိုရဲ့ အတည္ျပဳခ်က္အရ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို လက္မေလၽွာ့ေသးတဲ့ မန္စီးတီးအသင္းဟာ ေပါင္ ၁၂၇ သန္း (ယူရို သန္း ၁၅၀)နဲ႔ ကမ္းလွမ္းဖို႔ အဆင္သင့္ရွိေနၿပီလို႔ သိရၿပီး နည္းၿပ ပက္ပ္ ဂြါဒီယိုလာကေတာ့ ဒီအေျပာင္းအေရႊ႕အေပၚ တစ္စုံတစ္ရာ မွတ္ခ်က္ေပးဖို႔ ျငင္းပယ္သြားခဲ့။

မန္စီးတီးအေနနဲ႔ ဒီေႏြမွာ တိုက္စစ္မႉး ျဖည့္တင္းမယ္ဆိုရင္ ဟာရီကိန္းေနာက္ကို လိုက္ၿပီး အခ်ိန္ကုန္ခံမေနသင့္ဘဲ ေဒါ့မြန္ဂိုးသြင္းစက္ အာလင္း ဟာလန္းကိုသာ ​စိတ္ရွည္ရွည္နဲ႔ ပစ္မွတ္ထားသင့္ေၾကာင္း အသင္းေနာက္ခံလူေဟာင္း ဒန္နီေမးလ္စ္က တိုက္တြန္းသြားခဲ့ၿပီး အဂၤလန္သားထက္ ငယ္ရြယ္ၿပီး အနာဂတ္ေတာက္ပတဲ့ လူငယ္ေျခတက္ ေနာ္ေဝသားကိုသာ တစ္ေပးေရြးခ်ယ္သြားခဲ့။

စပါးစ္နဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲကို ကီဗင္ ဒီဘရိုင္းနား လြဲေခ်ာ္မယ္လို႔ မန္စီးတီးနည္းၿပ ဂြါဒီယိုလာက အတည္ျပဳခဲ့ၿပီး ဖီးလ္ ဖိုဒန္ဟာလည္း ၄ ပတ္အထိ အနားယူရဦးမွာျဖစ္သလို ရာဟင္းမ္ စတာလင္၊ ဂၽြန္စတုန္းစ္၊ ခိုင္လ္ ေဝၚကာနဲ႔ ဂ်က္ခ္ ဂရီးလစ္ရွ္အပါအဝင္ အဓိကကစားသမားအမ်ားစု ႀကံ့ခိုင္မႈအျပည့္နဲ႔ ပြဲထြက္လာမွာျဖစ္ၿပီး စပါးစ္ဘက္မွာလည္း ဟာရီကိန္းတစ္ေယာက္ ပါဝင္လာဖို႔ မေသခ်ာဘူးလို႔ သိရ။

Manchester Evening News ဝက္ဘ္ဆိုက္က မန္စီးတီးပရိသတ္ ၃၀၀၀ ေက်ာ္ကို စစ္တမ္းေကာက္ယူမႈအရ စီတီဇန္ ၇၄ ရာခိုင္ႏႈန္းက ပရီးမီးယားလိဂ္ဖလားကို ကာကြယ္နိုင္လိမ့္မယ္လို႔ ယုံၾကည္ေနၾကၿပီး ၁၂ ရာခိုင္ႏႈန္းကသာ အဆင့္ ၂ နဲ႔ ရာသီသိမ္းမယ္လို႔ အဆိုျပဳသြားၾကသလို ယူရိုမွာ ေျချမဴးခဲ့တဲ့ ရာဟင္းမ္ စတာလင္က ဂိုးသြင္းဘုရင္ျဖစ္လာမယ္လို႔ ခန္႔မွန္းသြားခဲ့ၾက။

ခ်န္ပီယံလိဂ္တစ္ရာသီအတြင္း အေကာင္းဆုံးကစားသမား ေနရာအလိုက္ စြမ္းေဆာင္ရည္အျမင့္ဆုံး ဆန္ခါတင္စာရင္းမွာ ခ်ယ္လ္ဆီးအသင္းက ၅ ဦး၊ မန္စီးတီးအသင္းက ၃ ဦးနဲ႔ ဦးေဆာင္သြားခဲ့ေၾကာင္း သိရၿပီး မန္စီးတီးရဲ့ ဂိုးသမား အီဒါဆန္၊ ဗဟိုခံစစ္မႉး ႐ူဘင္ ဒီယက္စ္နဲ႔ ကြင္းလယ္လူ ကီဗင္ ဒီဘရိုင္းနားတို႔ ေရြးခ်ယ္ခံခဲ့ရ။

မန္စီးတီးကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားဟာ ဒီေႏြမွာ သူ႔ကို လိုက္ေနတဲ့ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ကစားဖို႔ စိတ္ဝင္စားမႈမရွိေၾကာင္း ပယ္ခ်လိုက္တယ္လို႔ သိရၿပီး နည္းၿပ ဂြါဒီယိုလာအေနနဲ႔ ေပၚတူဂီသားကို ဟာရီကိန္းအေျပာင္းအေရႊ႕ရဲ့ တစ္စိတ္တစ္ပိုင္းအျဖစ္ ဂန္းနားေတြရဲ့ ခါးသီးတဲ့ အိမ္နီးခ်င္းၿပိဳင္ဘက္ စပါးစ္ဆီ အလိုက္ေပးသြားဖို႔လည္း စီစဥ္ေန။

အသင္းကေန ထြက္ခြာခြင့္ေတာင္းထားတဲ့ ဗဟိုခံစစ္မႉး ေအးမရစ္ လာေပါ့တ္သာ အီတီဟတ္ကို စြန္႔ခြာသြားမယ္ဆိုရင္ မန္စီးတီးအားကစားဒါရိုက္တာ ဇီကီ ဘီဂီရီစတိန္းရဲ့အစီအစဥ္အရ နာပိုလီကစားသမား ခါလီဒူး ကူလီေဘလီနဲ႔ အစားထိုးဖို႔ ျပင္ဆင္ေနၿပီး အသက္ ၃၀ အရြယ္ ဆီနီေဂါသားကို ေပါင္သန္း ၄၀ နဲ႔ ကမ္းလွမ္းသြားဖြယ္ရွိေန။

မန္စီးတီးေတာင္ပံတိုက္စစ္မႉး ဖယ္ရန္ ေတာရက္စ္က မိမိတို႔အသင္းသာ ဒီႏွစ္ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ရမယ္လို႔ ၾကဳံးဝါးသြားခဲ့ခ်ိန္မွာ ပရီးမီးယားလိဂ္ ဂႏၴဝင္တိုက္စစ္မႉးႀကီး အလန္ ရွီးရားကေတာ့ ရိုမီလူ လူကာကူးကို ဝယ္ယူထားတဲ့ ခ်ယ္လ္ဆီးအသင္းသာ ခ်န္ပီယံျဖစ္လိမ့္မယ္လို႔ ျပန္လည္တုံ႔ျပန္ၿပီး စကားစစ္ထိုးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.