La Liga Premier League

ဂြါဒီယိုလာရဲ႕ လက္ေထာက္နည္းျပသစ္ ျဖစ္လာဖြယ္ရွိေနတဲ့ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူေဟာင္း

အေရးပါတဲ့ နံပါတ္ ၂ လုိ႔ေခၚတဲ့ အဓိက လက္ေထာက္နည္းျပ မီခယ္လ္ အာတီတာကို အာဆင္နယ္အသင္းဆီ လက္လႊတ္လုိက္ရအၿပီးမွာ မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ျပန္လည္အစားထိုးဖို႔ လုပ္ေဆာင္ေနၿပီး ဘုိင္ယန္ျမဴးနစ္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ ကြင္းလယ္လူ ဇာဘီ အလြန္ဆုိကို ေခၚယူဖို႔ ေဆြးေႏြးေနတယ္လုိ႔ သိရပါတယ္။

အသင္းမွာ အသက္ ၆၀ အရြယ္ရွိၿပီျဖစ္တဲ့ ဝါရင့္လက္ေထာက္ ႐ိုဒိုလ္ဖို ေဘာရဲလ္ရွိေနေပမယ့္ သူဟာ အစစ အရာရာကို လက္ေထာက္အျဖစ္ လုိက္ပါလုပ္ေဆာင္ၿပီး နံပါတ္ ၂ တစ္ေယာက္လို ေနဖို႔ေတာ့ လိုအပ္ခ်က္တခ်ဳိ႕ ရွိေနၿပီး သူ႕ရဲ႕ အားသန္မွဳကေတာ လူငယ္ေတြကို ပ်ဳိးေထာင္ဖို႔နဲ႔ တုိက္စစ္ေလ့က်င့္ခန္းေတြသာျဖစ္လို႔ ဂြါဒီယိုလာအေနနဲ႔ သူ႕ကိုယ္စား ေျပးလႊားေပးမယ့္ ေနာက္ထပ္တစ္ဦးကို မျဖစ္မေန အလိုရွိေနတာျဖစ္ပါတယ္။

အသက္ ၄၉ ႏွစ္အရြယ္ ကာတာလန္သားနည္းျပအတြက္ေတာ့ သူ႕ရဲ႕လက္ေထာက္ နံပါတ္ ၂ ေတြဟာ အေရးပါတဲ့ အခန္းက႑က ပါဝင္ေလ့ရွိၿပီး ဘာစီလိုနာမွာတုန္းက တီတို ဗီလာႏုိဗာ၊ ဘုိင္ယန္မွာေတာ့ ဒီအခန္းက႑ ေခတၱေပ်ာက္ေနခဲ့ၿပီး၊ မန္စီးတီးမွာေတာ့ အာတီတာက တာဝန္ယူခဲ့တာပါ။

လက္ရွိမွာေတာ့ လစ္လပ္ေနတဲ့ ေနရာအတြက္ ရီးရဲလ္ဆုိစီဒက္၊ လီဗာပူးလ္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဘုိင္ယန္ျမဴးနစ္ေတြမွာ ကစားခဲ့ဖူးၿပီး လက္ရွိမွာ ဆုိစီဒက္ဘီအသင္းကို ကိုင္တြယ္ေနတဲ့ အလြန္ဆုိကို အစားထိုးဖို႔ အလိုရွိေနတာျဖစ္ၿပီး ဂြါဒီယိုလာနဲ႔ ရင္းရင္းႏွီးႏွီး လက္တြဲခဲ့ဖူးသူလည္းျဖစ္လို႔ စည္း႐ုံးသြားႏုိင္ဖို႔ ရွိေနပါတယ္။

အလြန္ဆုိအေနနဲ႔လည္း ၂၀၁၈ ခုႏွစ္တုန္းက မန္စီးတီးရဲ႕ ေလ့က်င့္ေရးကြင္းမွာ ဂြါဒီယိုလာဆီက လာေရာက္နည္းနာယူဖူးၿပီး သူ႕ရဲ႕ လွ်ဳိ႕ဝွက္ခ်က္ေတြကို ရသေလာက္ ေဖာ္ထုတ္ရယူသြားမယ္လို႔ ဆုိခဲ့ဖူးသူျဖစ္လို႔ နည္းျပဘဝေနာက္တစ္ဆင့္အတြက္ အစ္တီဟတ္ရဲ႕ နံပါတ္ ၂ ရာထူးကို လက္ခံဖို႔ မ်ားေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အရေးပါတဲ့ နံပါတ် ၂ လို့ခေါ်တဲ့ အဓိက လက်ထောက်နည်းပြ မီခယ်လ် အာတီတာကို အာဆင်နယ်အသင်းဆီ လက်လွှတ်လိုက်ရအပြီးမှာ မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ပြန်လည်အစားထိုးဖို့ လုပ်ဆောင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ကွင်းလယ်လူ ဇာဘီ အလွန်ဆိုကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အသင်းမှာ အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်လက်ထောက် ရိုဒိုလ်ဖို ဘောရဲလ်ရှိနေပေမယ့် သူဟာ အစစ အရာရာကို လက်ထောက်အဖြစ် လိုက်ပါလုပ်ဆောင်ပြီး နံပါတ် ၂ တစ်ယောက်လို နေဖို့တော့ လိုအပ်ချက်တချို့ ရှိနေပြီး သူ့ရဲ့ အားသန်မှုကတော လူငယ်တွေကို ပျိုးထောင်ဖို့နဲ့ တိုက်စစ်လေ့ကျင့်ခန်းတွေသာဖြစ်လို့ ဂွါဒီယိုလာအနေနဲ့ သူ့ကိုယ်စား ပြေးလွှားပေးမယ့် နောက်ထပ်တစ်ဦးကို မဖြစ်မနေ အလိုရှိနေတာဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ် ကာတာလန်သားနည်းပြအတွက်တော့ သူ့ရဲ့လက်ထောက် နံပါတ် ၂ တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လေ့ရှိပြီး ဘာစီလိုနာမှာတုန်းက တီတို ဗီလာနိုဗာ၊ ဘိုင်ယန်မှာတော့ ဒီအခန်းကဏ္ဍ ခေတ္တပျောက်နေခဲ့ပြီး၊ မန်စီးတီးမှာတော့ အာတီတာက တာဝန်ယူခဲ့တာပါ။

လက်ရှိမှာတော့ လစ်လပ်နေတဲ့ နေရာအတွက် ရီးရဲလ်ဆိုစီဒက်၊ လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တွေမှာ ကစားခဲ့ဖူးပြီး လက်ရှိမှာ ဆိုစီဒက်ဘီအသင်းကို ကိုင်တွယ်နေတဲ့ အလွန်ဆိုကို အစားထိုးဖို့ အလိုရှိနေတာဖြစ်ပြီး ဂွါဒီယိုလာနဲ့ ရင်းရင်းနှီးနှီး လက်တွဲခဲ့ဖူးသူလည်းဖြစ်လို့ စည်းရုံးသွားနိုင်ဖို့ ရှိနေပါတယ်။

အလွန်ဆိုအနေနဲ့လည်း ၂၀၁၈ ခုနှစ်တုန်းက မန်စီးတီးရဲ့ လေ့ကျင့်ရေးကွင်းမှာ ဂွါဒီယိုလာဆီက လာရောက်နည်းနာယူဖူးပြီး သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ရသလောက် ဖော်ထုတ်ရယူသွားမယ်လို့ ဆိုခဲ့ဖူးသူဖြစ်လို့ နည်းပြဘဝနောက်တစ်ဆင့်အတွက် အစ်တီဟတ်ရဲ့ နံပါတ် ၂ ရာထူးကို လက်ခံဖို့ များနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.