Bundesliga La Liga Ligue1 Premier League Serie A Transfer News

လီဗာပူးလ်နည်းပြ ကလော့ပ်ရဲ့ သဲလွန်စနဲ့ ဆန်ချက်စ်၊ ဒိုကူတို့နဲ့ Ligue 1 Business အသံများ

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ ဖွင့်ထားဆဲဖြစ်တယ်လို့ ပြောလိုက်တဲ့ စကားနဲ့အတူ သူ့အနေနဲ့ အသင်းရဲ့ ကစားသမားသစ် ခေါ်ယူပေးမှုအပေါ် မျှော်လင့်ချက် ထားနေကြောင်း သဲလွန်စပေးလိုက်တယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပြီး ကစားသမားဟောင်းတွေကလည်း သူတို့အနေနဲ့ အလုပ်ဖြစ်နိုင်သေးကြောင်း မှတ်ချက်ပေးခဲ့ကြတာပါ။

အသင်းအနေနဲ့ လောလောဆယ်မှာ ပိုလျှံကစားသမားတွေကို ဦးစားပေး အစီအစဉ်အဖြစ် ရှင်းထုတ်ဖို့ စီစဉ်နေတာမှာ တောင်ပံကစားသမား ချာဒန် ရှာကျီရီအတွက် လီယွန်အသင်းနဲ့ သဘောတူညီနိုင်ဖို့ နီးစပ်နေပြီး တစ်လလုပ်ခ ယူရိုသုံးသိန်းခွဲနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားသလို ပြောင်းရွှေ့ကြေးအတွက်လည်း နှစ်သင်းကြား အဆင်ပြေနိုင်ဖို့ မျှော်လင့်နေကြပြီဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ သူရဲကောင်းဖြစ်ခဲ့တဲ့ နှစ်ဦးထဲက ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ် ထွက်ခွာသွားအပြီးမှာ တစ်ဦးတည်း ထီးထီးမားမား ကျန်ရှိနေတဲ့ တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီအတွက်ကတော့ အငှားလောက်နဲ့ပဲ ထုတ်နိုင်ရင်ကို တော်လှပြီလို့ ခန့်မှန်းနေကြပြီး သူရှိနေရင် လီဗာပူးလ်တိုက်စစ်မှာ သိပ်ပြီး အဆင်မပြေနိုင်ဘူးလို့လည်း စကော့တလန်လက်ရွေးစင်နည်းပြဟောင်း အဲလက်စ် မက်လိရှ်က သုံးသပ်သွားခဲ့ပါတယ်။

ရှာကျီရီတစ်ယောက် ထွက်ဖို့ သေချာပြီဆိုတာနဲ့ လီဗာပူးလ်တို့ အဝယ်ခလုပ်နှိပ်လိုက်ပြီလို့ ဆိုရတော့မှာဖြစ်ပြီး လိုင်လီရဲ့ ရီနာတို ဆန်ချက်စ်ကို ဗိုလ်နယ်လ်ဒွမ်ရဲ့ နေရာမှာ အစားထိုးသွားဖို့ လုပ်ဆောင်မှာဖြစ်သလို ကစားသမားဟောင်း မက်မာနာမန်ကတော့ ဒီကစားသမားအနေနဲ့ အန်းဖီးလ်မှာ သင်ယူပြီးရင်တော့ တိုးတက်လာမယ်လို့ ယူဆနေပါတယ်။

ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေတဲ့ ပေါ်တူဂီကွင်းလယ်လူကတော့ သူ့ရဲ့ အိပ်မက်တွေကို တာ့တာပြရဖို့ ရှိနေပြီး ဘဏ္ဏာရေးကျပ်တည်းနေတဲ့ ကာတာလန်ကလပ်အနေနဲ့ ပေါင် ၃၄ သန်းကို တတ်နိုင်ဖို့ မရှိသလို အန်းဖီးလ်ဘက်ကတော့ သုံးစွဲပြနိုင်ဖို့ ရှိနေလို့ ပရီးမီးယားလိဂ်က တခြားအသင်းတွေနဲ့ အိုင်ဒီယာ မတူညီမှုမှာ ဆန်းချက်စ်ကို ပြိုင်ဘက်မရှိ ခေါ်ယူသွားနိုင်မှာပါ။

တောင်ပံတိုက်စစ်အတွက်တော့ ရင်းနေးတောင်ပံကစားသမား ယယ်ရမီ ဒိုကူနဲ့ သတင်းကြီးနေပြီး ဝုလ်ဗ်စ်တောင်ပံကစားသမား အဒါမာ ထရာအိုရေးလောက် မကြီးထွားပေမယ့် ကြံ့ခိုင်မှုနဲ့ ကစားဟန်ချင်း ဆင်တူတဲ့ ဘယ်လ်ဂျီယမ်သားကို နည်းပြ ကလော့ပ်နဲ့ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်တို့ကလည်း သဘောကျနေတာကြောင့် သူတို့ရဲ့ အချိန်မတိုင်ခင်မှာ ငြိမ်နေပြီးမှ ဝုန်းခနဲ ထလှုပ်ရှားတတ်တဲ့ ပုံစံမှာ ခေါ်ယူသွားမယ်လို့ ယူဆနေကြပါတယ်။

ရင်းနေးရဲ့ လုပ်ထုံးလုပ်နည်းအရတော့ အသင်းနဲ့ စာချုပ်သက်တမ်း နှစ်များများကျန်တဲ့ ကစားသမားမျိုးကို ခပ်မာမာပဲ ရောင်းချတတ်လို့ လီဗာပူးလ်တို့ ပါးပါးနပ်နပ်နဲ့ အကြိုက်လိုက်လျောပြီး ညှိနှိုင်းရနိုင်တာကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အစ္စမိုင်လာ ဆားရ်ကို အသင်းကြီးတွေရဲ့ မျက်စိအောက်ကနေ ဝတ်ဖို့ဒ်က ခေါ်သွားနိုင်တာမျိုးကို အတုယူပြီး လုပ်ဆောင်သွားရမှာပါ။

ဒီကစားသမားနှစ်ယောက်ရဲ့ အရန်အစီအစဉ်အဖြစ်တော့ မွန်ချန်ဂလာဘက်ချ်ရဲ့ ပေါင်သန်း ၃၀ အောက်မှာ ရရှိနိုင်တဲ့ ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားနဲ့ ဆမ့်ဒိုးရီးယားရဲ့ ပေါင်သန်း ၂၀ ဝန်းကျင်မှာ ခေါ်ယူနိုင်မယ့် ယူရိုပြိုင်ပွဲဝင် ဒိန်းမတ်တောင်ပံကစားသမား မီခယ်လ် ဒမ်းစ်ဂါ့ဒ်တို့ကို ပစ်မှတ်ထားနေကြောင်းလည်း သိရပါတယ်။

လီဗာပူးလ်တို့အနေနဲ့ ပေါင်သန်း ၅၀ အထက်ကို ရောက်နိုင်တဲ့ ခေါ်ယူမှုမျိုးတွေကိုတော့ လက်ရှောင်သွားဖို့ ရှိနေပြီး အီတလီလက်ရွေးစင်တွေနဲ့ အဆင်ပြေနိုင်ဖို့ကတော့ ဖြစ်နိုင်ခြေ နည်းနေသလို ကျန်ကစားသမားထဲက တက်သုတ်ရိုက် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ အက်သလက်တီကိုရဲ့ ဆာအူးလ် ညီးရက်ဇ်ကိုပဲ ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ စွန့်စားရဖို့ ဖြစ်လာနိုင်ကြောင်းလည်း စုစည်းသုံးသပ် ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ အေျပာင္းအေ႐ႊ႕ေဈးကြက္ဟာ ဖြင့္ထားဆဲျဖစ္တယ္လို႔ ေျပာလိုက္တဲ့ စကားနဲ႔အတူ သူ႔အေနနဲ႔ အသင္းရဲ႕ ကစားသမားသစ္ ေခၚယူေပးမႈအေပၚ ေမွ်ာ္လင့္ခ်က္ ထားေနေၾကာင္း သဲလြန္စေပးလိုက္တယ္လို႔ ပရိသတ္ေတြက ယုံၾကည္ေနၾကၿပီး ကစားသမားေဟာင္းေတြကလည္း သူတို႔အေနနဲ႔ အလုပ္ျဖစ္ႏိုင္ေသးေၾကာင္း မွတ္ခ်က္ေပးခဲ့ၾကတာပါ။

အသင္းအေနနဲ႔ ေလာေလာဆယ္မွာ ပိုလွ်ံကစားသမားေတြကို ဦးစားေပး အစီအစဥ္အျဖစ္ ရွင္းထုတ္ဖို႔ စီစဥ္ေနတာမွာ ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီအတြက္ လီယြန္အသင္းနဲ႔ သေဘာတူညီႏိုင္ဖို႔ နီးစပ္ေနၿပီး တစ္လလုပ္ခ ယူ႐ိုသုံးသိန္းခြဲနဲ႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရထားသလို ေျပာင္းေ႐ႊ႕ေၾကးအတြက္လည္း ႏွစ္သင္းၾကား အဆင္ေျပႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကၿပီျဖစ္ပါတယ္။

ဘာစီလိုနာနဲ႔ သူရဲေကာင္းျဖစ္ခဲ့တဲ့ ႏွစ္ဦးထဲက ကြင္းလယ္လူ ဗိုင္နယ္လ္ဒြမ္ ထြက္ခြာသြားအၿပီးမွာ တစ္ဦးတည္း ထီးထီးမားမား က်န္ရွိေနတဲ့ တိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီအတြက္ကေတာ့ အငွားေလာက္နဲ႔ပဲ ထုတ္ႏိုင္ရင္ကို ေတာ္လွၿပီလို႔ ခန႔္မွန္းေနၾကၿပီး သူရွိေနရင္ လီဗာပူးလ္တိုက္စစ္မွာ သိပ္ၿပီး အဆင္မေျပႏိုင္ဘူးလို႔လည္း စေကာ့တလန္လက္ေ႐ြးစင္နည္းျပေဟာင္း အဲလက္စ္ မက္လိရွ္က သုံးသပ္သြားခဲ့ပါတယ္။

ရွာက်ီရီတစ္ေယာက္ ထြက္ဖို႔ ေသခ်ာၿပီဆိုတာနဲ႔ လီဗာပူးလ္တို႔ အဝယ္ခလုပ္ႏွိပ္လိုက္ၿပီလို႔ ဆိုရေတာ့မွာျဖစ္ၿပီး လိုင္လီရဲ႕ ရီနာတို ဆန္ခ်က္စ္ကို ဗိုလ္နယ္လ္ဒြမ္ရဲ႕ ေနရာမွာ အစားထိုးသြားဖို႔ လုပ္ေဆာင္မွာျဖစ္သလို ကစားသမားေဟာင္း မက္မာနာမန္ကေတာ့ ဒီကစားသမားအေနနဲ႔ အန္းဖီးလ္မွာ သင္ယူၿပီးရင္ေတာ့ တိုးတက္လာမယ္လို႔ ယူဆေနပါတယ္။

ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခ်င္ေနတဲ့ ေပၚတူဂီကြင္းလယ္လူကေတာ့ သူ႔ရဲ႕ အိပ္မက္ေတြကို တာ့တာျပရဖို႔ ရွိေနၿပီး ဘဏၰာေရးက်ပ္တည္းေနတဲ့ ကာတာလန္ကလပ္အေနနဲ႔ ေပါင္ ၃၄ သန္းကို တတ္ႏိုင္ဖို႔ မရွိသလို အန္းဖီးလ္ဘက္ကေတာ့ သုံးစြဲျပႏိုင္ဖို႔ ရွိေနလို႔ ပရီးမီးယားလိဂ္က တျခားအသင္းေတြနဲ႔ အိုင္ဒီယာ မတူညီမႈမွာ ဆန္းခ်က္စ္ကို ၿပိဳင္ဘက္မရွိ ေခၚယူသြားႏိုင္မွာပါ။

ေတာင္ပံတိုက္စစ္အတြက္ေတာ့ ရင္းေနးေတာင္ပံကစားသမား ယယ္ရမီ ဒိုကူနဲ႔ သတင္းႀကီးေနၿပီး ဝုလ္ဗ္စ္ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးေလာက္ မႀကီးထြားေပမယ့္ ႀကံ့ခိုင္မႈနဲ႔ ကစားဟန္ခ်င္း ဆင္တူတဲ့ ဘယ္လ္ဂ်ီယမ္သားကို နည္းျပ ကေလာ့ပ္နဲ႔ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒ္ဝပ္တို႔ကလည္း သေဘာက်ေနတာေၾကာင့္ သူတို႔ရဲ႕ အခ်ိန္မတိုင္ခင္မွာ ၿငိမ္ေနၿပီးမွ ဝုန္းခနဲ ထလႈပ္ရွားတတ္တဲ့ ပုံစံမွာ ေခၚယူသြားမယ္လို႔ ယူဆေနၾကပါတယ္။

ရင္းေနးရဲ႕ လုပ္ထုံးလုပ္နည္းအရေတာ့ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ႏွစ္မ်ားမ်ားက်န္တဲ့ ကစားသမားမ်ိဳးကို ခပ္မာမာပဲ ေရာင္းခ်တတ္လို႔ လီဗာပူးလ္တို႔ ပါးပါးနပ္နပ္နဲ႔ အႀကိဳက္လိုက္ေလ်ာၿပီး ညႇိႏႈိင္းရႏိုင္တာေၾကာင့္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က အစၥမိုင္လာ ဆားရ္ကို အသင္းႀကီးေတြရဲ႕ မ်က္စိေအာက္ကေန ဝတ္ဖို႔ဒ္က ေခၚသြားႏိုင္တာမ်ိဳးကို အတုယူၿပီး လုပ္ေဆာင္သြားရမွာပါ။

ဒီကစားသမားႏွစ္ေယာက္ရဲ႕ အရန္အစီအစဥ္အျဖစ္ေတာ့ မြန္ခ်န္ဂလာဘက္ခ်္ရဲ႕ ေပါင္သန္း ၃၀ ေအာက္မွာ ရရွိႏိုင္တဲ့ ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားနဲ႔ ဆမ့္ဒိုးရီးယားရဲ႕ ေပါင္သန္း ၂၀ ဝန္းက်င္မွာ ေခၚယူႏိုင္မယ့္ ယူ႐ိုၿပိဳင္ပြဲဝင္ ဒိန္းမတ္ေတာင္ပံကစားသမား မီခယ္လ္ ဒမ္းစ္ဂါ့ဒ္တို႔ကို ပစ္မွတ္ထားေနေၾကာင္းလည္း သိရပါတယ္။

လီဗာပူးလ္တို႔အေနနဲ႔ ေပါင္သန္း ၅၀ အထက္ကို ေရာက္ႏိုင္တဲ့ ေခၚယူမႈမ်ိဳးေတြကိုေတာ့ လက္ေရွာင္သြားဖို႔ ရွိေနၿပီး အီတလီလက္ေ႐ြးစင္ေတြနဲ႔ အဆင္ေျပႏိုင္ဖို႔ကေတာ့ ျဖစ္ႏိုင္ေျခ နည္းေနသလို က်န္ကစားသမားထဲက တက္သုတ္႐ိုက္ ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ေတာ့ အက္သလက္တီကိုရဲ႕ ဆာအူးလ္ ညီးရက္ဇ္ကိုပဲ ေပါင္သန္း ၄၀ ဝန္းက်င္နဲ႔ စြန႔္စားရဖို႔ ျဖစ္လာႏိုင္ေၾကာင္းလည္း စုစည္းသုံးသပ္ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.