Premier League

ကီပါကို နေရာဖယ်ပေးဖို့ မန်ဒီကို ဘယ်လိုစည်းရုံးခဲ့လဲဆိုတာကို ပြောပြလာတဲ့ တူဟယ်လ်

ချယ်လ်ဆီးနည်းပြ ​သောမတ်စ် တူဟယ်လ်က UEFA ဥရောပစူပါဖလားချန်ပီယံဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ညက ဗီလာရီးရဲလ်နဲ့ပွဲစဥ်မှာ အချိန်ပိုအထိ ၁ ဂိုးစီ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ချိန်မှာ ပထမဂိုးသမား အက်ဒွာဒို မန်ဒီကို ထုတ်ပြီး အရန်ခုံပေါ်က အပယ်ခံဂိုးသမား ကီပါကို နေရာပေးသွားခဲ့ပါတယ်။

ဒါကြောင့် ပွဲအပြီးမှာ တူဟယ်လ်အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ရှင်းပြသွားခဲ့သလို သူ့ရဲ့ ဆုံးဖြတ်ချက်ဟာလည်း မှန်ကန်ပြီး အမြော်အမြင်ရှိရှိ ရွေးချယ်မှုဖြစ်တယ်လို့ သတ်မှတ်ခံခဲ့ရချိန်မှာ အပယ်ခံဂိုးသမား ကီပါကလည်း ပင်နယ်တီ ၂ လုံးကာကွယ်ပြီး ဇီးရိုးဘဝကနေ ဟီးရိုးဖြစ်သွားခဲ့ပါတယ်။

” ဒါက စိတ်ထင်တိုင်းလုပ်ခဲ့တာမဟုတ်ပါဘူး။ ဘန်စလေနဲ့ပွဲမှာကတည်းက ကျွန်တော်တို့ဂိုးသမားတွေနဲ့ စကားပြောဆိုခဲ့ပြီးပါပြီ။ အချက်အလက်တွေအရ သေချာပြင်ဆင်လာခဲ့တာပါ။ ကီပါက ပင်နယ်တီကာကွယ်နိုင်စွမ်းမှာ အမြင့်ဆုံးရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူပါ။

“ဒါက ဂိုးနည်း​ပြနဲ့ အချက်အလက်ပိုင်းအရ လေ့လာသူတွေက ကျွန်တော့်ဆီ စနစ်တကျ တင်ပြခဲ့တာပါ။ ဒါကြောင့် အခုပွဲလိုမျိုး ဆုံးဖြတ်ချက်ချသွားနိုင်တယ်ဆိုတာ မန်ဒီလည်း ကြိုတင်သိရှိပြီး လက်ခံထားပြီးပါပြီ။ ကီပါက စည်းကမ်းပိုင်းအရ ပို​သေသပ်ပါတယ်။ မန်ဒီကလည်း အသင်းအတွက် အနစ်နာခံရမယ်ဆိုရင် ကျေနပ်နေသူပါ” လို့ တူဟယ်လ်က ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ဂိုးသမား မန်ဒီက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့ဗိုလ်စွဲနိုင်ခဲ့လို့ သိပ်ပျော်နေတယ်။ ကျွန်တော်က မနှစ်ကတည်းက သိနှင့်နေပြီးသားပါ။ ကွင်းထဲကို ရောက်လာတာနဲ့ ကီပါဘယ်လိုအစွမ်းပြသွားမလဲဆိုတာကိုပေါ့။ ဒါဟာ အသင်းလိုက်စုစည်းညီညွတ်မှုဖြစ်ပါတယ်။ ဒါဟာ ချယ်လ်ဆီးအသင်းရဲ့အောင်မြင်မှုအတွက်ပါ ” လို့ ဆိုသွားခဲ့တာပါ။

သူရဲကောင်းဖြစ်လာခဲ့တဲ့ ကီပါကလည်း ” မန်ဒီက ပွဲတလျှောက်လုံးလက်စွမ်းပြခဲ့ပြီး ကျွန်တော်တို့ ပင်နယ်တီအထိရောက်ခဲ့ရတာကိုတော့ သိပ်မကြိုက်လှပါဘူး။ နောက်ဆုံးမှာ ကျွန်တော်လုပ်နိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ ဒီလိုအောင်ပွဲကိုရဖို့ စိတ်ရောကိုယ်ပါနှစ်ပြီး လေ့ကျင့်ပြင်ဆင်ထားခဲ့တာပါ” လို့ ပွဲအပြီး ပီတိစကားပြောသွားခဲ့ပါသေးတယ်။

ဒါ့အပြင် ချယ်လ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်ကလည်း ကီပါရုန်းကန်နေရချိန်မှာ တူဟယ်လ်ရဲ့ ယုံကြည်ချက်ပေးအပ်မှုကို သဘောတွေ့မိကြောင်းပြောသွားခဲ့သလို ရီယို ဖာဒီနန်ကလည်း တူဟယ်လ်ဟာ လူတွေမသိခဲ့တဲ့ ကီပါရဲ့အစွမ်းအစကို ကြိုတင်သိရှိနေခဲ့ကြောင်း၊ ကီပါဟာ ဒီနေ့ပွဲမှာ အကောင်းဆုံးကိုယ်ရည်ကိုယ်သွေးကို ပြသသွားခဲ့ကြောင်း ချီးကျူးသွားခဲ့ပါသေးတယ်။

ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကတော့ ဒီပွဲစဥ်ရဲ့အတက်အကျနဲ့ ပတ်သတ်ပြီး ” ကျွန်တော်တို့ ပထမပိုင်းမိနစ် ၃၀ လောက်အထိ သိပ်ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘောလုံးကိုတောင် ခပ်လွယ်လွယ်ပျက်လာခဲ့ပါတယ်။ ဒါကြောင့် ပြိုင်ဘက်အသင်းက ချေပဂိုးနဲ့ ထိုက်တန်ခဲ့တယ်လို့ ပြောရမှာပါ ”

” ရာသီသစ်က အဖွင့်လှသွားခဲ့ပါပြီ။ စိတ်ပိုင်းဆိုင်ရာအရပေါ့လေ။ အောင်မြင်မှုနဲ့ ဆုဖလားဆိုတာ စိတ်ဓာတ်ကို မိုးအထိ မြှင့်တင်ပေးပါတယ် ” လို့ မှတ်ချက်ပေးသွားခဲ့သလို EPL ရဲ့ ချန်ပီယံလောင်းဟာ မန်စီးတီးနဲ့ ချယ်လ်ဆီးနှစ်သင်းထဲက တသင်းဖြစ်လာမယ်လို့ ​ကြိုတင်အ​လေးပေးမှုတွေလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးနည္းျပ ​ေသာမတ္စ္ တူဟယ္လ္က UEFA ဥေရာပစူပါဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ၿပီးခဲ့တဲ့ညက ဗီလာရီးရဲလ္နဲ႔ပြဲစဥ္မွာ အခ်ိန္ပိုအထိ ၁ ဂိုးစီ သေရက်ေနလို႔ ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ခ်ိန္မွာ ပထမဂိုးသမား အက္ဒြာဒို မန္ဒီကို ထုတ္ၿပီး အရန္ခုံေပၚက အပယ္ခံဂိုးသမား ကီပါကို ေနရာေပးသြားခဲ့ပါတယ္။

ဒါေၾကာင့္ ပြဲအၿပီးမွာ တူဟယ္လ္အေနနဲ႔ ဒီဆုံးျဖတ္ခ်က္ကို ရွင္းျပသြားခဲ့သလို သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ဟာလည္း မွန္ကန္ၿပီး အေျမာ္အျမင္ရွိရွိ ေ႐ြးခ်ယ္မႈျဖစ္တယ္လို႔ သတ္မွတ္ခံခဲ့ရခ်ိန္မွာ အပယ္ခံဂိုးသမား ကီပါကလည္း ပင္နယ္တီ ၂ လုံးကာကြယ္ၿပီး ဇီး႐ိုးဘဝကေန ဟီး႐ိုးျဖစ္သြားခဲ့ပါတယ္။

” ဒါက စိတ္ထင္တိုင္းလုပ္ခဲ့တာမဟုတ္ပါဘူး။ ဘန္စေလနဲ႔ပြဲမွာကတည္းက ကြၽန္ေတာ္တို႔ဂိုးသမားေတြနဲ႔ စကားေျပာဆိုခဲ့ၿပီးပါၿပီ။ အခ်က္အလက္ေတြအရ ေသခ်ာျပင္ဆင္လာခဲ့တာပါ။ ကီပါက ပင္နယ္တီကာကြယ္ႏိုင္စြမ္းမွာ အျမင့္ဆုံးရာခိုင္ႏႈန္းကို ပိုင္ဆိုင္ထားသူပါ။

“ဒါက ဂိုးနည္း​ျပနဲ႔ အခ်က္အလက္ပိုင္းအရ ေလ့လာသူေတြက ကြၽန္ေတာ့္ဆီ စနစ္တက် တင္ျပခဲ့တာပါ။ ဒါေၾကာင့္ အခုပြဲလိုမ်ိဳး ဆုံးျဖတ္ခ်က္ခ်သြားႏိုင္တယ္ဆိုတာ မန္ဒီလည္း ႀကိဳတင္သိရွိၿပီး လက္ခံထားၿပီးပါၿပီ။ ကီပါက စည္းကမ္းပိုင္းအရ ပို​ေသသပ္ပါတယ္။ မန္ဒီကလည္း အသင္းအတြက္ အနစ္နာခံရမယ္ဆိုရင္ ေက်နပ္ေနသူပါ” လို႔ တူဟယ္လ္က ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။

ဂိုးသမား မန္ဒီက ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ” ကြၽန္ေတာ္တို႔ဗိုလ္စြဲႏိုင္ခဲ့လို႔ သိပ္ေပ်ာ္ေနတယ္။ ကြၽန္ေတာ္က မႏွစ္ကတည္းက သိႏွင့္ေနၿပီးသားပါ။ ကြင္းထဲကို ေရာက္လာတာနဲ႔ ကီပါဘယ္လိုအစြမ္းျပသြားမလဲဆိုတာကိုေပါ့။ ဒါဟာ အသင္းလိုက္စုစည္းညီၫြတ္မႈျဖစ္ပါတယ္။ ဒါဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ေအာင္ျမင္မႈအတြက္ပါ ” လို႔ ဆိုသြားခဲ့တာပါ။

သူရဲေကာင္းျဖစ္လာခဲ့တဲ့ ကီပါကလည္း ” မန္ဒီက ပြဲတေလွ်ာက္လုံးလက္စြမ္းျပခဲ့ၿပီး ကြၽန္ေတာ္တို႔ ပင္နယ္တီအထိေရာက္ခဲ့ရတာကိုေတာ့ သိပ္မႀကိဳက္လွပါဘူး။ ေနာက္ဆုံးမွာ ကြၽန္ေတာ္လုပ္ႏိုင္ခဲ့လို႔ အရမ္းေပ်ာ္ပါတယ္။ ဒီလိုေအာင္ပြဲကိုရဖို႔ စိတ္ေရာကိုယ္ပါႏွစ္ၿပီး ေလ့က်င့္ျပင္ဆင္ထားခဲ့တာပါ” လို႔ ပြဲအၿပီး ပီတိစကားေျပာသြားခဲ့ပါေသးတယ္။

ဒါ့အျပင္ ခ်ယ္လ္ဆီးကစားသမားေဟာင္း ဂ်ိဳကိုးလ္ကလည္း ကီပါ႐ုန္းကန္ေနရခ်ိန္မွာ တူဟယ္လ္ရဲ႕ ယုံၾကည္ခ်က္ေပးအပ္မႈကို သေဘာေတြ႕မိေၾကာင္းေျပာသြားခဲ့သလို ရီယို ဖာဒီနန္ကလည္း တူဟယ္လ္ဟာ လူေတြမသိခဲ့တဲ့ ကီပါရဲ႕အစြမ္းအစကို ႀကိဳတင္သိရွိေနခဲ့ေၾကာင္း၊ ကီပါဟာ ဒီေန႔ပြဲမွာ အေကာင္းဆုံးကိုယ္ရည္ကိုယ္ေသြးကို ျပသသြားခဲ့ေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါေသးတယ္။

ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္ကေတာ့ ဒီပြဲစဥ္ရဲ႕အတက္အက်နဲ႔ ပတ္သတ္ၿပီး ” ကြၽန္ေတာ္တို႔ ပထမပိုင္းမိနစ္ ၃၀ ေလာက္အထိ သိပ္ေကာင္းခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ေဘာလုံးကိုေတာင္ ခပ္လြယ္လြယ္ပ်က္လာခဲ့ပါတယ္။ ဒါေၾကာင့္ ၿပိဳင္ဘက္အသင္းက ေခ်ပဂိုးနဲ႔ ထိုက္တန္ခဲ့တယ္လို႔ ေျပာရမွာပါ ”

” ရာသီသစ္က အဖြင့္လွသြားခဲ့ပါၿပီ။ စိတ္ပိုင္းဆိုင္ရာအရေပါ့ေလ။ ေအာင္ျမင္မႈနဲ႔ ဆုဖလားဆိုတာ စိတ္ဓာတ္ကို မိုးအထိ ျမႇင့္တင္ေပးပါတယ္ ” လို႔ မွတ္ခ်က္ေပးသြားခဲ့သလို EPL ရဲ႕ ခ်န္ပီယံေလာင္းဟာ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးႏွစ္သင္းထဲက တသင္းျဖစ္လာမယ္လို႔ ​ႀကိဳတင္အ​ေလးေပးမႈေတြလည္း ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.