Premier League Transfer News

12 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် မာတင် အော်ဒီဂွါဒ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ (ပေါင် ၄၂ သန်း)ဝန်းကျင် ပမာဏနဲ့ ကမ်းလှမ်းလိုက်ပြီလို့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပြီး ဘာနေဗျူးဘက်ကတော့ ယူရိုသန်း ၆၀ ကနေ ၇၀ အတွင်း အလိုရှိနေတယ်လို့ဆို။

– အာဆင်နယ်အသင်းအနေနဲ့ ကစားသမားတွေကို ဝယ်သူရှိတုန်းမှာ ရောင်းရတာဖြစ်ကြောင်း အသင်းတိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က ဂျိုးဝီလော့ခ်ကို ရောင်းချမှုအတွက် တာဝန်ရှိသူတွေဘက်က ကာကွယ်ပြောကြားလိုက်ပြီး ဥပမာအနေနဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို ပြီးခဲ့တဲ့နှစ်က ဝုလ်ဗ်စ်က ကမ်းလှမ်းခဲ့ပေမယ့် လက်ရှိမှာ အခြေအနေအရပ်ရပ်ကြောင့် ဝယ်မယ့်အသင်း မရှိတော့တာနဲ့ နှိုင်းယှဉ်ပြသွား။

– ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ ချဲလ်ဆီးနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီထားတယ်လို့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်နဲ့ အာဆင်နယ်အသင်းကြား ပုဂ္ဂိုလ်ရေးဆွေးနွေးမှု အောင်မြင်ထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး တစ်နှစ်လုပ်ခ ယူရို ၅ သန်း ပေးချေသွားဖို့ ရှိနေ။

– သောကြာနေ့ညမှာ ၂၀၂၁-၂၂ ရာသီအတွက် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် အစောဆုံး ကစားရမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ကစားသမားသစ်တွေဖြစ်ကြတဲ့ နောက်ခံလူ ဘန်ဝှိုက်နဲ့ ကွင်းလယ်လူ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါတို့ကို ပွဲထွက်ခိုင်းဖို့ရှိနေပြီး အယ်လ်နန်နီနဲ့ ဘယ်လာရင်တို့ နေရာပျောက်ဆုံးဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးအဖြစ် မှတ်ပုံတင်ခွင့်ရမယ့် ရှက်ဖီးလ်ဒ်ယူနိုက်တက်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ပြောင်းရွှေ့ကြေး ညှိမရတာကြောင့် လက်လျှော့နိုင်ခြေများနေပြီး အိုင်းယက်စ်အသင်းကနေ ပေါင် ၈.၅ သန်းတည်းနဲ့ ရရှိနိုင်မယ့် ကင်းမရွန်းဂိုးသမား အန်ဒရီ အိုနာနာကိုပဲ ပြောင်းလဲခေါ်ယူသွားဖို့ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦး လိုအပ်နေကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြနေတာကို ဖြည့်ဆည်းသွားဖို့ထက် ခန့်မှန်းဖို့ခက်တဲ့ ရည်ရွယ်ချက်တွေကိုပဲ ပြသနေပြီး ဗီယာရာလက်သစ်လို့ ဆိုနေကြတဲ့ မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကိုပဲ ဦးစားပေး အစီအစဉ်အဖြစ် ခေါ်ယူသွားဖို့ လုပ်ဆောင်နေ။

– လက်စတာစီးတီးအသင်းနည်းပြ ဘရန်ဒန် ရော့ဂျားစ်က အာဆင်နယ်အသင်းကို ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန် ပြောင်းရွှေ့မယ်ဆိုရင် နားလည်ပေးသွားမယ့်အကြောင်း ပြောကြားလိုက်ပေမယ့် လက်ရှိမှာ ၂၄ နှစ်သားအတွက် သဘောတူညီမှု တစ်စုံတစ်ရာ ရှိမထားသေးသလို ကင်းပါဝါကွင်းမှာ ပျော်ရွှင်နေတယ်လို့ ထုတ်ဖော်သွား။

– ရိုးမားအသင်းကနေ အလိုရှိနေတဲ့ ချဲလ်ဆီးတိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဝါရင့်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ခေါ်ယူမလားလို့ ရောမအခြေစိုက်ကလပ်ဆီ ကမ်းလှမ်းသွားခဲ့ပြီး သုံးသင်းကြားမှာ အဆင်ပြေပြေ ညှိနှိုင်းနိုင်မယ်လို့ နည်းစနစ်ဒါရိုက်တာ အီဒူး ယုံကြည်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်အားဖြည့်မှုအတွက် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကိုရွန်တင် တိုလစ်ဆိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာယူနိုက်တက်အသင်းဘက်က နောက်ဆုတ်သွားခဲ့တဲ့ ပေါင် ၁၀ သန်းတန် ပြင်သစ်သားအနေနဲ့ ကြံ့ခိုင်မှု မှတ်တမ်းကတော့ မေးခွန်းထုတ်စရာဖြစ်နေ။

– ဘဏ္ဏာရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ကစားသမားကောင်းတွေ ထုတ်ရောင်းနေရတဲ့ အင်တာမီလန်အသင်းဆီကနေ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်တို့ လက်မလျှော့သေးဘဲ အာဂျင်တီးနားသားအတွက် မက်လောက်စရာ လုပ်ခဖြစ်တဲ့ တစ်ပတ်ကို ပေါင် ၂၇၅၀၀၀ နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ မာတင္ ေအာ္ဒီဂြါဒ္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၅၀ (ေပါင္ ၄၂ သန္း)ဝန္းက်င္ ပမာဏနဲ႔ ကမ္းလွမ္းလိုက္ၿပီလို႔ စပိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပေနၾကၿပီး ဘာေနဗ်ဴးဘက္ကေတာ့ ယူ႐ိုသန္း ၆၀ ကေန ၇၀ အတြင္း အလိုရွိေနတယ္လို႔ဆို။

– အာဆင္နယ္အသင္းအေနနဲ႔ ကစားသမားေတြကို ဝယ္သူရွိတုန္းမွာ ေရာင္းရတာျဖစ္ေၾကာင္း အသင္းတိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္က ဂ်ိဳးဝီေလာ့ခ္ကို ေရာင္းခ်မႈအတြက္ တာဝန္ရွိသူေတြဘက္က ကာကြယ္ေျပာၾကားလိုက္ၿပီး ဥပမာအေနနဲ႔ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို ၿပီးခဲ့တဲ့ႏွစ္က ဝုလ္ဗ္စ္က ကမ္းလွမ္းခဲ့ေပမယ့္ လက္ရွိမွာ အေျခအေနအရပ္ရပ္ေၾကာင့္ ဝယ္မယ့္အသင္း မရွိေတာ့တာနဲ႔ ႏႈိင္းယွဥ္ျပသြား။

– ႐ိုးမားအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ခ်ဲလ္ဆီးနဲ႔ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီထားတယ္လို႔ သတင္းထြက္ေနတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္နဲ႔ အာဆင္နယ္အသင္းၾကား ပုဂၢိဳလ္ေရးေဆြးေႏြးမႈ ေအာင္ျမင္ထားတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး တစ္ႏွစ္လုပ္ခ ယူ႐ို ၅ သန္း ေပးေခ်သြားဖို႔ ရွိေန။

– ေသာၾကာေန႔ညမွာ ၂၀၂၁-၂၂ ရာသီအတြက္ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အျဖစ္ အေစာဆုံး ကစားရမယ့္ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ကစားသမားသစ္ေတြျဖစ္ၾကတဲ့ ေနာက္ခံလူ ဘန္ဝႈိက္နဲ႔ ကြင္းလယ္လူ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါတို႔ကို ပြဲထြက္ခိုင္းဖို႔ရွိေနၿပီး အယ္လ္နန္နီနဲ႔ ဘယ္လာရင္တို႔ ေနရာေပ်ာက္ဆုံးဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ငယ္ေမြးၿခံေပါက္ ကစားသမားတစ္ဦးအျဖစ္ မွတ္ပုံတင္ခြင့္ရမယ့္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေျပာင္းေ႐ႊ႕ေၾကး ညႇိမရတာေၾကာင့္ လက္ေလွ်ာ့ႏိုင္ေျခမ်ားေနၿပီး အိုင္းယက္စ္အသင္းကေန ေပါင္ ၈.၅ သန္းတည္းနဲ႔ ရရွိႏိုင္မယ့္ ကင္းမ႐ြန္းဂိုးသမား အန္ဒရီ အိုနာနာကိုပဲ ေျပာင္းလဲေခၚယူသြားဖို႔ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ တိုက္စစ္မႉးသစ္တစ္ဦး လိုအပ္ေနေၾကာင္း ကြၽမ္းက်င္သူေတြက ေထာက္ျပေနတာကို ျဖည့္ဆည္းသြားဖို႔ထက္ ခန႔္မွန္းဖို႔ခက္တဲ့ ရည္႐ြယ္ခ်က္ေတြကိုပဲ ျပသေနၿပီး ဗီယာရာလက္သစ္လို႔ ဆိုေနၾကတဲ့ မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကိုပဲ ဦးစားေပး အစီအစဥ္အျဖစ္ ေခၚယူသြားဖို႔ လုပ္ေဆာင္ေန။

– လက္စတာစီးတီးအသင္းနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က အာဆင္နယ္အသင္းကို ကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္ ေျပာင္းေ႐ႊ႕မယ္ဆိုရင္ နားလည္ေပးသြားမယ့္အေၾကာင္း ေျပာၾကားလိုက္ေပမယ့္ လက္ရွိမွာ ၂၄ ႏွစ္သားအတြက္ သေဘာတူညီမႈ တစ္စုံတစ္ရာ ရွိမထားေသးသလို ကင္းပါဝါကြင္းမွာ ေပ်ာ္႐ႊင္ေနတယ္လို႔ ထုတ္ေဖာ္သြား။

– ႐ိုးမားအသင္းကေန အလိုရွိေနတဲ့ ခ်ဲလ္ဆီးတိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေခၚယူႏိုင္ဖို႔အတြက္ အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဝါရင့္တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ေခၚယူမလားလို႔ ေရာမအေျခစိုက္ကလပ္ဆီ ကမ္းလွမ္းသြားခဲ့ၿပီး သုံးသင္းၾကားမွာ အဆင္ေျပေျပ ညႇိႏႈိင္းႏိုင္မယ္လို႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူး ယုံၾကည္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္အားျဖည့္မႈအတြက္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ကတည္းက စိတ္ဝင္စားေနတဲ့ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူ ကို႐ြန္တင္ တိုလစ္ဆိုကို ေခၚယူသြားဖို႔ စိတ္ဝင္စားေနၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းဘက္က ေနာက္ဆုတ္သြားခဲ့တဲ့ ေပါင္ ၁၀ သန္းတန္ ျပင္သစ္သားအေနနဲ႔ ႀကံ့ခိုင္မႈ မွတ္တမ္းကေတာ့ ေမးခြန္းထုတ္စရာျဖစ္ေန။

– ဘဏၰာေရးအေျခအေန မတည္ၿငိမ္မႈေၾကာင့္ ကစားသမားေကာင္းေတြ ထုတ္ေရာင္းေနရတဲ့ အင္တာမီလန္အသင္းဆီကေန တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူႏိုင္ဖို႔ အာဆင္နယ္တို႔ လက္မေလွ်ာ့ေသးဘဲ အာဂ်င္တီးနားသားအတြက္ မက္ေလာက္စရာ လုပ္ချဖစ္တဲ့ တစ္ပတ္ကို ေပါင္ ၂၇၅၀၀၀ နဲ႔ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.