Premier League

အြန္နရီရဲ႕ မွတ္တမ္းကို စိန္ေခၚဖို႔ လာေနၿပီလို႔ ဆိုလိုက္တဲ့ မန္စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္းနား

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ ကီဗင္ ဒီဘ႐ိုင္းနားက သူဟာ ဘယ္လ္ဂ်ီယမ္အသင္းလက္ေထာက္နည္းျပေဟာင္း သီယာရီ အြန္နရီနဲ႔ ေတြ႕တုိင္း မၾကာခဏဆုိသလို စေနာက္ၿခိမ္းေျခာက္ျဖစ္ခဲ့ေၾကာင္းနဲ႔ သူ႕ရဲ႕ စံခ်ိန္ေတြကို လိုက္မီဖို႔ ဒီႏွစ္လာေနၿပီလို႔ အျမဲတမ္း ေျပာျဖစ္ခဲ့တယ္လို႔ ဆုိလုိက္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ တစ္ရာသီအတြင္း ဖန္တီးမွဳအမ်ားဆုံးစံခ်ိန္ရွင္ျဖစ္တဲ့ ဂႏၴဝင္တုိက္စစ္မွဴး သီယာရီ အြန္နရီဟာ အာဆင္နယ္အသင္းနဲ႔အတူ ဂိုး ၂၀ အထိ ဖန္တီးေပးႏိုင္တဲ့ စံခ်ိန္ကို ၂၀၀၂-၀၃ ရာသီမွာ ရယူႏိုင္ခဲ့တာျဖစ္ၿပီး တရားဝင္မဟုတ္တဲ့ မွတ္တမ္းေတြအရဆုိရင္ေတာ့ ၂၅ ဂုိးအထိ စာရင္းေပါက္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီဘ႐ိုင္းနားက သူ႕အေနနဲ႔ အာဆင္နယ္ဂႏၴဝင္ရဲ႕ မွတ္တမ္းကို ခ်ဳိးဖ်က္ႏုိင္ဖို႔ အျမဲတမ္း ပစ္မွတ္ထားတယ္လုိ႔လည္း ဆုိခဲ့ၿပီး သူ႕ရဲ႕ အျမင့္ဆုံး ပရီးမီးယားလိဂ္စံခ်ိန္ကေတာ့ ၂၀၁၆-၁၇ ရာသီက ၁၈ ဂိုး ဖန္တီးႏုိင္ခဲ့တာျဖစ္ၿပီး ဖန္တီးမွဳအႀကိမ္ ၅၀ ကို အျမန္ဆုံးရရွိတဲ့သူအျဖစ္လည္း ဖာဘရီဂက္စ္၊ ဘားကမ့္ပ္၊ ကန္တိုနာနဲ႔ အုိေဇးလ္တုိ႔ကို ေက်ာ္ျဖတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ကေတာ့ ဒီရာသီမွာ ၁၇ ဂိုး ဖန္တီးၿပီးၿပီလို႔ ယူဆတာပါပဲ။ ဒါေပမယ့္ အာဆင္နယ္နဲ႔ပြဲမွာ စတာလင္ရဲ႕ဂိုးကို သူတုိ႔က လူထိၿပီးမွ ေရာက္သြားတယ္ဆုိၿပီး ကၽြန္ေတာ့္ ဖန္တီးမွဳအျဖစ္ မသတ္မွတ္ခဲ့ပါဘူး။ ဒါက နားလည္ရ ခက္ခဲၿပီး ဘာအတြက္ သူတုိ႔လုပ္ခဲ့တယ္ဆုိတာကိုေတာ့ မသိပါဘူး”လို႔ ဂ်ာနယ္လစ္ ေဒးဗစ္ အြန္းစတိန္းနဲ႔ ျပဳလုပ္တဲ့ ေရဒီယိုအစီအစဥ္မွာ ေျပာၾကားသြားခဲ့ပါတယ္။

“အြန္နရီနဲ႔ ေတြ႕တုိင္း သူ႕စံခ်ိန္ကို ခ်ဳိးဖို႔ လာေနၿပီလို႔ ကၽြန္ေတာ္ အျမဲတမ္း ေနာက္ေျပာင္ခဲ့ၿပီး တကယ္တမ္းျဖစ္ႏုိင္ဖို႔လည္း ႀကဳိးစားေနပါတယ္။ ဒီႏွစ္ရရွိထားတဲ့ ၁၆ ႀကိမ္ဟာ အေတာ္ေလးေကာင္းတယ္လို႔ ကၽြန္ေတာ္ထင္ၿပီး မဟုတ္ဘူးဆုိရင္လည္း လာမယ့္ပြဲေတြမွာ ထပ္မံ တုိးျမႇင့္ႏိုင္ဖို႔ ႀကဳိးစားသြားမွာျဖစ္သလို စံခ်ိန္ခ်ဳိးရတယ္ဆုိတာ ဘယ္ေလာက္ေပ်ာ္ဖို႔ေကာင္းမွန္း ဂ်ာမနီမွာကတည္းက ကၽြန္ေတာ္ သိထားၿပီးပါၿပီ”လို႔ ဒီဘ႐ိုင္းနားက ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားက သူဟာ ဘယ်လ်ဂျီယမ်အသင်းလက်ထောက်နည်းပြဟောင်း သီယာရီ အွန်နရီနဲ့ တွေ့တိုင်း မကြာခဏဆိုသလို စနောက်ခြိမ်းခြောက်ဖြစ်ခဲ့ကြောင်းနဲ့ သူ့ရဲ့ စံချိန်တွေကို လိုက်မီဖို့ ဒီနှစ်လာနေပြီလို့ အမြဲတမ်း ပြောဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဖန်တီးမှုအများဆုံးစံချိန်ရှင်ဖြစ်တဲ့ ဂန္ထဝင်တိုက်စစ်မှူး သီယာရီ အွန်နရီဟာ အာဆင်နယ်အသင်းနဲ့အတူ ဂိုး ၂၀ အထိ ဖန်တီးပေးနိုင်တဲ့ စံချိန်ကို ၂၀၀၂-၀၃ ရာသီမှာ ရယူနိုင်ခဲ့တာဖြစ်ပြီး တရားဝင်မဟုတ်တဲ့ မှတ်တမ်းတွေအရဆိုရင်တော့ ၂၅ ဂိုးအထိ စာရင်းပေါက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီဘရိုင်းနားက သူ့အနေနဲ့ အာဆင်နယ်ဂန္ထဝင်ရဲ့ မှတ်တမ်းကို ချိုးဖျက်နိုင်ဖို့ အမြဲတမ်း ပစ်မှတ်ထားတယ်လို့လည်း ဆိုခဲ့ပြီး သူ့ရဲ့ အမြင့်ဆုံး ပရီးမီးယားလိဂ်စံချိန်ကတော့ ၂၀၁၆-၁၇ ရာသီက ၁၈ ဂိုး ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး ဖန်တီးမှုအကြိမ် ၅၀ ကို အမြန်ဆုံးရရှိတဲ့သူအဖြစ်လည်း ဖာဘရီဂက်စ်၊ ဘားကမ့်ပ်၊ ကန်တိုနာနဲ့ အိုဇေးလ်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ ဒီရာသီမှာ ၁၇ ဂိုး ဖန်တီးပြီးပြီလို့ ယူဆတာပါပဲ။ ဒါပေမယ့် အာဆင်နယ်နဲ့ပွဲမှာ စတာလင်ရဲ့ဂိုးကို သူတို့က လူထိပြီးမှ ရောက်သွားတယ်ဆိုပြီး ကျွန်တော့် ဖန်တီးမှုအဖြစ် မသတ်မှတ်ခဲ့ပါဘူး။ ဒါက နားလည်ရ ခက်ခဲပြီး ဘာအတွက် သူတို့လုပ်ခဲ့တယ်ဆိုတာကိုတော့ မသိပါဘူး”လို့ ဂျာနယ်လစ် ဒေးဗစ် အွန်းစတိန်းနဲ့ ပြုလုပ်တဲ့ ရေဒီယိုအစီအစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

“အွန်နရီနဲ့ တွေ့တိုင်း သူ့စံချိန်ကို ချိုးဖို့ လာနေပြီလို့ ကျွန်တော် အမြဲတမ်း နောက်ပြောင်ခဲ့ပြီး တကယ်တမ်းဖြစ်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။ ဒီနှစ်ရရှိထားတဲ့ ၁၆ ကြိမ်ဟာ အတော်လေးကောင်းတယ်လို့ ကျွန်တော်ထင်ပြီး မဟုတ်ဘူးဆိုရင်လည်း လာမယ့်ပွဲတွေမှာ ထပ်မံ တိုးမြှင့်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်သလို စံချိန်ချိုးရတယ်ဆိုတာ ဘယ်လောက်ပျော်ဖို့ကောင်းမှန်း ဂျာမနီမှာကတည်းက ကျွန်တော် သိထားပြီးပါပြီ”လို့ ဒီဘရိုင်းနားက ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.