La Liga Match Report Premier League UCL&UEL

ကီပါရဲ့ ပင်နယ်တီလက်စွမ်းနဲ့ ဗီလာရီးရဲလ်ကို ကျော်ဖြတ်ပြီး ဆူပါဖလားရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ လူစာရင်းကို တတ်နိုင်သမျှ ကြံ့ခိုင်မှုပြည့်ဝနေသူတွေကို ထုတ်သုံးခဲ့ပြီး ခံစစ်မှာ လူငယ်ကစားသမား ထရီဗို ချာလိုဘာ ပါဝင်လာတာကလွဲလို့ ၃-၄-၃ ကစားကွက်မှာ အသားကျနေသူတွေချည်း ထည့်သုံးသွားခဲ့သလို နည်းပြ တူဟယ်လ်အနေနဲ့ အန်ဂိုလို ကွန်တေကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ပြီး ပွဲထွက်လာစေခဲ့ပါတယ်။

ဇူးမားနဲ့ ရူဒီဂါကို ချာလိုဘာနဲ့ တွဲပေးခဲ့တဲ့ ခံစစ်ကတော့ ထင်သလောက် တည်ငြိမ်ခြင်းမရှိဘဲ တောင်ပံခံစစ်တွေမှာလည်း လေးလံတဲ့ အလွန်ဆိုနဲ့ တိုက်စစ်သမား ဟဒ်ဆန်-အိုဒွိုင်းတို့က ကာကွယ်ပုံတွေ မကောင်းခဲ့တာကြောင့် အူနိုင်း အမ်မရီရဲ့ တန်ပြန်တိုက်စစ်နဲ့ ဗီလာရီးရဲလ်ကို အခွင့်အရေးတွေ ပေးမိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု သာပေမယ့်လည်း ဘတစ်ပြန် ကျားတစ်ပြန်ပဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆ မိနစ်မှာ ထောင့်ကန်ဘောက ကျလာတဲ့ ဘောလုံးကို တီမို ဗာနာက ခြေနဲ့ လှမ်းထောက်ပြီး ဂိုးကန်သွင်းမှုက ကောင်းမွန်ခဲ့ပေမယ့် ဂိုးသမား ဆာဂျီယို အဆန်ဟို သတိကြီးကြီးနဲ့ ကာကွယ်သွားနိုင်ခဲ့လို့ ချဲလ်ဆီးပရိသတ်တွေ ပျော်ရွှင်ခွင့်နဲ့ ဝေးခဲ့သလို သုံးမိနစ်အကြာမှာ ကွန်တေ ဘောလုံးရယူပြီး ကန်ခွင့်ရပေမယ့်လည်း တိုင်ဘေးက ထွက်သွားခဲ့လို့ အဖွင့်ဂိုးနဲ့ ဝေးနေခဲ့ပါတယ်။

နှစ်သင်းစလုံးအနေနဲ့ အခွင့်အရေး အသုံးချမှုပိုင်းမှာ နုံချာနေခဲ့ကြပေမယ့် ပွဲချိန် ၂၇ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ဟာဗတ်ဇ် ချိုးပေးလိုက်တဲ့ ဘောလုံးကို ဗာနာက ဗီလာရီးရဲလ်ခံစစ်သမားတွေကို မျှားထုတ်သွားခဲ့ရာမှာ ပက်ဒရာဇာရဲ့ ပေါ့လျော့မှုကြောင့် လွတ်နေတဲ့ ဇီးယက်ရှ်က ဂိုးသမားနဲ့ အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ ခံစစ်ဖြစ်သွားခဲ့ပြီး ဗီလာရီးရဲလ်တို့ကတော့ တိုက်စစ်ရော ကောင်တာတွေနဲ့ပါ ဂိုးရဖို့ ကြိုးစားနေခဲ့ရာမှာ ဂိုးသမား မန်ဒီနဲ့ ခံစစ်အဖွဲ့ စုစည်းကာကွယ်နေခဲ့ရပြီး ၃၃ မိနစ်မှာ တိုက်စစ်မှူး ဒီယား အနီးကပ်ကပ်ခွင့်ရခဲ့ပေမယ့် ဆီနီဂေါဂိုးသမားက အလစ်အဟာမရှိ ပိတ်ဆို့ထားနိုင်ခဲ့လို့ တူဟယ်လ်ကို စိုးရိမ်စရာတော့ မဖြစ်နိုင်ခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ ဇီးယက်ရှ် ဘယ်ခြမ်းက ချိုးပေးတာကို အလွန်ဆို ပိတ်ပုံပျော့နေခဲ့လို့ နောက်တစ်ဂိုးနဲ့ လွဲခဲ့ပြီး တစ်မိနစ်အကြာမှာ ဖရီးကစ်က ဖြတ်တင်ဘောကို ဇူးမား ခေါင်းတိုက်ခွင့် မရလို့ ကြုံသလို ကန်သွင်းခဲ့တာက ဘားကျော်သွားခဲ့သလို ပွဲချိန် ၄၃ မိနစ်မှာတော့ ချဲလ်ဆီးတို့ရဲ့ ဖန်တီးမှုအင်အား မော်ရိုကိုသားကို ဒဏ်ရာကြောင့် ပူလီရှစ်ချ်နဲ့ လူစားလဲခဲ့ရပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာ ညာခြမ်းက ဖြတ်တင်ဘောကို Volley ကန်သွင်းတဲ့ အယ်လ်ဘတ်တို မိုရီနိုရဲ့ ကန်ချက်ပြင်းပြင်းကို ဂိုးသမား မန်ဒီ ကြောင်ကြည့်နေခဲ့ရုံပဲ တတ်နိုင်ခဲ့ပေမယ့် ဘားထိထွက်ခဲ့တာကြောင့် ဂိုးဖြစ်မသွားခဲ့ဘဲ ပထမပိုင်းမှာ ချန်ပီယံလိဂ်ဘက်သားတွေ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဗီလာရီးရဲလ်တို့ ပိုဖိကစားလာခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာ မန်ဒီ ဂိုးလွန်ဘောကန်တင်ရင်း ခြေချော်ခဲ့လို့ ပျက်ခဲ့တဲ့ ဘောလုံးကို ဂျရတ် မိုရီနို ကန်သွင်းရာမှာ မန်ဒီရဲ့ လက်နဲ့ ထိပြီးမှ တိုင်ထိထွက်ခဲ့တာကြောင့် အဝါရောင် ရေငုပ်သင်္ဘောတွေ နစ်နာခဲ့ရသလို ချဲလ်ဆီးနောက်ခံလူတွေပါ တော်တော်လေး အလုပ်များနေခဲ့ကြရတာပါ။

ဒီနေ့ပွဲမှာ ဗီလာရီးရဲလ်ရဲ့ တောင်ပံတွေက တော်တော်လေး ထက်မြက်ခဲ့တာကြောင့် ဂိုးသမား မန်ဒီ မနေမနား ကာကွယ်နေခဲ့ရပြီး ပွဲချိန် ၇၃ မိနစ်မှာတော့ ရူဒီဂါ ဘောလုံးရှင်းထုတ်မှု မကောင်းတာကနေ ဂျရတ် မိုရီနိုက ပြန်ရသွားခဲ့ပြီး ဂိုးဧရိယာထဲမှာ ရှိနေတဲ့ ဒီယားနဲ့ ဝမ်းတူးရိုက်ပြီးမှ အနီးကပ် ကန်သွင်းခဲ့ရာမှာ ဂိုးအပေါ်ထောင့်နားကို ဝင်သွားခဲ့လို့ တစ်ဂိုးစီသရေ ပြန်ဖြစ်သွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ လူစားဝင် ပူလီရှစ်ချ်၊ မေဆန်မောင့်၊ ဂျော်ဂျင်ညိုတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ဗီလာရီးရဲလ်ဂိုးသမား အဆန်ဟိုကလည်း အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး ပွဲချိန် ၉၉ မိနစ်မှာ ဟာဗတ်ဇ်ဆီက လျှံထွက်လာတဲ့ ဘောလုံးကို အမေရိကန်တောင်ပံသမားက အဆုံးမသတ်နိုင်ခဲ့တာကတော့ ချဲလ်ဆီးတို့အတွက် နစ်နာစေခဲ့ပါတယ်။

ပွဲချိန် ၁၀၈ မိနစ်မှာ မေဆန်မောင့်ရဲ့ အနီးကပ်ကန်ချက်ကိုလည်း အဆန်ဟို ကာကွယ်သွားခဲ့ပြီး ချဲလ်ဆီးတို့ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ ရခဲ့ပေမယ့် ထိုးဖောက်မှုတွေက အလုပ်မဖြစ်ခဲ့သလို ဗီလာရီးရဲလ်ကလည်း မတုံ့ပြန်နိုင်တော့တာကြောင့် နည်းပြ တူဟယ်လ်အနေနဲ့ ဂိုးသမား မန်ဒီအစား ကီပါ အာရီဇာဘာလာဂါကို ပွဲချိန် စက္ကန့် ၉၀ အကျန်မှာ လူစားလဲပြီး ပင်နယ်တီ အဆုံးအဖြတ်အတွက်ပဲ ပြင်ဆင်ခဲ့တော့တာပါ။

ပင်နယ်တီကန်သွင်းမှုတွေမှာတော့ ပထမဆုံးကန်တဲ့ ဟာဗတ်ဇ်ရဲ့ ပင်နယ်တီသွင်းပုံ ညံ့ခဲ့လို့ အဆန်ဟိုက ပုတ်ထုတ်သွားခဲ့ပြီး ဗီလာရီးရဲလ်ရဲ့ ဂျရတ် မိုရီနိုက ဝင်ခဲ့သလို ဒုတိယကန်သွင်းမှုတွေမှာတော့ ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာက ဘဲဥခွဲခဲ့ပြီး တစ်ဖက်နောက်ခံလူ အိတ်ဆာ မန်ဒီရဲ့ ကန်ချက်ကိုတော့ ကီပါက ပုတ်ထုတ်သွားခဲ့တာပါ။

တတိယကန်ချက်ကနေ ဆဌမအကြိမ်အထိ ချဲလ်ဆီးဘက်က အလွန်ဆို၊ မေဆန်မောင့်၊ ဂျော်ဂျင်ညိုနဲ့ ပူလီရှစ်ချ်တို့ ဝင်ခဲ့ကြပြီး ဗီလာရီးရဲလ်ဘက်ကတော့ အက်စတူပီညန်၊ မွာဂိုမက်ဇ်၊ ရာဘာနဲ့ ဟွမ်ဖွိုက်သ်တို့ ဝင်ခဲ့တာကြောင့် ၆ လုံးစီ ကန်ပြီးချိန်မှာ ငါးဂိုးစီ သရေဖြစ်နေခဲ့ကြပါတယ်။

သတ္တမမြောက် ပင်နယ်တီမှာတော့ ရူဒီဂါရဲ့ ခန့်မှန်းဖို့ ခက်လွန်းတဲ့ ကန်ချက်ကြောင့် အဆန်ဟို ရပ်ကြည့်နေခဲ့ရချိန်မှာ ဗီလာရီးရဲလ်ကပ္ပတိန် ရာအူးလ် အယ်လ်ဘီယိုလ်ရဲ့ ကန်ချက်ကိုတော့ ကီပါက မကန်ခင်မှာ အမျိုးမျိုးလှုပ်ရှားနေခဲ့ပြီးမှ မှန်မှန်ကန်ကန် ပုတ်ထုတ်သွားနိုင်ခဲ့လို့ နောက်ဆုံးမှာတော့ ချဲလ်ဆီးတို့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ချဲလ်ဆီးတို့ ပင်နယ်တီ ခြောက်ဂိုး-ငါးဂိုးနဲ့ ဥရောပဆူပါဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ကြပြီး ဗီလာရီးရဲလ်နည်းပြ အူနိုင်း အမ်မရီကတော့ ဒီလောက်နဲ့ပဲ ကျေနပ်ရပြန်သလို သူ့ရဲ့ မြင့်မားတဲ့ ယူရိုပါလိဂ်ချန်ပီယံအဖြစ် အောင်မြင်မှုတွေရဲ့ ဆူပါဖလားတိုင်းမှာ တစ်ကြိမ်မှ အနိုင်မရသေးတဲ့ စံချိန်ကို ကီပါရဲ့ ကာကွယ်မှုနှစ်ခုနဲ့အတူ ဆက်လက်ထိန်းသိမ်းသွားခဲ့ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ လူစာရင္းကို တတ္ႏိုင္သမွ် ႀကံ့ခိုင္မႈျပည့္ဝေနသူေတြကို ထုတ္သုံးခဲ့ၿပီး ခံစစ္မွာ လူငယ္ကစားသမား ထရီဗို ခ်ာလိုဘာ ပါဝင္လာတာကလြဲလို႔ ၃-၄-၃ ကစားကြက္မွာ အသားက်ေနသူေတြခ်ည္း ထည့္သုံးသြားခဲ့သလို နည္းျပ တူဟယ္လ္အေနနဲ႔ အန္ဂိုလို ကြန္ေတကို အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ၿပီး ပြဲထြက္လာေစခဲ့ပါတယ္။

ဇူးမားနဲ႔ ႐ူဒီဂါကို ခ်ာလိုဘာနဲ႔ တြဲေပးခဲ့တဲ့ ခံစစ္ကေတာ့ ထင္သေလာက္ တည္ၿငိမ္ျခင္းမရွိဘဲ ေတာင္ပံခံစစ္ေတြမွာလည္း ေလးလံတဲ့ အလြန္ဆိုနဲ႔ တိုက္စစ္သမား ဟဒ္ဆန္-အိုဒြိဳင္းတို႔က ကာကြယ္ပုံေတြ မေကာင္းခဲ့တာေၾကာင့္ အူႏိုင္း အမ္မရီရဲ႕ တန္ျပန္တိုက္စစ္နဲ႔ ဗီလာရီးရဲလ္ကို အခြင့္အေရးေတြ ေပးမိခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ သာေပမယ့္လည္း ဘတစ္ျပန္ က်ားတစ္ျပန္ပဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာ ေထာင့္ကန္ေဘာက က်လာတဲ့ ေဘာလုံးကို တီမို ဗာနာက ေျခနဲ႔ လွမ္းေထာက္ၿပီး ဂိုးကန္သြင္းမႈက ေကာင္းမြန္ခဲ့ေပမယ့္ ဂိုးသမား ဆာဂ်ီယို အဆန္ဟို သတိႀကီးႀကီးနဲ႔ ကာကြယ္သြားႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးပရိသတ္ေတြ ေပ်ာ္႐ႊင္ခြင့္နဲ႔ ေဝးခဲ့သလို သုံးမိနစ္အၾကာမွာ ကြန္ေတ ေဘာလုံးရယူၿပီး ကန္ခြင့္ရေပမယ့္လည္း တိုင္ေဘးက ထြက္သြားခဲ့လို႔ အဖြင့္ဂိုးနဲ႔ ေဝးေနခဲ့ပါတယ္။

ႏွစ္သင္းစလုံးအေနနဲ႔ အခြင့္အေရး အသုံးခ်မႈပိုင္းမွာ ႏုံခ်ာေနခဲ့ၾကေပမယ့္ ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ဟာဗတ္ဇ္ ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ဗာနာက ဗီလာရီးရဲလ္ခံစစ္သမားေတြကို မွ်ားထုတ္သြားခဲ့ရာမွာ ပက္ဒရာဇာရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ လြတ္ေနတဲ့ ဇီးယက္ရွ္က ဂိုးသမားနဲ႔ အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ ခံစစ္ျဖစ္သြားခဲ့ၿပီး ဗီလာရီးရဲလ္တို႔ကေတာ့ တိုက္စစ္ေရာ ေကာင္တာေတြနဲ႔ပါ ဂိုးရဖို႔ ႀကိဳးစားေနခဲ့ရာမွာ ဂိုးသမား မန္ဒီနဲ႔ ခံစစ္အဖြဲ႕ စုစည္းကာကြယ္ေနခဲ့ရၿပီး ၃၃ မိနစ္မွာ တိုက္စစ္မႉး ဒီယား အနီးကပ္ကပ္ခြင့္ရခဲ့ေပမယ့္ ဆီနီေဂါဂိုးသမားက အလစ္အဟာမရွိ ပိတ္ဆို႔ထားႏိုင္ခဲ့လို႔ တူဟယ္လ္ကို စိုးရိမ္စရာေတာ့ မျဖစ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ဇီးယက္ရွ္ ဘယ္ျခမ္းက ခ်ိဳးေပးတာကို အလြန္ဆို ပိတ္ပုံေပ်ာ့ေနခဲ့လို႔ ေနာက္တစ္ဂိုးနဲ႔ လြဲခဲ့ၿပီး တစ္မိနစ္အၾကာမွာ ဖရီးကစ္က ျဖတ္တင္ေဘာကို ဇူးမား ေခါင္းတိုက္ခြင့္ မရလို႔ ႀကဳံသလို ကန္သြင္းခဲ့တာက ဘားေက်ာ္သြားခဲ့သလို ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ရဲ႕ ဖန္တီးမႈအင္အား ေမာ္႐ိုကိုသားကို ဒဏ္ရာေၾကာင့္ ပူလီရွစ္ခ်္နဲ႔ လူစားလဲခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာ ညာျခမ္းက ျဖတ္တင္ေဘာကို Volley ကန္သြင္းတဲ့ အယ္လ္ဘတ္တို မိုရီႏိုရဲ႕ ကန္ခ်က္ျပင္းျပင္းကို ဂိုးသမား မန္ဒီ ေၾကာင္ၾကည့္ေနခဲ့႐ုံပဲ တတ္ႏိုင္ခဲ့ေပမယ့္ ဘားထိထြက္ခဲ့တာေၾကာင့္ ဂိုးျဖစ္မသြားခဲ့ဘဲ ပထမပိုင္းမွာ ခ်န္ပီယံလိဂ္ဘက္သားေတြ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ဗီလာရီးရဲလ္တို႔ ပိုဖိကစားလာခဲ့ၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာ မန္ဒီ ဂိုးလြန္ေဘာကန္တင္ရင္း ေျခေခ်ာ္ခဲ့လို႔ ပ်က္ခဲ့တဲ့ ေဘာလုံးကို ဂ်ရတ္ မိုရီႏို ကန္သြင္းရာမွာ မန္ဒီရဲ႕ လက္နဲ႔ ထိၿပီးမွ တိုင္ထိထြက္ခဲ့တာေၾကာင့္ အဝါေရာင္ ေရငုပ္သေဘၤာေတြ နစ္နာခဲ့ရသလို ခ်ဲလ္ဆီးေနာက္ခံလူေတြပါ ေတာ္ေတာ္ေလး အလုပ္မ်ားေနခဲ့ၾကရတာပါ။

ဒီေန႔ပြဲမွာ ဗီလာရီးရဲလ္ရဲ႕ ေတာင္ပံေတြက ေတာ္ေတာ္ေလး ထက္ျမက္ခဲ့တာေၾကာင့္ ဂိုးသမား မန္ဒီ မေနမနား ကာကြယ္ေနခဲ့ရၿပီး ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ႐ူဒီဂါ ေဘာလုံးရွင္းထုတ္မႈ မေကာင္းတာကေန ဂ်ရတ္ မိုရီႏိုက ျပန္ရသြားခဲ့ၿပီး ဂိုးဧရိယာထဲမွာ ရွိေနတဲ့ ဒီယားနဲ႔ ဝမ္းတူး႐ိုက္ၿပီးမွ အနီးကပ္ ကန္သြင္းခဲ့ရာမွာ ဂိုးအေပၚေထာင့္နားကို ဝင္သြားခဲ့လို႔ တစ္ဂိုးစီသေရ ျပန္ျဖစ္သြားခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ လူစားဝင္ ပူလီရွစ္ခ်္၊ ေမဆန္ေမာင့္၊ ေဂ်ာ္ဂ်င္ညိဳတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို ဗီလာရီးရဲလ္ဂိုးသမား အဆန္ဟိုကလည္း အမွားအယြင္းမရွိ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ အခ်ိန္ပိုဆက္ကစားခဲ့ရၿပီး ပြဲခ်ိန္ ၉၉ မိနစ္မွာ ဟာဗတ္ဇ္ဆီက လွ်ံထြက္လာတဲ့ ေဘာလုံးကို အေမရိကန္ေတာင္ပံသမားက အဆုံးမသတ္ႏိုင္ခဲ့တာကေတာ့ ခ်ဲလ္ဆီးတို႔အတြက္ နစ္နာေစခဲ့ပါတယ္။

ပြဲခ်ိန္ ၁၀၈ မိနစ္မွာ ေမဆန္ေမာင့္ရဲ႕ အနီးကပ္ကန္ခ်က္ကိုလည္း အဆန္ဟို ကာကြယ္သြားခဲ့ၿပီး ခ်ဲလ္ဆီးတို႔ ေဘာလုံးပိုင္ဆိုင္မႈ ၆၂ ရာခိုင္ႏႈန္းအထိ ရခဲ့ေပမယ့္ ထိုးေဖာက္မႈေတြက အလုပ္မျဖစ္ခဲ့သလို ဗီလာရီးရဲလ္ကလည္း မတုံ႔ျပန္ႏိုင္ေတာ့တာေၾကာင့္ နည္းျပ တူဟယ္လ္အေနနဲ႔ ဂိုးသမား မန္ဒီအစား ကီပါ အာရီဇာဘာလာဂါကို ပြဲခ်ိန္ စကၠန႔္ ၉၀ အက်န္မွာ လူစားလဲၿပီး ပင္နယ္တီ အဆုံးအျဖတ္အတြက္ပဲ ျပင္ဆင္ခဲ့ေတာ့တာပါ။

ပင္နယ္တီကန္သြင္းမႈေတြမွာေတာ့ ပထမဆုံးကန္တဲ့ ဟာဗတ္ဇ္ရဲ႕ ပင္နယ္တီသြင္းပုံ ညံ့ခဲ့လို႔ အဆန္ဟိုက ပုတ္ထုတ္သြားခဲ့ၿပီး ဗီလာရီးရဲလ္ရဲ႕ ဂ်ရတ္ မိုရီႏိုက ဝင္ခဲ့သလို ဒုတိယကန္သြင္းမႈေတြမွာေတာ့ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာက ဘဲဥခြဲခဲ့ၿပီး တစ္ဖက္ေနာက္ခံလူ အိတ္ဆာ မန္ဒီရဲ႕ ကန္ခ်က္ကိုေတာ့ ကီပါက ပုတ္ထုတ္သြားခဲ့တာပါ။

တတိယကန္ခ်က္ကေန ဆဌမအႀကိမ္အထိ ခ်ဲလ္ဆီးဘက္က အလြန္ဆို၊ ေမဆန္ေမာင့္၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ ပူလီရွစ္ခ်္တို႔ ဝင္ခဲ့ၾကၿပီး ဗီလာရီးရဲလ္ဘက္ကေတာ့ အက္စတူပီညန္၊ မြာဂိုမက္ဇ္၊ ရာဘာနဲ႔ ဟြမ္ဖြိဳက္သ္တို႔ ဝင္ခဲ့တာေၾကာင့္ ၆ လုံးစီ ကန္ၿပီးခ်ိန္မွာ ငါးဂိုးစီ သေရျဖစ္ေနခဲ့ၾကပါတယ္။

သတၱမေျမာက္ ပင္နယ္တီမွာေတာ့ ႐ူဒီဂါရဲ႕ ခန႔္မွန္းဖို႔ ခက္လြန္းတဲ့ ကန္ခ်က္ေၾကာင့္ အဆန္ဟို ရပ္ၾကည့္ေနခဲ့ရခ်ိန္မွာ ဗီလာရီးရဲလ္ကပၸတိန္ ရာအူးလ္ အယ္လ္ဘီယိုလ္ရဲ႕ ကန္ခ်က္ကိုေတာ့ ကီပါက မကန္ခင္မွာ အမ်ိဳးမ်ိဳးလႈပ္ရွားေနခဲ့ၿပီးမွ မွန္မွန္ကန္ကန္ ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ ေနာက္ဆုံးမွာေတာ့ ခ်ဲလ္ဆီးတို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ခ်ဲလ္ဆီးတို႔ ပင္နယ္တီ ေျခာက္ဂိုး-ငါးဂိုးနဲ႔ ဥေရာပဆူပါဖလားခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဗီလာရီးရဲလ္နည္းျပ အူႏိုင္း အမ္မရီကေတာ့ ဒီေလာက္နဲ႔ပဲ ေက်နပ္ရျပန္သလို သူ႔ရဲ႕ ျမင့္မားတဲ့ ယူ႐ိုပါလိဂ္ခ်န္ပီယံအျဖစ္ ေအာင္ျမင္မႈေတြရဲ႕ ဆူပါဖလားတိုင္းမွာ တစ္ႀကိမ္မွ အႏိုင္မရေသးတဲ့ စံခ်ိန္ကို ကီပါရဲ႕ ကာကြယ္မႈႏွစ္ခုနဲ႔အတူ ဆက္လက္ထိန္းသိမ္းသြားခဲ့ပါေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.