Premier League Transfer News

11 Aug ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းနောက်ခံလူ အန်တိုနီယို ရူဒီဂျာအနေနဲ့ အသင်းကို ရောက်ရှိလာမယ့် တိုက်စစ်မှူးသစ် ရိုမီလူ လူကာကူးအပေါ် မေးမြန်ခံခဲ့ရချိန်မှာ ဘယ်လ်ဂျီယမ်သားရဲ့ ခန္ဓာကိုယ်ကို ကြည့်နိုင်ကြောင်း၊ တကယ့် သားရဲတစ်ကောင်လိုဖြစ်ကြောင်း၊ သူ့အနေနဲ့ အလွန်သန်မာပြီး သူအကောင်းဆုံး စွမ်းဆောင်ပြခဲ့တဲ့ အီတလီမှာ သူ့ရဲ့အစွမ်းကို ပြသခဲ့ပြီးဖြစ်ကြောင်း မနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့။

– ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူးကို ခေါ်ယူအပြီးမှာ ရုရှားပရီးမီးယားလိဂ်ကလပ် ဒီနာမို မော်စကိုအသင်းရဲ့ ထွန်းတောက်လာခဲ့တဲ့ လူငယ်ကွင်းလယ်လူ အာဆင် ဇာခါရီယန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသက် ၁၈ နှစ်အရွယ် ရုရှားယူ-၂၁ လက်ရွေးစင်အတွက် ယူရို ၁၀ သန်းအောက်မှာ အရောင်းအဝယ် ဖြစ်နိုင်ဖွယ်ရှိနေ။

– လက်ရှိဘောလုံးရာသီအတွက် အမြင်ကို မေးမြန်းလာတဲ့ မေးခွန်းတွေကို နောက်ခံလူ ဘန်ချေးဝဲလ်က ချဲလ်ဆီးအသင်းရဲ့ ဒီနှစ်ပစ်မှတ်က ပရီးမီးယားလိဂ်ဖလားဆိုတာ သိသာကြောင်း၊ ဥရောပထိပ်သီးအသင်းတွေချည်း ပါဝင်တဲ့ ချန်ပီယံလိဂ်ဆိုတာ တစ်ခါရပြီးရင် ထပ်ခါထပ်ခါ ရချင်လာတဲ့ ဖလားမျိုးဖြစ်ကြောင်းနဲ့ ဘယ်အသင်းရမလဲဆိုတာကိုတော့ ဖြေရခက်ခဲကြောင်း ဖွင့်ဟသွားခဲ့။

– ဗီလာရီးရဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ဥရောပဆူပါဖလားပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ အသင်းကို ရောက်ဖို့ သေချာနေပြီလို့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးနဲ့ပတ်သက်ပြီး ဘာမှမပြောလိုကြောင်းနဲ့ လူစာရင်းမှာ အရည်အချင်းကို ကြည့်ပြီး ရွေးချယ်ရုံတင်မဟုတ်ဘဲ အသင်းအတွက် စည်းလုံးမှုရှိစေမယ့် ကစားသမားတွေကိုလည်း ရွေးချယ်ရကြောင်း ပြောသွားခဲ့။

– ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးနဲ့ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ လက်ရှိကမ္ဘာ့‌အကောင်းဆုံး တိုက်စစ်မှူး ၃ ယောက်ထဲက တစ်ယောက် အပါအဝင်ဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုကြောင်းနဲ့ အသင်းတိုင်းမှာ အံဝင်မယ့် ထိပ်တန်းတိုက်စစ်မှူးဖြစ်ကြောင်း မှတ်ချက်ပေးသွား။

– ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့အတွက် ပြောင်းရွှေ့ကြေး ညှိနှိုင်းပြီးပြီဆိုပေမယ့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု မရသေးတဲ့ ချဲလ်ဆီးအသင်းတိုက်စစ်မှူး တမ်မီ အေဘရာဟမ်အနေနဲ့ အာဆင်နယ်အသင်းကိုသာ သွားချင်နေပြီး ဂန်းနားတို့နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတောင် ရပြီးပြီဖြစ်ပေမယ့် ပြောင်းရွှေ့ကြေးကို အနောက်လန်ဒန်ကလပ်နဲ့ ညှိနှိုင်းမရသေးလို့ အင်္ဂလန်သားကို ရောင်းမထွက်သေးကြောင်းသိရ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ရီယို ဖာဒီနန်က ချဲလ်ဆီးအသင်းရဲ့ ရိုမီလူ လူကာကူးအပါအဝင် တိုက်စစ်ကစားသမားတွေအနေနဲ့ ကွဲပြားခြားနားတဲ့ အရည်အသွေးတွေ၊ မတူညီတဲ့ ကစားဟန်တွေနဲ့ ကောင်းမွန်တဲ့ ပေါင်းစပ်မှုဖြစ်ကြောင်း ပြောသွားခဲ့ပြီး လက်ရှိတိုက်စစ်စုဖွဲ့မှုနဲ့ဆို ပရီးမီးယားလိဂ်ချန်ပီယံဆုကို အရယူသွားနိုင်ကြောင်း ချီးကျူးသွားခဲ့။

– ဥရောပဆူပါဖလားပွဲစဉ်အဖြစ် ဗီလာရီးရဲလ်အသင်းနဲ့ ရင်ဆိုင်ကစားမယ့် ပွဲစဉ်အတွက် ချဲလ်ဆီးအသင်းအနေနဲ့ အသင်းရဲ့ ပါဝင်လာမယ့် လူစာရင်းကို တရားဝင် ထုတ်ပြန်‌ကြေငြာခဲ့ချိန်မှာ အသင်းရဲ့ ကစားသမားသစ်အဖြစ် မကြာမီ ကြေငြာနိုင်မယ့် တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ထည့်သွင်းထားခဲ့ခြင်းမရှိကြောင်းဆို။

– ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိအချိန်မှာ အသင်းကို ခေါ်ယူဖို့အတွက် အဓိက ပစ်မှတ်ထားနေတဲ့ ကစားသမားက ဆီဗီလာနောက်ခံလူ ဂျူးလ်စ် ကွန်ဒေပဲဖြစ်ပြီး သူ့အတွက် ဆက်လက်ညှိနှိုင်းဖို့ ရှိနေသေးသလို မူလက သူ့အတွက် ချဲလ်ဆီးဘက်က အလိုက်ပေးကမ်းလှမ်းမယ့် နောက်ခံလူ ကာ့ထ် ဇူးမားနဲ့ စပိန်ကလပ်တို့ကြားမှာတော့ ဘာသဘောတူညီမှုမှ ရမထားကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်သွားခဲ့။

– ချဲလ်ဆီးအသင်းရဲ့ အမေရိကန်တောင်ပံတိုက်စစ်မှူး ခရစ္စတီယန် ပူလီရှစ်ခ်အနေနဲ့ အသင်းမှာ စစ်တုရင်ကစားရတာက အိမ်ထဲက အိမ်ပြင်မထွက်ရတဲ့ ကာလအတွင်း သူ့အတွက် ဝါသနာတစ်ခုဖြစ်လာခဲ့ကြောင်း ဝန်ခံသွားခဲ့ပြီး သူနဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေတို့နှစ်ယောက်ဟာ အသင်းရဲ့ စစ်တုရင်ကစားတာ အတော်ဆုံး ၂ ယောက်ဖြစ်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းေနာက္ခံလူ အန္တိုနီယို ႐ူဒီဂ်ာအေနနဲ႔ အသင္းကို ေရာက္ရွိလာမယ့္ တိုက္စစ္မႉးသစ္ ႐ိုမီလူ လူကာကူးအေပၚ ေမးျမန္ခံခဲ့ရခ်ိန္မွာ ဘယ္လ္ဂ်ီယမ္သားရဲ႕ ခႏၶာကိုယ္ကို ၾကည့္ႏိုင္ေၾကာင္း၊ တကယ့္ သားရဲတစ္ေကာင္လိုျဖစ္ေၾကာင္း၊ သူ႔အေနနဲ႔ အလြန္သန္မာၿပီး သူအေကာင္းဆုံး စြမ္းေဆာင္ျပခဲ့တဲ့ အီတလီမွာ သူ႔ရဲ႕အစြမ္းကို ျပသခဲ့ၿပီးျဖစ္ေၾကာင္း မေန႔က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ခ်ီးက်ဴးသြားခဲ့။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ လူကာကူးကို ေခၚယူအၿပီးမွာ ႐ုရွားပရီးမီးယားလိဂ္ကလပ္ ဒီနာမို ေမာ္စကိုအသင္းရဲ႕ ထြန္းေတာက္လာခဲ့တဲ့ လူငယ္ကြင္းလယ္လူ အာဆင္ ဇာခါရီယန္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္ ႐ုရွားယူ-၂၁ လက္ေ႐ြးစင္အတြက္ ယူ႐ို ၁၀ သန္းေအာက္မွာ အေရာင္းအဝယ္ ျဖစ္ႏိုင္ဖြယ္ရွိေန။

– လက္ရွိေဘာလုံးရာသီအတြက္ အျမင္ကို ေမးျမန္းလာတဲ့ ေမးခြန္းေတြကို ေနာက္ခံလူ ဘန္ေခ်းဝဲလ္က ခ်ဲလ္ဆီးအသင္းရဲ႕ ဒီႏွစ္ပစ္မွတ္က ပရီးမီးယားလိဂ္ဖလားဆိုတာ သိသာေၾကာင္း၊ ဥေရာပထိပ္သီးအသင္းေတြခ်ည္း ပါဝင္တဲ့ ခ်န္ပီယံလိဂ္ဆိုတာ တစ္ခါရၿပီးရင္ ထပ္ခါထပ္ခါ ရခ်င္လာတဲ့ ဖလားမ်ိဳးျဖစ္ေၾကာင္းနဲ႔ ဘယ္အသင္းရမလဲဆိုတာကိုေတာ့ ေျဖရခက္ခဲေၾကာင္း ဖြင့္ဟသြားခဲ့။

– ဗီလာရီးရဲလ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ ဥေရာပဆူပါဖလားပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ အသင္းကို ေရာက္ဖို႔ ေသခ်ာေနၿပီလို႔ သတင္းထြက္ေနတဲ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးနဲ႔ပတ္သက္ၿပီး ဘာမွမေျပာလိုေၾကာင္းနဲ႔ လူစာရင္းမွာ အရည္အခ်င္းကို ၾကည့္ၿပီး ေ႐ြးခ်ယ္႐ုံတင္မဟုတ္ဘဲ အသင္းအတြက္ စည္းလုံးမႈရွိေစမယ့္ ကစားသမားေတြကိုလည္း ေ႐ြးခ်ယ္ရေၾကာင္း ေျပာသြားခဲ့။

– ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မႉး တီမို ဗာနာအေနနဲ႔ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးနဲ႔ပတ္သက္ၿပီး ေမးျမန္းခံရခ်ိန္မွာ လက္ရွိကမာၻ႔‌အေကာင္းဆုံး တိုက္စစ္မႉး ၃ ေယာက္ထဲက တစ္ေယာက္ အပါအဝင္ျဖစ္တယ္ဆိုတာ ေမးခြန္းထုတ္စရာ မလိုေၾကာင္းနဲ႔ အသင္းတိုင္းမွာ အံဝင္မယ့္ ထိပ္တန္းတိုက္စစ္မႉးျဖစ္ေၾကာင္း မွတ္ခ်က္ေပးသြား။

– ႐ိုးမားအသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး ညႇိႏႈိင္းၿပီးၿပီဆိုေပမယ့္ ပုဂၢိဳလ္ေရးသေဘာတူညီမႈ မရေသးတဲ့ ခ်ဲလ္ဆီးအသင္းတိုက္စစ္မႉး တမ္မီ ေအဘရာဟမ္အေနနဲ႔ အာဆင္နယ္အသင္းကိုသာ သြားခ်င္ေနၿပီး ဂန္းနားတို႔နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈေတာင္ ရၿပီးၿပီျဖစ္ေပမယ့္ ေျပာင္းေ႐ႊ႕ေၾကးကို အေနာက္လန္ဒန္ကလပ္နဲ႔ ညႇိႏႈိင္းမရေသးလို႔ အဂၤလန္သားကို ေရာင္းမထြက္ေသးေၾကာင္းသိရ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က ခ်ဲလ္ဆီးအသင္းရဲ႕ ႐ိုမီလူ လူကာကူးအပါအဝင္ တိုက္စစ္ကစားသမားေတြအေနနဲ႔ ကြဲျပားျခားနားတဲ့ အရည္အေသြးေတြ၊ မတူညီတဲ့ ကစားဟန္ေတြနဲ႔ ေကာင္းမြန္တဲ့ ေပါင္းစပ္မႈျဖစ္ေၾကာင္း ေျပာသြားခဲ့ၿပီး လက္ရွိတိုက္စစ္စုဖြဲ႕မႈနဲ႔ဆို ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို အရယူသြားႏိုင္ေၾကာင္း ခ်ီးက်ဴးသြားခဲ့။

– ဥေရာပဆူပါဖလားပြဲစဥ္အျဖစ္ ဗီလာရီးရဲလ္အသင္းနဲ႔ ရင္ဆိုင္ကစားမယ့္ ပြဲစဥ္အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အသင္းရဲ႕ ပါဝင္လာမယ့္ လူစာရင္းကို တရားဝင္ ထုတ္ျပန္‌ေၾကျငာခဲ့ခ်ိန္မွာ အသင္းရဲ႕ ကစားသမားသစ္အျဖစ္ မၾကာမီ ေၾကျငာႏိုင္မယ့္ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ထည့္သြင္းထားခဲ့ျခင္းမရွိေၾကာင္းဆို။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ လက္ရွိအခ်ိန္မွာ အသင္းကို ေခၚယူဖို႔အတြက္ အဓိက ပစ္မွတ္ထားေနတဲ့ ကစားသမားက ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္စ္ ကြန္ေဒပဲျဖစ္ၿပီး သူ႔အတြက္ ဆက္လက္ညႇိႏႈိင္းဖို႔ ရွိေနေသးသလို မူလက သူ႔အတြက္ ခ်ဲလ္ဆီးဘက္က အလိုက္ေပးကမ္းလွမ္းမယ့္ ေနာက္ခံလူ ကာ့ထ္ ဇူးမားနဲ႔ စပိန္ကလပ္တို႔ၾကားမွာေတာ့ ဘာသေဘာတူညီမႈမွ ရမထားေၾကာင္း နာမည္ေက်ာ္ သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္သြားခဲ့။

– ခ်ဲလ္ဆီးအသင္းရဲ႕ အေမရိကန္ေတာင္ပံတိုက္စစ္မႉး ခရစၥတီယန္ ပူလီရွစ္ခ္အေနနဲ႔ အသင္းမွာ စစ္တုရင္ကစားရတာက အိမ္ထဲက အိမ္ျပင္မထြက္ရတဲ့ ကာလအတြင္း သူ႔အတြက္ ဝါသနာတစ္ခုျဖစ္လာခဲ့ေၾကာင္း ဝန္ခံသြားခဲ့ၿပီး သူနဲ႔ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတတို႔ႏွစ္ေယာက္ဟာ အသင္းရဲ႕ စစ္တုရင္ကစားတာ အေတာ္ဆုံး ၂ ေယာက္ျဖစ္ေၾကာင္း Daily Mail သတင္းဌာနက ေဖာ္ျပသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.