Premier League Transfer News

11 Aug ညဦးပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ဗဟိုခံစစ်မှူး ဂျွန်စတုန်းစ်ကို ၂၀၂၆ ခုနှစ်ရှိနေမယ့် စာချုပ်သက်တမ်းသစ်တိုးခဲ့တဲ့ မန်စီးတီးဟာ ဂိုးသမား အက်ဒါဆန်၊ ကွင်းလယ်လူ ဖီးလ်ဖိုဒန်နဲ့ တိုက်စစ်မှူး ရာဟင်းမ် စတာလင်တို့ ၃ ဦးကို စာချုပ်သစ် ထပ်မံကမ်းလှမ်းသွားဖို့ စီစဥ်နေပြီး အသင်းက ထွက်ခွာလိုနေတဲ့ စတာလင်ကိုတော့ သဘောတူညီမှုရဖို့ ခက်ခဲဖွယ်ရှိနေကြောင်း သိရ။

– ဂျူဗင်တပ်စ်အသင်းဟာ မန်စီးတီးမှာ ပုံမှန်နေရာမရတဲ့ အေးမရစ် လာပေါ့တ်ကို အငှားနဲ့ ခေါ်ယူသွားဖို့ အီတီဟတ်ကို တီးခေါက်လာခဲ့တယ်လို့ သိရပြီး အထွက်စာရင်းမှာ ၃ ဦး သို့ ၄ ဦးရှိတယ်ဆိုတဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ အတည်ပြုချက်အရ အဆိုပါ စပိန်ဗဟိုခံစစ်မှူးအတွက် ကမ်းလှမ်းမှုကို လက်ခံဆွေးနွေးသွားဖွယ်ရှိနေ။

– ဂျက်ခ် ဂရီးလစ်ရှ်ကြောင့် အပြောင်းအရွှေ့ကြန့်ကြာသွားခဲ့ပြီး မန်စီးတီးနဲ့ သတင်းတွေ ငြိမ်သွားခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ အီတီဟတ်အိပ်မက်ကို မေ့ပစ်ပြီး စပါးစ်နဲ့အသင်းမှာပဲ စာချုပ်သစ် ထပ်မံချုပ်ဆိုသွားဖွယ်ရှိနေကြာင်း သိရပြီး အင်္ဂလန်ကပ္ပတိန်အနေနဲ့ ဝှိုက်ဟတ်လိန်းမှာပဲ ပျော်ရွှင်နေပြီဖြစ်ကြောင်း သတင်းတွေက ဆိုခဲ့ကြဖို့ စီးတီးပရိသတ်တွေ အားမရစရာဖြစ်လာ။

– အခုနွေမှာ ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗားအတွက် မန်စီးတီးတို့ အသင်းသစ် ရှာဖွေပေးနေကြောင်း The Athletic သတင်းက အတည်ပြုပေးသွားခဲ့ပြီး ပေါင်သန်း ၆၀ တန် ပေါ်တူဂီသားကို အာဆင်နယ်၊ အက်သလက်တီကို မက်ဒရစ်အသင်းတို့က ချိတ်ဆက်နေပေမယ့် ရေရာတဲ့ ကမ်းလှမ်းမှုတော့ ရောက်ရှိလာခြင်းမရှိသေးချိန်မှာ စပိန်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်နဲ့ အလဲအထပ်လုပ်ဖို့ တိုက်တွန်းခံထားရ။

– မန်စီးတီးအသင်းဟာ ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ခရိုအေးရှားလူငယ်ကြယ်ပွင့်လေး စတီပီ ဗျုခ်ကို ချိတ်ဆက်နေပြီး ဘယ်တောင်ပံတိုက်စစ်ကစားတဲ့ ၁၈ နှစ်သားလေးရဲ့ ကစားပွဲကို ကင်းထောက်တွေနဲ့ စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေသလို ဟိုင်ဒုခ် စပလိအသင်းနဲ့ ဆွေးနွေးမှုတွေရှိနေကြောင်း သိရ။

– ဘရာဇီးလ်မှာ လူငယ်တိုက်စစ်မှူးရှာဖွေဖို့ ကင်းထောက်နေတဲ့ မန်စီးတီးအသင်းဟာ ဥရောပအသင်းကြီးတွေက စောင့်ကြည့်နေတဲ့ အင်တာနေစီယွန်နယ်အသင်းရဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူး ယူရီ အဲလ်ဘာတိုကို မျက်စိကျနေကြောင်း သိရပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်းနဲ့ ကမ်းလှမ်းမယ်ဆိုရင် ဘရာဇီးလ်ကလပ်ဘက်က လက်ခံသွားဖွယ်ရှိနေ။

– တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ မန်စီးတီးကို ကျော်ဖြတ်ပြီး PSG အသင်းကို ရွေးချယ်သွားတဲ့နောက်မှာ မိမိတို့ကစားသမားသစ် ဂျက်ခ် ဂရီးလစ်ရှ်က မက်ဆီထက် အပုံကြီးပိုသာတယ်လို့ လူမှုကွန်ရက်မှာ တုံ့ပြန်သွားခဲ့တဲ့ မန်စီးတီးပရိသတ်တချို့ကြောင့် စီတီဇန်တို့ လွတ်တဲ့ငါးပိုကြီးပြီး စပျစ်သီးချဥ်နေတာလားလို့ တိုက်ခိုက်ခံနေရ။

– ဂျက်ဂရီးလစ်ရှ်ဟာ ဗီလာအသင်းကနေ မန်စီးတီးကို မပြောင်းရွှေ့ခင်မှာ ချယ်လ်ဆီးဂန္ထဝင်ကစားသမားကြီး ဂျွန်တယ်ရီရဲ့ အကူအညီကို ရယူခဲ့ကြောင်း ထုတ်ဖော်သွားခဲ့သလို သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကစားရတဲ့ စိတ်လှုပ်ရှားမှုနဲ့ အတွေ့အကြုံကို လက်ထောက်နည်းပြဟောင်းဆီ ဆက်သွယ်မေးမြန်းခဲ့ပြီး အီတီဟတ်ကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဗဟိုခံစစ္မႉး ဂြၽန္စတုန္းစ္ကို ၂၀၂၆ ခုႏွစ္ရွိေနမယ့္ စာခ်ဳပ္သက္တမ္းသစ္တိုးခဲ့တဲ့ မန္စီးတီးဟာ ဂိုးသမား အက္ဒါဆန္၊ ကြင္းလယ္လူ ဖီးလ္ဖိုဒန္နဲ႔ တိုက္စစ္မႉး ရာဟင္းမ္ စတာလင္တို႔ ၃ ဦးကို စာခ်ဳပ္သစ္ ထပ္မံကမ္းလွမ္းသြားဖို႔ စီစဥ္ေနၿပီး အသင္းက ထြက္ခြာလိုေနတဲ့ စတာလင္ကိုေတာ့ သေဘာတူညီမႈရဖို႔ ခက္ခဲဖြယ္ရွိေနေၾကာင္း သိရ။

– ဂ်ဴဗင္တပ္စ္အသင္းဟာ မန္စီးတီးမွာ ပုံမွန္ေနရာမရတဲ့ ေအးမရစ္ လာေပါ့တ္ကို အငွားနဲ႔ ေခၚယူသြားဖို႔ အီတီဟတ္ကို တီးေခါက္လာခဲ့တယ္လို႔ သိရၿပီး အထြက္စာရင္းမွာ ၃ ဦး သို႔ ၄ ဦးရွိတယ္ဆိုတဲ့ နည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ အတည္ျပဳခ်က္အရ အဆိုပါ စပိန္ဗဟိုခံစစ္မႉးအတြက္ ကမ္းလွမ္းမႈကို လက္ခံေဆြးေႏြးသြားဖြယ္ရွိေန။

– ဂ်က္ခ္ ဂရီးလစ္ရွ္ေၾကာင့္ အေျပာင္းအေ႐ႊ႕ၾကန္႔ၾကာသြားခဲ့ၿပီး မန္စီးတီးနဲ႔ သတင္းေတြ ၿငိမ္သြားခဲ့တဲ့ တိုက္စစ္မႉး ဟာရီကိန္းဟာ အီတီဟတ္အိပ္မက္ကို ေမ့ပစ္ၿပီး စပါးစ္နဲ႔အသင္းမွာပဲ စာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုသြားဖြယ္ရွိေနၾကာင္း သိရၿပီး အဂၤလန္ကပၸတိန္အေနနဲ႔ ဝႈိက္ဟတ္လိန္းမွာပဲ ေပ်ာ္႐ႊင္ေနၿပီျဖစ္ေၾကာင္း သတင္းေတြက ဆိုခဲ့ၾကဖို႔ စီးတီးပရိသတ္ေတြ အားမရစရာျဖစ္လာ။

– အခုေႏြမွာ ထြက္ခြာခြင့္ျပဳလိုက္ၿပီျဖစ္တဲ့ ဘာနာဒို ေဆးလ္ဗားအတြက္ မန္စီးတီးတို႔ အသင္းသစ္ ရွာေဖြေပးေနေၾကာင္း The Athletic သတင္းက အတည္ျပဳေပးသြားခဲ့ၿပီး ေပါင္သန္း ၆၀ တန္ ေပၚတူဂီသားကို အာဆင္နယ္၊ အက္သလက္တီကို မက္ဒရစ္အသင္းတို႔က ခ်ိတ္ဆက္ေနေပမယ့္ ေရရာတဲ့ ကမ္းလွမ္းမႈေတာ့ ေရာက္ရွိလာျခင္းမရွိေသးခ်ိန္မွာ စပိန္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္နဲ႔ အလဲအထပ္လုပ္ဖို႔ တိုက္တြန္းခံထားရ။

– မန္စီးတီးအသင္းဟာ ပါရမီရွင္အျဖစ္ သတ္မွတ္ခံထားရတဲ့ ခ႐ိုေအးရွားလူငယ္ၾကယ္ပြင့္ေလး စတီပီ ဗ်ဳခ္ကို ခ်ိတ္ဆက္ေနၿပီး ဘယ္ေတာင္ပံတိုက္စစ္ကစားတဲ့ ၁၈ ႏွစ္သားေလးရဲ႕ ကစားပြဲကို ကင္းေထာက္ေတြနဲ႔ ေစာင့္ၾကည့္ေလ့လာမႈေတြ ျပဳလုပ္ေနသလို ဟိုင္ဒုခ္ စပလိအသင္းနဲ႔ ေဆြးေႏြးမႈေတြရွိေနေၾကာင္း သိရ။

– ဘရာဇီးလ္မွာ လူငယ္တိုက္စစ္မႉးရွာေဖြဖို႔ ကင္းေထာက္ေနတဲ့ မန္စီးတီးအသင္းဟာ ဥေရာပအသင္းႀကီးေတြက ေစာင့္ၾကည့္ေနတဲ့ အင္တာေနစီယြန္နယ္အသင္းရဲ႕ အသက္ ၂၀ အ႐ြယ္ တိုက္စစ္မႉး ယူရီ အဲလ္ဘာတိုကို မ်က္စိက်ေနေၾကာင္း သိရၿပီး သူ႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၀ သန္းနဲ႔ ကမ္းလွမ္းမယ္ဆိုရင္ ဘရာဇီးလ္ကလပ္ဘက္က လက္ခံသြားဖြယ္ရွိေန။

– တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ မန္စီးတီးကို ေက်ာ္ျဖတ္ၿပီး PSG အသင္းကို ေ႐ြးခ်ယ္သြားတဲ့ေနာက္မွာ မိမိတို႔ကစားသမားသစ္ ဂ်က္ခ္ ဂရီးလစ္ရွ္က မက္ဆီထက္ အပုံႀကီးပိုသာတယ္လို႔ လူမႈကြန္ရက္မွာ တုံ႔ျပန္သြားခဲ့တဲ့ မန္စီးတီးပရိသတ္တခ်ိဳ႕ေၾကာင့္ စီတီဇန္တို႔ လြတ္တဲ့ငါးပိုႀကီးၿပီး စပ်စ္သီးခ်ဥ္ေနတာလားလို႔ တိုက္ခိုက္ခံေနရ။

– ဂ်က္ဂရီးလစ္ရွ္ဟာ ဗီလာအသင္းကေန မန္စီးတီးကို မေျပာင္းေ႐ႊ႕ခင္မွာ ခ်ယ္လ္ဆီးဂႏၴဝင္ကစားသမားႀကီး ဂြၽန္တယ္ရီရဲ႕ အကူအညီကို ရယူခဲ့ေၾကာင္း ထုတ္ေဖာ္သြားခဲ့သလို သူ႔ရဲ႕အိပ္မက္ျဖစ္တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲႀကီးကစားရတဲ့ စိတ္လႈပ္ရွားမႈနဲ႔ အေတြ႕အႀကဳံကို လက္ေထာက္နည္းျပေဟာင္းဆီ ဆက္သြယ္ေမးျမန္းခဲ့ၿပီး အီတီဟတ္ကိုေျပာင္းဖို႔ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.