Other Premier League Transfer News

အာဆင်နယ်ရဲ့ ပြောင်းအရွှေ့ကို မကျေနပ်တဲ့ ပရိသတ်တွေ အာတီတာအမြန်ဆုံးနှုတ်ထွက်ဖို့ ပေါက်ကွဲနေကြ

လန်ဒန်က လာတဲ့ သတင်းတွေအရ ဂန်းနားပရိသတ်တွေဟာ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာရဲ့ အခုနွေရာသီ အပြောင်းအရွှေ့ခြေလှမ်းတွေကို အားမလိုအားမရဖြစ်နေကြပြီး တကယ်တမ်းမှာတော့ တိုက်စစ်ကို အားဖြည့်မယ်ပြောပြီး မဖြည့်တင်းခဲ့တာကြောင့် ရာသီကြို ခြေစမ်းပွဲတွေမှာ ဆိုးရွားနေတဲ့ ရလဒ်တွေနဲ့အတူ ရာသီသစ်အတွက် စိတ်မအေးဖြစ်နေတာက ပိုပါတယ်။

အာတီတာအနေနဲ့ “သူ့အသင်းမှာ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူစရာမလိုဘူး” လို့ အမ်းမရိတ်စ်အမာခံတွေရဲ့ တောင်းဆိုချက်ကို ကလန်သွားခဲ့သလို ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပတန်းမဝင်ခဲ့တဲ့ အာဆင်နယ်ရဲ့ ရာသီဆိုးကြောင့်လည်း လူစာရင်းနဲ့ ကစားကွက်ကို မဖြစ်မနေ ပြန်လည်တည်ဆောက်သွားဖို့ လိုအပ်နေကြောင်း သိသာထင်ရှားနေခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆင်သွားတိုင်း လမ်းမဖြစ်တဲ့ အခြေအနေတချို့ကို မြင်တွေ့နေရပြီး ဘန်ဝှိုက်တစ်ဦးတည်းကိုသာ ကြီးကြီးမားမား ဝယ်ယူမှုအဖြစ် သတ်မှတ်နိုင်တာကြောင့် အာဆင်နယ်ပရိသတ်တွေဟာ စိတ်ကျေနပ်ဖွယ်ရာ ပြုပြင်မှုနဲ့ အပြောင်းအလဲကိုလည်း လူစာရင်းမှာ တိုးတက်လာဖို့ ဆက်လက်စောင့်ဆိုင်းနေရတာပါ။

တိုက်စစ်ကို လူထပ်ဖြည့်ဖို့ ယောင်လည်လည်လုပ်နေတဲ့ အာဆင်နယ်ဘုတ်အဖွဲ့နဲ့ အာတီတာတို့ကို ပရိသတ်တွေ အကြီးအကျယ်ဒေါသထွက်နေကြပြီး နောက်ကွယ်မှာတော့ ခရိုယန်ကီအုပ်စုဘက်က စပိန်သားနည်းပြ လိုအပ်သလောက် လူဝယ်ပေးဖို့ ပြီးခဲ့တဲ့ရာသီက ရလဒ်ဆိုးတွေကြောင့် အယုံအကြည်မရှိဘူးလို့လည်း သတင်းတွေက ထွက်နေပါတယ်။

လက်စတာအသင်းက ပေါင်သန်း ၆၀ တန် ဂျိမ်းစ် မက်ဒီဆန်ကို အမြန်ဆုံး ခေါ်ယူပေးဖို့ အာဆင်နယ်ပရိသတ်တွေက တိုက်တွန်းနေသလို ရီးရဲလ်မက်ဒရစ်မှာ မပျော်မရွှင်ဖြစ်နေတဲ့ မာတင် အော်ဒီဂွါဒ်ကိုလည်း အမ်းမရိတ်စ်မြေမှာ ပြန်လိုချင်နေတာကိုလည်း တွေ့ရပြီး “ပျော့ညံ့မှုတွေ များတဲ့ အာတီတာ”ကိုတော့ ထိုင်ခုံကနေ အမြန်ဆုံး ဆင်းသွားစေချင်နေကြတာပါ။

“အာတီတာကို အမြန်ဆုံး ထုတ်လိုက်ပါတော့။ ပရိသတ်တွေကလည်း ပွဲလတ်မှတ်တွေ မဝယ်ကြပါနဲ့တော့။ သူ့လက်ထဲမှာ ငါတို့အသင်းက ချန်ပီယံဖြစ်ဖို့နေနေသာသာ အဆင့် ၄ ထဲတောင် မဝင်နိုင်တော့ဘူး” လို့ ပရိသတ်တစ်ဦးက ဆန္ဒထုတ်ဖော်ခဲ့သလို နောက်တစ်ဦးကလည်း “အာတီတာကို အရင်က ထောက်ခံပါတယ်။ အခုတော့ သူ့ရဲ့ သောက်တလွဲ လုပ်ငန်းစဥ်ကို ​မြောင်းထဲသာ ပစ်လိုက်ပါတော့”လို့ ပေါက်ကွဲသွားခဲ့ပါသေးတယ်။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရီယို ဖာဒီနန်ကလည်း လူငယ်ခြေတက်တိုက်စစ်မှူးလေး ဂျိုးဝီလော့ခ်ကို ပေါင် ၂၂ သန်းနဲ့ ရောင်းထုတ်မယ့် အာဆင်နယ်ရဲ့အစီအစဥ်ကိုလည်း စိတ်ပျက်လက်ပျက် ဝေဖန်သွားခဲ့ပြီး “အာဆင်နယ်ဆိုတာ ဘာအသီးမှမဖြစ်ထွန်းတဲ့ ကျတ်တီးမြေလိုဖြစ်နေပြီ” လို့ ထိုးနှက်သွားခဲ့သလို ပက်ထရစ် ဗီအဲရာ၊ သီယာရီ အွန်နရီ၊ ဒင်းနစ် ဘားကမ့်ပ်၊ အက်ရှ်လေကိုးလ်တို့ကစားခဲ့တဲ့ ခေတ်ကလို ပြိုင်ဘက်တွေ ဖြုံခဲ့ကြတဲ့ အာဆင်နယ်အသင်းကို ပြန်လည်တောင့်တမိကြောင်း ပြောသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လန္ဒန္က လာတဲ့ သတင္းေတြအရ ဂန္းနားပရိသတ္ေတြဟာ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာရဲ႕ အခုေႏြရာသီ အေျပာင္းအေ႐ႊ႕ေျခလွမ္းေတြကို အားမလိုအားမရျဖစ္ေနၾကၿပီး တကယ္တမ္းမွာေတာ့ တိုက္စစ္ကို အားျဖည့္မယ္ေျပာၿပီး မျဖည့္တင္းခဲ့တာေၾကာင့္ ရာသီႀကိဳ ေျခစမ္းပြဲေတြမွာ ဆိုး႐ြားေနတဲ့ ရလဒ္ေတြနဲ႔အတူ ရာသီသစ္အတြက္ စိတ္မေအးျဖစ္ေနတာက ပိုပါတယ္။

အာတီတာအေနနဲ႔ “သူ႔အသင္းမွာ တိုက္စစ္မႉးတစ္ဦးကို ေခၚယူစရာမလိုဘူး” လို႔ အမ္းမရိတ္စ္အမာခံေတြရဲ႕ ေတာင္းဆိုခ်က္ကို ကလန္သြားခဲ့သလို ၂၆ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ဥေရာပတန္းမဝင္ခဲ့တဲ့ အာဆင္နယ္ရဲ႕ ရာသီဆိုးေၾကာင့္လည္း လူစာရင္းနဲ႔ ကစားကြက္ကို မျဖစ္မေန ျပန္လည္တည္ေဆာက္သြားဖို႔ လိုအပ္ေနေၾကာင္း သိသာထင္ရွားေနခဲ့တာလည္း ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဆင္သြားတိုင္း လမ္းမျဖစ္တဲ့ အေျခအေနတခ်ိဳ႕ကို ျမင္ေတြ႕ေနရၿပီး ဘန္ဝႈိက္တစ္ဦးတည္းကိုသာ ႀကီးႀကီးမားမား ဝယ္ယူမႈအျဖစ္ သတ္မွတ္ႏိုင္တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြဟာ စိတ္ေက်နပ္ဖြယ္ရာ ျပဳျပင္မႈနဲ႔ အေျပာင္းအလဲကိုလည္း လူစာရင္းမွာ တိုးတက္လာဖို႔ ဆက္လက္ေစာင့္ဆိုင္းေနရတာပါ။

တိုက္စစ္ကို လူထပ္ျဖည့္ဖို႔ ေယာင္လည္လည္လုပ္ေနတဲ့ အာဆင္နယ္ဘုတ္အဖြဲ႕နဲ႔ အာတီတာတို႔ကို ပရိသတ္ေတြ အႀကီးအက်ယ္ေဒါသထြက္ေနၾကၿပီး ေနာက္ကြယ္မွာေတာ့ ခ႐ိုယန္ကီအုပ္စုဘက္က စပိန္သားနည္းျပ လိုအပ္သေလာက္ လူဝယ္ေပးဖို႔ ၿပီးခဲ့တဲ့ရာသီက ရလဒ္ဆိုးေတြေၾကာင့္ အယုံအၾကည္မရွိဘူးလို႔လည္း သတင္းေတြက ထြက္ေနပါတယ္။

လက္စတာအသင္းက ေပါင္သန္း ၆၀ တန္ ဂ်ိမ္းစ္ မက္ဒီဆန္ကို အျမန္ဆုံး ေခၚယူေပးဖို႔ အာဆင္နယ္ပရိသတ္ေတြက တိုက္တြန္းေနသလို ရီးရဲလ္မက္ဒရစ္မွာ မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ မာတင္ ေအာ္ဒီဂြါဒ္ကိုလည္း အမ္းမရိတ္စ္ေျမမွာ ျပန္လိုခ်င္ေနတာကိုလည္း ေတြ႕ရၿပီး “ေပ်ာ့ညံ့မႈေတြ မ်ားတဲ့ အာတီတာ”ကိုေတာ့ ထိုင္ခုံကေန အျမန္ဆုံး ဆင္းသြားေစခ်င္ေနၾကတာပါ။

“အာတီတာကို အျမန္ဆုံး ထုတ္လိုက္ပါေတာ့။ ပရိသတ္ေတြကလည္း ပြဲလတ္မွတ္ေတြ မဝယ္ၾကပါနဲ႔ေတာ့။ သူ႔လက္ထဲမွာ ငါတို႔အသင္းက ခ်န္ပီယံျဖစ္ဖို႔ေနေနသာသာ အဆင့္ ၄ ထဲေတာင္ မဝင္ႏိုင္ေတာ့ဘူး” လို႔ ပရိသတ္တစ္ဦးက ဆႏၵထုတ္ေဖာ္ခဲ့သလို ေနာက္တစ္ဦးကလည္း “အာတီတာကို အရင္က ေထာက္ခံပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေသာက္တလြဲ လုပ္ငန္းစဥ္ကို ​ေျမာင္းထဲသာ ပစ္လိုက္ပါေတာ့”လို႔ ေပါက္ကြဲသြားခဲ့ပါေသးတယ္။

ဒါ့အျပင္ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း ရီယို ဖာဒီနန္ကလည္း လူငယ္ေျခတက္တိုက္စစ္မႉးေလး ဂ်ိဳးဝီေလာ့ခ္ကို ေပါင္ ၂၂ သန္းနဲ႔ ေရာင္းထုတ္မယ့္ အာဆင္နယ္ရဲ႕အစီအစဥ္ကိုလည္း စိတ္ပ်က္လက္ပ်က္ ေဝဖန္သြားခဲ့ၿပီး “အာဆင္နယ္ဆိုတာ ဘာအသီးမွမျဖစ္ထြန္းတဲ့ က်တ္တီးေျမလိုျဖစ္ေနၿပီ” လို႔ ထိုးႏွက္သြားခဲ့သလို ပက္ထရစ္ ဗီအဲရာ၊ သီယာရီ အြန္နရီ၊ ဒင္းနစ္ ဘားကမ့္ပ္၊ အက္ရွ္ေလကိုးလ္တို႔ကစားခဲ့တဲ့ ေခတ္ကလို ၿပိဳင္ဘက္ေတြ ၿဖဳံခဲ့ၾကတဲ့ အာဆင္နယ္အသင္းကို ျပန္လည္ေတာင့္တမိေၾကာင္း ေျပာသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.