Article Bundesliga Ligue1 Other Leagues Premier League Serie A

အေးဂျင့် ရိုင်ယိုလာ ကိုင်ထားတဲ့ အကောင်းဆုံး ဖောက်သည် ကစားသမား ၁၁ ယောက်

ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေနဲ့ တောက်မယ့် မီးခဲလေးတွေကို လက်သွက်ပြီး သူ့ကို အေးဂျင့်အဖြစ် ထားရှိဖို့ ငွေကြေးရရှိမှုကို မက်လုံးပေးပြီး စည်းရုံးထားတတ်တဲ့ အေးဂျင့် မီနို ရိုင်ယိုလာဟာ နာမည်ဆိုးနဲ့ ကျော်ကြားသလို ကစားသမားတွေကို အသင်းပြောင်းအောင်၊ စာချုပ်သစ် လစာတိုးတောင်းအောင်လုပ်ပြီး သူ့အတွက် ကော်မရှင်ခဏကို မကြာခဏ ရှာဖွေတတ်သူဖြစ်ပါတယ်။

သူ့ရဲ့ ဉာဏ်နီဉာဏ်နက် ဉာဏ်ပြာဉာဏ်ဝါ နည်းလမ်းအမျိုးမျိုးနဲ့ ရိုက်စားလိုက် ရိတ်စားလိုက်လုပ်နေတဲ့ ဖောက်သည်ဘောလုံးသမားတွေထဲမှာ နာမည်ကြီးနဲ့ လူငယ်ခြေတက်တွေကို အဓိက ရွေးထုတ်ပြီး အကောင်းဆုံးကစားသမား ၁၁ ယောက်ကို စတင်ကြည့်မယ်ဆိုရင်တော့ ပီအက်စ်ဂျီကို ပူပူနွေးနွေးရောက်သွားသူ ယူရိုချန်ပီယံ ရွှေလက်ရှင်နဲ့ စတင်ရမှာဖြစ်ပါတယ်။

ဂျန်လွီဂျီ ဒွန်နာရမ်မာကို အေစီမီလန်အသင်းဘက်က စာချုပ်သစ်ချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာဟာ ရိုင်ယိုလာရဲ့ ဆေးထိုးမှုတွေကြောင့်လို့ အားလုံးက ယူဆနေကြပြီး အသင်းနဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ စာချုပ်ကုန်ဆုံးအပြီးမှာတော့ အီတလီလက်ရွေးစင်ဂိုးသမားဟာ ပီအက်စ်ဂျီကို တစ်နှစ်လုပ်ခ ယူရို ၁၂ သန်းနဲ့ ဆန်ဆီရိုမှာ ရရှိနေတာထက် နှစ်ဆနဲ့ ပြောင်းရွှေ့သွားတာဖြစ်လို့ လူတွေ မုန်းကြပေမယ့် သူကတော့ ပီဇာသမားဟောင်းကို ချစ်မှာ သေချာနေပါတယ်။

၄-၃-၃ ပုံစံနဲ့ ရွေးချယ်ရမယ့် စာရင်းမှာ ခံစစ်သမားတွေအဖြစ်တော့ နာပိုလီရဲ့ ဂရိနောက်ခံလူ ကော့စ်တတ်စ် မာနိုလတ်စ်၊ ဂျူဗင်တပ်စ်ရဲ့ နယ်သာလန် လက်ရွေးစင် မက်သစ် ဒီလစ်ချ်၊ အေစီမီလန်ရဲ့ အီတလီသား အလက်စီယို ရိုမာညိုလီနဲ့ အင်တာမီလန်ရဲ့ ဒတ်ချ်ခံစစ်မှူး စတီဖန် ဒီဗရီးတို့ ပါဝင်နေပြီး အရွယ်ကောင်းတွေချည်းဖြစ်သလို အသင်းတိုင်းနီးပါး အလိုရှိနေကြတဲ့သူတွေလည်းဖြစ်ပါတယ်။

ထူးခြားထင်ရှားတာကတော့ အိုင်းယက်စ်လို ဒတ်ချ်အသင်းကနေ ဥရောပအသင်းကြီးတွေက ဆွဲဆောင်ဖို့ ဒီလစ်ချ်ရဲ့ အပြောင်းအရွှေ့လုပ်ဆောင်စဉ်မှာ ခက်ခဲခဲ့ကြတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့လိုအသင်းတွေ နောက်ကောက်ကျခဲ့ရပြီး နောက်ဆုံး အများဆုံးပေးခဲ့တဲ့ ဂျူဗင်တပ်စ်ကို သူနဲ့ ရိုင်ယိုလာတို့က ရွေးချယ်ခဲ့ကြတာပါ။

ကွင်းလယ်မှာတော့ မန်ချက်စတာယူနိုက်တက်ကနေ အမြဲတမ်း မတည်မငြိမ်ဖြစ်အောင် သွေးထိုးခံရတဲ့ ပေါလ် ပေါ့ဘာ၊ အိုင်းယက်စ်ရဲ့ လူငယ်ကွင်းလယ်လူ ရိုင်ယန် ဂရာဗင်ဘက်ချ်နဲ့ ပီအက်စ်ဂျီမှာ စွဲစွဲမြဲမြဲ ကစားနေခဲ့တဲ့ မာကို ဗာရက်တီတို့ ပါဝင်နေကြပြီး ဒီထဲမှာ ရိုင်ယိုလာနဲ့ အတူတွဲပြီး အမုန်းခံရတာကတော့ ပြင်သစ်သား ပေါ့ဘာဖြစ်သလို နည်းပြအဆက်ဆက် ကိုင်တွယ်ရ ခက်ခဲ့ပြီး နောက်ဆုံးမှာ သူ့ကို အသင်းပရိသတ်တွေကပါ ချဉ်သွားခဲ့ကြတာလည်းဖြစ်ပါတယ်။

တိုက်စစ်ပိုင်းမှာတော့ ဒေါ့မွန်ရဲ့ အာလင်း ဟားလန်း၊ နာပိုလီရဲ့ အီရ်ဗင်း လိုဇာနိုနဲ့ ပီအက်စ်ဂျီမှာ အငှားနဲ့ ကစားနေတဲ့ အဲဗာတန်ရဲ့ မွိုက်စ်ကီးန်တို့ ပါဝင်နေပြီး ဒီထဲမှာတော့ နော်ဝေသားကို ကျစ်ထားတဲ့ သူ့ရဲ့ အကွက်က အထင်ရှားဆုံးဖြစ်ပါတယ်။ ဒီနွေမှာ အသင်းပြောင်းဖြစ်ရင် ရိုင်ယိုလာဆီ ယူရိုသန်း ၄၀ ပေးချေရမယ်ဆိုတဲ့ အချက်က ရောင်းမယ့်သူကို စိတ်ညစ်စေသလို ဝယ်မယ့်သူတွေကိုလည်း ပက်လက်လန်စေပြီး ပုဂ္ဂိုလ်ရေး ခံစားခွင့်တွေမှာ လစာငွေ ဘယ်လောက်ပေးပေး အလုပ်မဖြစ်နိုင်ကြတော့တာပါ။

အီတလီအခြေစိုက် ကစားသမားတွေကို ကိုင်ထားနိုင်တဲ့အထဲမှာ ဒတ်ချ်လိဂ်က ဒီလစ်ချ်၊ ဂရာဗင်ဘက်ချ်နဲ့ လိုဇာနို(ယခင် ပီအက်စ်ဗီ)တို့ကို စည်းရုံးထားနိုင်ခဲ့တာကတော့ အံ့ဩစရာဖြစ်သလို ဩစတြီးယားမှာကတည်းက ဟားလန်းကို အပိုင်ကိုင်ထားခဲ့တာကလည်း ဆရာကျလွန်းပြီး ဒေါ့မွန်တို့ အနေနဲ့ သူတောင်းဆိုတဲ့အတိုင်း ယူရို ၇၅ သန်းတန် လျော်ကြေးစာချုပ် ထည့်သွင်းခဲ့ရသလို ပိုင်ဆိုင်ထားတာမှန်ပေမယ့် အချိန်တန်ရင် အလှီးခံရဦးမှာတော့ အသေအချာပဲဖြစ်ပါတယ်။

ဒီ ၁၁ ယောက်ကို ဒေးလီးမေးလ်က စုစည်းခဲ့ပြီး ဒီရာသီမှာ ဘယ်ကစားသမားမှ အသင်းမပြောင်းနိုင်ခဲ့တာဟာ ရိုင်ယိုလာရဲ့ ကော်မရှင် ဖြတ်စားမှုကို ကျော်လွန်ပြီး အကျိုးအမြတ်ရှိနိုင်အောင် တောင်းဆိုနေရတဲ့ ရောင်းမယ့်သူတွေရဲ့ အခက်အခဲကြောင့်လည်း ဖြစ်တယ်လို့ သိရသလို အနာဂတ်မှာလည်း ဘောလုံးလောကရဲ့ Black List ထဲကို ထည့်သွင်းရဖို့ နီးနေတဲ့ အီတလီသားရဲ့ စနက်မှာ အသင်းတွေနဲ့ ကစားသမားတွေ ဘယ်လိုတွေ တိုင်ပတ်ကြဦးမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေနဲ့ တောက်မယ့် မီးခဲလေးတွေကို လက်သွက်ပြီး သူ့ကို အေးဂျင့်အဖြစ် ထားရှိဖို့ ငွေကြေးရရှိမှုကို မက်လုံးပေးပြီး စည်းရုံးထားတတ်တဲ့ အေးဂျင့် မီနို ရိုင်ယိုလာဟာ နာမည်ဆိုးနဲ့ ကျော်ကြားသလို ကစားသမားတွေကို အသင်းပြောင်းအောင်၊ စာချုပ်သစ် လစာတိုးတောင်းအောင်လုပ်ပြီး သူ့အတွက် ကော်မရှင်ခဏကို မကြာခဏ ရှာဖွေတတ်သူဖြစ်ပါတယ်။



၎-၃-၃ ပုံစံနဲ့ ရွေးချယ်ရမယ့် စာရင်းမှာ ခံစစ်သမားတွေအဖြစ်တော့ နာပိုလီရဲ့ ဂရိနောက်ခံလူ ကော့စ်တတ်စ် မာနိုလတ်စ်၊ ဂျူဗင်တပ်စ်ရဲ့ နယ်သာလန် လက်ရွေးစင် မက်သစ် ဒီလစ်ခ်ျ၊ အေစီမီလန်ရဲ့ အီတလီသား အလက်စီယို ရိုမာညိုလီနဲ့ အင်တာမီလန်ရဲ့ ဒတ်ခ်ျခံစစ်မှူး စတီဖန် ဒီဗရီးတို့ ပါဝင်နေပြီး အရွယ်ကောင်းတွေချည်းဖြစ်သလို အသင်းတိုင်းနီးပါး အလိုရှိနေကြတဲ့သူတွေလည်းဖြစ်ပါတယ်။

ထူးခြားထင်ရှားတာကတော့ အိုင်းယက်စ်လို ဒတ်ခ်ျအသင်းကနေ ဥရောပအသင်းကြီးတွေက ဆွဲဆောင်ဖို့ ဒီလစ်ခ်ျရဲ့ အပြောင်းအရွှေ့လုပ်ဆောင်စဉ်မှာ ခက်ခဲခဲ့ကြတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့လိုအသင်းတွေ နောက်ကောက်ကျခဲ့ရပြီး နောက်ဆုံး အများဆုံးပေးခဲ့တဲ့ ဂျူဗင်တပ်စ်ကို သူနဲ့ ရိုင်ယိုလာတို့က ရွေးချယ်ခဲ့ကြတာပါ။

ကွင်းလယ်မှာတော့ မန်ချက်စတာယူနိုက်တက်ကနေ အမြဲတမ်း မတည်မငြိမ်ဖြစ်အောင် သွေးထိုးခံရတဲ့ ပေါလ် ပေါ့ဘာ၊ အိုင်းယက်စ်ရဲ့ လူငယ်ကွင်းလယ်လူ ရိုင်ယန် ဂရာဗင်ဘက်ခ်ျနဲ့ ပီအက်စ်ဂျီမှာ စွဲစွဲမြဲမြဲ ကစားနေခဲ့တဲ့ မာကို ဗာရက်တီတို့ ပါဝင်နေကြပြီး ဒီထဲမှာ ရိုင်ယိုလာနဲ့ အတူတွဲပြီး အမုန်းခံရတာကတော့ ပြင်သစ်သား ပေါ့ဘာဖြစ်သလို နည်းပြအဆက်ဆက် ကိုင်တွယ်ရ ခက်ခဲ့ပြီး နောက်ဆုံးမှာ သူ့ကို အသင်းပရိသတ်တွေကပါ ချဉ်သွားခဲ့ကြတာလည်းဖြစ်ပါတယ်။


အီတလီအခြေစိုက် ကစားသမားတွေကို ကိုင်ထားနိုင်တဲ့အထဲမှာ ဒတ်ခ်ျလိဂ်က ဒီလစ်ခ်ျ၊ ဂရာဗင်ဘက်ခ်ျနဲ့ လိုဇာနို(ယခင် ပီအက်စ်ဗီ)တို့ကို စည်းရုံးထားနိုင်ခဲ့တာကတော့ အံ့ဩစရာဖြစ်သလို ဩစတြီးယားမှာကတည်းက ဟားလန်းကို အပိုင်ကိုင်ထားခဲ့တာကလည်း ဆရာကျလွန်းပြီး ဒေါ့မွန်တို့ အနေနဲ့ သူတောင်းဆိုတဲ့အတိုင်း ယူရို ၇၅ သန်းတန် လျော်ကြေးစာချုပ် ထည့်သွင်းခဲ့ရသလို ပိုင်ဆိုင်ထားတာမှန်ပေမယ့် အချိန်တန်ရင် အလှီးခံရဦးမှာတော့ အသေအချာပဲဖြစ်ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.