Premier League Transfer News

မော်ဒန်ဘောလုံးရဲ့ မရှိမဖြစ် ခံစစ်ကစားသမားထဲက အကောင်းဆုံး ၅ ဦး

မော်ဒန်ဘောလုံးကစားကွက်တွေက ပြောင်းလဲလာပြီး ခံစစ်သမားတွေဟာ အဖျက်သီးသန့်မဟုတ်ဘဲ တခြားတာဝန်တွေကိုပါ ပူးတွဲ ယူလာရချိန်မှာ Ball Playing Defender လို့ ခေါ်တဲ့ နောက်တန်းကတစ်ဆင့် ဘောလုံးဖြန့်ဝေမှု ကောင်းသူတွေ လိုအပ်လာခဲ့ပါတယ်။ သူတို့တွေဟာ အနီးပေး၊ အဝေးပေး မှန်ကန်တိကျပြီး Pass Succession Rate ပေးပို့အောင်မြင်မှု မြင့်မားသူတွေလည်း ဖြစ်ပြီး ဒီထဲကမှ နာမည်အရဆုံး ငါးဦးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၅။ မားကင်ညို့စ် (ပီအက်စ်ဂျီ)
ပီအက်စ်ဂျီအသင်းကို ၂၀၁၃ ခုနှစ်တုန်းက ရိုးမားကနေ ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ်သားရဲ့ စွမ်းရည်ကို အဲ့ဒီအချိန်က လူတွေ သိပ်ပြီး သတိမထားမိခဲ့ကြပေမယ့် လက်ရှိမှာတော့ ခံစစ်ကို ဦးဆောင်နိုင်မှုနဲ့အတူ သူ့ရဲ့ အဖျက်အပို့ စွယ်စုံရမှုတွေက ပါရီသားတွေရဲ့ အသက်သွေးကြောသဖွယ် အရေးပါနေပြီလည်းဖြစ်ပါတယ်။

အသင်းကနေ သီယာဂို ဆေးလ်ဗား ထွက်ခွာသွားချိန်မှာ ကပ္ပတိန်လက်ပတ်ကို ပြောင်းလဲရယူခဲ့ပြီး လိုအပ်ရင် ကွင်းလယ်အဖျက်နေရာမှာပါ တက်ရောက်ကစားနိုင်စွမ်းရှိတဲ့ မားကင်ညို့စ်ဟာ အရပ်အမောင်း သိပ်မြင့်မားတဲ့အထဲမှာ မပါပေမယ့် ဉာဏ်ရည်မြင့်မားတဲ့ အားသာချက်ကို အကောင်းဆုံး အသုံးချပြီး ခံစစ်ပိုင်းမှာ ဦးဆောင်နိုင်သလို ပီအက်စ်ဂျီနဲ့အတူ လီဂူးဝမ်းချန်ပီယံအဖြစ် ၆ ကြိမ် ရယူထားနိုင်သူလည်းဖြစ်ပါတယ်။

၄။ ဂျွန်စတုန်းစ် (မန်ချက်စတာစီးတီး)
ပြာပုံထဲက ဖီးနစ်ငှက်လို့ ပြီးခဲ့တဲ့ ရာသီမှာ လူပြောများကြတဲ့ ဂျွန်စတုန်းစ်ကတော့ မန်ချက်စတာစီးတီးကို အဲဗာတန်ကနေ ရောက်ရှိလာပြီး နောက်ပိုင်း ရာသီတွေမှာ နေရာပျောက်ခဲ့ရပေမယ့် ၂၀၂၀-၂၁ ရာသီမှာတော့ ကစားသမားသစ် ရူဘင် ဒီယက်စ်နဲ့ လက်တွဲပြီး ပုံမှန်ကစားခွင့်အတွက် အပယ်ခံဘဝက ရုန်းထလာခဲ့သလို သူ့ရှေ့မှာ ပုံမှန်ပွဲထွက်ကစားခွင့်ရနေတဲ့ ဘတ်စ်ကေးသား အေးမရစ် လာပေါ့တ်ကိုပါ ရင်ကွဲစေခဲ့သူပါ။

ဒဏ်ရာများပေမယ့် ဦးစားပေးဖြစ်နေခဲ့ရတဲ့ လာပေါ့တ်ရဲ့ ပေးပို့မှု စွမ်းရည်နဲ့ တိုက်စစ်အတွက် Break လို့ ခေါ်တဲ့ ဟာကွက်ဆီ တန်ပြန်ထိုးဖောက် နိုင်တဲ့ ဖြန့်ဝေမှုတွေကို အသက် ၂၇ နှစ်အရွယ် အင်္ဂလန်သားက ထပ်တူညီနိုင်ခဲ့အပြီးမှာတော့ ဒီယက်စ်ရဲ့ တည်ငြိမ်တဲ့ အဖျက်ပိုင်းနဲ့ သူ့ရဲ့ ထွန်းတောက်မှု ပူးပေါင်းပြီး မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို တစ်ကျော့ပြန်သိမ်းပိုက်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၃။ ဗာဂျီးလ် ဗန်ဒိုက် (လီဗာပူးလ်)
ပေါင် ၇၅ သန်းတန်နောက်ခံလူရဲ့ မာကျောမှုကတော့ အပေါ်က ဖော်ပြထားခဲ့တဲ့ နှစ်ယောက်ထက် သာလွန်ခဲ့ပြီး တတိယနေရာမှာ ဖော်ပြဖို့ အကြောင်းဖန်လာခဲ့တာကတော့ သူ့ရဲ့ ဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး နားခဲ့ရတာကြောင့်လို့ ဆိုရမှာပါ။ ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အပြင် သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်းက နယ်သာလန်လက်ရွေးစင်အသင်းရဲ့ လက်ပတ်ကိုပါ ရရှိစေပြီး ကမ္ဘာ့အဆင့်နောက်ခံလူကို နည်းပြ ဖရန့် ဒီဘိုးက ဒဏ်ရာရနေလျက်တောင်မှ အသင်းသားတွေရဲ့ စိတ်ဓာတ်ခွန်အားအတွက် ယူရိုကို ခေါ်ဆောင်ဖို့ ကြိုးစားခဲ့သေးတာဖြစ်ပါတယ်။

နည်းပြ ယာဂန် ကလော့ပ်လက်အောက်မှာ အကောင်းဆုံးကစားပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေကို သိမ်းပိုက်ခဲ့တဲ့ ဗန်ဒိုက်ဟာ တစ်ဦးချင်းဆုတံဆိပ်တွေကိုပါ ရယူနိုင်ခဲ့ပြီး သူပါဝင်တဲ့ လီဗာပူးလ်အသင်းနဲ့ မပါဝင်တဲ့အသင်းက ဆီနဲ့ရေလို ကွာခြားခဲ့သလို လာမယ့် ရာသီသစ်မှာတော့ ဒဏ်ရာကြောင့် လျော့ကျခဲ့ရတဲ့ အရှိန်အဟုန်နဲ့ ဂုဏ်သိက္ခာကို အတိုးချပြီး ပြန်လည်မောင်းနှင်သွားဦးမှာလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၂။ ဟာရီ မက်ဂွိုင်းယား (မန်ချက်စတာယူနိုက်တက်)
လက်စတာစီးတီးအသင်းကနေ ရောက်ရှိလာပြီး အချိန်တိုအတွင်းမှာပဲ အိုးလ်ထရက်ဖို့ဒ်ရဲ့ ဦးစီးဦးဆောင် ကပ္ပတိန်လက်ပတ်ကို သိမ်းနိုင်ခဲ့တဲ့ မက်ဂွိုင်းယားဟာ အောက်သက်ကြေတဲ့ ခံစစ်မှူးကောင်းတစ်ဦးဖြစ်ပြီး ခံစစ်မှာ စိတ်ချရတိုင်း ရှေ့တက်ကြဲတတ်တဲ့ မာန်ဟုန်ကြီးမားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတွေမှာ သူ့ရဲ့ ကွင်းထဲက ရပ်တည်မှုက ထင်ရှားခဲ့ပြီး လိုအပ်တိုင်း တည်ကန်ဘောတွေကနေ တစ်ဖက်အသင်းကို ဂိုးသွင်းယူဖို့ အဆင်သင့်အနေအထားမှာလည်း ရှိတတ်သူပါ။

အသက် ၂၈ နှစ်အရွယ် နောက်ခံလူဟာ အသင်းအတွက် အရေးမပါတဲ့ ဖလားပွဲငယ်တချို့ကိုသာ အနားယူခွင့်ရတဲ့ အဓိက ကစားသမားမျိုးလည်း ဖြစ်နေပြီး ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ ယူရိုပါလိဂ်ဖိုင်နယ်က မန်ချက်စတာသားတွေကို မျက်နှာငယ်စေခဲ့ပြီး သူသာ ပါခဲ့ရင်ဆိုတဲ့ အတွေးမျိုးကို တွေးဖြစ်စေသလို ဗီလာရီးရဲလ်ကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့တာပါ။ ဒီရာသီမှာတော့ သူ့ရဲ့ ပေးပို့မှုတွေနဲ့ အသင်းကို ပိုမိုအောင်မြင်နိုင်အောင် ကစားသမားသစ် ရာဖေးလ် ဗာရွန်းက ထောက်ကူပေးနိုင်မယ့် အားလုံးက မျှော်လင့်နေကြပါတယ်။

၁။ လီယိုနာဒို ဘိုနူချီ (ဂျူဗင်တပ်စ်)
ဂျူဗင်တပ်စ်နဲ့ အီတလီအသင်းတွေမှာ အောင်မြင်မှုများစွာ ရယူခဲ့တဲ့ နှစ်ချို့ဝိုင်နောက်ခံလူဟာ သူ့ရဲ့ တွဲဖက် ဂျော်ဂျို ခေးလီနီထက်တောင်မှ ဒီနှစ်တွေမှာ အသင်းအတွက် ပိုမိုအကျိုးပြုခဲ့သလို ခံစစ်မှာ ရေပက်မဝင်အောင် ကာဆီးပေးနိုင်ခဲ့ပြီး တိုက်စစ်အတွက် ရှေ့ကို ဘောလုံးပေးပို့ဖို့လည်း အဆင်သင့်ဖြစ်နေတတ်သူပါ။ အေစီမီလန်အသင်းကို တစ်ရာသီ ပြောင်းရွှေ့ခဲ့ဖူးပေမယ့် သူမရှိရင် အားနည်းသွားတတ်တဲ့ ခံစစ်ကို သတိပြုမိတဲ့ တူရင် ကလပ်ဘက်က အမြန်ဆုံးပြန်လည်သိမ်းပိုက်ခဲ့ရတာလည်းဖြစ်ပြီး လက်ရှိအချိန်ထိ အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ပြသနေဆဲဖြစ်ပါတယ်။

အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမားကြီးရဲ့ မာကျောမှုနဲ့ ဘောလုံးပေးပို့နိုင်မှုတွေက အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို အများကြီး အကျိုးပြုခဲ့ပြီး ဂျူဗင်တပ်စ်အတွက် ၄၄၂ ပွဲ ကစားပြီးဖြစ်တဲ့ ဘိုနူချီအနေနဲ့ စီးရီးအေချန်ပီယံ ၈ ကြိမ်ကို သိမ်းပိုက်ပြီးဖြစ်သလို အနာဂတ်မှာပါ အောင်မြင်မှုတွေ ထပ်မံရယူနိုင်ဖို့လည်း ဖြစ်နိုင်ခြေ မြင့်မားနေသေးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေမာ္ဒန္ေဘာလုံးကစားကြက္ေတြက ေျပာင္းလဲလာၿပီး ခံစစ္သမားေတြဟာ အဖ်က္သီးသန႔္မဟုတ္ဘဲ တျခားတာဝန္ေတြကိုပါ ပူးတြဲ ယူလာရခ်ိန္မွာ Ball Playing Defender လို႔ ေခၚတဲ့ ေနာက္တန္းကတစ္ဆင့္ ေဘာလုံးျဖန႔္ေဝမႈ ေကာင္းသူေတြ လိုအပ္လာခဲ့ပါတယ္။ သူတို႔ေတြဟာ အနီးေပး၊ အေဝးေပး မွန္ကန္တိက်ၿပီး Pass Succession Rate ေပးပို႔ေအာင္ျမင္မႈ ျမင့္မားသူေတြလည္း ျဖစ္ၿပီး ဒီထဲကမွ နာမည္အရဆုံး ငါးဦးကို ေ႐ြးခ်ယ္ေဖာ္ျပလိုက္ပါတယ္။

၅။ မားကင္ညိဳ႕စ္ (ပီအက္စ္ဂ်ီ)
ပီအက္စ္ဂ်ီအသင္းကို ၂၀၁၃ ခုႏွစ္တုန္းက ႐ိုးမားကေန ေရာက္ရွိလာခဲ့တဲ့ ဘရာဇီးလ္သားရဲ႕ စြမ္းရည္ကို အဲ့ဒီအခ်ိန္က လူေတြ သိပ္ၿပီး သတိမထားမိခဲ့ၾကေပမယ့္ လက္ရွိမွာေတာ့ ခံစစ္ကို ဦးေဆာင္ႏိုင္မႈနဲ႔အတူ သူ႔ရဲ႕ အဖ်က္အပို႔ စြယ္စုံရမႈေတြက ပါရီသားေတြရဲ႕ အသက္ေသြးေၾကာသဖြယ္ အေရးပါေနၿပီလည္းျဖစ္ပါတယ္။

အသင္းကေန သီယာဂို ေဆးလ္ဗား ထြက္ခြာသြားခ်ိန္မွာ ကပၸတိန္လက္ပတ္ကို ေျပာင္းလဲရယူခဲ့ၿပီး လိုအပ္ရင္ ကြင္းလယ္အဖ်က္ေနရာမွာပါ တက္ေရာက္ကစားႏိုင္စြမ္းရွိတဲ့ မားကင္ညိဳ႕စ္ဟာ အရပ္အေမာင္း သိပ္ျမင့္မားတဲ့အထဲမွာ မပါေပမယ့္ ဉာဏ္ရည္ျမင့္မားတဲ့ အားသာခ်က္ကို အေကာင္းဆုံး အသုံးခ်ၿပီး ခံစစ္ပိုင္းမွာ ဦးေဆာင္ႏိုင္သလို ပီအက္စ္ဂ်ီနဲ႔အတူ လီဂူးဝမ္းခ်န္ပီယံအျဖစ္ ၆ ႀကိမ္ ရယူထားႏိုင္သူလည္းျဖစ္ပါတယ္။

၄။ ဂြၽန္စတုန္းစ္ (မန္ခ်က္စတာစီးတီး)
ျပာပုံထဲက ဖီးနစ္ငွက္လို႔ ၿပီးခဲ့တဲ့ ရာသီမွာ လူေျပာမ်ားၾကတဲ့ ဂြၽန္စတုန္းစ္ကေတာ့ မန္ခ်က္စတာစီးတီးကို အဲဗာတန္ကေန ေရာက္ရွိလာၿပီး ေနာက္ပိုင္း ရာသီေတြမွာ ေနရာေပ်ာက္ခဲ့ရေပမယ့္ ၂၀၂၀-၂၁ ရာသီမွာေတာ့ ကစားသမားသစ္ ႐ူဘင္ ဒီယက္စ္နဲ႔ လက္တြဲၿပီး ပုံမွန္ကစားခြင့္အတြက္ အပယ္ခံဘဝက ႐ုန္းထလာခဲ့သလို သူ႔ေရွ႕မွာ ပုံမွန္ပြဲထြက္ကစားခြင့္ရေနတဲ့ ဘတ္စ္ေကးသား ေအးမရစ္ လာေပါ့တ္ကိုပါ ရင္ကြဲေစခဲ့သူပါ။

ဒဏ္ရာမ်ားေပမယ့္ ဦးစားေပးျဖစ္ေနခဲ့ရတဲ့ လာေပါ့တ္ရဲ႕ ေပးပို႔မႈ စြမ္းရည္နဲ႔ တိုက္စစ္အတြက္ Break လို႔ ေခၚတဲ့ ဟာကြက္ဆီ တန္ျပန္ထိုးေဖာက္ ႏိုင္တဲ့ ျဖန႔္ေဝမႈေတြကို အသက္ ၂၇ ႏွစ္အ႐ြယ္ အဂၤလန္သားက ထပ္တူညီႏိုင္ခဲ့အၿပီးမွာေတာ့ ဒီယက္စ္ရဲ႕ တည္ၿငိမ္တဲ့ အဖ်က္ပိုင္းနဲ႔ သူ႔ရဲ႕ ထြန္းေတာက္မႈ ပူးေပါင္းၿပီး မန္ခ်က္စတာစီးတီးတို႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို တစ္ေက်ာ့ျပန္သိမ္းပိုက္သြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

၃။ ဗာဂ်ီးလ္ ဗန္ဒိုက္ (လီဗာပူးလ္)
ေပါင္ ၇၅ သန္းတန္ေနာက္ခံလူရဲ႕ မာေက်ာမႈကေတာ့ အေပၚက ေဖာ္ျပထားခဲ့တဲ့ ႏွစ္ေယာက္ထက္ သာလြန္ခဲ့ၿပီး တတိယေနရာမွာ ေဖာ္ျပဖို႔ အေၾကာင္းဖန္လာခဲ့တာကေတာ့ သူ႔ရဲ႕ ဒဏ္ရာေၾကာင့္ တစ္ရာသီလုံးနီးပါး နားခဲ့ရတာေၾကာင့္လို႔ ဆိုရမွာပါ။ ႀကံ့ခိုင္မႈနဲ႔ နည္းစနစ္ပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈ အျပင္ သူ႔ရဲ႕ ေခါင္းေဆာင္ႏိုင္စြမ္းက နယ္သာလန္လက္ေ႐ြးစင္အသင္းရဲ႕ လက္ပတ္ကိုပါ ရရွိေစၿပီး ကမာၻ႔အဆင့္ေနာက္ခံလူကို နည္းျပ ဖရန႔္ ဒီဘိုးက ဒဏ္ရာရေနလ်က္ေတာင္မွ အသင္းသားေတြရဲ႕ စိတ္ဓာတ္ခြန္အားအတြက္ ယူ႐ိုကို ေခၚေဆာင္ဖို႔ ႀကိဳးစားခဲ့ေသးတာျဖစ္ပါတယ္။

နည္းျပ ယာဂန္ ကေလာ့ပ္လက္ေအာက္မွာ အေကာင္းဆုံးကစားၿပီး ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ဖလားေတြကို သိမ္းပိုက္ခဲ့တဲ့ ဗန္ဒိုက္ဟာ တစ္ဦးခ်င္းဆုတံဆိပ္ေတြကိုပါ ရယူႏိုင္ခဲ့ၿပီး သူပါဝင္တဲ့ လီဗာပူးလ္အသင္းနဲ႔ မပါဝင္တဲ့အသင္းက ဆီနဲ႔ေရလို ကြာျခားခဲ့သလို လာမယ့္ ရာသီသစ္မွာေတာ့ ဒဏ္ရာေၾကာင့္ ေလ်ာ့က်ခဲ့ရတဲ့ အရွိန္အဟုန္နဲ႔ ဂုဏ္သိကၡာကို အတိုးခ်ၿပီး ျပန္လည္ေမာင္းႏွင္သြားဦးမွာလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၂။ ဟာရီ မက္ဂြိဳင္းယား (မန္ခ်က္စတာယူႏိုက္တက္)
လက္စတာစီးတီးအသင္းကေန ေရာက္ရွိလာၿပီး အခ်ိန္တိုအတြင္းမွာပဲ အိုးလ္ထရက္ဖို႔ဒ္ရဲ႕ ဦးစီးဦးေဆာင္ ကပၸတိန္လက္ပတ္ကို သိမ္းႏိုင္ခဲ့တဲ့ မက္ဂြိဳင္းယားဟာ ေအာက္သက္ေၾကတဲ့ ခံစစ္မႉးေကာင္းတစ္ဦးျဖစ္ၿပီး ခံစစ္မွာ စိတ္ခ်ရတိုင္း ေရွ႕တက္ႀကဲတတ္တဲ့ မာန္ဟုန္ႀကီးမားသူတစ္ဦးလည္း ျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ အဂၤလန္အသင္းေတြမွာ သူ႔ရဲ႕ ကြင္းထဲက ရပ္တည္မႈက ထင္ရွားခဲ့ၿပီး လိုအပ္တိုင္း တည္ကန္ေဘာေတြကေန တစ္ဖက္အသင္းကို ဂိုးသြင္းယူဖို႔ အဆင္သင့္အေနအထားမွာလည္း ရွိတတ္သူပါ။

အသက္ ၂၈ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ အသင္းအတြက္ အေရးမပါတဲ့ ဖလားပြဲငယ္တခ်ိဳ႕ကိုသာ အနားယူခြင့္ရတဲ့ အဓိက ကစားသမားမ်ိဳးလည္း ျဖစ္ေနၿပီး ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရတဲ့ ယူ႐ိုပါလိဂ္ဖိုင္နယ္က မန္ခ်က္စတာသားေတြကို မ်က္ႏွာငယ္ေစခဲ့ၿပီး သူသာ ပါခဲ့ရင္ဆိုတဲ့ အေတြးမ်ိဳးကို ေတြးျဖစ္ေစသလို ဗီလာရီးရဲလ္ကို ေက်ာ္ျဖတ္ဖို႔ ခက္ခဲခဲ့တာပါ။ ဒီရာသီမွာေတာ့ သူ႔ရဲ႕ ေပးပို႔မႈေတြနဲ႔ အသင္းကို ပိုမိုေအာင္ျမင္ႏိုင္ေအာင္ ကစားသမားသစ္ ရာေဖးလ္ ဗာ႐ြန္းက ေထာက္ကူေပးႏိုင္မယ့္ အားလုံးက ေမွ်ာ္လင့္ေနၾကပါတယ္။

၁။ လီယိုနာဒို ဘိုႏူခ်ီ (ဂ်ဴဗင္တပ္စ္)
ဂ်ဴဗင္တပ္စ္နဲ႔ အီတလီအသင္းေတြမွာ ေအာင္ျမင္မႈမ်ားစြာ ရယူခဲ့တဲ့ ႏွစ္ခ်ိဳ႕ဝိုင္ေနာက္ခံလူဟာ သူ႔ရဲ႕ တြဲဖက္ ေဂ်ာ္ဂ်ိဳ ေခးလီနီထက္ေတာင္မွ ဒီႏွစ္ေတြမွာ အသင္းအတြက္ ပိုမိုအက်ိဳးျပဳခဲ့သလို ခံစစ္မွာ ေရပက္မဝင္ေအာင္ ကာဆီးေပးႏိုင္ခဲ့ၿပီး တိုက္စစ္အတြက္ ေရွ႕ကို ေဘာလုံးေပးပို႔ဖို႔လည္း အဆင္သင့္ျဖစ္ေနတတ္သူပါ။ ေအစီမီလန္အသင္းကို တစ္ရာသီ ေျပာင္းေ႐ႊ႕ခဲ့ဖူးေပမယ့္ သူမရွိရင္ အားနည္းသြားတတ္တဲ့ ခံစစ္ကို သတိျပဳမိတဲ့ တူရင္ ကလပ္ဘက္က အျမန္ဆုံးျပန္လည္သိမ္းပိုက္ခဲ့ရတာလည္းျဖစ္ၿပီး လက္ရွိအခ်ိန္ထိ အျမင့္မားဆုံး စြမ္းေဆာင္ရည္ကို ျပသေနဆဲျဖစ္ပါတယ္။

အီတလီအသင္းနဲ႔ ယူ႐ို ၂၀၂၀ ခ်န္ပီယံျဖစ္ခဲ့တဲ့ ကစားသမားႀကီးရဲ႕ မာေက်ာမႈနဲ႔ ေဘာလုံးေပးပို႔ႏိုင္မႈေတြက အသင္းရဲ႕ တန္ျပန္တိုက္စစ္ေတြကို အမ်ားႀကီး အက်ိဳးျပဳခဲ့ၿပီး ဂ်ဴဗင္တပ္စ္အတြက္ ၄၄၂ ပြဲ ကစားၿပီးျဖစ္တဲ့ ဘိုႏူခ်ီအေနနဲ႔ စီးရီးေအခ်န္ပီယံ ၈ ႀကိမ္ကို သိမ္းပိုက္ၿပီးျဖစ္သလို အနာဂတ္မွာပါ ေအာင္ျမင္မႈေတြ ထပ္မံရယူႏိုင္ဖို႔လည္း ျဖစ္ႏိုင္ေျခ ျမင့္မားေနေသးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.