Premier League Serie A

ဘရက္စီယာက လူငယ္ကစားသမားကို ေခၚဖို႔ ကမ္းလွမ္းတာေတာင္ မယူႏုိင္ေတာ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင္းအေနနဲ႔ စပိန္ဘီလူးႀကီးဆုိိတဲ့ ဂုဏ္ပုဒ္ကို ေနာက္ပုိင္းႏွစ္ေတြထဲမွာ ျပဳလုပ္ခဲ့တဲ့ ေခၚယူမွဳအမွားေတြအျပင္ ဘူးေလးရာ ဖ႐ုံဆင့္တဲ့ ဒဏ္ရာေတြနဲ႔ ကိုဗစ္-၁၉ ေၾကာင့္ ဝင္ေငြေလ်ာ့က်တဲ့ ဘဏၰာေရးျပႆနာေတြေၾကာင့္ သူတုိ႔အသင္းနဲ႔ အံဝင္မယ့္ ကစားသမားတစ္ေယာက္ကိုေတာင္ မေခၚယူႏုိင္ဘဲ ျငင္းလႊတ္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။

ဘရက္စီယာအသင္းရဲ႕ ဆန္ဒ႐ို တုိနာလီဟာ စီးရီးေအမွာ အေကာင္းဆုံးေျခစြမ္းျပႏုိင္တဲ့ Deep-Lying Midfielder တစ္ဦးျဖစ္ၿပီး အီတလီလက္ေရြးစင္အသင္းရဲ႕ အနာဂတ္အျဖစ္ သတ္မွတ္ခံထားရသလို ေခၚယူလုိတဲ့ အင္အားႀကီးအသင္းေတြ ဝိုင္းေနခ်ိန္မွာ ေငြအင္အားေတာင့္တင္းတယ္လို႔ ယူဆရတဲ့ ကာတာလန္ကလပ္ကို ဝယ္ယူဖို႔ အသင္းဘက္က ကမ္းလွမ္းခဲ့ေပမယ့္ မယူလိုေတာ့ဘူးလုိ႔ ပယ္ခ်ခံခဲ့ရတာပါ။

အသက္ ၁၉ ႏွစ္ အရြယ္ အီတလီကြင္းလယ္လူဟာ ယူ-၁၉ အသင္းနဲ႔ ၁၂ ပြဲ၊ ယူ-၂၁ အသင္းနဲ႔ ၅ ပြဲ ကစားခဲ့အၿပီးမွာ လက္ေရြးစင္အသင္းႀကီးကို ကိုယ္စားျပဳခြင့္ ၃ ႀကိမ္ရရွိၿပီသူလည္းျဖစ္သလို ကြင္းလယ္ပုိင္းမွာ ဖန္တီးမွဳအား ျမင့္မားၿပီး ေနရာစုံကစားႏုိင္လို႔ လက္ေရြးစင္ေဟာင္းနဲ႔ ဘရက္စီယာ ကစားသမားေဟာင္း အန္ဒရီယာ ပီယာလိုနဲ႔ ႏွဳိင္းယွဥ္ခံထားရသူလည္းျဖစ္ပါတယ္။

အင္တာမီလန္၊ ေအစီမီလန္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြက စိတ္ဝင္စားေနခဲ့တဲ့ ဒီကြင္းလယ္လူကို ဘာစီလိုနာအသင္းဘက္က ျငင္းဆန္သြားခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏိုက္တက္ကလည္း အသင္းက ထြက္ခြာႏုိင္တဲ့ ေပါ့ဘာေနရာကို အစားထိုးဖို႔ ေစာင့္ၾကည့္တဲ့အထဲ ပါဝင္လာခဲ့ၿပီလုိ႔လည္း ဆုိပါတယ္။

ေအစီမီလန္နဲ႔ အီတလီကြင္းလယ္လူေဟာင္း ဂ်န္နာ႐ို ဂတ္တူဆိုကို အားက်တယ္လုိ႔ ေျပာထားခဲ့ဖူးတဲ့ တုိနာလီကို ကၽြမ္းက်င္သူေတြကေတာ့ ပီယာလိုအျပင္ လူကာ မုိဒရစ္နဲ႔ စတီဗင္ ဂ်ရတ္တုိ႔ရဲ႕ ကစားဟန္ေတြပါ လႊမ္းမုိးေနတယ္လို႔ သုံးသပ္ထားၿပီး လာမယ့္အေျပာင္းအေရႊ႕မွာ ဘယ္အသင္းႀကီးကို ေရာက္မလဲဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: MUNDO DEPORTIVO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းအနေနဲ့ စပိန်ဘီလူးကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို နောက်ပိုင်းနှစ်တွေထဲမှာ ပြုလုပ်ခဲ့တဲ့ ခေါ်ယူမှုအမှားတွေအပြင် ဘူးလေးရာ ဖရုံဆင့်တဲ့ ဒဏ်ရာတွေနဲ့ ကိုဗစ်-၁၉ ကြောင့် ဝင်ငွေလျော့ကျတဲ့ ဘဏ္ဏာရေးပြဿနာတွေကြောင့် သူတို့အသင်းနဲ့ အံဝင်မယ့် ကစားသမားတစ်ယောက်ကိုတောင် မခေါ်ယူနိုင်ဘဲ ငြင်းလွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘရက်စီယာအသင်းရဲ့ ဆန်ဒရို တိုနာလီဟာ စီးရီးအေမှာ အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ Deep-Lying Midfielder တစ်ဦးဖြစ်ပြီး အီတလီလက်ရွေးစင်အသင်းရဲ့ အနာဂတ်အဖြစ် သတ်မှတ်ခံထားရသလို ခေါ်ယူလိုတဲ့ အင်အားကြီးအသင်းတွေ ဝိုင်းနေချိန်မှာ ငွေအင်အားတောင့်တင်းတယ်လို့ ယူဆရတဲ့ ကာတာလန်ကလပ်ကို ဝယ်ယူဖို့ အသင်းဘက်က ကမ်းလှမ်းခဲ့ပေမယ့် မယူလိုတော့ဘူးလို့ ပယ်ချခံခဲ့ရတာပါ။

အသက် ၁၉ နှစ် အရွယ် အီတလီကွင်းလယ်လူဟာ ယူ-၁၉ အသင်းနဲ့ ၁၂ ပွဲ၊ ယူ-၂၁ အသင်းနဲ့ ၅ ပွဲ ကစားခဲ့အပြီးမှာ လက်ရွေးစင်အသင်းကြီးကို ကိုယ်စားပြုခွင့် ၃ ကြိမ်ရရှိပြီသူလည်းဖြစ်သလို ကွင်းလယ်ပိုင်းမှာ ဖန်တီးမှုအား မြင့်မားပြီး နေရာစုံကစားနိုင်လို့ လက်ရွေးစင်ဟောင်းနဲ့ ဘရက်စီယာ ကစားသမားဟောင်း အန်ဒရီယာ ပီယာလိုနဲ့ နှိုင်းယှဉ်ခံထားရသူလည်းဖြစ်ပါတယ်။

အင်တာမီလန်၊ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတွေက စိတ်ဝင်စားနေခဲ့တဲ့ ဒီကွင်းလယ်လူကို ဘာစီလိုနာအသင်းဘက်က ငြင်းဆန်သွားခဲ့တာကြောင့် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ကလည်း အသင်းက ထွက်ခွာနိုင်တဲ့ ပေါ့ဘာနေရာကို အစားထိုးဖို့ စောင့်ကြည့်တဲ့အထဲ ပါဝင်လာခဲ့ပြီလို့လည်း ဆိုပါတယ်။

အေစီမီလန်နဲ့ အီတလီကွင်းလယ်လူဟောင်း ဂျန်နာရို ဂတ်တူဆိုကို အားကျတယ်လို့ ပြောထားခဲ့ဖူးတဲ့ တိုနာလီကို ကျွမ်းကျင်သူတွေကတော့ ပီယာလိုအပြင် လူကာ မိုဒရစ်နဲ့ စတီဗင် ဂျရတ်တို့ရဲ့ ကစားဟန်တွေပါ လွှမ်းမိုးနေတယ်လို့ သုံးသပ်ထားပြီး လာမယ့်အပြောင်းအရွှေ့မှာ ဘယ်အသင်းကြီးကို ရောက်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: MUNDO DEPORTIVO
PHOTOS CREDIT TO OWNERS
SPORTS A2Z.