Premier League Transfer News

10 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ အက်သလက်တီကိုမက်ဒရစ်နောက်ခံလူ ကီရန် ထရစ်ပီယာကို ခေါ်ယူဖို့ လုပ်ဆောင်နေပြီး Transfermarkt ရဲ့ ပေါင် ၁၈ သန်း တန်တယ်လို့ ဖော်ပြထားတဲ့ အင်္ဂလန်ညာနောက်ခံလူအတွက် စပိန်ကလပ်ဘက်က ပေါင် ၃၄ သန်းအထိ အလိုရှိနေလို့ ညှိနှိုင်းမှုတွေက ကြန့်ကြာနေ။

– အသင်းရဲ့ တိုက်စစ်ပစ်မှတ်တွေအတွက် လုပ်ဆောင်နိုင်ဖို့ ကြန့်ကြာနေတဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ အာဆင်နယ်အသင်းကို မီခယ်လ် အာတီတာရဲ့ အရင်နှစ်ရာသီ ကိုင်တွယ်မှုလိုမျိုး ဇယားအလယ်နဲ့ပဲ ကျေနပ်ရမယ့် အနေအထားကို တွန်းပို့နိုင်နေလို့ မက်ဒီဆန်ကို ခေါ်နိုင်ရင်ခေါ်၊ မခေါ်နိုင်ရင်လည်း အောဝါကို လီယွန်ကနေ ခေါ်ယူဖို့ ပရိသတ်တွေ ရာဇသံပေးခဲ့ကြ။

– အီတလီအခြေစိုက် နာမည်ကြီး ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျန်လူကာ ဒီမာဇီယိုကတော့ အာဆင်နယ်အသင်းအနေနဲ့ ဖီအိုရင်တီးနား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ချ်ကို ခေါ်ယူဖို့ ကြိုးစားနေတာဟာ အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပြီး ဖလော့ရင့်ကလပ်ဘက်က တောင်းဆိုတဲ့ ပေါင် ၅၁ သန်း ဈေးနှုန်းကိုတော့ ကျော်ဖြတ်ရမယ်လို့ဆို။

– ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ခေါ်ယူဖို့ နှောင့်နှေးခဲ့လို့ လက်လွှတ်ခဲ့ရတဲ့ ပီအက်စ်ဂျီကွင်းလယ်လူဟောင်း ယာစင်း အက်ဒ်လီကို လက်ရှိကစားနေတဲ့ ဘော်ဒိုးအသင်းကနေ ခေါ်ယူသွားဖို့ အာဆင်နယ်တို့ စိတ်ဝင်စားနေပြီး ပေါင် ၁၀ သန်းဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နိုင်တာကြောင့် အေစီမီလန်၊ စပါးစ်အသင်းတွေနဲ့ ယှဉ်ပြိုင်ခေါ်ယူသွားဖို့ရှိလာ။

– အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်အတွက် ချဲလ်ဆီးအသင်းဘက် နှစ်နှစ်အငှားကြေး ယူရို ၅ သန်း + အပြီးသတ် ခေါ်ယူမှု ယူရိုသန်း ၄၀ နဲ့ ရောင်းချပေးဖို့ ကမ်းလှမ်းလိုက်ပြီး ရိုးမားနဲ့ သဘောတူညီမှု ရရှိတော့မယ်လို့ သတင်း ထွက်ပေါ်လာတဲ့အတွက် ဂန်းနားပရိသတ်တွေကတော့ ရောမကလပ်ဘက်ကနေ Forza Roma လို့ ဆုတောင်းပေးခဲ့ကြ။

– ပါဘလို မာရီဟာ အာဆင်နယ်နောက်တန်းကို ဦးဆောင်ကစားနိုင်မယ့် အရည်အသွေး မရှိကြောင်းနဲ့ ဘန်ဝှိုက်နဲ့ တွဲဖက်ဖို့ဆိုရင် ဘရာဇီးလ် နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ကို အမြန်ဆုံး ခေါ်ယူအသုံးပြုနိုင်ဖို့ လိုအပ်နေကြောင်း စပါးစ်နဲ့ပွဲက အခွင့်အရေးတွေ အများကြီး ပေးခဲ့ရတဲ့ ခံစစ်စွမ်းဆောင်ရည်အပြီးမှာ ပရိသတ်တွေ တောင်းဆို။

– လူငယ်ကွင်းလယ်တိုက်စစ်သမား ဂျိုးဝီလော့ခ်ကို နယူးကာဆယ်လ်အသင်းဆီ ရောင်းချမယ့် ဆုံးဖြတ်ချက်ကို နောက်ခံလူဟောင်း ရီယို ဖာဒီနန်က ရှုတ်ချလိုက်ပြီး အာဆင်နယ်အသင်းဆိုတာ အခုလိုမျိုး စီမံခန့်ခွဲမှု အမှားတွေကြားမှာ ဘယ်သူ့အတွက်မှ ခြိမ်းခြောက်နိုင်ခြင်း မရှိတဲ့ လူမလေး ခွေးမခန့်အသင်း ဖြစ်လာခဲ့ပြီလို့ ဝေဖန်သွား။

– ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရာသီကြိုပွဲစဉ်တွေမှာ အရန်ခုံထိုင်နေရတဲ့ မာတင် အော်ဒီဂွါဒ်ဟာ သူတို့တောင်းဆိုတဲ့ ပြန်လည်ဝယ်ယူခွင့်နဲ့ အာဆင်နယ်ကနေ ခေါ်ယူလောက်အောင် ဆွဲဆောင်မှုရှိတဲ့ ကစားသမားမျိုး မဟုတ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ပုံစံကြောင့် သူ့ကို ခေါ်ယူမယ့်အစား ဂျက်ဆီ လင်ဂတ်ကိုသာ ခေါ်ယူသင့်ကြောင်းဆိုနေကြ။

– သောမတ်စ် ပါတေးနေရာမှာ အစားထိုးမှု လုပ်ဆောင်သွားနိုင်ဖို့အတွက် အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါတစ်ယောက်တည်းနဲ့ အာဆင်နယ် တာဝန်ရှိသူတွေဘက်က မကျေနပ်နိုင်သေးဘူးလို့ သိရပြီး ပြင်သစ်လီဂူးဝမ်းကလပ် လန်းစ်အသင်းကွင်းလယ်လူ ရှိတ်ခ် ဒူကူယေးကိုပါ Backup အဖြစ် ရရှိနိုင်ဖို့ ပစ်မှတ်ထားနေ။

– ဘရာဇီးလ်အသင်းနဲ့ အိုလံပစ်ရွှေဆုရယူအပြီးမှာ အားလပ်ရက် မယူတော့ဘဲ အာဆင်နယ်အသင်းဆီ အမြန်ဆုံး ရောက်ရှိလာခဲ့ပြီး ကြံ့ခိုင်မှုလုပ်ငန်းစဉ်တွေ ပြန်လည်လုပ်ဆောင်နေခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီရဲ့ စိတ်အားထက်သန်မှုအတွက် ပရိသတ်တွေ ချီးကျူးနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ အက္သလက္တီကိုမက္ဒရစ္ေနာက္ခံလူ ကီရန္ ထရစ္ပီယာကို ေခၚယူဖို႔ လုပ္ေဆာင္ေနၿပီး Transfermarkt ရဲ႕ ေပါင္ ၁၈ သန္း တန္တယ္လို႔ ေဖာ္ျပထားတဲ့ အဂၤလန္ညာေနာက္ခံလူအတြက္ စပိန္ကလပ္ဘက္က ေပါင္ ၃၄ သန္းအထိ အလိုရွိေနလို႔ ညႇိႏႈိင္းမႈေတြက ၾကန႔္ၾကာေန။

– အသင္းရဲ႕ တိုက္စစ္ပစ္မွတ္ေတြအတြက္ လုပ္ေဆာင္ႏိုင္ဖို႔ ၾကန႔္ၾကာေနတဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ အာဆင္နယ္အသင္းကို မီခယ္လ္ အာတီတာရဲ႕ အရင္ႏွစ္ရာသီ ကိုင္တြယ္မႈလိုမ်ိဳး ဇယားအလယ္နဲ႔ပဲ ေက်နပ္ရမယ့္ အေနအထားကို တြန္းပို႔ႏိုင္ေနလို႔ မက္ဒီဆန္ကို ေခၚႏိုင္ရင္ေခၚ၊ မေခၚႏိုင္ရင္လည္း ေအာဝါကို လီယြန္ကေန ေခၚယူဖို႔ ပရိသတ္ေတြ ရာဇသံေပးခဲ့ၾက။

– အီတလီအေျခစိုက္ နာမည္ႀကီး ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဂ်န္လူကာ ဒီမာဇီယိုကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ဖီအိုရင္တီးနား တိုက္စစ္မႉး ဒူဆန္ ဗလာဟိုဗစ္ခ်္ကို ေခၚယူဖို႔ ႀကိဳးစားေနတာဟာ အမွန္တကယ္ျဖစ္ေၾကာင္း အတည္ျပဳသြားခဲ့ၿပီး ဖေလာ့ရင့္ကလပ္ဘက္က ေတာင္းဆိုတဲ့ ေပါင္ ၅၁ သန္း ေဈးႏႈန္းကိုေတာ့ ေက်ာ္ျဖတ္ရမယ္လို႔ဆို။

– ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က ေခၚယူဖို႔ ေႏွာင့္ေႏွးခဲ့လို႔ လက္လႊတ္ခဲ့ရတဲ့ ပီအက္စ္ဂ်ီကြင္းလယ္လူေဟာင္း ယာစင္း အက္ဒ္လီကို လက္ရွိကစားေနတဲ့ ေဘာ္ဒိုးအသင္းကေန ေခၚယူသြားဖို႔ အာဆင္နယ္တို႔ စိတ္ဝင္စားေနၿပီး ေပါင္ ၁၀ သန္းဝန္းက်င္နဲ႔ အေရာင္းအဝယ္ ျဖစ္ႏိုင္တာေၾကာင့္ ေအစီမီလန္၊ စပါးစ္အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ေခၚယူသြားဖို႔ရွိလာ။

– အာဆင္နယ္အသင္းက စိတ္ဝင္စားေနတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္အတြက္ ခ်ဲလ္ဆီးအသင္းဘက္ ႏွစ္ႏွစ္အငွားေၾကး ယူ႐ို ၅ သန္း + အၿပီးသတ္ ေခၚယူမႈ ယူ႐ိုသန္း ၄၀ နဲ႔ ေရာင္းခ်ေပးဖို႔ ကမ္းလွမ္းလိုက္ၿပီး ႐ိုးမားနဲ႔ သေဘာတူညီမႈ ရရွိေတာ့မယ္လို႔ သတင္း ထြက္ေပၚလာတဲ့အတြက္ ဂန္းနားပရိသတ္ေတြကေတာ့ ေရာမကလပ္ဘက္ကေန Forza Roma လို႔ ဆုေတာင္းေပးခဲ့ၾက။

– ပါဘလို မာရီဟာ အာဆင္နယ္ေနာက္တန္းကို ဦးေဆာင္ကစားႏိုင္မယ့္ အရည္အေသြး မရွိေၾကာင္းနဲ႔ ဘန္ဝႈိက္နဲ႔ တြဲဖက္ဖို႔ဆိုရင္ ဘရာဇီးလ္ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္ကို အျမန္ဆုံး ေခၚယူအသုံးျပဳႏိုင္ဖို႔ လိုအပ္ေနေၾကာင္း စပါးစ္နဲ႔ပြဲက အခြင့္အေရးေတြ အမ်ားႀကီး ေပးခဲ့ရတဲ့ ခံစစ္စြမ္းေဆာင္ရည္အၿပီးမွာ ပရိသတ္ေတြ ေတာင္းဆို။

– လူငယ္ကြင္းလယ္တိုက္စစ္သမား ဂ်ိဳးဝီေလာ့ခ္ကို နယူးကာဆယ္လ္အသင္းဆီ ေရာင္းခ်မယ့္ ဆုံးျဖတ္ခ်က္ကို ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က ရႈတ္ခ်လိုက္ၿပီး အာဆင္နယ္အသင္းဆိုတာ အခုလိုမ်ိဳး စီမံခန႔္ခြဲမႈ အမွားေတြၾကားမွာ ဘယ္သူ႔အတြက္မွ ၿခိမ္းေျခာက္ႏိုင္ျခင္း မရွိတဲ့ လူမေလး ေခြးမခန႔္အသင္း ျဖစ္လာခဲ့ၿပီလို႔ ေဝဖန္သြား။

– ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ရာသီႀကိဳပြဲစဥ္ေတြမွာ အရန္ခုံထိုင္ေနရတဲ့ မာတင္ ေအာ္ဒီဂြါဒ္ဟာ သူတို႔ေတာင္းဆိုတဲ့ ျပန္လည္ဝယ္ယူခြင့္နဲ႔ အာဆင္နယ္ကေန ေခၚယူေလာက္ေအာင္ ဆြဲေဆာင္မႈရွိတဲ့ ကစားသမားမ်ိဳး မဟုတ္ေၾကာင္းနဲ႔ ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္မွာ တစ္ဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့ ပုံစံေၾကာင့္ သူ႔ကို ေခၚယူမယ့္အစား ဂ်က္ဆီ လင္ဂတ္ကိုသာ ေခၚယူသင့္ေၾကာင္းဆိုေနၾက။

– ေသာမတ္စ္ ပါေတးေနရာမွာ အစားထိုးမႈ လုပ္ေဆာင္သြားႏိုင္ဖို႔အတြက္ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါတစ္ေယာက္တည္းနဲ႔ အာဆင္နယ္ တာဝန္ရွိသူေတြဘက္က မေက်နပ္ႏိုင္ေသးဘူးလို႔ သိရၿပီး ျပင္သစ္လီဂူးဝမ္းကလပ္ လန္းစ္အသင္းကြင္းလယ္လူ ရွိတ္ခ္ ဒူကူေယးကိုပါ Backup အျဖစ္ ရရွိႏိုင္ဖို႔ ပစ္မွတ္ထားေန။

– ဘရာဇီးလ္အသင္းနဲ႔ အိုလံပစ္ေ႐ႊဆုရယူအၿပီးမွာ အားလပ္ရက္ မယူေတာ့ဘဲ အာဆင္နယ္အသင္းဆီ အျမန္ဆုံး ေရာက္ရွိလာခဲ့ၿပီး ႀကံ့ခိုင္မႈလုပ္ငန္းစဥ္ေတြ ျပန္လည္လုပ္ေဆာင္ေနခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီရဲ႕ စိတ္အားထက္သန္မႈအတြက္ ပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.