Premier League

CR7 ကို အတုယူပြီး ဘောလုံးလောကမှာ အောင်မြင်လာခဲ့တဲ့ ကမ္ဘာ့အဆင့်ကစားသမား ၉ ဦး

အာလင်း ဟာလန်း
ခရစ္စတီယာနို ရော်နယ်လ်ဒိုကြောင့်သာမဟုတ်ရင် ဘောလုံးသမားဘဝကို ရောက်လာခဲ့မှာမဟုတ်ဘူးလို့ ဝန်ခံထားခဲ့တဲ့ နော်ဝေတိုက်စစ်မှုးလေး အာလင်း ဟာလန်းက လက်ရှိမှာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတဦးဖြစ်လာခဲ့ချိန်မှာ သူ့ရဲ့စံပြပုဂ္ဂိလ်ဖြစ်တဲ့ ပေါ်တူဂီသားကြီးနဲ့ တကြိမ်လောက်တွေ့ဆုံပြီး ကျေးဇူးတင်စကားပြောချင်တယ်လို့ လူသိရှင်ကြား ထုတ်ဖော်ထားခဲ့သူပါ။

အမ်ဘာပေ
၂၀၂၀ ခုနှစ်က ပြင်သစ်နဲ့ ပေါ်တူဂီတို့ကစားခဲ့တဲ့ UEFA နေးရှင်းလိဂ်ပွဲအပြီးမှာ အမ်ဘာပေတယောက် ရော်နယ်လ်ဒိုနဲ့တွေ့ဆုံခွင့်ရခဲ့လို့ ပျော်မဆုံး မော်မဆုံးဖြစ်ခဲ့ပြီး “သိပ်ချစ်မြတ်နိုးရတဲ့ သူရဲကောင်း” ဆိုတဲ့ အရေးအသားကို သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြသွားခဲ့သလို ပြင်သစ်သားဟာ ရော်နယ်လ်ဒိုကို အတုယူပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ ခမ်းခမ်းနားနား ကစားချင်တာဟာလည်း သူ့ရဲ့အိပ်မက်ဖြစ်ကြောင်း သိရှိရပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်
မန်ယူနိုက်တက်အကယ်ဒမီမှာ ပညာသင်ပြီး ကြီးပြင်းလာသူ အင်္ဂလန်သားအတွက်တော့ ရော်နယ်လ်ဒိုက သူရဲကောင်းတဦးဖြစ်ခဲ့ပြီး သူ့ရဲ့ဖရီးကစ်နည်းစနစ်တွေအတိုင်း တထပ်တည်းခြေရာနင်းပြီး လေ့ကျင့်လာခဲ့တာပါ။ ၂၀၁၈ ခုနှစ်က ရော်နယ်လ်ဒိုကလွဲရင် ပိုကြိုက်မိတဲ့သူ နောက်တယောက်မရှိဘူး လို့ ပြောဆိုခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို GOAT ကြီးက သူ့လက်မှတ်ရေးထိုးထားတဲ့ ရီးရဲလ်မက်ဒရစ်ဂျာစီကို လက်ဆောင်ပို့ပြီး အားပေးခဲ့ဖူးပါသေးတယ်။

ဟာရီကိန်း
ရော်နယ်လ်ဒိုထက် ၈ နှစ်ငယ်ရွယ်ပြီး ဆယ်ကျော်သက်ဘဝမှာ CR7 ရဲ့ကစားဟန်ပုံရိပ်တွေကို ကြည့်ရှုပြီး ဖြတ်သန်းကြီးပြင်းလာခဲ့တဲ့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုရှင် ဟာရီကိန်းက ၂၀၁၇ ခုနှစ်က ရီးရဲလ်နဲ့ စပါးစ်တွေ့ဆုံချိန်မှာ တိုက်စစ်မှူးကြီးရဲ့ ဂျာစီကို တလေးတစားတောင်းယူခဲ့ပြီး သူ့ဂျာစီကိုလည်း အပြန်အလှန်လဲလှယ်ခွင့်ရခဲ့လို့ အလွန်ဝမ်းမြောက်အားရခဲ့ဖူးပြီး သူ့အနေနဲ့ ရော်နယ်လ်ဒိုရဲ့ အဲဒီဂျာစီကို သေချာဘောင်သွင်း သိမ်းဆည်းထားတယ်လို့ ကိုယ်တိုင်ဝန်ခံထားခဲ့ပါတယ်။

မေဆန် မောင့်
မောင့်ဟာလည်း တခြားသာလူငယ်ကြယ်ပွင့်လေးတွေလိုပဲ CR7 ရဲ့ ဖရီးကစ်ကန်ချက်တွေကို နည်းစနစ်ပိုင်းအရ နာရီပေါင်းများစွာ အချိန်ပေးလို့ ငယ်ဘဝတလျှောက်လုံး အတုယူလေ့ကျင့်ခဲ့သူဖြစ်ပြီး ချယ်လ်ဆီးကြယ်ပွင့်ဟာ ရော်နယ်လ်ဒိုရဲ့ကန်ချက်တွေကို အတုခိုးရာမှာ တခြားလူငယ်လေးတွေထက်တောင် သာလွန်နေတဲ့ ဗွီဒီယိုမှတ်တမ်းတွေကလည်း သက်သေရှိနေပါသေးတယ်။

ရာဟင်းမ် စတာလင်
စတာလင်က ယူနိုက်တက်ဂန္ထဝင် ရော်နယ်လ်ဒိုကို နေ့စဥ်ကြည့်ပြီး လေးစားအားကျခဲ့ရတဲ့အကြောင်းကို လီဗာပူးလ်ကစားသမားဘဝမှာကတည်းက ရိုးရိုးသားသား ပြောဆိုခဲ့ဖူးသူဖြစ်ပြီး သူ့လိုမျိုး ကမ္ဘာ့အကောင်းဆုံးတဦးဖြစ်ချင်လာအောင်အထိ လှုံ့ဆော်မှုအပေးနိုင်ဆုံး သူရဲကောင်းတဦးဖြစ်တယ်လို့ ၂၀၁၄ ခုနှစ်က ဖွင့်ဟထားခဲ့ဖူးတာပါ။ ရော်နယ်လ်ဒိုကို အားကျအတုယူခဲ့တဲ့ မန်စီးတီး တိုက်စစ်မှူးစတာလင်ဟာ ရော်နယ်လ်ဒိုရဲ့ အမှတ်အသားဖြစ်တဲ့ CR7 ကို အားကျပြီး သူရဲ့ ဘောကန်ဖိနပ်မှာ RS7 ဆိုပြီး ရိုက်နှိပ်ဝတ်ဆင်ခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်
အိုးထရက်ဖို့ဒ်မှာ ယူနိက်တက်ပရိသတ်တွေ အားပါးတရရှိနေရတဲ့ နောက်ထပ်ပေါ်တူဂီကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ ဖာနန်ဒက်စ်က သူ့အနေနဲ့ ယူနိုက်တက်မှာ လာကစားခဲ့ခြင်းဟာ ရော်နယ်လ်ဒိုကြောင့်သာ ဖြစ်တယ်လို့ ပွင့်လင်းစွာပြောဆိုခဲ့ဖူးသလို မန်ချက်စတာလို အိပ်မက်ပြဇာတ်ရုံကြီးမှာ ကစားခဲ့ပြီး အထူးအောင်မြင်ခဲ့တဲ့ သူ့ကို ထာဝရလေးစားကြည်​ညိုမိကြောင်း ပြောထားခဲ့ဖူးသူပါ။

ဘူကာယို ဆာကာ
အာဆင်နယ်လူငယ်သွေးသစ်လေးကတော့ စိတ်ဓာတ်မာကျောမှုနဲ့ ဘောလုံးခံယူချက်အပိုင်းမှာ မိမိအတုယူရဆုံးကစားသမားက CR7 ဖြစ်တယ်လို့ ဖြေကြားခဲ့ဖူးပြီး သူကစားတဲ့ပွဲတိုင်းကို မလွတ်တမ်းကြည့်ပြီး ကောင်းမွန်တဲ့အရာတွေကို စုဆောင်းထားပြီး အတုယူလေ့ရှိတယ်လို့ ဆိုထားသလို ရော်နယ်လ်ဒိုရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုအပိုင်းနဲ့ ကွင်းထဲမှာ ယုံကြည်မှုအပြည့် ကစားနိုင်စွမ်းတွေကို အထူးနှစ်သက်မိသေးကြောင်း ရင်ဖွင့်ခဲ့ဖူးပါတယ်။ ဆာကာဟာ ယခုအခါမှာတော့ သူအားကျအတုယူခဲ့ရတဲ့ ရော်နယ်လ်ဒိုဝတ်ဆင်တဲ့ အာဆင်နယ်အသင်းတွင်နာမည်ကျော်များကိုသာ ပေးအပ်လေ့ရှိတဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့်ရနေပြီဖြစ်ပါတယ်။

ဗင်နစ်ရှပ်စ် ဂျူနီယာ
၂၀၂၀ ခုနှစ် မတ်လတုန်းက ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ ကစားတဲ့ပွဲစဥ်မှာ ဗင်နစ်ရှပ်စ်တယောက် ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဲဒီနေ့က ပွဲကြည့်စင်ရှိနေတဲ့ ရော်နယ်လ်ဒိုတယောက် သူ့ရဲ့ဂိုးသွင်းအပြီး အောင်ပွဲခံမှုပုံစံအတိုင်း အမူအရာပြုလုပ်ခဲ့တဲ့ ဘရာဇီးလ်သားကို မိန့်မိန့်ကြီးကြည့်ရှုခံစားခွင့်ရခဲ့ပြီး အင်စတေဂရမ်မှာလည်း ‘ငါ့ရဲ့သူရဲကောင်းကြီး” ဆိုတဲ့ ပို့စ်ကို တင်သွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာလင္း ဟာလန္း
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုေၾကာင့္သာမဟုတ္ရင္ ေဘာလုံးသမားဘဝကို ေရာက္လာခဲ့မွာမဟုတ္ဘူးလို႔ ဝန္ခံထားခဲ့တဲ့ ေနာ္ေဝတိုက္စစ္မႈးေလး အာလင္း ဟာလန္းက လက္ရွိမွာ ကမာၻ႔အဆင့္တိုက္စစ္မႉးတဦးျဖစ္လာခဲ့ခ်ိန္မွာ သူ႔ရဲ႕စံျပပုဂၢိလ္ျဖစ္တဲ့ ေပၚတူဂီသားႀကီးနဲ႔ တႀကိမ္ေလာက္ေတြ႕ဆုံၿပီး ေက်းဇူးတင္စကားေျပာခ်င္တယ္လို႔ လူသိရွင္ၾကား ထုတ္ေဖာ္ထားခဲ့သူပါ။

အမ္ဘာေပ
၂၀၂၀ ခုႏွစ္က ျပင္သစ္နဲ႔ ေပၚတူဂီတို႔ကစားခဲ့တဲ့ UEFA ေနးရွင္းလိဂ္ပြဲအၿပီးမွာ အမ္ဘာေပတေယာက္ ေရာ္နယ္လ္ဒိုနဲ႔ေတြ႕ဆုံခြင့္ရခဲ့လို႔ ေပ်ာ္မဆုံး ေမာ္မဆုံးျဖစ္ခဲ့ၿပီး “သိပ္ခ်စ္ျမတ္ႏိုးရတဲ့ သူရဲေကာင္း” ဆိုတဲ့ အေရးအသားကို သူ႔ရဲ႕လူမႈကြန္ရက္မွာ ေဖာ္ျပသြားခဲ့သလို ျပင္သစ္သားဟာ ေရာ္နယ္လ္ဒိုကို အတုယူၿပီး ရီးရဲလ္မက္ဒရစ္အသင္းမွာ ခမ္းခမ္းနားနား ကစားခ်င္တာဟာလည္း သူ႔ရဲ႕အိပ္မက္ျဖစ္ေၾကာင္း သိရွိရပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္
မန္ယူႏိုက္တက္အကယ္ဒမီမွာ ပညာသင္ၿပီး ႀကီးျပင္းလာသူ အဂၤလန္သားအတြက္ေတာ့ ေရာ္နယ္လ္ဒိုက သူရဲေကာင္းတဦးျဖစ္ခဲ့ၿပီး သူ႔ရဲ႕ဖရီးကစ္နည္းစနစ္ေတြအတိုင္း တထပ္တည္းေျခရာနင္းၿပီး ေလ့က်င့္လာခဲ့တာပါ။ ၂၀၁၈ ခုႏွစ္က ေရာ္နယ္လ္ဒိုကလြဲရင္ ပိုႀကိဳက္မိတဲ့သူ ေနာက္တေယာက္မရွိဘူး လို႔ ေျပာဆိုခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ကို GOAT ႀကီးက သူ႔လက္မွတ္ေရးထိုးထားတဲ့ ရီးရဲလ္မက္ဒရစ္ဂ်ာစီကို လက္ေဆာင္ပို႔ၿပီး အားေပးခဲ့ဖူးပါေသးတယ္။

ဟာရီကိန္း
ေရာ္နယ္လ္ဒိုထက္ ၈ ႏွစ္ငယ္႐ြယ္ၿပီး ဆယ္ေက်ာ္သက္ဘဝမွာ CR7 ရဲ႕ကစားဟန္ပုံရိပ္ေတြကို ၾကည့္ရႈၿပီး ျဖတ္သန္းႀကီးျပင္းလာခဲ့တဲ့ လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ ေ႐ႊဖိနပ္ဆုရွင္ ဟာရီကိန္းက ၂၀၁၇ ခုႏွစ္က ရီးရဲလ္နဲ႔ စပါးစ္ေတြ႕ဆုံခ်ိန္မွာ တိုက္စစ္မႉးႀကီးရဲ႕ ဂ်ာစီကို တေလးတစားေတာင္းယူခဲ့ၿပီး သူ႔ဂ်ာစီကိုလည္း အျပန္အလွန္လဲလွယ္ခြင့္ရခဲ့လို႔ အလြန္ဝမ္းေျမာက္အားရခဲ့ဖူးၿပီး သူ႔အေနနဲ႔ ေရာ္နယ္လ္ဒိုရဲ႕ အဲဒီဂ်ာစီကို ေသခ်ာေဘာင္သြင္း သိမ္းဆည္းထားတယ္လို႔ ကိုယ္တိုင္ဝန္ခံထားခဲ့ပါတယ္။

ေမဆန္ ေမာင့္
ေမာင့္ဟာလည္း တျခားသာလူငယ္ၾကယ္ပြင့္ေလးေတြလိုပဲ CR7 ရဲ႕ ဖရီးကစ္ကန္ခ်က္ေတြကို နည္းစနစ္ပိုင္းအရ နာရီေပါင္းမ်ားစြာ အခ်ိန္ေပးလို႔ ငယ္ဘဝတေလွ်ာက္လုံး အတုယူေလ့က်င့္ခဲ့သူျဖစ္ၿပီး ခ်ယ္လ္ဆီးၾကယ္ပြင့္ဟာ ေရာ္နယ္လ္ဒိုရဲ႕ကန္ခ်က္ေတြကို အတုခိုးရာမွာ တျခားလူငယ္ေလးေတြထက္ေတာင္ သာလြန္ေနတဲ့ ဗြီဒီယိုမွတ္တမ္းေတြကလည္း သက္ေသရွိေနပါေသးတယ္။

ရာဟင္းမ္ စတာလင္
စတာလင္က ယူႏိုက္တက္ဂႏၴဝင္ ေရာ္နယ္လ္ဒိုကို ေန႔စဥ္ၾကည့္ၿပီး ေလးစားအားက်ခဲ့ရတဲ့အေၾကာင္းကို လီဗာပူးလ္ကစားသမားဘဝမွာကတည္းက ႐ိုး႐ိုးသားသား ေျပာဆိုခဲ့ဖူးသူျဖစ္ၿပီး သူ႔လိုမ်ိဳး ကမာၻ႔အေကာင္းဆုံးတဦးျဖစ္ခ်င္လာေအာင္အထိ လႈံ႕ေဆာ္မႈအေပးႏိုင္ဆုံး သူရဲေကာင္းတဦးျဖစ္တယ္လို႔ ၂၀၁၄ ခုႏွစ္က ဖြင့္ဟထားခဲ့ဖူးတာပါ။ ေရာ္နယ္လ္ဒိုကို အားက်အတုယူခဲ့တဲ့ မန္စီးတီး တိုက္စစ္မႉးစတာလင္ဟာ ေရာ္နယ္လ္ဒိုရဲ႕ အမွတ္အသားျဖစ္တဲ့ CR7 ကို အားက်ၿပီး သူရဲ႕ ေဘာကန္ဖိနပ္မွာ RS7 ဆိုၿပီး ႐ိုက္ႏွိပ္ဝတ္ဆင္ခဲ့ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္
အိုးထရက္ဖို႔ဒ္မွာ ယူနိက္တက္ပရိသတ္ေတြ အားပါးတရရွိေနရတဲ့ ေနာက္ထပ္ေပၚတူဂီၾကယ္ပြင့္အျဖစ္ သတ္မွတ္ခံထားရတဲ့ ဖာနန္ဒက္စ္က သူ႔အေနနဲ႔ ယူႏိုက္တက္မွာ လာကစားခဲ့ျခင္းဟာ ေရာ္နယ္လ္ဒိုေၾကာင့္သာ ျဖစ္တယ္လို႔ ပြင့္လင္းစြာေျပာဆိုခဲ့ဖူးသလို မန္ခ်က္စတာလို အိပ္မက္ျပဇာတ္႐ုံႀကီးမွာ ကစားခဲ့ၿပီး အထူးေအာင္ျမင္ခဲ့တဲ့ သူ႔ကို ထာဝရေလးစားၾကည္​ညိဳမိေၾကာင္း ေျပာထားခဲ့ဖူးသူပါ။

ဘူကာယို ဆာကာ
အာဆင္နယ္လူငယ္ေသြးသစ္ေလးကေတာ့ စိတ္ဓာတ္မာေက်ာမႈနဲ႔ ေဘာလုံးခံယူခ်က္အပိုင္းမွာ မိမိအတုယူရဆုံးကစားသမားက CR7 ျဖစ္တယ္လို႔ ေျဖၾကားခဲ့ဖူးၿပီး သူကစားတဲ့ပြဲတိုင္းကို မလြတ္တမ္းၾကည့္ၿပီး ေကာင္းမြန္တဲ့အရာေတြကို စုေဆာင္းထားၿပီး အတုယူေလ့ရွိတယ္လို႔ ဆိုထားသလို ေရာ္နယ္လ္ဒိုရဲ႕ ကိုယ္ခႏၶာႀကံ့ခိုင္မႈအပိုင္းနဲ႔ ကြင္းထဲမွာ ယုံၾကည္မႈအျပည့္ ကစားႏိုင္စြမ္းေတြကို အထူးႏွစ္သက္မိေသးေၾကာင္း ရင္ဖြင့္ခဲ့ဖူးပါတယ္။ ဆာကာဟာ ယခုအခါမွာေတာ့ သူအားက်အတုယူခဲ့ရတဲ့ ေရာ္နယ္လ္ဒိုဝတ္ဆင္တဲ့ အာဆင္နယ္အသင္းတြင္နာမည္ေက်ာ္မ်ားကိုသာ ေပးအပ္ေလ့ရွိတဲ့ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ခြင့္ရေနၿပီျဖစ္ပါတယ္။

ဗင္နစ္ရွပ္စ္ ဂ်ဴနီယာ
၂၀၂၀ ခုႏွစ္ မတ္လတုန္းက ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းတို႔ ကစားတဲ့ပြဲစဥ္မွာ ဗင္နစ္ရွပ္စ္တေယာက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အဲဲဒီေန႔က ပြဲၾကည့္စင္ရွိေနတဲ့ ေရာ္နယ္လ္ဒိုတေယာက္ သူ႔ရဲ႕ဂိုးသြင္းအၿပီး ေအာင္ပြဲခံမႈပုံစံအတိုင္း အမူအရာျပဳလုပ္ခဲ့တဲ့ ဘရာဇီးလ္သားကို မိန္႔မိန္႔ႀကီးၾကည့္ရႈခံစားခြင့္ရခဲ့ၿပီး အင္စေတဂရမ္မွာလည္း ‘ငါ့ရဲ႕သူရဲေကာင္းႀကီး” ဆိုတဲ့ ပို႔စ္ကို တင္သြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.