Premier League Transfer News

9 Aug ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ကွင်းလယ်ကစားသမားသစ် ရှာပုံတော်ဖွင့်နေဆဲဖြစ်တဲ့ လီဗာပူးလ်အသင်းအနေနဲ့ မိုနာကိုအသင်းမှာ မနှစ်ကတည်းက ခြေစွမ်းပြနေခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူ အော်ရယ်လီယန် ချွာမင်နီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့ပြီး တန်ကြေးအနေနဲ့ ပေါင် ၂၅.၅ သန်းသတ်မှတ်ထားတဲ့ ပြင်သစ်ကွင်းလယ်လူကို ဂျူဗင်တပ်စ်အသင်းနဲ့ အပြိုင်လုရဖွယ်ရှိနေ။

– လီလ်အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပေမယ့် ခြေစွမ်းပြနေဆဲဖြစ်တဲ့ ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ လီဗာပူးလ်အသင်းလည်း တစ်သင်းအပါအဝင်ဖြစ်ပြီး ကွင်းလယ်မှာ အဖျက်၊ အပို့ ဘာပဲလာလာရတဲ့ ကွင်းလယ်လူအတွက် ပြင်သစ်ကလပ်က ပေါင် ၂၉.၆ သန်းရတာနဲ့ ရောင်းချဖို့ အသင့်ရှိနေကြောင်းသိရ။

– မနေ့ညက အန်ဖီးလ်မှာ ကစားခဲ့တဲ့ ဘီလ်ဘာအိုအသင်းနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ အန်ဒရူး ရောဘတ်ဆန်ကို ပရိသတ်တွေက စိုးရိမ်နေကြပြီး နည်းပြ ယာဂန် ကလော့ပ်ကတော့ သူ့အနေနဲ့လည်း ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ စကော့တလန်သားကို အသုံးပြုဖို့အတွက် ဖြစ်နိုင်လားဆိုတာ မသိရသေးဘဲ သူ့ရဲ့ ခြေကျင်းဝတ်ဒဏ်ရာက မပြင်းထန်ဖို့အတွက် မျှော်လင့်သလို ဓါတ်မှန်ရိုက်ပြီးမှသာ အခြေအနေသိရမှာဖြစ်ကြောင်း ပြောသွားခဲ့။

– စပိန်နိုင်ငံက မာကာသတင်းဌာနရဲ့ အဆိုအရ လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းဆီကို အပြောင်းအရွှေ့က တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ရောင်းထုတ်ဖို့ ဖြစ်လာစေနိုင်ကြောင်း ဖော်ပြခဲ့ပြီး နောက်နှစ်နွေမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ပြင်သစ်သားကို ‌ပါရီမြေကနေ ရောင်းထုတ်မယ်ဆိုတာနဲ့ လီဗာပူးလ်အသင်းက ကမ်းလှမ်းဖို့ အသင့်ရှိနေကြောင်းသိရ။

– ဒန်နီအင်းစ်ကို အက်စတန်ဗီလာအသင်းဆီ လက်လွှတ်ခဲ့ရတဲ့ ဆောက်သမ်တန်အသင်းအနေနဲ့ အသင်းရဲ့ အကယ်ဒမီကစားသမားဟောင်းဖြစ်တဲ့ လီဗာပူးလ် ကွင်းလယ်လူ အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်နဲ့ မနှစ်က အငှားနဲ့လာရောက်ကစားခဲ့တဲ့ တိုက်စစ်ကစားသမား တာကူမီ မီနာမီနိုတို့ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စိန့်တို့ရဲ့ နည်းပြ ရာ့လ်ဖ် ဟာဆန်ဟွတ်တယ်လ်က ဖွင့်ဟသွားခဲ့။

– ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက လီဗာပူးလ်အသင်းအနေနဲ့ ပေါင်သန်း ၆၀ နဲ့ကမ်းလှမ်းခဲ့ဖူးတဲ့ အင်တာမီလန်အသင်းကွင်းလယ်လူ နီကိုလို ဘာရဲလားအနေနဲ့ အသင်းဖော်တွေဖြစ်ခဲ့တဲ့ အက်ရှ်ရက်ဖ် ဟာကီမီနဲ့ ရိုမီလူ လူကာကူးတို့အပြင် ‌တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်လည်း ထွက်ခွာဖို့ သေချာသလောက် ရှိနေတာကြောင့် အသင်းက ထွက်ခွာဖို့ စဉ်းစားနိုင်ပြီး ကြိုးကြာနီတို့ဘက်က ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေ။

– ဖူလ်ဟမ်အသင်းကို ဒီနှစ်နွေမှာ လီဗာပူးလ်အသင်းကနေ ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ဟာရီ ဝီလ်ဆန်က သူ့အနေနဲ့ လီဗာပူးလ်အသင်းမှာ လုံလောက်တဲ့ ပွဲထွက်ခွင့်မရခဲ့တဲ့အပြင် အသင်းနဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့အတွက် ရာသီဝက်တောင် ကစားဖို့ အခွင့်အရေး မရခဲ့ကြောင်း ညည်းတွားသွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ တစ်ချိန်က ခေါ်ယူဖို့အတွက် ကြိုးစားခဲ့တဲ့ ရင်းနေးတိုက်စစ်မှူး ယယ်ရမီ ဒိုကူကို တစ်ခေါက်ပြန်ကြိုးစားဖို့ စီစဉ်နေပြီး ရွာဇွန်ပါ့ခ်မှာ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ၁၉ နှစ်အရွယ် ဘယ်လ်ဂျီယမ်သားအတွက် ပြင်သစ်ကလပ်အနေနဲ့ ပေါင် ၃၈ သန်းဝန်းကျင်အထိ ရရှိမှသာ ရောင်းထုတ်သွားမှာဖြစ်ကြောင်း သတင်းတွေထွက်လာ။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ လီဗာပူးလ်အသင်းတိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီကို ခေါ်ယူဖို့အတွက် ကြိုးကြာနီတို့နဲ့ ဆွေးနွေးသွားဖို့ရှိနေတယ်လို့ သိရပြီး အန်ဖီးလ်သားတွေဘက်က မူလတုန်းက ၂၆ နှစ်အရွယ် ဘယ်လ်ဂျီယမ်သားအတွက် ပေါင်သန်း ၂၀ အလိုရှိတယ်ဆိုပေမယ့် အခုအခါ ပေါင် ၁၅ သန်းအထိ ဈေးချပေးခဲ့ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ကြင္းလယ္ကစားသမားသစ္ ရွာပုံေတာ္ဖြင့္ေနဆဲျဖစ္တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ မိုနာကိုအသင္းမွာ မႏွစ္ကတည္းက ေျခစြမ္းျပေနခဲ့တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ကြင္းလယ္လူ ေအာ္ရယ္လီယန္ ခြၽာမင္နီကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာခဲ့ၿပီး တန္ေၾကးအေနနဲ႔ ေပါင္ ၂၅.၅ သန္းသတ္မွတ္ထားတဲ့ ျပင္သစ္ကြင္းလယ္လူကို ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အၿပိဳင္လုရဖြယ္ရွိေန။

– လီလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ရွိေတာ့ေပမယ့္ ေျခစြမ္းျပေနဆဲျဖစ္တဲ့ ကြင္းလယ္လူ ရီနာတို ဆန္းခ်က္စ္ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတဲ့ အသင္းေတြထဲ လီဗာပူးလ္အသင္းလည္း တစ္သင္းအပါအဝင္ျဖစ္ၿပီး ကြင္းလယ္မွာ အဖ်က္၊ အပို႔ ဘာပဲလာလာရတဲ့ ကြင္းလယ္လူအတြက္ ျပင္သစ္ကလပ္က ေပါင္ ၂၉.၆ သန္းရတာနဲ႔ ေရာင္းခ်ဖို႔ အသင့္ရွိေနေၾကာင္းသိရ။

– မေန႔ညက အန္ဖီးလ္မွာ ကစားခဲ့တဲ့ ဘီလ္ဘာအိုအသင္းနဲ႔ ေျခစမ္းပြဲမွာ ဒဏ္ရာရရွိသြားခဲ့တဲ့ အန္ဒ႐ူး ေရာဘတ္ဆန္ကို ပရိသတ္ေတြက စိုးရိမ္ေနၾကၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ သူ႔အေနနဲ႔လည္း ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ စေကာ့တလန္သားကို အသုံးျပဳဖို႔အတြက္ ျဖစ္ႏိုင္လားဆိုတာ မသိရေသးဘဲ သူ႔ရဲ႕ ေျခက်င္းဝတ္ဒဏ္ရာက မျပင္းထန္ဖို႔အတြက္ ေမွ်ာ္လင့္သလို ဓါတ္မွန္႐ိုက္ၿပီးမွသာ အေျခအေနသိရမွာျဖစ္ေၾကာင္း ေျပာသြားခဲ့။

– စပိန္ႏိုင္ငံက မာကာသတင္းဌာနရဲ႕ အဆိုအရ လီယြန္နယ္ မက္ဆီရဲ႕ ပီအက္စ္ဂ်ီအသင္းဆီကို အေျပာင္းအေ႐ႊ႕က တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို ေရာင္းထုတ္ဖို႔ ျဖစ္လာေစႏိုင္ေၾကာင္း ေဖာ္ျပခဲ့ၿပီး ေနာက္ႏွစ္ေႏြမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ျပင္သစ္သားကို ‌ပါရီေျမကေန ေရာင္းထုတ္မယ္ဆိုတာနဲ႔ လီဗာပူးလ္အသင္းက ကမ္းလွမ္းဖို႔ အသင့္ရွိေနေၾကာင္းသိရ။

– ဒန္နီအင္းစ္ကို အက္စတန္ဗီလာအသင္းဆီ လက္လႊတ္ခဲ့ရတဲ့ ေဆာက္သမ္တန္အသင္းအေနနဲ႔ အသင္းရဲ႕ အကယ္ဒမီကစားသမားေဟာင္းျဖစ္တဲ့ လီဗာပူးလ္ ကြင္းလယ္လူ အဲလက္စ္ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္နဲ႔ မႏွစ္က အငွားနဲ႔လာေရာက္ကစားခဲ့တဲ့ တိုက္စစ္ကစားသမား တာကူမီ မီနာမီႏိုတို႔ကို အငွားနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း စိန႔္တို႔ရဲ႕ နည္းျပ ရာ့လ္ဖ္ ဟာဆန္ဟြတ္တယ္လ္က ဖြင့္ဟသြားခဲ့။

– ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းက လီဗာပူးလ္အသင္းအေနနဲ႔ ေပါင္သန္း ၆၀ နဲ႔ကမ္းလွမ္းခဲ့ဖူးတဲ့ အင္တာမီလန္အသင္းကြင္းလယ္လူ နီကိုလို ဘာရဲလားအေနနဲ႔ အသင္းေဖာ္ေတြျဖစ္ခဲ့တဲ့ အက္ရွ္ရက္ဖ္ ဟာကီမီနဲ႔ ႐ိုမီလူ လူကာကူးတို႔အျပင္ ‌တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္လည္း ထြက္ခြာဖို႔ ေသခ်ာသေလာက္ ရွိေနတာေၾကာင့္ အသင္းက ထြက္ခြာဖို႔ စဥ္းစားႏိုင္ၿပီး ႀကိဳးၾကာနီတို႔ဘက္က ထပ္မံကမ္းလွမ္းဖို႔ စီစဥ္ေန။

– ဖူလ္ဟမ္အသင္းကို ဒီႏွစ္ေႏြမွာ လီဗာပူးလ္အသင္းကေန ေပါင္ ၁၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ေတာင္ပံတိုက္စစ္ကစားသမား ဟာရီ ဝီလ္ဆန္က သူ႔အေနနဲ႔ လီဗာပူးလ္အသင္းမွာ လုံေလာက္တဲ့ ပြဲထြက္ခြင့္မရခဲ့တဲ့အျပင္ အသင္းနဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပဖို႔အတြက္ ရာသီဝက္ေတာင္ ကစားဖို႔ အခြင့္အေရး မရခဲ့ေၾကာင္း ညည္းတြားသြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ တစ္ခ်ိန္က ေခၚယူဖို႔အတြက္ ႀကိဳးစားခဲ့တဲ့ ရင္းေနးတိုက္စစ္မႉး ယယ္ရမီ ဒိုကူကို တစ္ေခါက္ျပန္ႀကိဳးစားဖို႔ စီစဥ္ေနၿပီး ႐ြာဇြန္ပါ့ခ္မွာ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းရွိေနတဲ့ ၁၉ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားအတြက္ ျပင္သစ္ကလပ္အေနနဲ႔ ေပါင္ ၃၈ သန္းဝန္းက်င္အထိ ရရွိမွသာ ေရာင္းထုတ္သြားမွာျဖစ္ေၾကာင္း သတင္းေတြထြက္လာ။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ လီဗာပူးလ္အသင္းတိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီကို ေခၚယူဖို႔အတြက္ ႀကိဳးၾကာနီတို႔နဲ႔ ေဆြးေႏြးသြားဖို႔ရွိေနတယ္လို႔ သိရၿပီး အန္ဖီးလ္သားေတြဘက္က မူလတုန္းက ၂၆ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားအတြက္ ေပါင္သန္း ၂၀ အလိုရွိတယ္ဆိုေပမယ့္ အခုအခါ ေပါင္ ၁၅ သန္းအထိ ေဈးခ်ေပးခဲ့ေၾကာင္း ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.