La Liga Premier League Transfer News

Mind Series က သနားစရာ ဘယ်လာရင်ကြောင့် ဂန်းနားတို့ လူသစ်အမြန်ခေါ်ရတော့မှာလား

ပြီးခဲ့တဲ့ ရာသီကြိုမှာ သာမန်နောက်ခံလူတစ်ယောက်ရဲ့ လုပ်ငန်းတာဝန်တွေကိုတောင် မကျေပွန်နိုင်ခဲ့ဘဲ အမှားတွေကနေ ဂိုးတွေ ပေးခဲ့ရသလို တိုက်စစ်လိုက်ပါချိန်တွေမှာလည်း ဖြတ်တင်ဘောတွေတောင် လွတ်အောင် မတင်နိုင်တဲ့ သနားစရာပုံစံနဲ့ ဟက်တာ ဘယ်လာရင်ဟာ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာရဲ့ အဓိက ခေါင်းခဲစရာ ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

လာမာစီယာကနေ ဟေးလ်အန့်ဒ်၊ ဒီကနေ လူမြင်ကွင်းကို ထိုးဖောက်ထွက်ပေါ်လာခဲ့ပြီး စီနီယာနောက်ခံလူ မက်သယူး ဒီဘူရှီကို လျှပ်စီးလက်သလိုမျိုး ခြေစွမ်းတွေနဲ့ ဖြုတ်ချခဲ့တဲ့ ကျောနံပါတ် ၃၉ ပိုင်ရှင်ဟာ တစ်ချိန်ချိန်မှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူဖြစ်မယ်လို့ ထင်ခဲ့ကြပေမယ့် လက်ရှိမှာတော့ အသင်းကြီးတွေက ဟင့်အင်းလို့ လက်ရှောင်ကြတဲ့သူမျိုးဖြစ်ခဲ့ပါတယ်။

ငယ်စဉ်က တိုက်စစ်မှာရော ခံစစ်မှာပါ မပြည့်စုံပေမယ့် မြန်နှုန်းမြင့် ကစားပုံနဲ့ လုပ်သမျှဖြစ်ခဲ့မှုတွေဟာ လေ့ကျင့်သား မပြည့်တဲ့ ပုံစံနဲ့ ကြံ့ခိုင်မှုကို ဆက်မထိန်းနိုင်ဘဲ တစ်စတစ်စ မြင့်တက်လာတဲ့ ဒဏ်ရာရနှုန်းတွေမှာ လွင့်ပါးသွားခဲ့ပြီး ကျောနံပါတ် ငယ်လာတာနဲ့အမျှ နံပါတ် ၂ ဝတ်ဆင်ထားတဲ့ ကစားပုံဟာ ကြားထဲက နံပါတ် ၂၄ ဝတ်ဆင်တုန်းကထက်လည်း ဆိုးရွားလာခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီက Foul Throw လက်ပစ်ဘောအမှားတွေနဲ့ နာမည်ကျော်ခဲ့သလို ပြီးခဲ့တဲ့ ဒီဇင်ဘာ ရာသီဝက်ကာလက ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံးမှာမှ ၁၆ ကြိမ် အမှားဖြစ်ချိန်မှာ သူက ၅ ကြိမ် တာဝန်ခံထားခဲ့လို့ ပရိသတ်တွေ စိတ်ပျက်ခဲ့ရတဲ့ ဘယ်လာရင်ကို လက်ရှိမှာတော့ အာဆင်နယ်ပရိသတ်တွေသာမက နည်းပြနဲ့ နည်းစနစ်ပိုင်း တာဝန်ရှိသူအားလုံးကပါ စိတ်ကုန်လာခဲ့ကြတာဖြစ်ပါတယ်။

ဒီအချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ သဘောတူညီမှု မရခဲ့တဲ့ မြို့ခံပြိုင်ဘက် စပါးစ်နောက်ခံလူဟောင်း ကီရန် ထရစ်ပီယာကို အက်သလက်တီကို မက်ဒရစ်အသင်းကနေ ခေါ်ယူလိုနေပြီး အင်္ဂလန်လက်ရွေးစင် ညာနောက်ခံလူအနေနဲ့ မိခင်မြေကို တစ်ဖန်ပြန်နင်းဖို့ စိတ်ကူးရှိနေသလို လာလီဂါမှာ ချန်ပီယံဖြစ်ခဲ့ပြီးပြီမို့ အပြောင်းအလဲလုပ်ဖို့ အချိန်ကောင်းကိုလည်း ပိုင်ဆိုင်ထားတာပါ။

မန်ယူနိုက်တက်ရဲ့ ပေါင်သန်း ၂၀ တန် ကမ်းလှမ်းမှုကို တီကိုဘက်က ပေါင် ၃၄ သန်းလို့ ပယ်ချခဲ့ပြီး နည်းပြ ဒီယေဂို ဆီမီယွန်နီကတော့ သူ့ကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောထားတဲ့ ထရစ်ပီယာကို အာဆင်နယ်တို့အနေနဲ့ ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ ခန့်မှန်းရသလို စိတ်မပါ လက်မပါ ပုံစံနဲ့ ကစားနေတဲ့ ဘယ်လာရင်နေရာကို တိုက်ရိုက်အစားထိုးသွားမှာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဘယ်လာရင်အပြင် တူရကီကလပ် ဂါလာတာစာရေးဘက်က အလိုရှိနေတဲ့ ပေါ်တူဂီလက်ရွေးစင် ညာနောက်ခံလူ ဆီးဒရစ် ဆွာရက်စ်ရဲ့ အနာဂတ်ကိုလည်း အဆုံးအဖြတ် ပေးရဖို့ ရှိနေပြီး ရောင်းချဖြစ်ခဲ့မယ်ဆိုရင်တော့ အမ်းမရိတ်ရဲ့ ညာနောက်ခံလူစာရင်းမှာ ထရစ်ပီယာကို ဦးစားပေးအဖြစ် ချိမ်းဘားစ်၊ မိတ်လန်းနိုင်းလ်စ်တို့နဲ့အတူ မြင်တွေ့ရဖွယ်ရှိနေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ရာသီႀကိဳမွာ သာမန္ေနာက္ခံလူတစ္ေယာက္ရဲ႕ လုပ္ငန္းတာဝန္ေတြကိုေတာင္ မေက်ပြန္ႏိုင္ခဲ့ဘဲ အမွားေတြကေန ဂိုးေတြ ေပးခဲ့ရသလို တိုက္စစ္လိုက္ပါခ်ိန္ေတြမွာလည္း ျဖတ္တင္ေဘာေတြေတာင္ လြတ္ေအာင္ မတင္ႏိုင္တဲ့ သနားစရာပုံစံနဲ႔ ဟက္တာ ဘယ္လာရင္ဟာ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာရဲ႕ အဓိက ေခါင္းခဲစရာ ျပႆနာတစ္ရပ္ ျဖစ္လာခဲ့ပါတယ္။

လာမာစီယာကေန ေဟးလ္အန႔္ဒ္၊ ဒီကေန လူျမင္ကြင္းကို ထိုးေဖာက္ထြက္ေပၚလာခဲ့ၿပီး စီနီယာေနာက္ခံလူ မက္သယူး ဒီဘူရွီကို လွ်ပ္စီးလက္သလိုမ်ိဳး ေျခစြမ္းေတြနဲ႔ ျဖဳတ္ခ်ခဲ့တဲ့ ေက်ာနံပါတ္ ၃၉ ပိုင္ရွင္ဟာ တစ္ခ်ိန္ခ်ိန္မွာ ကမာၻ႔အေကာင္းဆုံးေနာက္ခံလူျဖစ္မယ္လို႔ ထင္ခဲ့ၾကေပမယ့္ လက္ရွိမွာေတာ့ အသင္းႀကီးေတြက ဟင့္အင္းလို႔ လက္ေရွာင္ၾကတဲ့သူမ်ိဳးျဖစ္ခဲ့ပါတယ္။

ငယ္စဥ္က တိုက္စစ္မွာေရာ ခံစစ္မွာပါ မျပည့္စုံေပမယ့္ ျမန္ႏႈန္းျမင့္ ကစားပုံနဲ႔ လုပ္သမွ်ျဖစ္ခဲ့မႈေတြဟာ ေလ့က်င့္သား မျပည့္တဲ့ ပုံစံနဲ႔ ႀကံ့ခိုင္မႈကို ဆက္မထိန္းႏိုင္ဘဲ တစ္စတစ္စ ျမင့္တက္လာတဲ့ ဒဏ္ရာရႏႈန္းေတြမွာ လြင့္ပါးသြားခဲ့ၿပီး ေက်ာနံပါတ္ ငယ္လာတာနဲ႔အမွ် နံပါတ္ ၂ ဝတ္ဆင္ထားတဲ့ ကစားပုံဟာ ၾကားထဲက နံပါတ္ ၂၄ ဝတ္ဆင္တုန္းကထက္လည္း ဆိုး႐ြားလာခဲ့တာပါ။

ၿပီးခဲ့တဲ့ ရာသီက Foul Throw လက္ပစ္ေဘာအမွားေတြနဲ႔ နာမည္ေက်ာ္ခဲ့သလို ၿပီးခဲ့တဲ့ ဒီဇင္ဘာ ရာသီဝက္ကာလက ပရီးမီးယားလိဂ္ၿပိဳင္ပြဲတစ္ခုလုံးမွာမွ ၁၆ ႀကိမ္ အမွားျဖစ္ခ်ိန္မွာ သူက ၅ ႀကိမ္ တာဝန္ခံထားခဲ့လို႔ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရတဲ့ ဘယ္လာရင္ကို လက္ရွိမွာေတာ့ အာဆင္နယ္ပရိသတ္ေတြသာမက နည္းျပနဲ႔ နည္းစနစ္ပိုင္း တာဝန္ရွိသူအားလုံးကပါ စိတ္ကုန္လာခဲ့ၾကတာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ သေဘာတူညီမႈ မရခဲ့တဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္ေနာက္ခံလူေဟာင္း ကီရန္ ထရစ္ပီယာကို အက္သလက္တီကို မက္ဒရစ္အသင္းကေန ေခၚယူလိုေနၿပီး အဂၤလန္လက္ေ႐ြးစင္ ညာေနာက္ခံလူအေနနဲ႔ မိခင္ေျမကို တစ္ဖန္ျပန္နင္းဖို႔ စိတ္ကူးရွိေနသလို လာလီဂါမွာ ခ်န္ပီယံျဖစ္ခဲ့ၿပီးၿပီမို႔ အေျပာင္းအလဲလုပ္ဖို႔ အခ်ိန္ေကာင္းကိုလည္း ပိုင္ဆိုင္ထားတာပါ။

မန္ယူႏိုက္တက္ရဲ႕ ေပါင္သန္း ၂၀ တန္ ကမ္းလွမ္းမႈကို တီကိုဘက္က ေပါင္ ၃၄ သန္းလို႔ ပယ္ခ်ခဲ့ၿပီး နည္းျပ ဒီေယဂို ဆီမီယြန္နီကေတာ့ သူ႔ကို အသင္းမွာ ဆက္ရွိေစခ်င္တယ္လို႔ ေျပာထားတဲ့ ထရစ္ပီယာကို အာဆင္နယ္တို႔အေနနဲ႔ ေပါင္ ၂၅ သန္းဝန္းက်င္နဲ႔ ေခၚယူႏိုင္မယ္လို႔ ခန႔္မွန္းရသလို စိတ္မပါ လက္မပါ ပုံစံနဲ႔ ကစားေနတဲ့ ဘယ္လာရင္ေနရာကို တိုက္႐ိုက္အစားထိုးသြားမွာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ဘယ္လာရင္အျပင္ တူရကီကလပ္ ဂါလာတာစာေရးဘက္က အလိုရွိေနတဲ့ ေပၚတူဂီလက္ေ႐ြးစင္ ညာေနာက္ခံလူ ဆီးဒရစ္ ဆြာရက္စ္ရဲ႕ အနာဂတ္ကိုလည္း အဆုံးအျဖတ္ ေပးရဖို႔ ရွိေနၿပီး ေရာင္းခ်ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ အမ္းမရိတ္ရဲ႕ ညာေနာက္ခံလူစာရင္းမွာ ထရစ္ပီယာကို ဦးစားေပးအျဖစ္ ခ်ိမ္းဘားစ္၊ မိတ္လန္းႏိုင္းလ္စ္တို႔နဲ႔အတူ ျမင္ေတြ႕ရဖြယ္ရွိေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.