Premier League

ရော်နယ်လ်ဒိုနဲ့ မက်ဆီပြီးရင် သူ့အသင်းဖော်က အကောင်းဆုံးလို့ ပြောလိုက်တဲ့ ဂရီးလစ်ရှ်

မန်စီးတီးအသင်းကို စံချိန်တင်‌ပြောင်းရွှေ့ကြေးနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအနည်းငယ်ကမှ ပြောင်းရွှေ့လာခဲ့တဲ့ ဂျက်ခ် ဂရီးလစ်ရှ်က ဂျုဗင်တပ်စ်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဘယ်လွန်ဒေါဆု ၆ ကြိမ်ရရှိထားခဲ့တဲ့ လီယွန်နယ် မက်ဆီတို့ပြီးရင် မန်ချက်စတာစီးတီးအသင်းဖော် ကီဗင် ဒီဘရိုင်းနားဟာ တတိယ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားလို့ ယုံကြည်နေတာဖြစ်ပါတယ်။

ယူရို ၂၀၂၀ မှာ အင်္ဂလန်အသင်းရဲ့ အကျော်ကြားဆုံးကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ အက်စတန်ဗီလာအသင်းကနေ မန်စီးတီးအသင်းကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး*ဖြစ်တဲ့ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်သလို သူ့ရဲ့ ပထမဆုံးပွဲဦးထွက်အဖြစ် ပြီးခဲ့တဲ့ စနေနေ့ညက လက်စတာစီးတီးကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ လူစားဝင်ကစားသမားအနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။ (*ဝယ်ယူမှု၊ အရောင်းဘက်မှာဆိုရင်တော့ လီဗာပူးလ်ရဲ့ ဖလိပီ ကော်တင်ညိုကို ပေါင် ၁၀၅ သန်းနဲ့ ဘာစီလိုနာဆီ ရောင်းချထားခဲ့။)

မန်စီးတီးကစားသမားသစ်အဖြစ် ပထမဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂရီးလစ်ရှ်က “ကျွန်တော် ကီဗင် ဒီဘရိုင်းနား ကောင်းတဲ့အကြောင်းကို မကြာခဏပြောခဲ့ဖူးတယ်။ ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပဲ။ ရော်နယ်လ်ဒိုနဲ့ မက်ဆီပြီးရင် သူက အကောင်း‌ဆုံးပါ။ သူ့အနေနဲ့ ဘောလုံးသမားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းအကုန်လုံးကို ပိုင်ဆိုင်ထားတယ်လို့တောင် ထင်တယ်”လို့ အသင်းဖော်သစ်အကြောင်းကို အစချီပြီး ပြောသွားခဲ့ပါတယ်။

သူက လာမယ့်ဘောလုံးရာသီမှာ ကီဗင် ဒီဘရိုင်းနား၊ ဖီးလ် ဖိုဒန်၊ ရာဟင်းမ် စတာလင်၊ ရီယက် မာရက်ဇ်နဲ့ အစ်လ်ကေ ဂွန်ဒိုဝမ်တို့နဲ့အတူ ကွင်းလယ်မှာ အတူတွဲကစားရမယ့် အသင်းဖော်ဖြစ်လာခဲ့ချိန်မှာ ရော်နယ်လ်ဒိုနဲ့ မက်ဆီပြီးရင် အကောင်းဆုံးကစားသမားလို့ သူ့အနေနဲ့ မကြာခဏထုတ်ပြောလေ့ရှိတဲ့ အသင်း‌ဖော်သစ်အကြောင်းကို အခုလိုလည်း သုံးသပ်သွားပါသေးတယ်။

“လူတွေက သူဘယ်လောက်မြန်တယ်ဆိုတာကို လုံလုံလောက်လောက် အသိအမှတ်မပြုဘူးလို့ပဲ ထင်တာပဲ။ သူက နောက်ခံလူတွေကိုလည်း ဘောလုံးနဲ့ ဖြတ်ကျော်ပြီး ပေးပို့တယ်။ သူ့အတွက်‌တော့ ပုံမှန်ပါပဲ။ သူ့ရဲ့ နောက်ဆုံးပေးပို့မှုတွေနဲ့ ကန်ချက်တွေက သိသိသာသာကို မယုံနိုင်စရာကောင်းလွန်းနေတာ”လို့ ပြောသွားခဲ့ပါတယ်။

“ကျွန်တော် ဗီလာမှာတုန်းက တစ်ရာသီလုံး ဂိုးဖန်တီးမှု ၆ ကြိမ်ပဲရှိခဲ့တဲ့အချိန်မှာ မန်နေဂျာနဲ့အတူ ထိုင်ပြီးတော့ သူကစားတဲ့ ဗီဒီယိုအတိုလေးတွေ ကြည့်ခဲ့ပြီး ပြောဖြစ်ခဲ့တာက ကျွန်တော်ဒါ မျိုးလုပ်ချင်တာ ဆိုတာပဲ။ ကျွန်တော့်ရဲ့ ‌နောက်ဆုံးပေးပို့မှုကို သူ့လိုမျိုးဖြစ်နေချင်ခဲ့လို့ ကြိုးစားလေ့ကျင့်ခဲ့တယ်”လို့ အားကျရကြောင်း ဆိုခဲ့တာပါ။

နောက်ဆုံးအနေနဲ့ သူက “ကျွန်တော် သူနဲ့ တစ်သင်းတည်း တစ်ခါမှ မကစားခဲ့ဖူးပေမယ့် အကြိမ်အနည်းငယ်တော့ သူနဲ့ ပြိုင်ဘက်အသင်းသားအဖြစ် ရင်ဆိုင်ဖူးပြီး သူ့ဂျာစီကို ရခဲ့တယ်။ လက်ရှိမှာတော့ သူနဲ့ ကျွန်တော် တစ်သင်းတည်းမှာ အတူတွဲကစားဖို့ မစောင့်နိုင်တော့ပါဘူး”လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: <

မန္စီးတီးအသင္းကို စံခ်ိန္တင္‌ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းအနည္းငယ္ကမွ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဂ်က္ခ္ ဂရီးလစ္ရွ္က ဂ်ဳဗင္တပ္စ္ၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ဘယ္လြန္ေဒါဆု ၆ ႀကိမ္ရရွိထားခဲ့တဲ့ လီယြန္နယ္ မက္ဆီတို႔ၿပီးရင္ မန္ခ်က္စတာစီးတီးအသင္းေဖာ္ ကီဗင္ ဒီဘ႐ိုင္းနားဟာ တတိယ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ယူ႐ို ၂၀၂၀ မွာ အဂၤလန္အသင္းရဲ႕ အေက်ာ္ၾကားဆုံးကစားသမားေတြထဲမွာ အပါအဝင္ျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကမွ အက္စတန္ဗီလာအသင္းကေန မန္စီးတီးအသင္းကို ၿဗိတိန္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး*ျဖစ္တဲ့ ေပါင္သန္း ၁၀၀ နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္သလို သူ႔ရဲ႕ ပထမဆုံးပြဲဦးထြက္အျဖစ္ ၿပီးခဲ့တဲ့ စေနေန႔ညက လက္စတာစီးတီးကို တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲမွာ လူစားဝင္ကစားသမားအေနနဲ႔ ပါဝင္ခြင့္ရခဲ့ပါတယ္။ (*ဝယ္ယူမႈ၊ အေရာင္းဘက္မွာဆိုရင္ေတာ့ လီဗာပူးလ္ရဲ႕ ဖလိပီ ေကာ္တင္ညိဳကို ေပါင္ ၁၀၅ သန္းနဲ႔ ဘာစီလိုနာဆီ ေရာင္းခ်ထားခဲ့။)

မန္စီးတီးကစားသမားသစ္အျဖစ္ ပထမဆုံးျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဂရီးလစ္ရွ္က “ကြၽန္ေတာ္ ကီဗင္ ဒီဘ႐ိုင္းနား ေကာင္းတဲ့အေၾကာင္းကို မၾကာခဏေျပာခဲ့ဖူးတယ္။ ကြၽန္ေတာ္ အၿမဲတမ္းေျပာခဲ့သလိုပဲ။ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီၿပီးရင္ သူက အေကာင္း‌ဆုံးပါ။ သူ႔အေနနဲ႔ ေဘာလုံးသမားတစ္ေယာက္မွာ ရွိသင့္တဲ့ အရည္အခ်င္းအကုန္လုံးကို ပိုင္ဆိုင္ထားတယ္လို႔ေတာင္ ထင္တယ္”လို႔ အသင္းေဖာ္သစ္အေၾကာင္းကို အစခ်ီၿပီး ေျပာသြားခဲ့ပါတယ္။

သူက လာမယ့္ေဘာလုံးရာသီမွာ ကီဗင္ ဒီဘ႐ိုင္းနား၊ ဖီးလ္ ဖိုဒန္၊ ရာဟင္းမ္ စတာလင္၊ ရီယက္ မာရက္ဇ္နဲ႔ အစ္လ္ေက ဂြန္ဒိုဝမ္တို႔နဲ႔အတူ ကြင္းလယ္မွာ အတူတြဲကစားရမယ့္ အသင္းေဖာ္ျဖစ္လာခဲ့ခ်ိန္မွာ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီၿပီးရင္ အေကာင္းဆုံးကစားသမားလို႔ သူ႔အေနနဲ႔ မၾကာခဏထုတ္ေျပာေလ့ရွိတဲ့ အသင္း‌ေဖာ္သစ္အေၾကာင္းကို အခုလိုလည္း သုံးသပ္သြားပါေသးတယ္။

“လူေတြက သူဘယ္ေလာက္ျမန္တယ္ဆိုတာကို လုံလုံေလာက္ေလာက္ အသိအမွတ္မျပဳဘူးလို႔ပဲ ထင္တာပဲ။ သူက ေနာက္ခံလူေတြကိုလည္း ေဘာလုံးနဲ႔ ျဖတ္ေက်ာ္ၿပီး ေပးပို႔တယ္။ သူ႔အတြက္‌ေတာ့ ပုံမွန္ပါပဲ။ သူ႔ရဲ႕ ေနာက္ဆုံးေပးပို႔မႈေတြနဲ႔ ကန္ခ်က္ေတြက သိသိသာသာကို မယုံႏိုင္စရာေကာင္းလြန္းေနတာ”လို႔ ေျပာသြားခဲ့ပါတယ္။

“ကြၽန္ေတာ္ ဗီလာမွာတုန္းက တစ္ရာသီလုံး ဂိုးဖန္တီးမႈ ၆ ႀကိမ္ပဲရွိခဲ့တဲ့အခ်ိန္မွာ မန္ေနဂ်ာနဲ႔အတူ ထိုင္ၿပီးေတာ့ သူကစားတဲ့ ဗီဒီယိုအတိုေလးေတြ ၾကည့္ခဲ့ၿပီး ေျပာျဖစ္ခဲ့တာက ကြၽန္ေတာ္ဒါ မ်ိဳးလုပ္ခ်င္တာ ဆိုတာပဲ။ ကြၽန္ေတာ့္ရဲ႕ ‌ေနာက္ဆုံးေပးပို႔မႈကို သူ႔လိုမ်ိဳးျဖစ္ေနခ်င္ခဲ့လို႔ ႀကိဳးစားေလ့က်င့္ခဲ့တယ္”လို႔ အားက်ရေၾကာင္း ဆိုခဲ့တာပါ။

ေနာက္ဆုံးအေနနဲ႔ သူက “ကြၽန္ေတာ္ သူနဲ႔ တစ္သင္းတည္း တစ္ခါမွ မကစားခဲ့ဖူးေပမယ့္ အႀကိမ္အနည္းငယ္ေတာ့ သူနဲ႔ ၿပိဳင္ဘက္အသင္းသားအျဖစ္ ရင္ဆိုင္ဖူးၿပီး သူ႔ဂ်ာစီကို ရခဲ့တယ္။ လက္ရွိမွာေတာ့ သူနဲ႔ ကြၽန္ေတာ္ တစ္သင္းတည္းမွာ အတူတြဲကစားဖို႔ မေစာင့္ႏိုင္ေတာ့ပါဘူး”လို႔ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.