La Liga Match Report Serie A

မက်ဆီမရှိတော့တဲ့ ဘာစီလိုနာက ရော်နယ်လ်ဒိုရဲ့ ဂျူဗီကို အနိုင်ယူခဲ့တဲ့ ဂျိုအန်ဂမ်ပါဖလား

မက်ဆီ မရှိတော့တဲ့ ဘာစီလိုနာအသင်းရဲ့ ပထမဆုံးပွဲစဉ်ကို ဘောလုံးပရိသတ်တွေ သတိထားစောင့်ကြည့်ခဲ့ကြပြီး ပွဲမစခင် ကွင်းထဲမှာ ဟိုကြည့် ဒီကြည့်လုပ်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ရဲ့ ပြိုင်ဘက် GOAT ကို ရှာနေခဲ့တာလားလို့ အားလုံးထင်ချင်စရာဖြစ်နေခဲ့သလို ကာတာလန်ကလပ်ရဲ့ ဥက္ကဋ္ဌဟောင်း ဂျိုအန် ဂမ်ပါအမှတ်တရ ကျင်းပတဲ့ နူးကမ့်ဖလားဟာ အနည်းနဲ့အများ ဆားပေါ့နေခဲ့တာဖြစ်ပါတယ်။

လီဗန်တေးအင်္ကျီလား ထင်ရတဲ့ ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး ကျောနံပါတ် ၉ တိုက်စစ်မှူးသစ် ဒီပိုင်း ဦးဆောင်လာခဲ့တဲ့ ဘာစီလိုနာရှေ့တန်းမှာ မတန်မရာနံပါတ်ကို ယူဝတ်တဲ့ ဘရိတ်သ်ဝိတ်ကတော့ ၁၂ ကို ပြန်ပြောင်းခဲ့ရသလို ဂရစ်ဇ်မန်းကတော့ အဓိက ကစားသမားအဖြစ် မက်ဆီရဲ့ နေရာမှာ ပွဲထွက်လာခဲ့ပြီး အဂွေရိုကလွဲရင် လူစုံနီးပါး ပါဝင်လာခဲ့ပါတယ်။

ပွဲချိန် ၃ မိနစ်မှာပဲ အိမ်ရှင်ကာတာလန်သားတွေ အဖွင့်ဂိုးရရှိခဲ့ပြီး ကွင်းလယ်က ထိုးပေးလိုက်တဲ့ ဘောလုံးကို ရက်ပစ် ဗီယင်နာကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဩစတြီးယားလက်ရွေးစင် ယူဆွတ်ဖ် ဒီမီယာက အကွက်မြင်တဲ့ ဖန်တီးမှုနဲ့ ပေးပို့ခဲ့ရာမှာ ဂျူဗီခံစစ်ကို ပညာကောင်းကောင်းပြသွားတဲ့ ဒီပိုင်းက ဂိုးသမား ရှချက်စနီနဲ့အတွေ့မှာ ဘယ်ခြေနဲ့ လှလှပပ အဆုံးသတ်ပြသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ကစားပုံမှာတော့ တီကီတာကာဟာ တဖြည်းဖြည်းနဲ့ ပျောက်ဆုံးလာတာကို တွေ့ရပြီး နည်းပြ ကိုးမန်းရဲ့ ကစားပုံတွေက ပိုပြီး ဂိုးရှေ့ကို တိုက်ရိုက်သွားချင်တဲ့ ပုံစံကို တွေ့နေရသလို မက်ဆီအလွန်မှာ ဒါဟာ ကျဆုံးမှုအဖြစ်ပဲ ရှုမြင်ရမှာဖြစ်ပြီး ပွဲချိန် ၁၄ မိနစ်မှာတော့ ရော်နယ်လ်ဒိုရဲ့ ကန်ချက်ပြင်းပြင်းကို ဂိုးသမား နီတိုက ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ ဒီမီယာက ရှချက်စနီရဲ့ ပုတ်ထုတ်မှုကနေ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဘောလုံးကို စတင်ခဲ့တဲ့ ဂရစ်ဇ်မန်းက လူကျွံနေတာမို့လို့ ပယ်ဖျက်ခံခဲ့ရသလို တူရကီနွယ်ဖွား ဩစတြီးယားလူငယ် ၁၈ နှစ်သားလေးကတော့ ဘာစီလိုနာရဲ့ ဘယ်တောင်ပံမှာ တော်တော်လေး မြင့်မားတဲ့ ယုံကြည်မှုမျိုးနဲ့ ခြေစွမ်းပြနေခဲ့တာကို တွေ့ရပါတယ်။

ဘာစီလိုနာတို့ ပွဲချိန် ၃၇ မိနစ်မှာ ဂရစ်ဇ်မန်းရဲ့ သွင်းဂိုးကိုလည်း လူကျွံဘောအဖြစ် မှားယွင်းပယ်ဖျက်ခံခဲ့ရပြီး ဒီဖြစ်ရပ်မှာ ဘရိတ်သ်ဝိတ်ဟာ တိကျတဲ့ ဖောက်ထွက်မှုနဲ့ ဂျူဗင်တပ်စ် လူကျွံထောင်ချောက်ကို ဖြတ်ကျော်ခဲ့တာဖြစ်လို့ နစ်နာခဲ့ရသလို ဧည့်သည် အိုးလ်လေဒီတွေကတော့ ရော်နယ်လ်ဒို လိုချင်တဲ့ ပုံစံမျိုး ဖန်တီးမပေးနိုင်ခဲ့ဘဲ မိုရာတာ ဒိုင်ခံဖြုန်းဖို့ပဲ ဖြစ်နေခဲ့တာကြောင့် ပထမပိုင်းက တစ်ဂိုး-ဂိုးမရှိပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ရီးရဲလ်မက်ဒရစ်ဂျင်းလို့ လှောင်ပြောင်ခံရတဲ့ မိုရာတာအနေနဲ့ လွဲချော်မှုတွေကို ပြသဆဲဖြစ်ပြီး လူစားဝင်လာတဲ့ ခီယေဆာကတော့ ခြေစွမ်းပြနိုင်ခဲ့တာကို တွေ့ရသလို အာဆင်နယ်က အလိုရှိနေတဲ့ နီတိုကတော့ လက်စွမ်းပြ ကာကွယ်မှုတွေကို တောက်လျှောက် ပြုလုပ်နေခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ ဒီပိုင်းကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ကာကွယ်ပုံ ပေါ့လျော့ခဲ့တဲ့ ဒီလစ်ချ်နဲ့ ပယ်လီဂရီနီတို့ကြားကနေ ဘရိတ်သ်ဝိတ်က ပြေးဝင်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဘာစီလိုနာတို့ ဒုတိယဂိုး ထပ်ရခဲ့သလို ဒီနောက်ပိုင်းမှာတော့ ဂျူဗင်တပ်စ်တို့ တစ်သင်းလုံးကို လူစားလဲကစားသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာအတွက် အခွင့်အရေးတွေကို ဒီပိုင်းနဲ့ ဂရစ်ဇ်မန်းတို့ ဖြုန်းတီးသွားခဲ့ကြပြီး ပွဲချိန် ၉၂ မိနစ်မှာတော့ အီမာဆန် ရွိုင်ယယ်လ် ပေးတဲ့ ဘောလုံးကို ရီကီ ပုဂျ်က တစ်ပတ်လှည့်ထွက်ပြီး ကန်သွင်းခဲ့ရာမှာ နောက်တန်းတွေရဲ့ မြင်ကွင်းပိတ်ဆို့နေတာကြောင့် လူစားဝင်လာတဲ့ ဂိုးသမား ပါရင် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရလို့ သုံးဂိုး-ဂိုးမရှိနဲ့ ပွဲသိမ်းခဲ့ပါတယ်။

ရာသီကြို ဂျိုအန် ဂမ်ပါဖလားကို ဘာစီလိုနာတို့ ၂၀၂၁ ခုနှစ်မှာလည်း ရယူပြီး ၉ နှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့သလို အိမ်ရှင်အဖြစ် ၄၄ ကြိမ်မြောက် သိမ်းပိုက်သွားနိုင်ခဲ့ပေမယ့် လီဗန်တေးအင်္ကျီအရောင်ဒီဇိုင်းနဲ့ မက်ဆီ မပါဝင်တော့တဲ့ အသင်းကို ကြည့်ရတာတော့ အားမရစရာဖြစ်ခဲ့ပြီး ကာတာလန် ကလပ်ရဲ့ တစ်ခေတ်ဆန်းချိန်မှာ ဒီပိုင်းနဲ့ နည်းပြ ကိုးမန်းတို့ အောင်မြင်မှု လမ်းစအဖြစ် ရှေ့ဆက်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မက္ဆီ မရွိေတာ့တဲ့ ဘာစီလိုနာအသင္းရဲ႕ ပထမဆုံးပြဲစဥ္ကို ေဘာလုံးပရိသတ္ေတြ သတိထားေစာင့္ၾကည့္ခဲ့ၾကၿပီး ပြဲမစခင္ ကြင္းထဲမွာ ဟိုၾကည့္ ဒီၾကည့္လုပ္ေနတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ သူ႔ရဲ႕ ၿပိဳင္ဘက္ GOAT ကို ရွာေနခဲ့တာလားလို႔ အားလုံးထင္ခ်င္စရာျဖစ္ေနခဲ့သလို ကာတာလန္ကလပ္ရဲ႕ ဥကၠ႒ေဟာင္း ဂ်ိဳအန္ ဂမ္ပါအမွတ္တရ က်င္းပတဲ့ ႏူးကမ့္ဖလားဟာ အနည္းနဲ႔အမ်ား ဆားေပါ့ေနခဲ့တာျဖစ္ပါတယ္။

လီဗန္ေတးအက်ႌလား ထင္ရတဲ့ ဝတ္စုံကို ဝတ္ဆင္ခဲ့ၿပီး ေက်ာနံပါတ္ ၉ တိုက္စစ္မႉးသစ္ ဒီပိုင္း ဦးေဆာင္လာခဲ့တဲ့ ဘာစီလိုနာေရွ႕တန္းမွာ မတန္မရာနံပါတ္ကို ယူဝတ္တဲ့ ဘရိတ္သ္ဝိတ္ကေတာ့ ၁၂ ကို ျပန္ေျပာင္းခဲ့ရသလို ဂရစ္ဇ္မန္းကေတာ့ အဓိက ကစားသမားအျဖစ္ မက္ဆီရဲ႕ ေနရာမွာ ပြဲထြက္လာခဲ့ၿပီး အေဂြ႐ိုကလြဲရင္ လူစုံနီးပါး ပါဝင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၃ မိနစ္မွာပဲ အိမ္ရွင္ကာတာလန္သားေတြ အဖြင့္ဂိုးရရွိခဲ့ၿပီး ကြင္းလယ္က ထိုးေပးလိုက္တဲ့ ေဘာလုံးကို ရက္ပစ္ ဗီယင္နာကေန အငွားနဲ႔ ေခၚယူထားခဲ့တဲ့ ဩစႀတီးယားလက္ေ႐ြးစင္ ယူဆြတ္ဖ္ ဒီမီယာက အကြက္ျမင္တဲ့ ဖန္တီးမႈနဲ႔ ေပးပို႔ခဲ့ရာမွာ ဂ်ဴဗီခံစစ္ကို ပညာေကာင္းေကာင္းျပသြားတဲ့ ဒီပိုင္းက ဂိုးသမား ရွခ်က္စနီနဲ႔အေတြ႕မွာ ဘယ္ေျခနဲ႔ လွလွပပ အဆုံးသတ္ျပသြားခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာရဲ႕ ကစားပုံမွာေတာ့ တီကီတာကာဟာ တျဖည္းျဖည္းနဲ႔ ေပ်ာက္ဆုံးလာတာကို ေတြ႕ရၿပီး နည္းျပ ကိုးမန္းရဲ႕ ကစားပုံေတြက ပိုၿပီး ဂိုးေရွ႕ကို တိုက္႐ိုက္သြားခ်င္တဲ့ ပုံစံကို ေတြ႕ေနရသလို မက္ဆီအလြန္မွာ ဒါဟာ က်ဆုံးမႈအျဖစ္ပဲ ရႈျမင္ရမွာျဖစ္ၿပီး ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ ေရာ္နယ္လ္ဒိုရဲ႕ ကန္ခ်က္ျပင္းျပင္းကို ဂိုးသမား နီတိုက ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဒီမီယာက ရွခ်က္စနီရဲ႕ ပုတ္ထုတ္မႈကေန ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ေဘာလုံးကို စတင္ခဲ့တဲ့ ဂရစ္ဇ္မန္းက လူကြၽံေနတာမို႔လို႔ ပယ္ဖ်က္ခံခဲ့ရသလို တူရကီႏြယ္ဖြား ဩစႀတီးယားလူငယ္ ၁၈ ႏွစ္သားေလးကေတာ့ ဘာစီလိုနာရဲ႕ ဘယ္ေတာင္ပံမွာ ေတာ္ေတာ္ေလး ျမင့္မားတဲ့ ယုံၾကည္မႈမ်ိဳးနဲ႔ ေျခစြမ္းျပေနခဲ့တာကို ေတြ႕ရပါတယ္။

ဘာစီလိုနာတို႔ ပြဲခ်ိန္ ၃၇ မိနစ္မွာ ဂရစ္ဇ္မန္းရဲ႕ သြင္းဂိုးကိုလည္း လူကြၽံေဘာအျဖစ္ မွားယြင္းပယ္ဖ်က္ခံခဲ့ရၿပီး ဒီျဖစ္ရပ္မွာ ဘရိတ္သ္ဝိတ္ဟာ တိက်တဲ့ ေဖာက္ထြက္မႈနဲ႔ ဂ်ဴဗင္တပ္စ္ လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ခဲ့တာျဖစ္လို႔ နစ္နာခဲ့ရသလို ဧည့္သည္ အိုးလ္ေလဒီေတြကေတာ့ ေရာ္နယ္လ္ဒို လိုခ်င္တဲ့ ပုံစံမ်ိဳး ဖန္တီးမေပးႏိုင္ခဲ့ဘဲ မိုရာတာ ဒိုင္ခံျဖဳန္းဖို႔ပဲ ျဖစ္ေနခဲ့တာေၾကာင့္ ပထမပိုင္းက တစ္ဂိုး-ဂိုးမရွိပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ရီးရဲလ္မက္ဒရစ္ဂ်င္းလို႔ ေလွာင္ေျပာင္ခံရတဲ့ မိုရာတာအေနနဲ႔ လြဲေခ်ာ္မႈေတြကို ျပသဆဲျဖစ္ၿပီး လူစားဝင္လာတဲ့ ခီေယဆာကေတာ့ ေျခစြမ္းျပႏိုင္ခဲ့တာကို ေတြ႕ရသလို အာဆင္နယ္က အလိုရွိေနတဲ့ နီတိုကေတာ့ လက္စြမ္းျပ ကာကြယ္မႈေတြကို ေတာက္ေလွ်ာက္ ျပဳလုပ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ဒီပိုင္းကန္တင္ေပးတဲ့ ေထာင့္ကန္ေဘာကို ကာကြယ္ပုံ ေပါ့ေလ်ာ့ခဲ့တဲ့ ဒီလစ္ခ်္နဲ႔ ပယ္လီဂရီနီတို႔ၾကားကေန ဘရိတ္သ္ဝိတ္က ေျပးဝင္ၿပီး ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ဘာစီလိုနာတို႔ ဒုတိယဂိုး ထပ္ရခဲ့သလို ဒီေနာက္ပိုင္းမွာေတာ့ ဂ်ဴဗင္တပ္စ္တို႔ တစ္သင္းလုံးကို လူစားလဲကစားသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဘာစီလိုနာအတြက္ အခြင့္အေရးေတြကို ဒီပိုင္းနဲ႔ ဂရစ္ဇ္မန္းတို႔ ျဖဳန္းတီးသြားခဲ့ၾကၿပီး ပြဲခ်ိန္ ၉၂ မိနစ္မွာေတာ့ အီမာဆန္ ႐ြိဳင္ယယ္လ္ ေပးတဲ့ ေဘာလုံးကို ရီကီ ပုဂ်္က တစ္ပတ္လွည့္ထြက္ၿပီး ကန္သြင္းခဲ့ရာမွာ ေနာက္တန္းေတြရဲ႕ ျမင္ကြင္းပိတ္ဆို႔ေနတာေၾကာင့္ လူစားဝင္လာတဲ့ ဂိုးသမား ပါရင္ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရလို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ပြဲသိမ္းခဲ့ပါတယ္။

ရာသီႀကိဳ ဂ်ိဳအန္ ဂမ္ပါဖလားကို ဘာစီလိုနာတို႔ ၂၀၂၁ ခုႏွစ္မွာလည္း ရယူၿပီး ၉ ႏွစ္ဆက္တိုက္ ဗိုလ္စြဲႏိုင္ခဲ့သလို အိမ္ရွင္အျဖစ္ ၄၄ ႀကိမ္ေျမာက္ သိမ္းပိုက္သြားႏိုင္ခဲ့ေပမယ့္ လီဗန္ေတးအက်ႌအေရာင္ဒီဇိုင္းနဲ႔ မက္ဆီ မပါဝင္ေတာ့တဲ့ အသင္းကို ၾကည့္ရတာေတာ့ အားမရစရာျဖစ္ခဲ့ၿပီး ကာတာလန္ ကလပ္ရဲ႕ တစ္ေခတ္ဆန္းခ်ိန္မွာ ဒီပိုင္းနဲ႔ နည္းျပ ကိုးမန္းတို႔ ေအာင္ျမင္မႈ လမ္းစအျဖစ္ ေရွ႕ဆက္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.