Analysis Premier League

ဆွန် နှိပ်စက်တာ ခံလိုက်ရတဲ့ ဂန်းနားတွေနဲ့ စပါးစ် 1-0 အာဆင်နယ်ပွဲအပြီး ပြောစရာ 7 ချက်

ကြိုဆိုခံခဲ့ရတဲ့ ဆာကာ
ပရီးမီးယားလိဂ်သမိုင်းမှာ စပါးစ်ပရိသတ်တွေက ဂုဏ်ပြုရတဲ့ အာဆင်နယ်ကစားသမားဆိုတာ များများစားစားမရှိပေမယ့် ဘူကာယို ဆာကာကိုတော့ ပွဲချိန်မိနစ် ၆၀ ကျော်မှာ လူစားလဲဝင်ရောက်ခဲ့အပြီးမှာ သူ့ကို နှစ်ဖက်အသင်းပရိသတ်တွေက ကြိုဆိုကြောင်း ပြသခဲ့ကြတာပါ။ ဟေးလ်အန့်ဒ်အကယ်ဒမီထွက် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီမှာ ဂန်းနားတွေအတွက် ခြေစွမ်းပြနိုင်ခဲ့လို့ ချီးကျူးမှုတွေ ရရှိခဲ့ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း ယူရိုပြိုင်ပွဲဆီ ခေါ်ဆောင်သွားခဲ့သူ ဖြစ်ပါတယ်။

ခြေစွမ်းထပ်ပြနိုင်လို့ သူ့ကို အထိုက်အလျောက် နေရာပေးခဲ့ပြီး သူ့အနေနဲ့ ပွဲထွက်ကစားသမား ၁၁ ယောက်ထဲမှာ အရွေးခံရတာ များခဲ့ပေမယ့် ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာတော့ အဆုံးအဖြတ် ပင်နယ်တီကို လွဲချော်ခဲ့ပါတယ်။ ဒီအဖြစ်အတွက် အွန်လိုင်း‌ပေါ်က လူမျိုးရေးခွဲခြားမှု ထိုးနှက်ချက်တွေရှိနေပေမယ့် မြောက်လန်ဒန်မှာ သူ့ကို စာတန်းတွေနဲ့ ကြိုဆိုခဲ့ကြပြီး ခါးသီးတဲ့ ပြိုင်ဘက်တွေဖြစ်ကြပေမယ့် ဘောလုံးမှာတော့ ပိုမိုအရေးကြီးတာတွေရှိကြောင်း ပြသခဲ့ကြတာပါ။

ပါတေးမပါလည်း လိုကွန်ဂါရှိတယ်
အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားလို့ သုံးပတ်လောက် နားရတော့မယ့် ကွင်းလယ်လူ သောမတ်စ် ပါတေးရဲ့ နေရာကို အစားထိုးဖို့အတွက် စိုးရိမ်ခဲ့ရပေမယ့် ဒီနေ့မှာတော့ အဖြေပြန်ရှာတွေ့ခဲ့ပါတယ်။ သူကတော့ အန်ဒါလက်ချ်ကနေ ရောက်လာတဲ့ ကစားသမားသစ် အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါပဲဖြစ်ပြီး ကွင်းလယ်မှာ ဂရာနစ် ချာကာနဲ့ နားလည်မှုရှိရှိ အတွဲညီညီ ကစားနိုင်ခဲ့သလို သူ့ရဲ့ ရဲရဲရင့်ရင့် အဝင်အထွက်လုပ်တတ်ပုံနဲ့ ဘောလုံးပေးပို့ပုံတွေက ပရီးမီးယားလိဂ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

ပေးသမျှ အခွင့်အရေး ဖြုန်းနေတဲ့ ဒယ်လီ အယ်လီ
နည်းပြဟောင်း ပိုချက်တီနိုလက်အောက်က အယ်လီရဲ့ အရိပ်သာသာပဲ ရှိတော့တဲ့ သူ့အနေနဲ့ လက်ရှိနည်းပြ နူနိုဆန်တို လက်အောက်မှာကစားတဲ့ ဒီပွဲမှာလည်း ပုံမှန်ခြေရဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။ ဆွန်ဟောင်မင်ဖန်တီးပေးတဲ့ အပိုင်အခွင့်အရေးကို တိုင်ထိအောင်ကန်ခဲ့ပြီး ‌နောက်တစ်ကြိမ် အခွင့်အရေးကိုလည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ နှစ်ကြိမ်စလုံးက လွဲဖို့တောင် ဝင်ဖို့ထက် ခက်တဲ့ အနေအထားတွေ ဖြစ်ခဲ့ပါတယ်။ တိုးတက်မှုရှိဖို့ လိုအပ်နေပြီး ဒုံရင်းက ဒုံရင်းဆို အသင်းမှာ အနာဂတ် ပျောက်သွားနိုင်ပါတယ်။

ဒီနှစ်က တန်ဂန်ဂါ တောက်ပလာမယ့်နှစ်လား
ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ညာနောက်ခံကစားသမားအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲပဲ ကစားခဲ့ရတဲ့ လူငယ်အနေနဲ့ နည်းပြဟောင်းမော်ရင်ညိုရဲ့ ခေါ်ဆောင်မှုနဲ့အတူ အကယ်ဒမီကနေ အသင်းကြီးဆီ တိုးထွက်လာနိုင်ခဲ့သလို အခုအချိန်မှာတော့ ၂ နှစ်အတွင်း အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ နေရာတစ်နေရာကို အပိုင်ရဖို့တောင် လုပ်နိုင်နေပါပြီ။

အာဆင်နယ်နဲ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းအရ တန်ဂန်ဂါမှာ စပါးစ်အသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ ကစားသမားဖြစ်ဖို့အတွက် လိုအပ်တဲ့ အရည်အသွေးတွေ ရှိနေပြီလို့ ပြောနိုင်ပါတယ်။ သူ့ရဲ့ခွန်အားကြောင့် အာဆင်နယ်ခံစစ်မှူး ပါဘလို မာရီနဲ့ ဘောလုံးယှဉ်လုတုန်းမှာ ဘောလုံးမပျက်ခဲ့သလို သူ့ရဲ့ ပေးပို့မှုကတစ်ဆင့် ဆွန်ဟောင်မင်ရဲ့ အနိုင်ဂိုးဖြစ်လာခဲ့ပြီး တစ်ပွဲလုံးမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ အသင်းအတွက် ကစားပေးခဲ့ပါတယ်။

ကြိုမသိနိုင်တဲ့ အာတီတာရဲ့ရွေးချယ်မှု
ကစားသမားတစ်ယောက်အ‌နေနဲ့ သူ့မန်နေဂျာရဲ့ အနာဂတ် အစီအစဉ်တွေမှာ မပါဝင်ခဲ့ရင် မန်နေဂျာက ဖြည်းဖြည်းချင်း ဖယ်ရှားပစ်မှာပါ။ အထူးသဖြင့် သူတို့မပါတဲ့ ရာသီတစ်ခုအတွက် ပြင်ဆင်နေရင်ပေါ့။ ဒါပေမယ့် အာတီတာရဲ့အစီအစဉ်မှာ မပါဝင်တော့တဲ့ ဟက်တာ ဘယ်လာရင်နဲ့ အလက်ဇန်းဒါး လာကာဇက်တို့ကို အသုံးပြုခဲ့တာက အံ့ဩစရာဖြစ်ခဲ့ပေမယ့် သူ့အနေနဲ့ သူ့အလုပ်သူလုပ်ဖို့ စိတ်အားထက်သန်နေပုံပါပဲ။

ဘယ်လာရင်အနေနဲ့ အင်တာမီလန်အသင်းနဲ့ သတင်းတွေ ထွက်နေခဲ့ပြီး လာကာဇက်ရဲ့ အခြေအနေက နည်းနည်းထူးဆန်းပါတယ်။ သူ့ကို ရောင်းထုတ်မယ် ဆိုတာက အံ့သြစရာကောင်းပေမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခုရခဲ့ရင် လူသစ်ရှာဖွေဖို့အတွက် ငွေပြန်ရှာသွားဖို့ ရှိနေတာပါ။ ဒါပေမယ့် ပြင်သစ်သားကို တိုက်စစ်မှာ ဦးဆောင်စေခဲ့တာကို ကြည့်ရင် နောက်တစ်ရာသီအသင်းမှာ သူ့ကို ဆက်မြင်ရမယ်ဆိုရင်လည်း ဆိုးရွားနေတဲ့ အူဘာမီယန်းရဲ့ ခြေစွမ်းကြောင့် ဖြစ်လာနိုင်ပါသေးတယ်။

တိုက်စစ်မှူးသစ်တစ်ဦး လိုအပ်နေတဲ့ အာဆင်နယ်
အီမီးလ် စမစ်ရိုးအနေနဲ့ သွင်းဂိုးတွေဖြစ်လာအောင် ကြိုးစားခဲ့ပြီး မိနစ် ၃၀ ကြာဝင်ကစားခဲ့တဲ့ ဘူကာယို ဆာကာအနေနဲ့လည်း ခြေစွမ်းပြ‌ခဲ့ပေမယ့် အရင်တုန်းကလိုပဲ သူတို့ကိုယ်တိုင် တိုက်စစ်မှာ အဆုံးသတ်ဖို့အတွက်ပါ ရုန်းခဲ့ကြရတာပါ။ လာကာဇက်အနေနဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး ပျယ်-အမ်မရိခ် အူဘာမီယန်းက ဘယ်ခြမ်းမှာပါဝင်ခဲ့ပါတယ်။ အခွင့်အရေး ၃ ကြိမ်လောက် ပထမပိုင်းအတွင်းမှာ ရခဲ့ကြပေမယ့် သူတို့အနေနဲ့ အသုံးမချနိုင်ခဲ့ဘဲ ဂိုးသမားဆီပဲ ရောက်နေတာတွေနဲ့ တိုင်ထိတာတွေပဲ ဖြစ်ခဲ့ပါတယ်။

အူဘာမီယန်းရဲ့ ရာသီကြိုခြေစွမ်းက နွေရာသီတစ်လျှောက်လုံး သိသိသာသာကျဆင်းနေခဲ့ပြီး ပွဲချိန် ၄၅ စက္ကန့်မှာ ဘယ်လာရင်ရဲ့ ပေးပို့မှု လမ်းကြောင်း ပြောင်းလာတာကို အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့် လူကျွံနေခဲ့သလို တစ်ပွဲလုံး ဖြုန်းတီးမှုတွေနဲ့ လွဲချော်မှုတွေသာ များနေခဲ့ပါတယ်။ အူဘာမီယန်းနဲ့ လာကာဇက်တို့ ဒီအတိုင်းသာ ဂိုးပေါက်ပျောက်နေမယ်ဆို တိုက်စစ်မှူးသစ်တစ်ဦး လိုအပ်နေပြီး အေဘရာဟမ်နဲ့ ဗလာဟိုဗစ်ချ် တစ်ယောက်ယောက်တော့ လမကုန်ခင် ခေါ်ယူသင့်နေပါပြီ။

အားနည်းမြဲ အားနည်းဆဲ အာဆင်နယ်ခံစစ်
ဒီပွဲမှာ အာဆင်နယ်ရဲ့ အရှုံးက ပုံမှန်ပဲဖြစ်ခဲ့ပြီး ဂိုးပေါက် ပျောက်တယ်၊ ရှုံးတယ်၊ ပြီးတော့ ခံစစ်က အားနည်းချက်တွေ ပေါ်လာခဲ့တယ်။ ဘန်ဝှိုက်ရဲ့ မိနစ် ၆၀ အတွင်း ကစားပုံက အထင်ကြီးစရာဖြစ်ခဲ့ပြီး ဘောလုံးဝင်လုဖို့ ‌ရှိန်မနေဘဲ ခပ်ကြမ်းကြမ်းကစားသင့်ရင် ကစားတာမျိုးလုပ်ခဲ့ပေမယ့် သူ့ရဲ့ တွဲဖက် ပါဘလို မာရီကတော့ အာဆင်နယ်ခံစစ်ရဲ့ သွေးအပြည့်ပါကြောင်း အလွဲတွေနဲ့ပြခဲ့ပါတယ်။

စပါးစ်ကစားသမားတွေအနေနဲ့ အာဆင်နယ်ခံစစ်ကို ဖိဖိစီးစီးထိုးဖောက်ခဲ့ရာမှာ ၇၉ မိနစ်မှာ‌ ဆွန်ဟောင်မင်ရဲ့ဂိုးကို ခွင့်ပြုခဲ့ရပြီး မာရီအနေနဲ့ တာဂန်ညာနဲ့ ဘောလုံးယှဉ်အလုမှာ ရှင်းပြဖို့ စကားလုံးမရှိနိုင်တဲ့အထိ လဲကျသွားခဲ့တာကနေတစ်ဆင့် အနိုင်ဂိုးကို ခွင့်ပြုပေးခဲ့ရတာဖြစ်သလို ဘယ်လာရင်ကလည်း ခြေကျနေခဲ့ချိန်မှာ ဒယ်လီ အယ်လီရဲ့ ကန်သွင်းမှုတွေ တိုင်ထိခဲ့တာနဲ့ ဆွန်ရဲ့ အနီးကပ်ကန်ချက်ကို ဘန်းဒ် လေနို ကာကွယ်နိုင်ခဲ့လို့သာ ဂိုးမပြတ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ႀကိဳဆိုခံခဲ့ရတဲ့ ဆာကာ
ပရီးမီးယားလိဂ္သမိုင္းမွာ စပါးစ္ပရိသတ္ေတြက ဂုဏ္ျပဳရတဲ့ အာဆင္နယ္ကစားသမားဆိုတာ မ်ားမ်ားစားစားမရွိေပမယ့္ ဘူကာယို ဆာကာကိုေတာ့ ပြဲခ်ိန္မိနစ္ ၆၀ ေက်ာ္မွာ လူစားလဲဝင္ေရာက္ခဲ့အၿပီးမွာ သူ႔ကို ႏွစ္ဖက္အသင္းပရိသတ္ေတြက ႀကိဳဆိုေၾကာင္း ျပသခဲ့ၾကတာပါ။ ေဟးလ္အန႔္ဒ္အကယ္ဒမီထြက္ ကစားသမားဟာ ၿပီးခဲ့တဲ့ ရာသီမွာ ဂန္းနားေတြအတြက္ ေျခစြမ္းျပႏိုင္ခဲ့လို႔ ခ်ီးက်ဴးမႈေတြ ရရွိခဲ့ၿပီး အဂၤလန္နည္းျပ ေဆာက္ဂိတ္ကလည္း ယူ႐ိုၿပိဳင္ပြဲဆီ ေခၚေဆာင္သြားခဲ့သူ ျဖစ္ပါတယ္။

ေျခစြမ္းထပ္ျပႏိုင္လို႔ သူ႔ကို အထိုက္အေလ်ာက္ ေနရာေပးခဲ့ၿပီး သူ႔အေနနဲ႔ ပြဲထြက္ကစားသမား ၁၁ ေယာက္ထဲမွာ အေ႐ြးခံရတာ မ်ားခဲ့ေပမယ့္ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲမွာေတာ့ အဆုံးအျဖတ္ ပင္နယ္တီကို လြဲေခ်ာ္ခဲ့ပါတယ္။ ဒီအျဖစ္အတြက္ အြန္လိုင္း‌ေပၚက လူမ်ိဳးေရးခြဲျခားမႈ ထိုးႏွက္ခ်က္ေတြရွိေနေပမယ့္ ေျမာက္လန္ဒန္မွာ သူ႔ကို စာတန္းေတြနဲ႔ ႀကိဳဆိုခဲ့ၾကၿပီး ခါးသီးတဲ့ ၿပိဳင္ဘက္ေတြျဖစ္ၾကေပမယ့္ ေဘာလုံးမွာေတာ့ ပိုမိုအေရးႀကီးတာေတြရွိေၾကာင္း ျပသခဲ့ၾကတာပါ။

ပါေတးမပါလည္း လိုကြန္ဂါရွိတယ္
အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ ဒဏ္ရာရရွိသြားလို႔ သုံးပတ္ေလာက္ နားရေတာ့မယ့္ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးရဲ႕ ေနရာကို အစားထိုးဖို႔အတြက္ စိုးရိမ္ခဲ့ရေပမယ့္ ဒီေန႔မွာေတာ့ အေျဖျပန္ရွာေတြ႕ခဲ့ပါတယ္။ သူကေတာ့ အန္ဒါလက္ခ်္ကေန ေရာက္လာတဲ့ ကစားသမားသစ္ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါပဲျဖစ္ၿပီး ကြင္းလယ္မွာ ဂရာနစ္ ခ်ာကာနဲ႔ နားလည္မႈရွိရွိ အတြဲညီညီ ကစားႏိုင္ခဲ့သလို သူ႔ရဲ႕ ရဲရဲရင့္ရင့္ အဝင္အထြက္လုပ္တတ္ပုံနဲ႔ ေဘာလုံးေပးပို႔ပုံေတြက ပရီးမီးယားလိဂ္အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ ပရိသတ္ေတြက ခ်ီးက်ဴးခဲ့ၾကပါတယ္။

ေပးသမွ် အခြင့္အေရး ျဖဳန္းေနတဲ့ ဒယ္လီ အယ္လီ
နည္းျပေဟာင္း ပိုခ်က္တီႏိုလက္ေအာက္က အယ္လီရဲ႕ အရိပ္သာသာပဲ ရွိေတာ့တဲ့ သူ႔အေနနဲ႔ လက္ရွိနည္းျပ ႏူႏိုဆန္တို လက္ေအာက္မွာကစားတဲ့ ဒီပြဲမွာလည္း ပုံမွန္ေျခရဖို႔ေတာင္ ႐ုန္းကန္ခဲ့ရပါတယ္။ ဆြန္ေဟာင္မင္ဖန္တီးေပးတဲ့ အပိုင္အခြင့္အေရးကို တိုင္ထိေအာင္ကန္ခဲ့ၿပီး ‌ေနာက္တစ္ႀကိမ္ အခြင့္အေရးကိုလည္း ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့ဘဲ ႏွစ္ႀကိမ္စလုံးက လြဲဖို႔ေတာင္ ဝင္ဖို႔ထက္ ခက္တဲ့ အေနအထားေတြ ျဖစ္ခဲ့ပါတယ္။ တိုးတက္မႈရွိဖို႔ လိုအပ္ေနၿပီး ဒုံရင္းက ဒုံရင္းဆို အသင္းမွာ အနာဂတ္ ေပ်ာက္သြားႏိုင္ပါတယ္။

ဒီႏွစ္က တန္ဂန္ဂါ ေတာက္ပလာမယ့္ႏွစ္လား
ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ညာေနာက္ခံကစားသမားအေနနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ ၆ ပြဲပဲ ကစားခဲ့ရတဲ့ လူငယ္အေနနဲ႔ နည္းျပေဟာင္းေမာ္ရင္ညိဳရဲ႕ ေခၚေဆာင္မႈနဲ႔အတူ အကယ္ဒမီကေန အသင္းႀကီးဆီ တိုးထြက္လာႏိုင္ခဲ့သလို အခုအခ်ိန္မွာေတာ့ ၂ ႏွစ္အတြင္း အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ ေနရာတစ္ေနရာကို အပိုင္ရဖို႔ေတာင္ လုပ္ႏိုင္ေနပါၿပီ။

အာဆင္နယ္နဲ႔ပြဲမွာ ျပသခဲ့တဲ့ ေျခစြမ္းအရ တန္ဂန္ဂါမွာ စပါးစ္အသင္းရဲ႕ ပုံမွန္ပြဲထြက္ခြင့္ရတဲ့ ကစားသမားျဖစ္ဖို႔အတြက္ လိုအပ္တဲ့ အရည္အေသြးေတြ ရွိေနၿပီလို႔ ေျပာႏိုင္ပါတယ္။ သူ႔ရဲ႕ခြန္အားေၾကာင့္ အာဆင္နယ္ခံစစ္မႉး ပါဘလို မာရီနဲ႔ ေဘာလုံးယွဥ္လုတုန္းမွာ ေဘာလုံးမပ်က္ခဲ့သလို သူ႔ရဲ႕ ေပးပို႔မႈကတစ္ဆင့္ ဆြန္ေဟာင္မင္ရဲ႕ အႏိုင္ဂိုးျဖစ္လာခဲ့ၿပီး တစ္ပြဲလုံးမွာလည္း အေရးႀကီးတဲ့ အခန္းက႑ကေန အသင္းအတြက္ ကစားေပးခဲ့ပါတယ္။

ႀကိဳမသိႏိုင္တဲ့ အာတီတာရဲ႕ေ႐ြးခ်ယ္မႈ
ကစားသမားတစ္ေယာက္အ‌ေနနဲ႔ သူ႔မန္ေနဂ်ာရဲ႕ အနာဂတ္ အစီအစဥ္ေတြမွာ မပါဝင္ခဲ့ရင္ မန္ေနဂ်ာက ျဖည္းျဖည္းခ်င္း ဖယ္ရွားပစ္မွာပါ။ အထူးသျဖင့္ သူတို႔မပါတဲ့ ရာသီတစ္ခုအတြက္ ျပင္ဆင္ေနရင္ေပါ့။ ဒါေပမယ့္ အာတီတာရဲ႕အစီအစဥ္မွာ မပါဝင္ေတာ့တဲ့ ဟက္တာ ဘယ္လာရင္နဲ႔ အလက္ဇန္းဒါး လာကာဇက္တို႔ကို အသုံးျပဳခဲ့တာက အံ့ဩစရာျဖစ္ခဲ့ေပမယ့္ သူ႔အေနနဲ႔ သူ႔အလုပ္သူလုပ္ဖို႔ စိတ္အားထက္သန္ေနပုံပါပဲ။

ဘယ္လာရင္အေနနဲ႔ အင္တာမီလန္အသင္းနဲ႔ သတင္းေတြ ထြက္ေနခဲ့ၿပီး လာကာဇက္ရဲ႕ အေျခအေနက နည္းနည္းထူးဆန္းပါတယ္။ သူ႔ကို ေရာင္းထုတ္မယ္ ဆိုတာက အံ့ၾသစရာေကာင္းေပမယ့္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈတစ္ခုရခဲ့ရင္ လူသစ္ရွာေဖြဖို႔အတြက္ ေငြျပန္ရွာသြားဖို႔ ရွိေနတာပါ။ ဒါေပမယ့္ ျပင္သစ္သားကို တိုက္စစ္မွာ ဦးေဆာင္ေစခဲ့တာကို ၾကည့္ရင္ ေနာက္တစ္ရာသီအသင္းမွာ သူ႔ကို ဆက္ျမင္ရမယ္ဆိုရင္လည္း ဆိုး႐ြားေနတဲ့ အူဘာမီယန္းရဲ႕ ေျခစြမ္းေၾကာင့္ ျဖစ္လာႏိုင္ပါေသးတယ္။

တိုက္စစ္မႉးသစ္တစ္ဦး လိုအပ္ေနတဲ့ အာဆင္နယ္
အီမီးလ္ စမစ္႐ိုးအေနနဲ႔ သြင္းဂိုးေတြျဖစ္လာေအာင္ ႀကိဳးစားခဲ့ၿပီး မိနစ္ ၃၀ ၾကာဝင္ကစားခဲ့တဲ့ ဘူကာယို ဆာကာအေနနဲ႔လည္း ေျခစြမ္းျပ‌ခဲ့ေပမယ့္ အရင္တုန္းကလိုပဲ သူတို႔ကိုယ္တိုင္ တိုက္စစ္မွာ အဆုံးသတ္ဖို႔အတြက္ပါ ႐ုန္းခဲ့ၾကရတာပါ။ လာကာဇက္အေနနဲ႔ တိုက္စစ္ကို ဦးေဆာင္ခဲ့ၿပီး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းက ဘယ္ျခမ္းမွာပါဝင္ခဲ့ပါတယ္။ အခြင့္အေရး ၃ ႀကိမ္ေလာက္ ပထမပိုင္းအတြင္းမွာ ရခဲ့ၾကေပမယ့္ သူတို႔အေနနဲ႔ အသုံးမခ်ႏိုင္ခဲ့ဘဲ ဂိုးသမားဆီပဲ ေရာက္ေနတာေတြနဲ႔ တိုင္ထိတာေတြပဲ ျဖစ္ခဲ့ပါတယ္။

အူဘာမီယန္းရဲ႕ ရာသီႀကိဳေျခစြမ္းက ေႏြရာသီတစ္ေလွ်ာက္လုံး သိသိသာသာက်ဆင္းေနခဲ့ၿပီး ပြဲခ်ိန္ ၄၅ စကၠန႔္မွာ ဘယ္လာရင္ရဲ႕ ေပးပို႔မႈ လမ္းေၾကာင္း ေျပာင္းလာတာကို အဆုံးသတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ လူကြၽံေနခဲ့သလို တစ္ပြဲလုံး ျဖဳန္းတီးမႈေတြနဲ႔ လြဲေခ်ာ္မႈေတြသာ မ်ားေနခဲ့ပါတယ္။ အူဘာမီယန္းနဲ႔ လာကာဇက္တို႔ ဒီအတိုင္းသာ ဂိုးေပါက္ေပ်ာက္ေနမယ္ဆို တိုက္စစ္မႉးသစ္တစ္ဦး လိုအပ္ေနၿပီး ေအဘရာဟမ္နဲ႔ ဗလာဟိုဗစ္ခ်္ တစ္ေယာက္ေယာက္ေတာ့ လမကုန္ခင္ ေခၚယူသင့္ေနပါၿပီ။

အားနည္းၿမဲ အားနည္းဆဲ အာဆင္နယ္ခံစစ္
ဒီပြဲမွာ အာဆင္နယ္ရဲ႕ အရႈံးက ပုံမွန္ပဲျဖစ္ခဲ့ၿပီး ဂိုးေပါက္ ေပ်ာက္တယ္၊ ရႈံးတယ္၊ ၿပီးေတာ့ ခံစစ္က အားနည္းခ်က္ေတြ ေပၚလာခဲ့တယ္။ ဘန္ဝႈိက္ရဲ႕ မိနစ္ ၆၀ အတြင္း ကစားပုံက အထင္ႀကီးစရာျဖစ္ခဲ့ၿပီး ေဘာလုံးဝင္လုဖို႔ ‌ရွိန္မေနဘဲ ခပ္ၾကမ္းၾကမ္းကစားသင့္ရင္ ကစားတာမ်ိဳးလုပ္ခဲ့ေပမယ့္ သူ႔ရဲ႕ တြဲဖက္ ပါဘလို မာရီကေတာ့ အာဆင္နယ္ခံစစ္ရဲ႕ ေသြးအျပည့္ပါေၾကာင္း အလြဲေတြနဲ႔ျပခဲ့ပါတယ္။

စပါးစ္ကစားသမားေတြအေနနဲ႔ အာဆင္နယ္ခံစစ္ကို ဖိဖိစီးစီးထိုးေဖာက္ခဲ့ရာမွာ ၇၉ မိနစ္မွာ‌ ဆြန္ေဟာင္မင္ရဲ႕ဂိုးကို ခြင့္ျပဳခဲ့ရၿပီး မာရီအေနနဲ႔ တာဂန္ညာနဲ႔ ေဘာလုံးယွဥ္အလုမွာ ရွင္းျပဖို႔ စကားလုံးမရွိႏိုင္တဲ့အထိ လဲက်သြားခဲ့တာကေနတစ္ဆင့္ အႏိုင္ဂိုးကို ခြင့္ျပဳေပးခဲ့ရတာျဖစ္သလို ဘယ္လာရင္ကလည္း ေျခက်ေနခဲ့ခ်ိန္မွာ ဒယ္လီ အယ္လီရဲ႕ ကန္သြင္းမႈေတြ တိုင္ထိခဲ့တာနဲ႔ ဆြန္ရဲ႕ အနီးကပ္ကန္ခ်က္ကို ဘန္းဒ္ ေလႏို ကာကြယ္ႏိုင္ခဲ့လို႔သာ ဂိုးမျပတ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.