Article Other Premier League

လီဗာပူးလ်ကပဲ ချန်ပီယံဆုယူမယ်လို့ ကျန်အသင်းကြီးတွေကို စိန်ခေါ်လိုက်တဲ့ ဖာဘင်ညို

လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်လူ ဖာဘင်ညိုက ပရီးမီးယားလိဂ်မှာ အပြောင်းအရွှေ့တွေကို ခပ်ကြမ်းကြမ်းလုပ်ဆောင်ပြနေတဲ့ မန်ချက်စတာမြို့ခံနှစ်သင်းနဲ့ ချယ်လ်ဆီးအသင်းတို့ကို ဘယ်လိုအကြောင်းမျိုးနဲ့မှ ကြောက်ရွံ့နေစရာမရှိဘူးလို့ ရာသီကြိုမှာ ကြွေး​ကြော်သွားခဲ့ပါတယ်။

ဘရာဇီးလ်သားအနေနဲ့ ဂျက်ဂရီးလစ်ရှ်ကို ဗြိတိန်စံချိန်တင်ကြေး ပေါင်သန်း ၁၀၀ နဲ့ အားဖြည့်ထားတဲ့ မန်စီးတီး၊ ဂျေဒန် ဆန်ချိုနဲ့ ရာဖေးလ်ဗာရွန်းကို ပေါင်သန်း ၁၀၀ ကျော်သုံးစွဲပြီး ခေါ်ယူထားတဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မက်လောက်စရာမရှိဘူးလို့ ခပ်ကြမ်းကြမ်းတုံ့ပြန်သွားခဲ့တာပါ။

ဒါ့အပြင် ချယ်လ်ဆီးအသင်းကလည်း အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ပေါင်သန်း ၁၀၀ နီးပါးနဲ့ ဝယ်ယူထားချိန်မှာ လီဗာပူးလ်အသင်းကတော့ အီဘရာဟီမာ ကိုနာတေတဦးတည်းကိုသာ ခံစစ်ပိုင်းမှာ စုဆောင်းထားရသေးပေမယ့် ဖာဘင်ညိုကတော့ မာဆေးဆိုဒ်အသင်းဟာ EPL ကြီး ၆ ကြီးကို ခေါင်းခေါက်ထားခဲ့ပြီး တကျော့ပြန်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့ အခိုင်အမာယုံကြည်နေတယ်လို့လည်း သိရပါတယ်။

“လီဗာပူးလ်အသင်းရဲ့လူစာရင်းဆိုတာ ပရီးမီးယားလိဂ်ချန်ပီယံရော ချန်ပီယံလိဂ်ချန်ပီယံပါ ဖြစ်ထားတဲ့အင်အားစုပါ။ ကျွန်တော်တို့ဘာလုပ်နိုင်တယ်ဆိုတာ လူတိုင်းသိရှိပြီးနေပါပြီ။ နဂါးမှန်းသိအောင် အမောက်ထောင်ပြနေစရာမလိုပါဘူး။ ကျွန်တော်တို့ တခြားအသင်းတွေကို ဂရုမစိုက်ပါဘူး”

” မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တယ်။ ချယ်လ်ဆီးအသင်းက ဥရောပ ချန်ပီယံလိဂ် ချန်ပီယံဖြစ်တယ်။ အင်္ဂလန်ကလပ်အသင်းတွေက အမြဲတမ်းတောင့်တင်းပြီသားပါ။ ဆုဖလားအတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်နေမှာပါ။ ဒီနှစ်လည်း အတူတူပါပဲ။”

” ကျွန်တော်တို့လည်း တောင့်တင်းသလို သူတို့လည်းတောင့်တင်းတယ်။ ကျွန်တော်တို့အသင်းက ခေါင်းတလုံးပိုသာဖို့ မျှော်လင့်နေပါတယ်။ ကိုယ့်အသင်းအတွက်ပဲ အာရုံစိုက်ပြီး အကောင်းဆုံးလုပ်ဆောင်သွားမှာပါ” လို့ ဖာဘင်ညိုက ပရီးမီးယားလိဂ် ကြီး ၆ ကြီးကို တပ်လှန့်သွားခဲ့တာပါ။

လာမယ့် ၂၀၂၁-၂၂ ဘောလုံးရာသီသစ်မှာ လီဗာပူးလ်အသင်း အစွမ်းပြနိုင်မယ်လို့ နည်းပြ ယာဂင် ကလော့ပ်ကို မျှော်မှန်းထားကြချိန်မှာ သူကတော့ အသင်းရဲ့လူစာရင်းဟာ လုံလောက်သွားပြီလို့ ယူဆထားတာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ထိုက်တန်ရဲ့လားဆိုတဲ့ မေးခွန်းတွေကိုတော့ ပြိုင်ဘက်အသင်းတွေရဲ့ လက်သွက်တဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို ကျော်ဖြတ်ပြီး သက်သေပြသွားရဖို့လည်း ရှိနေကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္လူ ဖာဘင္ညိဳက ပရီးမီးယားလိဂ္မွာ အေျပာင္းအေ႐ႊ႕ေတြကို ခပ္ၾကမ္းၾကမ္းလုပ္ေဆာင္ျပေနတဲ့ မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ကို ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔မွ ေၾကာက္႐ြံ႕ေနစရာမရွိဘူးလို႔ ရာသီႀကိဳမွာ ေႂကြး​ေၾကာ္သြားခဲ့ပါတယ္။

ဘရာဇီးလ္သားအေနနဲ႔ ဂ်က္ဂရီးလစ္ရွ္ကို ၿဗိတိန္စံခ်ိန္တင္ေၾကး ေပါင္သန္း ၁၀၀ နဲ႔ အားျဖည့္ထားတဲ့ မန္စီးတီး၊ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ရာေဖးလ္ဗာ႐ြန္းကို ေပါင္သန္း ၁၀၀ ေက်ာ္သုံးစြဲၿပီး ေခၚယူထားတဲ့ မန္ယူႏိုက္တက္အသင္းတို႔ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မက္ေလာက္စရာမရွိဘူးလို႔ ခပ္ၾကမ္းၾကမ္းတုံ႔ျပန္သြားခဲ့တာပါ။

ဒါ့အျပင္ ခ်ယ္လ္ဆီးအသင္းကလည္း အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ေပါင္သန္း ၁၀၀ နီးပါးနဲ႔ ဝယ္ယူထားခ်ိန္မွာ လီဗာပူးလ္အသင္းကေတာ့ အီဘရာဟီမာ ကိုနာေတတဦးတည္းကိုသာ ခံစစ္ပိုင္းမွာ စုေဆာင္းထားရေသးေပမယ့္ ဖာဘင္ညိဳကေတာ့ မာေဆးဆိုဒ္အသင္းဟာ EPL ႀကီး ၆ ႀကီးကို ေခါင္းေခါက္ထားခဲ့ၿပီး တေက်ာ့ျပန္ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္မယ္လို႔ အခိုင္အမာယုံၾကည္ေနတယ္လို႔လည္း သိရပါတယ္။

“လီဗာပူးလ္အသင္းရဲ႕လူစာရင္းဆိုတာ ပရီးမီးယားလိဂ္ခ်န္ပီယံေရာ ခ်န္ပီယံလိဂ္ခ်န္ပီယံပါ ျဖစ္ထားတဲ့အင္အားစုပါ။ ကြၽန္ေတာ္တို႔ဘာလုပ္ႏိုင္တယ္ဆိုတာ လူတိုင္းသိရွိၿပီးေနပါၿပီ။ နဂါးမွန္းသိေအာင္ အေမာက္ေထာင္ျပေနစရာမလိုပါဘူး။ ကြၽန္ေတာ္တို႔ တျခားအသင္းေတြကို ဂ႐ုမစိုက္ပါဘူး”

” မန္စီးတီးက ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တယ္။ ခ်ယ္လ္ဆီးအသင္းက ဥေရာပ ခ်န္ပီယံလိဂ္ ခ်န္ပီယံျဖစ္တယ္။ အဂၤလန္ကလပ္အသင္းေတြက အၿမဲတမ္းေတာင့္တင္းၿပီသားပါ။ ဆုဖလားအတြက္ ေရကုန္ေရခမ္း တိုက္ပြဲဝင္ေနမွာပါ။ ဒီႏွစ္လည္း အတူတူပါပဲ။”

” ကြၽန္ေတာ္တို႔လည္း ေတာင့္တင္းသလို သူတို႔လည္းေတာင့္တင္းတယ္။ ကြၽန္ေတာ္တို႔အသင္းက ေခါင္းတလုံးပိုသာဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ကိုယ့္အသင္းအတြက္ပဲ အာ႐ုံစိုက္ၿပီး အေကာင္းဆုံးလုပ္ေဆာင္သြားမွာပါ” လို႔ ဖာဘင္ညိဳက ပရီးမီးယားလိဂ္ ႀကီး ၆ ႀကီးကို တပ္လွန္႔သြားခဲ့တာပါ။

လာမယ့္ ၂၀၂၁-၂၂ ေဘာလုံးရာသီသစ္မွာ လီဗာပူးလ္အသင္း အစြမ္းျပႏိုင္မယ္လို႔ နည္းျပ ယာဂင္ ကေလာ့ပ္ကို ေမွ်ာ္မွန္းထားၾကခ်ိန္မွာ သူကေတာ့ အသင္းရဲ႕လူစာရင္းဟာ လုံေလာက္သြားၿပီလို႔ ယူဆထားတာျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္ရဲ႕လားဆိုတဲ့ ေမးခြန္းေတြကိုေတာ့ ၿပိဳင္ဘက္အသင္းေတြရဲ႕ လက္သြက္တဲ့ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈေတြကို ေက်ာ္ျဖတ္ၿပီး သက္ေသျပသြားရဖို႔လည္း ရွိေနေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.