La Liga Ligue1 Other Premier League Transfer News

ပီအက်စ်ဂျီအသင်းနဲ့ သဘောတူညီမှုရရှိပြီး တနင်္လာနေ့မှာ တရားဝင်ကြေငြာဖွယ်ရှိနေတဲ့ မက်ဆီရဲ့ အပြောင်းအရွှေ့

ဘာစီလိုနာအသင်းအတွက် ၂၁ နှစ်ကြာကစားပြီးနောက် လီယွန်နယ် မက်ဆီအနေနဲ့ ဒီနေ့ညနေက နူးကမ့်မှာ အသင်းကိုနှုတ်ဆက်တဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သလို မီဒီယာတွေနဲ့ အမေးအဖြေအစီအစဉ်မစခင်မှာ သူ့ကို ဘာစီလိုနာအသင်းသားတွေနဲ့ အသင်းမှာရှိတဲ့ ဝန်ထမ်းတွေက မတ်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲရဲ့ အမေးအဖြေအစီအစဉ်အရောက်မှာ သူ့ကို ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်‌ပေါ်နေတာတွေအပေါ် မေးမြန်းခဲ့တဲ့အခါမှာ ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်းအနေနဲ့ ဖြစ်နိုင်ချေတစ်ခုတော့ရှိနေကြောင်း အတည်ပြုခဲ့ပါတယ်။ မက်ဆီက “ပီအက်စ်ဂျီက ဖြစ်နိုင်ချေတစ်ခုအနေနဲ့ ရှိတာတော့ ဟုတ်ပါတယ်”လို့ အရင်ဆုံးအစပျိုးပြီး ဖြေခဲ့ပါတယ်။

ဆက်လက်ပြီးသူက “ဘယ်အရာမှတော့ ဒီအချိန်မှာ အတည်မပြုရသေးပါဘူး။ ကျွန်တော့်ကို ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်ထွက်ပြီးတဲ့နောက်ပိုင်း ချိတ်ဆက်မှုတွေ အများကြီးရရှိခဲ့တယ်။ အဲ့ဒါကိုပဲ ပြောနေတာပါပဲ”လို့ ဖြေသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လီဂူးဝမ်းထိပ်သီးအသင်းကြီးကို အပြတ်မငြင်းဘူးဆိုတဲ့အချိန်မှာတင် သဘောတူညီမှုအားလုံးပြီးနေပြီဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ကြာသပတေးနေ့က မက်ဆီကို ဘာစီလိုနာက စာချုပ်သစ်ထပ်မံမချုုုပ်တော့ဘူးဆိုတဲ့ အံ့ဩစရာ သတင်းတွေမထွက်ခင်ကတည်းက မက်ဆီအနေနဲ့ ဘာစီလိုနာကို စွန့်ခွာဖို့ရှိနေကြောင်း သတင်းတွေထွက်လာခဲ့ပြီး အားလပ်ရက်ကို Ibiza မှာ ကုန်ဆုံးရင်းနဲ့ အချက်ပေးခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ မက်ဆီအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေအပြီး စပိန်ကျွန်းလေးမှာ ဓါတ်ပုံတစ်ပုံရိုက်ခဲ့ပြီး အဲ့ဒီဓါတ်ပုံမှာ ပီအက်စ်ဂျီကစားသမားအများစုပါဝင်ခဲ့သလို အဲ့ဒီကိစ္စအပေါ် မေးမြန်းမှုရှိခဲ့ပါတယ်။

မေးမြန်းခံခဲ့ရချိန်မှာတော့ မက်ဆီက “ပီအက်စ်ဂျီကစားသမားတွေပါတဲ့ပုံက တိုက်ဆိုင်မှု‌တစ်ခုပါပဲ။ လုံးဝတိုက်ဆိုင်မှုပါ။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ အဲ့ဒီမှာရှိနေခဲ့တာ။ ပြီးတော့ ကျွန်တော်တို့ ဓါတ်ပုံတစ်ပုံလောက်ရိုက်ဖို့ ဆုံးဖြတ်ခဲ့တာလေးပါပဲ။ သူတို့က ကျွန်‌တော့်ကို ပါရီမြေကိုလာဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါက ဟာသတစ်ခုပဲလေ။ ကျွန်တော်တို့က အားလပ်ရက်မှာ ပြောခဲ့တာပဲ”လို့ ပြောပြီး ဒီမေးခွန်းကို ဖြေရှင်းခဲ့ပါတယ်။

ဒီကနေ့ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ မက်ဆီအနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့ သဘောတူညီမှုတွေကို အဆုံးသတ်ဖို့ ပါရီကို တနင်္ဂနွေနေ့အစောပိုင်းမှာ ရောက်ရှိဖို့ရှိနေတယ်လို့ L’Equipe သတင်းဌာနက အခိုင်အမာရေးသားဖော်ပြနေပြီး ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဖို့ရှိနေပြီး တစ်နှစ်သက်တမ်းထပ်တိုးခွင့်ပါဝင်သလို လာမယ့် တနင်္ဂနွေနေ့ သို့မဟုတ် တနင်္လာနေ့မှာ ဆေးစစ်ဖို့ ရှိနေကြောင်း သိရပါတယ်။

စာချုပ်အရတော့ မက်ဆီအနေနဲ့ အပိုဆုကြေးအပါအဝင် တစ်နှစ်လုပ်ခ ပေါင် ၂၉.၆၇ သန်း(ယူရို ၃၅ သန်း)ရရှိမှာဖြစ်ပါတယ်။ ပြင်သစ်သတင်းဌာနတင်မဟုတ်ဘဲ နာမည်ကြီး ESPN သတင်းဌာနရဲ့သတင်းထောက် ဂျူလီယန် ‌လော်ရန်စ်ကလည်း အလားတူဖော်ပြခဲ့ပြီး စာချုပ်အတွက် အားလုံးသဘောတူညီမှုရရှိပြီးဖြစ်ကြောင်း အခိုင်အမာရေးသားဖော်ပြခဲ့တဲ့အတွက် လာမယ့်တနင်္လာနေ့မှာ မက်ဆီဟာ တရားဝင်ပီအက်စ်ဂျီအသင်းသား ဖြစ်လားမလား စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘာစီလိုနာအသင္းအတြက္ ၂၁ ႏွစ္ၾကာကစားၿပီးေနာက္ လီယြန္နယ္ မက္ဆီအေနနဲ႔ ဒီေန႔ညေနက ႏူးကမ့္မွာ အသင္းကိုႏႈတ္ဆက္တဲ့ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့သလို မီဒီယာေတြနဲ႔ အေမးအေျဖအစီအစဥ္မစခင္မွာ သူ႔ကို ဘာစီလိုနာအသင္းသားေတြနဲ႔ အသင္းမွာရွိတဲ့ ဝန္ထမ္းေတြက မတ္တပ္ရပ္ၿပီး ဂုဏ္ျပဳခဲ့ပါတယ္။

သတင္းစာရွင္းလင္းပြဲရဲ႕ အေမးအေျဖအစီအစဥ္အေရာက္မွာ သူ႔ကို ပီအက္စ္ဂ်ီအသင္းနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြထြက္‌ေပၚေနတာေတြအေပၚ ေမးျမန္းခဲ့တဲ့အခါမွာ ဘာစီလိုနာအသင္းေခါင္းေဆာင္ေဟာင္းအေနနဲ႔ ျဖစ္ႏိုင္ေခ်တစ္ခုေတာ့ရွိေနေၾကာင္း အတည္ျပဳခဲ့ပါတယ္။ မက္ဆီက “ပီအက္စ္ဂ်ီက ျဖစ္ႏိုင္ေခ်တစ္ခုအေနနဲ႔ ရွိတာေတာ့ ဟုတ္ပါတယ္”လို႔ အရင္ဆုံးအစပ်ိဳးၿပီး ေျဖခဲ့ပါတယ္။

ဆက္လက္ၿပီးသူက “ဘယ္အရာမွေတာ့ ဒီအခ်ိန္မွာ အတည္မျပဳရေသးပါဘူး။ ကြၽန္ေတာ့္ကို ဘာစီလိုနာအသင္းရဲ႕ ထုတ္ျပန္ခ်က္ထြက္ၿပီးတဲ့ေနာက္ပိုင္း ခ်ိတ္ဆက္မႈေတြ အမ်ားႀကီးရရွိခဲ့တယ္။ အဲ့ဒါကိုပဲ ေျပာေနတာပါပဲ”လို႔ ေျဖသြားခဲ့ပါတယ္။ ဒါေပမယ့္ သူ႔အေနနဲ႔ လီဂူးဝမ္းထိပ္သီးအသင္းႀကီးကို အျပတ္မျငင္းဘူးဆိုတဲ့အခ်ိန္မွာတင္ သေဘာတူညီမႈအားလုံးၿပီးေနၿပီဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ပါတယ္။

ၾကာသပေတးေန႔က မက္ဆီကို ဘာစီလိုနာက စာခ်ဳပ္သစ္ထပ္မံမခ်ဳုုပ္ေတာ့ဘူးဆိုတဲ့ အံ့ဩစရာ သတင္းေတြမထြက္ခင္ကတည္းက မက္ဆီအေနနဲ႔ ဘာစီလိုနာကို စြန႔္ခြာဖို႔ရွိေနေၾကာင္း သတင္းေတြထြက္လာခဲ့ၿပီး အားလပ္ရက္ကို Ibiza မွာ ကုန္ဆုံးရင္းနဲ႔ အခ်က္ေပးခဲ့တယ္လို႔ သတင္းေတြထြက္လာခဲ့ပါတယ္။ မက္ဆီအေနနဲ႔ ႏိုင္ငံတကာၿပိဳင္ပြဲေတြအၿပီး စပိန္ကြၽန္းေလးမွာ ဓါတ္ပုံတစ္ပုံ႐ိုက္ခဲ့ၿပီး အဲ့ဒီဓါတ္ပုံမွာ ပီအက္စ္ဂ်ီကစားသမားအမ်ားစုပါဝင္ခဲ့သလို အဲ့ဒီကိစၥအေပၚ ေမးျမန္းမႈရွိခဲ့ပါတယ္။

ေမးျမန္းခံခဲ့ရခ်ိန္မွာေတာ့ မက္ဆီက “ပီအက္စ္ဂ်ီကစားသမားေတြပါတဲ့ပုံက တိုက္ဆိုင္မႈ‌တစ္ခုပါပဲ။ လုံးဝတိုက္ဆိုင္မႈပါ။ ကြၽန္ေတာ့္သူငယ္ခ်င္းေတြနဲ႔ အဲ့ဒီမွာရွိေနခဲ့တာ။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဓါတ္ပုံတစ္ပုံေလာက္႐ိုက္ဖို႔ ဆုံးျဖတ္ခဲ့တာေလးပါပဲ။ သူတို႔က ကြၽန္‌ေတာ့္ကို ပါရီေျမကိုလာဖို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ဒါက ဟာသတစ္ခုပဲေလ။ ကြၽန္ေတာ္တို႔က အားလပ္ရက္မွာ ေျပာခဲ့တာပဲ”လို႔ ေျပာၿပီး ဒီေမးခြန္းကို ေျဖရွင္းခဲ့ပါတယ္။

ဒီကေန႔ ေနာက္ဆုံးရရွိတဲ့ သတင္းေတြအရ မက္ဆီအေနနဲ႔ ပီအက္စ္ဂ်ီအသင္းနဲ႔ သေဘာတူညီမႈေတြကို အဆုံးသတ္ဖို႔ ပါရီကို တနဂၤေႏြေန႔အေစာပိုင္းမွာ ေရာက္ရွိဖို႔ရွိေနတယ္လို႔ L’Equipe သတင္းဌာနက အခိုင္အမာေရးသားေဖာ္ျပေနၿပီး ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းနဲ႔ ၂ ႏွစ္စာခ်ဳပ္ခ်ဳပ္ဖို႔ရွိေနၿပီး တစ္ႏွစ္သက္တမ္းထပ္တိုးခြင့္ပါဝင္သလို လာမယ့္ တနဂၤေႏြေန႔ သို႔မဟုတ္ တနလၤာေန႔မွာ ေဆးစစ္ဖို႔ ရွိေနေၾကာင္း သိရပါတယ္။

စာခ်ဳပ္အရေတာ့ မက္ဆီအေနနဲ႔ အပိုဆုေၾကးအပါအဝင္ တစ္ႏွစ္လုပ္ခ ေပါင္ ၂၉.၆၇ သန္း(ယူ႐ို ၃၅ သန္း)ရရွိမွာျဖစ္ပါတယ္။ ျပင္သစ္သတင္းဌာနတင္မဟုတ္ဘဲ နာမည္ႀကီး ESPN သတင္းဌာနရဲ႕သတင္းေထာက္ ဂ်ဴလီယန္ ‌ေလာ္ရန္စ္ကလည္း အလားတူေဖာ္ျပခဲ့ၿပီး စာခ်ဳပ္အတြက္ အားလုံးသေဘာတူညီမႈရရွိၿပီးျဖစ္ေၾကာင္း အခိုင္အမာေရးသားေဖာ္ျပခဲ့တဲ့အတြက္ လာမယ့္တနလၤာေန႔မွာ မက္ဆီဟာ တရားဝင္ပီအက္စ္ဂ်ီအသင္းသား ျဖစ္လားမလား စိတ္ဝင္တစား ေစာင့္ၾကည့္ရမွာ ျဖစ္ေၾကာင္း ေရးသားတင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.