Article La Liga Ligue1 Other Transfer News

နတ်ရေးတဲ့ဇာတာမျိုးကို မော်ကွန်းထိုးတော့မယ့် MMN တိုက်စစ်

ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူးကြီး လီယွန်နယ် မက်ဆီဟာ ယနေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ ၂ နှစ်စာချုပ် တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပြီး ဘောလုံးသမိုင်းရဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားနှစ်ဦးဖြစ်ခဲ့တဲ့ နေမာ၊ အမ်ဘာပေတို့နဲ့အတူ ပီအက်စ်ဂျီအသင်းမှ အတူကစားဖို့ သွားရောက်ပူးပေါင်းလိုက်ပြီဖြစ်ပါတယ်။

ပြင်သစ်လီဂူးကတော့ စတင်ယှဉ်ပြိုင်နေပြီဖြစ်သလို ရာသီအဖွင့်ပွဲစဉ်မှာ PSG အသင်းက တန်းတက်လာခဲ့တဲ့ ထရွိုင်းယက်စ်အသင်းကို ၂-၁ ရလဒ်နဲ့ အနိုင်ကစားခဲ့ပေမယ့် နည်းပြပိုချက်တီနိုရဲ့အသင်းမှာ ‘စတားပါဝါ’ ကင်းမဲ့နေတာကို မျက်ဝါးထင်ထင်မြင်ခဲ့ရပြီး ဆာဂျီယို ရာမို့စ်၊ ဒွန်နရမ်မာ၊ နေမာ၊ ဒီမာရီယာ၊ ဗာရက်တီတို့လို စူပါစတားတွေကတော့ အဲဒီပွဲကို လွဲချော်ခဲ့ပါတယ်။

ဘလွန်ဒေါခြောက်ဆုရှင် မက်ဆီသာ ဒီအသင်းကို ရောက်လာခဲ့ပြီဖြစ်တဲ့အတွက် ကမ္ဘာ့အင်အားအကြီးမားဆုံးတိုက်စစ်ကို ကြောက်ခမန်းလိလိ ပိုင်ဆိုင်သွားတော့မှာဖြစ်ပြီး အသက် ၃၄ နှစ်သားအနေနဲ့ ပါရီမြို့မှာ ၂ နှစ်သက်တမ်းနဲ့အတူ တနှစ်ထပ်တိုးခွင့်ရှိဦးမယ့် ၃ နှစ်စာချုပ်ကို လက်ခံလိုက်တဲ့အတွက် ဒါက ဘယ်အသင်းကိုမဆို ကြောက်ဒူးတုန်စေပြီး မနာလိုအားကျစရာအခြေအနေတရပ်လည်းဖြစ်ပါတယ်။

နေမာကလည်း ၄ နှစ်စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်လို့ ပိုချက်တီနိုအနေနဲ့ ဘယ်နည်းပြမှ မကိုင်တွယ်ခဲ့ဖူးတဲ့ သားရွှေအိုးထမ်းလာတဲ့ အသင်းလူစာရင်းကို တသက်မှာတခါ ပိုင်ဆိုင်ခွင့်ရတော့မှာမို့ အနည်းဆုံးတော့ အမ်ဘာပေရဲ့ စာချုပ်သက်တမ်းမကုန်ခင် နောက်တနှစ်အတွင်းတော့ လက်မအထောင်နိုင်ဆုံးနည်းပြဖြစ်လာဖို့လည်း ရှိနေပါတယ်။

CR7 ကို အားကျကိုးကွယ်သူလို့ သိထားရတဲ့ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်သားလေးကတော့ ရီးရဲလ်မက်ဒရစ်မှာ ကစားချင်ပါတယ်ဆိုတဲ့ သူ့အိပ်မက်ကို မက်ဆီနဲ့တွဲကစားခွင့်အတွက် စတေးသွားဖို့ ရှိနေပြီး ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ယုံကြည်ချက်အားကောင်းသွားခဲ့တာကြောင့် စာချုပ်သစ်တရပ်နဲ့အတူ ပရိသတ်တွေကို သတင်းကောင်းကြားစေဦးမယ်လို့ သိရှိထားရပါတယ်။

မက်ဆီ၊ အမ်ဘာပေ၊ နေမာတို့ရဲ့ ‘MMN’ တိုက်စစ်အတွဲမှာ ‘BBC’ ‘MSN’ တို့အတွဲတွေထက် ပိုပြီးစိတ်လှုပ်ရှားဖွယ်ရာလည်းကောင်းနေသလို တကယ်တမ်းမှာ ဥရောပရဲ့ အဟော့ဆုံးတိုက်စစ်ကို အသက်သွင်းလာဖို့လည်းရှိနေပြီး ပြိုင်ဘက်ခံစစ်တိုင်းကို ထမင်းလုံးတစ္ဆေခြောက်သွားမယ့် ‘ဂိုးသွင်းမုဆိုးဂိုဏ်း’ အဖြစ် တခေတ်ဆန်းသစ်လာဖို့ ရှိနေတဲ့ အခြေအနေက အားပါးတရရှိစရာပါ။

လျှပ်စီးလိုလျင်မြင်တဲ့ ပြင်သစ်သားတိုက်စစ်မှူး၊ မှော်ဝိဇ္ဇာ ဘရားဇီးလ်သားတိုက်စစ်မှူးနဲ့ သူတို့နှစ်ဦးစလုံးကို ဝါ၊ သမ္ဘာအားနဲ့ ထိန်းကျောင်းမောင်းနှင်ပေးမယ့် အာဂျင်တီးနား GOAT ကြီးတို့ ပေါင်းစည်းလက်တွဲမယ့် တိုက်စစ်မျိုးဟာ ဘောလုံးသမိုင်းကို ဘယ်လိုရသတွေချန်ထားရစ်ခဲ့မလဲ၊ ပဉ္စလက်ဆန်လွန်းတဲ့ နတ်ရေးတဲ့ဇာတာမျိုးကို ကမ္ဘာ့အအောင်မြင်ဆုံးတိုက်စစ်အတွဲအဖြစ် မော်ကွန်းထိုးသွားနိုင်မလားဆိုတာကတော့……။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘာစီလိုနာအသင္းကေန ထြက္ခြာခဲ့ၿပီျဖစ္တဲ့ တိုက္စစ္မႉးႀကီး လီယြန္နယ္ မက္ဆီဟာ ယေန႔မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ ၂ ႏွစ္စာခ်ဳပ္ တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီး ေဘာလုံးသမိုင္းရဲ႕ ေျပာင္းေ႐ႊ႕ေၾကးအျမင့္ဆုံးကစားသမားႏွစ္ဦးျဖစ္ခဲ့တဲ့ ေနမာ၊ အမ္ဘာေပတို႔နဲ႔အတူ ပီအက္စ္ဂ်ီအသင္းမွ အတူကစားဖို႔ သြားေရာက္ပူးေပါင္းလိုက္ၿပီျဖစ္ပါတယ္။

ျပင္သစ္လီဂူးကေတာ့ စတင္ယွဥ္ၿပိဳင္ေနၿပီျဖစ္သလို ရာသီအဖြင့္ပြဲစဥ္မွာ PSG အသင္းက တန္းတက္လာခဲ့တဲ့ ထ႐ြိဳင္းယက္စ္အသင္းကို ၂-၁ ရလဒ္နဲ႔ အႏိုင္ကစားခဲ့ေပမယ့္ နည္းျပပိုခ်က္တီႏိုရဲ႕အသင္းမွာ ‘စတားပါဝါ’ ကင္းမဲ့ေနတာကို မ်က္ဝါးထင္ထင္ျမင္ခဲ့ရၿပီး ဆာဂ်ီယို ရာမို႔စ္၊ ဒြန္နရမ္မာ၊ ေနမာ၊ ဒီမာရီယာ၊ ဗာရက္တီတို႔လို စူပါစတားေတြကေတာ့ အဲဒီပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။

ဘလြန္ေဒါေျခာက္ဆုရွင္ မက္ဆီသာ ဒီအသင္းကို ေရာက္လာခဲ့ၿပီျဖစ္တဲ့အတြက္ ကမာၻ႔အင္အားအႀကီးမားဆုံးတိုက္စစ္ကို ေၾကာက္ခမန္းလိလိ ပိုင္ဆိုင္သြားေတာ့မွာျဖစ္ၿပီး အသက္ ၃၄ ႏွစ္သားအေနနဲ႔ ပါရီၿမိဳ႕မွာ ၂ ႏွစ္သက္တမ္းနဲ႔အတူ တႏွစ္ထပ္တိုးခြင့္ရွိဦးမယ့္ ၃ ႏွစ္စာခ်ဳပ္ကို လက္ခံလိုက္တဲ့အတြက္ ဒါက ဘယ္အသင္းကိုမဆို ေၾကာက္ဒူးတုန္ေစၿပီး မနာလိုအားက်စရာအေျခအေနတရပ္လည္းျဖစ္ပါတယ္။

ေနမာကလည္း ၄ ႏွစ္စာခ်ဳပ္သစ္ကို လက္မွတ္ေရးထိုးခဲ့ၿပီးျဖစ္လို႔ ပိုခ်က္တီႏိုအေနနဲ႔ ဘယ္နည္းျပမွ မကိုင္တြယ္ခဲ့ဖူးတဲ့ သားေ႐ႊအိုးထမ္းလာတဲ့ အသင္းလူစာရင္းကို တသက္မွာတခါ ပိုင္ဆိုင္ခြင့္ရေတာ့မွာမို႔ အနည္းဆုံးေတာ့ အမ္ဘာေပရဲ႕ စာခ်ဳပ္သက္တမ္းမကုန္ခင္ ေနာက္တႏွစ္အတြင္းေတာ့ လက္မအေထာင္ႏိုင္ဆုံးနည္းျပျဖစ္လာဖို႔လည္း ရွိေနပါတယ္။

CR7 ကို အားက်ကိုးကြယ္သူလို႔ သိထားရတဲ့ ကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္သားေလးကေတာ့ ရီးရဲလ္မက္ဒရစ္မွာ ကစားခ်င္ပါတယ္ဆိုတဲ့ သူ႔အိပ္မက္ကို မက္ဆီနဲ႔တြဲကစားခြင့္အတြက္ စေတးသြားဖို႔ ရွိေနၿပီး ခ်န္ပီယံလိဂ္ဖလားကို အရယူဖို႔ ယုံၾကည္ခ်က္အားေကာင္းသြားခဲ့တာေၾကာင့္ စာခ်ဳပ္သစ္တရပ္နဲ႔အတူ ပရိသတ္ေတြကို သတင္းေကာင္းၾကားေစဦးမယ္လို႔ သိရွိထားရပါတယ္။

မက္ဆီ၊ အမ္ဘာေပ၊ ေနမာတို႔ရဲ႕ ‘MMN’ တိုက္စစ္အတြဲမွာ ‘BBC’ ‘MSN’ တို႔အတြဲေတြထက္ ပိုၿပီးစိတ္လႈပ္ရွားဖြယ္ရာလည္းေကာင္းေနသလို တကယ္တမ္းမွာ ဥေရာပရဲ႕ အေဟာ့ဆုံးတိုက္စစ္ကို အသက္သြင္းလာဖို႔လည္းရွိေနၿပီး ၿပိဳင္ဘက္ခံစစ္တိုင္းကို ထမင္းလုံးတေစၦေျခာက္သြားမယ့္ ‘ဂိုးသြင္းမုဆိုးဂိုဏ္း’ အျဖစ္ တေခတ္ဆန္းသစ္လာဖို႔ ရွိေနတဲ့ အေျခအေနက အားပါးတရရွိစရာပါ။

လွ်ပ္စီးလိုလ်င္ျမင္တဲ့ ျပင္သစ္သားတိုက္စစ္မႉး၊ ေမွာ္ဝိဇၨာ ဘရားဇီးလ္သားတိုက္စစ္မႉးနဲ႔ သူတို႔ႏွစ္ဦးစလုံးကို ဝါ၊ သမာၻအားနဲ႔ ထိန္းေက်ာင္းေမာင္းႏွင္ေပးမယ့္ အာဂ်င္တီးနား GOAT ႀကီးတို႔ ေပါင္းစည္းလက္တြဲမယ့္ တိုက္စစ္မ်ိဳးဟာ ေဘာလုံးသမိုင္းကို ဘယ္လိုရသေတြခ်န္ထားရစ္ခဲ့မလဲ၊ ပၪၥလက္ဆန္လြန္းတဲ့ နတ္ေရးတဲ့ဇာတာမ်ိဳးကို ကမာၻ႔အေအာင္ျမင္ဆုံးတိုက္စစ္အတြဲအျဖစ္ ေမာ္ကြန္းထိုးသြားႏိုင္မလားဆိုတာကေတာ့……။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.