Premier League Transfer News

မြောက်လန်ဒန်မှာ စပါးစ်ဆီ ရထားမှားစီးတဲ့ လော်တာရိုကြောင့် ဘာတွေဖြစ်ကုန်ပြီလဲ

အင်တာမီလန်အသင်းအနေနဲ့ အဓိကတိုက်စစ်မှူးနှစ်ယောက်စလုံးကို မရောင်းလောက်ဘူးဆိုတဲ့ ခန့်မှန်းချက်တွေအားလုံးက ဒီနေ့မှာတော့ မှားယွင်းသွားခဲ့ပြီဖြစ်ပြီး မြောက်လန်ဒန်ကလပ် တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ လော်တာရို မာတီနက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ကြောင်း သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ညနေပိုင်းကမှ ရိုမီလူ လူကာကူးကို တခြားလန်ဒန်ကလပ်တစ်သင်းဖြစ်တဲ့ ချဲလ်ဆီးကို ပေါင် ၉၇.၅ သန်းနဲ့ ရောင်းချဖို့ သဘောတူညီလိုက်တဲ့ အင်တာမီလန်အသင်းအနေနဲ့ နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို ပေါင်သန်း ၆၀ နဲ့ ရောင်းချဖို့ လုပ်လိုက်တာဖြစ်ပြီး သူတို့ရဲ့ ဘဏ္ဏာရေးအခြေအနေကလည်း သိသာထင်ရှားသွားခဲ့တာပါ။

စပါးစ်အသင်းအနေနဲ့ အတ္တလန်တာနောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးကို ခေါ်ယူဖို့ သဘောတူညီအပြီးမှာ သူ့ရဲ့ အာဂျင်တီးနားအသင်းဖော်ကိုပါ ခေါ်ယူဖို့အတွက် အိမ်နီးချင်းပြိုင်ဘက် အာဆင်နယ်အသင်းကို နောက်ကောက်ချနိုင်ခဲ့တာလည်းဖြစ်ပြီး အမ်းမရိတ်ပရိသတ်တွေရဲ့ ဒေါသကို ပေါက်ကွဲစေဖို့ လုပ်ဆောင်ပေးလိုက်နိုင်တာလည်းဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကတော့ သူတို့အနေနဲ့ ဟာရီကိန်းကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း လူပြောများနေကြပြီး အရင်လို ပေါင်သန်း ၁၅၀ နဲ့ ဈေးကိုင်တာမျိုးတော့ မလုပ်လောက်ဘူးလို့ ထင်ရပြီး မန်ချက်စတာစီးတီးဘက်က ကမ်းလှမ်းတဲ့ ပေါင်သန်း ၁၀၀ ထက် ဆယ်ဂဏန်းလောက် ပိုပေးခဲ့ရင် အလုပ်ဖြစ်နိုင်မယ်လို့လည်း ယူဆနေကြပါတယ်။

လော်တာရို မာတီနက်ဇ်ရဲ့ ဝှိုက်ဟတ်လိန်းကို ဟာရီကိန်းနဲ့ တွဲကစားဖို့ လာတာဆိုတဲ့ စကားကတော့ လောလောဆယ်မှာ ပြက်လုံးတစ်ခုလို ဖြစ်နေခဲ့ပြီး မက်ဆီနဲ့ တွဲကစားဖို့ ဘာစီလိုနာသွားတာဆိုတဲ့ အဂွေရို၊ အန်ဆယ်လော့တီနောက် လိုက်လာလို့ အဲဗာတန် ရောက်ခဲ့ရတာဆိုတဲ့ ဟားမက်စ် ရိုဒရီးရက်ဇ်တို့ရဲ့ ဖြစ်ရပ်တွေက မပြုံးဘဲ ဝါးလုံးကွဲ ရယ်ချင်စရာလည်းဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်တို့ကတော့ အိမ်နီးချင်း ခါးသီးပြိုင်ဘက်ရဲ့ မထင်မှတ်တဲ့ ရွှေ့ကွက်မှာ အရှိုက်တည့်တည့်ကို လက်သီးပုန်းထိုးခံခဲ့ရတာဖြစ်ပြီး နည်းစနစ်ဒါရိုက်တာ အီဒူး ဂက်စ်ပါအတွက်တော့ ဆဲပေါက်တစ်ခုဖြစ်လာခဲ့သလို မျောက်သစ်ကိုင်းလွတ်ဖြစ်ရတော့မယ့်အချိန်မှာ ချဲလ်ဆီးတိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကိုပဲ ခေါ်ယူဖို့ ၂၀၁၃ က ဖယ်လ်ကာအိုကို ခေါ်မယ်ဆိုပြီးမှ ဝဲလ်ဘက်နဲ့ ညားတဲ့ ဇာတ်ကြောင်းကိုလည်း လှန်ချင်စရာဖြစ်ခဲ့တာပါ။

ဒါကြောင့် စပါးစ်အသင်းက သဘောတူညီသွားတဲ့ မာတီနက်ဇ်ရဲ့ ပေါင်သန်း ၆၀ တန် အပြောင်းအရွှေ့က ပရီးမီးယားလိဂ်အသင်းတွေကို တော်တော်လေး လှုပ်ခတ်သွားစေတော့မှာဖြစ်ပြီး မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ ဘာတွေဆက်လုပ်ကြမလဲဆိုတာကိုတော့ တော်တော်လေး စိတ်ဝင်စားစရာဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အင္တာမီလန္အသင္းအေနနဲ႔ အဓိကတိုက္စစ္မႉးႏွစ္ေယာက္စလုံးကို မေရာင္းေလာက္ဘူးဆိုတဲ့ ခန႔္မွန္းခ်က္ေတြအားလုံးက ဒီေန႔မွာေတာ့ မွားယြင္းသြားခဲ့ၿပီျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူဖို႔ သေဘာတူညီမႈ ရသြားခဲ့ေၾကာင္း သတင္းေတြက ေဖာ္ျပလာခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔ညေနပိုင္းကမွ ႐ိုမီလူ လူကာကူးကို တျခားလန္ဒန္ကလပ္တစ္သင္းျဖစ္တဲ့ ခ်ဲလ္ဆီးကို ေပါင္ ၉၇.၅ သန္းနဲ႔ ေရာင္းခ်ဖို႔ သေဘာတူညီလိုက္တဲ့ အင္တာမီလန္အသင္းအေနနဲ႔ ေနာက္ထပ္တိုက္စစ္မႉးတစ္ဦးကို ေပါင္သန္း ၆၀ နဲ႔ ေရာင္းခ်ဖို႔ လုပ္လိုက္တာျဖစ္ၿပီး သူတို႔ရဲ႕ ဘဏၰာေရးအေျခအေနကလည္း သိသာထင္ရွားသြားခဲ့တာပါ။

စပါးစ္အသင္းအေနနဲ႔ အတၱလန္တာေနာက္ခံလူ ခရစၥတီယန္ ႐ိုမဲ႐ိုးကို ေခၚယူဖို႔ သေဘာတူညီအၿပီးမွာ သူ႔ရဲ႕ အာဂ်င္တီးနားအသင္းေဖာ္ကိုပါ ေခၚယူဖို႔အတြက္ အိမ္နီးခ်င္းၿပိဳင္ဘက္ အာဆင္နယ္အသင္းကို ေနာက္ေကာက္ခ်ႏိုင္ခဲ့တာလည္းျဖစ္ၿပီး အမ္းမရိတ္ပရိသတ္ေတြရဲ႕ ေဒါသကို ေပါက္ကြဲေစဖို႔ လုပ္ေဆာင္ေပးလိုက္ႏိုင္တာလည္းျဖစ္ပါတယ္။

ဒီလုပ္ေဆာင္ခ်က္ကေတာ့ သူတို႔အေနနဲ႔ ဟာရီကိန္းကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့တာလို႔လည္း လူေျပာမ်ားေနၾကၿပီး အရင္လို ေပါင္သန္း ၁၅၀ နဲ႔ ေဈးကိုင္တာမ်ိဳးေတာ့ မလုပ္ေလာက္ဘူးလို႔ ထင္ရၿပီး မန္ခ်က္စတာစီးတီးဘက္က ကမ္းလွမ္းတဲ့ ေပါင္သန္း ၁၀၀ ထက္ ဆယ္ဂဏန္းေလာက္ ပိုေပးခဲ့ရင္ အလုပ္ျဖစ္ႏိုင္မယ္လို႔လည္း ယူဆေနၾကပါတယ္။

ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ ဝႈိက္ဟတ္လိန္းကို ဟာရီကိန္းနဲ႔ တြဲကစားဖို႔ လာတာဆိုတဲ့ စကားကေတာ့ ေလာေလာဆယ္မွာ ျပက္လုံးတစ္ခုလို ျဖစ္ေနခဲ့ၿပီး မက္ဆီနဲ႔ တြဲကစားဖို႔ ဘာစီလိုနာသြားတာဆိုတဲ့ အေဂြ႐ို၊ အန္ဆယ္ေလာ့တီေနာက္ လိုက္လာလို႔ အဲဗာတန္ ေရာက္ခဲ့ရတာဆိုတဲ့ ဟားမက္စ္ ႐ိုဒရီးရက္ဇ္တို႔ရဲ႕ ျဖစ္ရပ္ေတြက မၿပဳံးဘဲ ဝါးလုံးကြဲ ရယ္ခ်င္စရာလည္းျဖစ္ေနခဲ့ပါတယ္။

အာဆင္နယ္တို႔ကေတာ့ အိမ္နီးခ်င္း ခါးသီးၿပိဳင္ဘက္ရဲ႕ မထင္မွတ္တဲ့ ေ႐ႊ႕ကြက္မွာ အရႈိက္တည့္တည့္ကို လက္သီးပုန္းထိုးခံခဲ့ရတာျဖစ္ၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူး ဂက္စ္ပါအတြက္ေတာ့ ဆဲေပါက္တစ္ခုျဖစ္လာခဲ့သလို ေမ်ာက္သစ္ကိုင္းလြတ္ျဖစ္ရေတာ့မယ့္အခ်ိန္မွာ ခ်ဲလ္ဆီးတိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကိုပဲ ေခၚယူဖို႔ ၂၀၁၃ က ဖယ္လ္ကာအိုကို ေခၚမယ္ဆိုၿပီးမွ ဝဲလ္ဘက္နဲ႔ ညားတဲ့ ဇာတ္ေၾကာင္းကိုလည္း လွန္ခ်င္စရာျဖစ္ခဲ့တာပါ။

ဒါေၾကာင့္ စပါးစ္အသင္းက သေဘာတူညီသြားတဲ့ မာတီနက္ဇ္ရဲ႕ ေပါင္သန္း ၆၀ တန္ အေျပာင္းအေ႐ႊ႕က ပရီးမီးယားလိဂ္အသင္းေတြကို ေတာ္ေတာ္ေလး လႈပ္ခတ္သြားေစေတာ့မွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးနဲ႔ အာဆင္နယ္တို႔ ဘာေတြဆက္လုပ္ၾကမလဲဆိုတာကိုေတာ့ ေတာ္ေတာ္ေလး စိတ္ဝင္စားစရာျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.