International La Liga Serie A

ရာသီကြို ခြေစမ်းပွဲမှာ ပွဲဖြစ်ပြန်လို့ အနီကတ်ပြ အထုတ်ခံရ ပွဲကြည့်စင်ပေါ်ရောက်ရပြန်တဲ့ မော်ရင်ညို

ရီးရဲလ်ဘက်တစ်အသင်းကို ငါးဂိုး-နှစ်ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ စပိန်ဒိုင်လူကြီး ဖီဂယ်ရိုအာ ဗက်ဇ်ကက်ဇ်ရဲ့ လော်ရန်ဇို ပယ်လီဂရီနီကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့မှုအပြီးမှာ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း စပါယ်ရှယ်ဝမ်းကြီး မော်ရင်ညိုအနေနဲ့ ဒေါသအိုးပေါက်ကွဲခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ ဘက်တစ်‌ကစားသမား အဲလက်စ် မိုရီနိုအနေနဲ့ ဘားတန်းထိသွားလို့ ပြန်ထွက်လာတဲ့‌ဘောလုံးကို ဦးဆောင်ဂိုးအဖြစ် အသင်းအတွက် သွင်းယူခဲ့ပြီး သူ့ရဲ့သွင်းဂိုးကို ခေါင်းနဲ့တိုက်သွင်းပြီး ရယူဖို့ကြိုးစားစဉ်မှာ သိသိသာသာ လက်နဲ့ထိခဲ့ပါတယ်။ ကွင်းလယ်ဒိုင်အနေနဲ့ လက်ထိဘော သတ်မှတ်ကာ သွင်းဂိုးအဖြစ်က မပယ်ဖျက်ပေးတဲ့အပြင် ဂိုးအဖြစ်သတ်မှတ်ပေးခဲ့လို့ ရိုးမားကစားသမား ပယ်လီဂရီနီက စောဒကတက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒိုင်လူကြီးဘက်ကတော့ ဆုံးဖြတ်ချက်ကို မပြင်ခဲ့တဲ့အပြင် ဒီဂိုးအတွက် စောဒကတက်တဲ့ ပယ်လီဂရီနီကို အနီကတ်ပြပြီး ပွဲချိန် ၅၉ မိနစ်မှာ ထုတ်ပယ်ခဲ့လို့ မော်ရင်ညိုအနေနဲ့ သူ့ရဲ့ စိတ်မချမ်းသာရတဲ့အဖြစ်ကို ပြောပြဖို့အတွက် ကွင်းထဲပြေးဝင်လာခဲ့ပါတယ်။ ဒိုင်လူကြီး ဗက်ဇ်ကက်ဇ်က ကွင်းထဲ ပြေးဝင်လာတဲ့ မော်ရင်ညိုကို တွေ့တွေ့ချင်းမှာပဲ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ပြီး ပေါ်တူဂီသားကြီးအနေနဲ့ ဒိုင်လူကြီးကို ဒေါသတကြီးနဲ့ ဖြစ်စဉ်အကြောင်း လိုက်လံရှင်းပြခဲ့ပေမယ့် အချည်းနှီးဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၅၁ မိနစ်အထိ ဘက်တစ်အသင်းအတွက် ရိုဒရီနဲ့ နာဘီးလ် ဖီကီယာနဲ့ ရိုးမားအတွက် အဲလ်ဒို ရှိုမူရိုဒေါ့ဗ်နဲ့ မန်ချီနီတို့ သွင်းယူခဲ့တဲ့ဂိုးတွေနဲ့ ဖျော်ဖြေမှုပေးခဲ့တဲ့ပွဲဟာ ပွဲချိန် ၅၉ မိနစ်မှာ ဘက်တစ်နောက်ခံလူ မိုရီနိုရဲ့ လက်နဲ့ထိပြီး သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကြောင့် ပရမ်းပတာစဖြစ်ခဲ့ရာက အခြေအနေ ပိုဆိုးလာခဲ့ပြီး ရိုးမားအသင်း‌ရဲ့နောက်ခံလူတွေဖြစ်တဲ့ ဂျန်လူကာ မန်ချီနီနဲ့ ရစ်ခ် ကားစ်ဒေါ့ပ်တို့နှစ်ယောက်ပါ ပွဲချိန် ၆၅ မိနစ်နဲ့ ၇၈ မိနစ်မှာ အသီးသီး ထပ်မံ အနီကတ်ပြထုတ်ပယ်ခံလိုက်ရပါတယ်။

ဒီ့နောက် ရီးရဲလ်ဘက်တစ်ဘက်က ခရစ္စတီယန် တယ်လိုနဲ့ ရိုဘာတို့ရဲ့ ပွဲပြီးခါနီး ၁၀ မိနစ်အလိုမှာသွင်းခဲ့တဲ့ ဂိုးတွေကြောင့် ကွင်းထဲမှာ ကစားသမား ၈ ယောက်သာကျန်ပြီး ကွင်းဘေးစည်းမှာပါ မန်နေဂျာမရှိတော့တဲ့ ရိုးမားတို့ အရေးနိမ့်ခဲ့ရပါတယ်။

တော့တင်ဟမ်ဟော့စပါးစ်အသင်းမှာ ရလဒ်မကောင်းလို့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ရိုးမားနည်းပြသစ် ဖြစ်လာခဲ့တဲ့ မော်ရင်ညိုအနေနဲ့ ရိုးမားကို ရောက်စမှာတင် ပွဲဖြစ်ခဲ့ပြီး သူရဲ့ အပြုအမှု အပြောအဆို နှုတ်ဖွာမှု၊ စိတ်လိုက်မာန်ပါပြုမှုတွေကြောင့် ပြိုင်ဘက်ပရိသတ်တွေသာမက စီးရီးအေ ဒိုင်လူကြီးတွေကပါ မျက်မုန်းကျိုးပြီး ခုလို အနီကတ်တွေ ခဏခဏပြခံရပြီး ပွဲတွေဆက်ဖြစ်ဦးမလား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ရီးရဲလ္ဘက္တစ္အသင္းကို ငါးဂိုး-ႏွစ္ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ ရာသီႀကိဳေျခစမ္းပြဲမွာ စပိန္ဒိုင္လူႀကီး ဖီဂယ္႐ိုအာ ဗက္ဇ္ကက္ဇ္ရဲ႕ ေလာ္ရန္ဇို ပယ္လီဂရီနီကို အနီကတ္နဲ႔ ထုတ္ပယ္ခဲ့မႈအၿပီးမွာ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္ နည္းျပေဟာင္း စပါယ္ရွယ္ဝမ္းႀကီး ေမာ္ရင္ညိဳအေနနဲ႔ ေဒါသအိုးေပါက္ကြဲခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာ ဘက္တစ္‌ကစားသမား အဲလက္စ္ မိုရီႏိုအေနနဲ႔ ဘားတန္းထိသြားလို႔ ျပန္ထြက္လာတဲ့‌ေဘာလုံးကို ဦးေဆာင္ဂိုးအျဖစ္ အသင္းအတြက္ သြင္းယူခဲ့ၿပီး သူ႔ရဲ႕သြင္းဂိုးကို ေခါင္းနဲ႔တိုက္သြင္းၿပီး ရယူဖို႔ႀကိဳးစားစဥ္မွာ သိသိသာသာ လက္နဲ႔ထိခဲ့ပါတယ္။ ကြင္းလယ္ဒိုင္အေနနဲ႔ လက္ထိေဘာ သတ္မွတ္ကာ သြင္းဂိုးအျဖစ္က မပယ္ဖ်က္ေပးတဲ့အျပင္ ဂိုးအျဖစ္သတ္မွတ္ေပးခဲ့လို႔ ႐ိုးမားကစားသမား ပယ္လီဂရီနီက ေစာဒကတက္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ဒိုင္လူႀကီးဘက္ကေတာ့ ဆုံးျဖတ္ခ်က္ကို မျပင္ခဲ့တဲ့အျပင္ ဒီဂိုးအတြက္ ေစာဒကတက္တဲ့ ပယ္လီဂရီနီကို အနီကတ္ျပၿပီး ပြဲခ်ိန္ ၅၉ မိနစ္မွာ ထုတ္ပယ္ခဲ့လို႔ ေမာ္ရင္ညိဳအေနနဲ႔ သူ႔ရဲ႕ စိတ္မခ်မ္းသာရတဲ့အျဖစ္ကို ေျပာျပဖို႔အတြက္ ကြင္းထဲေျပးဝင္လာခဲ့ပါတယ္။ ဒိုင္လူႀကီး ဗက္ဇ္ကက္ဇ္က ကြင္းထဲ ေျပးဝင္လာတဲ့ ေမာ္ရင္ညိဳကို ေတြ႕ေတြ႕ခ်င္းမွာပဲ တိုက္႐ိုက္အနီကတ္ျပထုတ္ပယ္ခဲ့ၿပီး ေပၚတူဂီသားႀကီးအေနနဲ႔ ဒိုင္လူႀကီးကို ေဒါသတႀကီးနဲ႔ ျဖစ္စဥ္အေၾကာင္း လိုက္လံရွင္းျပခဲ့ေပမယ့္ အခ်ည္းႏွီးျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္အထိ ဘက္တစ္အသင္းအတြက္ ႐ိုဒရီနဲ႔ နာဘီးလ္ ဖီကီယာနဲ႔ ႐ိုးမားအတြက္ အဲလ္ဒို ရႈိမူ႐ိုေဒါ့ဗ္နဲ႔ မန္ခ်ီနီတို႔ သြင္းယူခဲ့တဲ့ဂိုးေတြနဲ႔ ေဖ်ာ္ေျဖမႈေပးခဲ့တဲ့ပြဲဟာ ပြဲခ်ိန္ ၅၉ မိနစ္မွာ ဘက္တစ္ေနာက္ခံလူ မိုရီႏိုရဲ႕ လက္နဲ႔ထိၿပီး သြင္းယူခဲ့တဲ့ ဦးေဆာင္ဂိုးေၾကာင့္ ပရမ္းပတာစျဖစ္ခဲ့ရာက အေျခအေန ပိုဆိုးလာခဲ့ၿပီး ႐ိုးမားအသင္း‌ရဲ႕ေနာက္ခံလူေတြျဖစ္တဲ့ ဂ်န္လူကာ မန္ခ်ီနီနဲ႔ ရစ္ခ္ ကားစ္ေဒါ့ပ္တို႔ႏွစ္ေယာက္ပါ ပြဲခ်ိန္ ၆၅ မိနစ္နဲ႔ ၇၈ မိနစ္မွာ အသီးသီး ထပ္မံ အနီကတ္ျပထုတ္ပယ္ခံလိုက္ရပါတယ္။

ဒီ့ေနာက္ ရီးရဲလ္ဘက္တစ္ဘက္က ခရစၥတီယန္ တယ္လိုနဲ႔ ႐ိုဘာတို႔ရဲ႕ ပြဲၿပီးခါနီး ၁၀ မိနစ္အလိုမွာသြင္းခဲ့တဲ့ ဂိုးေတြေၾကာင့္ ကြင္းထဲမွာ ကစားသမား ၈ ေယာက္သာက်န္ၿပီး ကြင္းေဘးစည္းမွာပါ မန္ေနဂ်ာမရွိေတာ့တဲ့ ႐ိုးမားတို႔ အေရးနိမ့္ခဲ့ရပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းမွာ ရလဒ္မေကာင္းလို႔ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ႐ိုးမားနည္းျပသစ္ ျဖစ္လာခဲ့တဲ့ ေမာ္ရင္ညိဳအေနနဲ႔ ႐ိုးမားကို ေရာက္စမွာတင္ ပြဲျဖစ္ခဲ့ၿပီး သူရဲ႕ အျပဳအမႈ အေျပာအဆို ႏႈတ္ဖြာမႈ၊ စိတ္လိုက္မာန္ပါျပဳမႈေတြေၾကာင့္ ျပိဳင္ဘက္ပရိသတ္ေတြသာမက စီးရီးေအ ဒိုင္လူႀကီးေတြကပါ မ်က္မုန္းက်ိဳးၿပီး ခုလို အနီကတ္ေတြ ခဏခဏျပခံရျပီး ပြဲေတြဆက္ျဖစ္ဦးမလား ေစာင့္ၾကည့္ၾကရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.