Premier League Transfer News

8 Aug ညနေခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အသင်းရဲ့တိုက်စစ်မှူးဟောင်း ရိုမဲလူ လူကာကူးကို အင်တာမီလန်အသင်းဆီ ရောင်းချတုန်းက ပြန်လည်ရောင်းချငွေရဲ့ ရာခိုင်နှုန်းအချို့ကို ပြန်လည်ခံစားခွင့်ရှိတဲ့အချက် ပါဝင်ခဲ့ပြီး အခုအချိန်မှာ ဘယ်လ်ဂျီယမ်သားအနေနဲ့ မီလန်မြို့ခံအသင်းကနေ ချဲလ်ဆီးအသင်းကို အပြောင်းအရွှေ့ဖြစ်လာလို့ အကျိုးအမြတ်အနေနဲ့ ပေါင် ၄ သန်းရရှိသွားမှာဖြစ်ကြောင်းသိရ။

– အင်တာမီလန်နဲ့ အဲဗာတန်အသင်းတို့ ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး အန်ထော်နီ မာစီယယ်လ်အတွက် ယူနိုက်တက်တို့အနေနဲ့ ဈေးနှုန်းသတ်မှတ်သွားခဲ့ပြီး ၂၀၁၅ ခုနှစ်တုန်းက မိုနာကိုအသင်းရဲ့ ပြင်သစ်သားအတွက် ကုန်ကျခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ကို ပြန်ကာမိနိုင်မယ်ဆိုရင် ရောင်းချဖို့ရှိနေကြောင်း သတင်းတွေထွက်ပေါ်လာ။

– ဝုလ်ဗ်စ်ကွင်းလယ်ကစားသမား ရူဘင် နီဗက်စ်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်တို့အနေနဲ့ စောင့်ကြည့်နေဆဲဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ အာဆင်နယ်ဘက်ကလည်း အသင်းက ထွက်ခွာမယ်ဆိုပြီးမှ စိတ်ပြောင်းသွားခဲ့တဲ့ ဂရာနစ် ချာကာကို စာချုပ်သစ် ချုပ်တော့မှာဖြစ်သလို ပေါ်တူဂီသားကို စိတ်ဝင်စားမှု မရှိတော့တာကြောင့် အိုးလ်ထရက်ဖို့ဒ်ဘက်က အေးအေးဆေးဆေး ခေါ်ယူနိုင်ဖို့ရှိနေ။

– ယူနိုက်တက်ပရိသတ်တွေအနေနဲ့ အဲဗာတန်အသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲအတွင်း‌ နောက်ခံလူ ဟာရီ မက်ဂွိုင်းယားရဲ့ သွင်းဂိုးအပြီးမှာ အသင်းရဲ့ အကောင်းဆုံးခေါ်ယူမှုအဖြစ် ချဲလ်ဆီးအသင်းရဲ့ တည်ကန်ဘောနည်းပြဟောင်း အဲရစ် ရမ်ဆေးကို ချီးကျူးခဲ့ကြပြီး သူစတင်ရောက်ရှိလာတဲ့ ဒီနှစ်‌နွေကစပြီး သရဲနီတို့ရဲ့ တည်ကန်ဘောကစားပုံ သိသိသာသာတိုးတက်လာခဲ့ကြောင်း ဆိုနေကြ။

– အက်သလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ ယူနိုက်တက်ကို ပြောင်းချင်နေတဲ့ နောက်ခံလူ ကီရန် ထရစ်ပီယာကို ပေါင် ၃၃.၉ သန်းရမှ ရောင်းမယ်ဆိုပြီး တင်းခံမနေသင့်ဘဲ အသက် ၃၀ အရွယ် ညာနောက်ခံလူကို ရောင်းချဖို့အတွက် ကစားသမားဘက်က ဖိအားပေးတာ ခံလာရနိုင်တာကြောင့် ဈေးကောင်းရတုန်း ရောင်းထားသင့်ကြောင်း စပိန်မီဒီယာတွေက ဖော်ပြနေကြ။

– ယူနိုက်တက်တို့အနေနဲ့ လီယွန်နယ် မက်ဆီကို မလိုအပ်ဘဲ အသင်းမှာ မက်ဆီတစ်ယောက်ရှိနေပြီးသားဖြစ်ကြောင်း ပရိသတ်တွေအနေနဲ့ တောင်ပံတိုက်စစ်မှူး အာမက် ဒီယယ်လိုကို ရည်ညွှန်းပြီး လူမှုကွန်ယက်တွေပေါ်မှာ ရေးသားခဲ့ကြသလို အိုင်ဗရီကို့စ်သားရဲ့ အသင်းဖော်ဟောင်း ဆီဗီလာကွင်းလယ်တိုက်စစ်ကစားသမား အာလေဟန်ဒရို ဂိုးမက်ဇ်အနေနဲ့လည်း သူ့ကို မက်ဆီလို ဖြစ်လာမယ့် ကစားသမားလို့ ချီးကျူးထားခဲ့ဖူးကြောင်းသိရ။

– အဲဗာတန်အသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ နောက်ဆုံးအပိတ်ဂိုးကို သွင်းယူခဲ့တဲ့ ညာနောက်ခံလူ ဒီယိုဂို ဒါလော့ကို ယူနိုက်တက်တို့အနေနဲ့ အသုံးချဖို့ ရှိနေပြီး အက်သလက်တီကိုမက်ဒရစ်နောက်ခံလူ ကီရန် ထရစ်ပီယာကို ခေါ်ယူဖို့ ပေါ်တူဂီသားအပြင် ငွေသားနဲ့ပါ အလိုက်ထပ်ပေးပြီး အပြောင်းအရွှေ့ပြုလုပ်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်လာ။

– ဘာမင်ဂမ်စီးတီးအသင်းကို မကြာသေးမီကမှ အငှားချထားတဲ့ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား တာဟစ်ချုံးအနေနဲ့ ဘာမင်ဂမ်အသင်းအတွက် ပထမဆုံးကစားပေးတဲ့ အမှတ်ပေးလိဂ်ပွဲစဉ်ဖြစ်တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်းသိရ။

– ပရီးမီးယားလိဂ်ကစားသမားဟောင်း ကာလ်တန် ပါးလ်မားအနေနဲ့ This is Futbol သတင်းဌာနရဲ့ အစီအစဉ်တစ်ခုမှာ ပေါ့ဘာက ကစားသမားကောင်းတစ်ယောက်ဖြစ်သလို နည်းပြ အိုလီဂန်းနား ဆိုးလ်ရှားဘက်က ပြင်သစ်သားကို ဝန်းရံပြီး အသင်းကို အကောင်းဆုံးတည်ဆောက်သွားဖို့ ပြောခဲ့ဖူးတာကြောင့် ပေါ့ဘာဘက်က စာချုပ်သစ်ချုပ်ဖို့ လက်ခံသွားနိုင်ကြောင်း ပြောသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ အသင္းရဲ႕တိုက္စစ္မႉးေဟာင္း ႐ိုမဲလူ လူကာကူးကို အင္တာမီလန္အသင္းဆီ ေရာင္းခ်တုန္းက ျပန္လည္ေရာင္းခ်ေငြရဲ႕ ရာခိုင္ႏႈန္းအခ်ိဳ႕ကို ျပန္လည္ခံစားခြင့္ရွိတဲ့အခ်က္ ပါဝင္ခဲ့ၿပီး အခုအခ်ိန္မွာ ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ မီလန္ၿမိဳ႕ခံအသင္းကေန ခ်ဲလ္ဆီးအသင္းကို အေျပာင္းအေ႐ႊ႕ျဖစ္လာလို႔ အက်ိဳးအျမတ္အေနနဲ႔ ေပါင္ ၄ သန္းရရွိသြားမွာျဖစ္ေၾကာင္းသိရ။

– အင္တာမီလန္နဲ႔ အဲဗာတန္အသင္းတို႔ ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတဲ့ တိုက္စစ္မႉး အန္ေထာ္နီ မာစီယယ္လ္အတြက္ ယူႏိုက္တက္တို႔အေနနဲ႔ ေဈးႏႈန္းသတ္မွတ္သြားခဲ့ၿပီး ၂၀၁၅ ခုႏွစ္တုန္းက မိုနာကိုအသင္းရဲ႕ ျပင္သစ္သားအတြက္ ကုန္က်ခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ ကို ျပန္ကာမိႏိုင္မယ္ဆိုရင္ ေရာင္းခ်ဖို႔ရွိေနေၾကာင္း သတင္းေတြထြက္ေပၚလာ။

– ဝုလ္ဗ္စ္ကြင္းလယ္ကစားသမား ႐ူဘင္ နီဗက္စ္ကို ေခၚယူဖို႔အတြက္ ယူႏိုက္တက္တို႔အေနနဲ႔ ေစာင့္ၾကည့္ေနဆဲျဖစ္ၿပီး သူ႔ကို ေခၚယူဖို႔ ၿပိဳင္ဘက္ျဖစ္ခဲ့တဲ့ အာဆင္နယ္ဘက္ကလည္း အသင္းက ထြက္ခြာမယ္ဆိုၿပီးမွ စိတ္ေျပာင္းသြားခဲ့တဲ့ ဂရာနစ္ ခ်ာကာကို စာခ်ဳပ္သစ္ ခ်ဳပ္ေတာ့မွာျဖစ္သလို ေပၚတူဂီသားကို စိတ္ဝင္စားမႈ မရွိေတာ့တာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ဘက္က ေအးေအးေဆးေဆး ေခၚယူႏိုင္ဖို႔ရွိေန။

– ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ အဲဗာတန္အသင္းကို ေလးဂိုးျပတ္ အႏိုင္ရခဲ့တဲ့ ေျခစမ္းပြဲအတြင္း‌ ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားရဲ႕ သြင္းဂိုးအၿပီးမွာ အသင္းရဲ႕ အေကာင္းဆုံးေခၚယူမႈအျဖစ္ ခ်ဲလ္ဆီးအသင္းရဲ႕ တည္ကန္ေဘာနည္းျပေဟာင္း အဲရစ္ ရမ္ေဆးကို ခ်ီးက်ဴးခဲ့ၾကၿပီး သူစတင္ေရာက္ရွိလာတဲ့ ဒီႏွစ္‌ေႏြကစၿပီး သရဲနီတို႔ရဲ႕ တည္ကန္ေဘာကစားပုံ သိသိသာသာတိုးတက္လာခဲ့ေၾကာင္း ဆိုေနၾက။

– အက္သလက္တီကိုမက္ဒရစ္အသင္းအေနနဲ႔ ယူႏိုက္တက္ကို ေျပာင္းခ်င္ေနတဲ့ ေနာက္ခံလူ ကီရန္ ထရစ္ပီယာကို ေပါင္ ၃၃.၉ သန္းရမွ ေရာင္းမယ္ဆိုၿပီး တင္းခံမေနသင့္ဘဲ အသက္ ၃၀ အ႐ြယ္ ညာေနာက္ခံလူကို ေရာင္းခ်ဖို႔အတြက္ ကစားသမားဘက္က ဖိအားေပးတာ ခံလာရႏိုင္တာေၾကာင့္ ေဈးေကာင္းရတုန္း ေရာင္းထားသင့္ေၾကာင္း စပိန္မီဒီယာေတြက ေဖာ္ျပေနၾက။

– ယူႏိုက္တက္တို႔အေနနဲ႔ လီယြန္နယ္ မက္ဆီကို မလိုအပ္ဘဲ အသင္းမွာ မက္ဆီတစ္ေယာက္ရွိေနၿပီးသားျဖစ္ေၾကာင္း ပရိသတ္ေတြအေနနဲ႔ ေတာင္ပံတိုက္စစ္မႉး အာမက္ ဒီယယ္လိုကို ရည္ၫႊန္းၿပီး လူမႈကြန္ယက္ေတြေပၚမွာ ေရးသားခဲ့ၾကသလို အိုင္ဗရီကို႔စ္သားရဲ႕ အသင္းေဖာ္ေဟာင္း ဆီဗီလာကြင္းလယ္တိုက္စစ္ကစားသမား အာေလဟန္ဒ႐ို ဂိုးမက္ဇ္အေနနဲ႔လည္း သူ႔ကို မက္ဆီလို ျဖစ္လာမယ့္ ကစားသမားလို႔ ခ်ီးက်ဴးထားခဲ့ဖူးေၾကာင္းသိရ။

– အဲဗာတန္အသင္းကို ေလးဂိုးျပတ္ အႏိုင္ရခဲ့တဲ့ ေျခစမ္းပြဲမွာ ေနာက္ဆုံးအပိတ္ဂိုးကို သြင္းယူခဲ့တဲ့ ညာေနာက္ခံလူ ဒီယိုဂို ဒါေလာ့ကို ယူႏိုက္တက္တို႔အေနနဲ႔ အသုံးခ်ဖို႔ ရွိေနၿပီး အက္သလက္တီကိုမက္ဒရစ္ေနာက္ခံလူ ကီရန္ ထရစ္ပီယာကို ေခၚယူဖို႔ ေပၚတူဂီသားအျပင္ ေငြသားနဲ႔ပါ အလိုက္ထပ္ေပးၿပီး အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔ စီစဥ္ေနေၾကာင္း သတင္းေတြ ထြက္လာ။

– ဘာမင္ဂမ္စီးတီးအသင္းကို မၾကာေသးမီကမွ အငွားခ်ထားတဲ့ ယူႏိုက္တက္အသင္းရဲ႕ ေတာင္ပံကစားသမား တာဟစ္ခ်ဳံးအေနနဲ႔ ဘာမင္ဂမ္အသင္းအတြက္ ပထမဆုံးကစားေပးတဲ့ အမွတ္ေပးလိဂ္ပြဲစဥ္ျဖစ္တဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ပြဲမွာ ေျခစြမ္းျပခဲ့ၿပီး ပြဲစဥ္ရဲ႕ အေကာင္းဆုံးကစားသမားဆု ရရွိခဲ့ေၾကာင္းသိရ။

– ပရီးမီးယားလိဂ္ကစားသမားေဟာင္း ကာလ္တန္ ပါးလ္မားအေနနဲ႔ This is Futbol သတင္းဌာနရဲ႕ အစီအစဥ္တစ္ခုမွာ ေပါ့ဘာက ကစားသမားေကာင္းတစ္ေယာက္ျဖစ္သလို နည္းျပ အိုလီဂန္းနား ဆိုးလ္ရွားဘက္က ျပင္သစ္သားကို ဝန္းရံၿပီး အသင္းကို အေကာင္းဆုံးတည္ေဆာက္သြားဖို႔ ေျပာခဲ့ဖူးတာေၾကာင့္ ေပါ့ဘာဘက္က စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ လက္ခံသြားႏိုင္ေၾကာင္း ေျပာသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.