Premier League

8 Aug နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

အက်စတန် ဗီလာဂိုးသမား မာတီနက်ဇ်က မန်စီးတီးအသင်းအနေနဲ့ ကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ်ကို ရရှိလိုက်တာဟာ သူနဲ့ အာဂျင်တီးနားတနိုင်ငံတည်းသားဖြစ်တဲ့ လီယွန်နယ် မက်ဆီကို ရလိုက်သလိုပဲလို့ ပြောကြားသွားခဲ့သလို အင်္ဂလန်သားဟာ ‘ညာခြေသန်တဲ့ မက်ဆီ’ ဖြစ်တယ်လို့ ထပ်တူပြုခိုင်းနှိုင်းသွားခဲ့ပြီး နှစ်ဦးစလုံးဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တိုင်းက လေးစားရသူတွေဖြစ်ကြောင်း ထုတ်ဖော်သွားခဲ့။

မန်စီးတီးအသင်းဟာ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူခဲ့ပြီဖြစ်တယ်လို့ The Mirror သတင်းက ဖော်ပြသွားခဲ့ပြီး အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ရာ ဖိအားများသွားခဲ့ပြီဖြစ်တဲ့ စပါးစ်ဥက္ကဌလီဗိုင်းအပေါ် မူတည်နေသလို နည်းပြပပ်ဂွာဒီယိုလာရဲ့ အစီအစဥ်အရ ကိန်းလေ့ကျင့်ရေးပြန်ဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရ။

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာအနေနဲ့ အီတီဟတ်ကနေ ထွက်ခွာခွင့်ပေးလိုက်ပြီဖြစ်တဲ့ မန်စီးတီးကွင်းလယ်လူ ဘာနတ်ဒို ဆေးလ်ဗားကကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ကြောင်း သိရပြီး စပိန်ကို စိတ်ရောက်နေတဲ့ ပရီးမီးယားလိဂ်ဖလား ၃ လုံးပိုင်ရှင်ကို နွေရာသီပေါက်စျေးအရ ပေါင် ၆၃ သန်းနဲ့ ကမ်းလှမ်းသွားဖို့ စီစဥ်နေ။

မန်စီးတီးတို့ ပစ်မှတ်ထားနေတဲ့ မိုချန်ဂလာဘတ်ကွင်းလယ်လူ ဒင်းနစ် ဇကာရီးယားဆီကို ကမ်းလှမ်းမှုတွေ ရောက်ရှိလာခဲ့ကြောင်း ဂျာမန်ကလပ်အသင်းအားကစားဒါရိုက်တာက ထုတ်ဖော်ဝန်ခံသွားခဲ့ပြီး လာမယ့်ရက်သတ္တပတ်အတွင်း အပြောင်းအရွှေ့တရပ်ဖြစ်လာအောင် ဖော်ဆောင်သွားတော့မယ်လို့ သိရ။

ပရီးမီးယားလိဂ်နဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှီးယားက မန်စီးတီးအသင်းအနေနဲ့ ကိန်းကို သိမ်းပိုက်နိုင်ရင် ပရီးမီးယားလိဂ်ဖလားကို ဆက်လက်ကာကွယ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရပြီး ရာသီသစ်အတွက် ဟော့နေပေမယ့် မြို့ခံပြိုင်ဘက် ယူနိုက်တက်တို့ ဒီတကြိမ်မှာလည်း ဖလားလုနိုင်စွမ်းမရှိကြောင်း သုံးသပ်သွားခဲ့။

လက်စတာနဲ့ကစားမယ့် ကွန်မြူနတီဒိုင်းပွဲစဥ်ကို လွဲချော်မယ်လို့ အတည်ပြုခံထားရတဲ့ ကီဗင် ဒီဘရိုင်းနားနဲ့ ဖီးလ်ဖိုဒင်တို့ဟာ ယူရိုပြိုင်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာနဲ့ ခြေကျင်းဝတ်ဒဏ်ရာအသီးသီးရရှိထားခဲ့တာကြောင့် ​နောက်တပတ်မှာကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲကိုပါ ဆက်လက်လွဲချော်နိုင်ဖွယ်ရှိတယ်လို့ မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာက အသိပေးသွားခဲ့။

မန်ယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းဟာ လက်စတာအသင်းကို အရေးနိမ့်ခဲ့တဲ့ မန်စီးတီးလူစာရင်းက ဗဟိုခံစစ်မှူး နာသန် အကီကို ဝေဖန်သွားခဲ့ပြီး အလွန်ပျင်းစရာကောင်းတဲ့ ကစားသမားလို့ ဆိုသွားခဲ့သလို အီယန်နာချိုကို ဂိုးပေးခဲ့ရတဲ့ ပင်နယ်တီ​ကြောင့် စတုတ္ထဦးစားပေးနေရာမှာသာ ရှိသင့်တယ်လို့ ပြောကြား။

ဂွာဒီယိုလာရဲ့ ပယ်ချမှုရှိခဲ့ပေမယ့် မက်ဆီနဲ့ မန်စီးတီးရဲ့ အပြောင်းအရွှေ့ဟာ ဆက်လက်အသက်ဝင်​နေဆဲဖြစ်တယ်လို့ ပြင်သစ်ကလာတဲ့ သတင်းတွေက ဖော်ပြသွားခဲ့ပြီး မန်စီးတီးအသင်းပိုင်ရှင်တွေရဲ့ စဥ်းစားပုံအရ အာဂျင်တီးနားသားကြီးကို ၃ နှစ်စာချုပ်ချုပ်မယ်လို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့သလို အခုအ​ပြောင်းအရွှေ့ကို နီးစပ်သူတချို့ကတည်း အတည်ပြုပေးသွား။

မန်စီးတီးအသင်းက ယူနိုက်တက်၊ ချယ်လ်ဆီးတို့နဲ့အပြိုင်လိုက်နေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ဒီတရာသီတော့ အရှေ့လန်ဒန်အသင်းမှာ ဆက်နေမှာဖြစ်ကြောင်း အတည်ပြုသွားခဲ့လို့ ပေါင်သန်း ၉၀ တန် အင်္ဂလန်သားဟာ ဘယ်ကမ်းလှမ်းမှုကိုမှ လက်မခံတော့ဘူးလို့ ဆုံးဖြတ်ထားကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စတန္ ဗီလာဂိုးသမား မာတီနက္ဇ္က မန္စီးတီးအသင္းအေနနဲ႔ ကြင္းလယ္လူ ဂ်က္ဂရီးလစ္ရွ္ကို ရရွိလိုက္တာဟာ သူနဲ႔ အာဂ်င္တီးနားတႏိုင္ငံတည္းသားျဖစ္တဲ့ လီယြန္နယ္ မက္ဆီကို ရလိုက္သလိုပဲလို႔ ေျပာၾကားသြားခဲ့သလို အဂၤလန္သားဟာ ‘ညာေျခသန္တဲ့ မက္ဆီ’ ျဖစ္တယ္လို႔ ထပ္တူျပဳခိုင္းႏႈိင္းသြားခဲ့ၿပီး ႏွစ္ဦးစလုံးဟာ ေလ့က်င့္ေရးကြင္းမွာ အသင္းေဖာ္တိုင္းက ေလးစားရသူေတြျဖစ္ေၾကာင္း ထုတ္ေဖာ္သြားခဲ့။

မန္စီးတီးအသင္းဟာ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရယူခဲ့ၿပီျဖစ္တယ္လို႔ The Mirror သတင္းက ေဖာ္ျပသြားခဲ့ၿပီး အေျပာင္းအေ႐ႊ႕အၿပီးသတ္ႏိုင္ဖို႔ရာ ဖိအားမ်ားသြားခဲ့ၿပီျဖစ္တဲ့ စပါးစ္ဥကၠဌလီဗိုင္းအေပၚ မူတည္ေနသလို နည္းျပပပ္ဂြာဒီယိုလာရဲ႕ အစီအစဥ္အရ ကိန္းေလ့က်င့္ေရးျပန္ဆင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရ။

အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာအေနနဲ႔ အီတီဟတ္ကေန ထြက္ခြာခြင့္ေပးလိုက္ၿပီျဖစ္တဲ့ မန္စီးတီးကြင္းလယ္လူ ဘာနတ္ဒို ေဆးလ္ဗားကကို ေခၚယူဖို႔ ပစ္မွတ္ထားလာခဲ့ေၾကာင္း သိရၿပီး စပိန္ကို စိတ္ေရာက္ေနတဲ့ ပရီးမီးယားလိဂ္ဖလား ၃ လုံးပိုင္ရွင္ကို ေႏြရာသီေပါက္ေစ်းအရ ေပါင္ ၆၃ သန္းနဲ႔ ကမ္းလွမ္းသြားဖို႔ စီစဥ္ေန။

မန္စီးတီးတို႔ ပစ္မွတ္ထားေနတဲ့ မိုခ်န္ဂလာဘတ္ကြင္းလယ္လူ ဒင္းနစ္ ဇကာရီးယားဆီကို ကမ္းလွမ္းမႈေတြ ေရာက္ရွိလာခဲ့ေၾကာင္း ဂ်ာမန္ကလပ္အသင္းအားကစားဒါ႐ိုက္တာက ထုတ္ေဖာ္ဝန္ခံသြားခဲ့ၿပီး လာမယ့္ရက္သတၱပတ္အတြင္း အေျပာင္းအေ႐ႊ႕တရပ္ျဖစ္လာေအာင္ ေဖာ္ေဆာင္သြားေတာ့မယ္လို႔ သိရ။

ပရီးမီးယားလိဂ္နဲ႔ အာဆင္နယ္ကြင္းလယ္လူေဟာင္း ဂ်က္ဝီလ္ရွီးယားက မန္စီးတီးအသင္းအေနနဲ႔ ကိန္းကို သိမ္းပိုက္ႏိုင္ရင္ ပရီးမီးယားလိဂ္ဖလားကို ဆက္လက္ကာကြယ္သြားႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနေၾကာင္း သိရၿပီး ရာသီသစ္အတြက္ ေဟာ့ေနေပမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္တို႔ ဒီတႀကိမ္မွာလည္း ဖလားလုႏိုင္စြမ္းမရွိေၾကာင္း သုံးသပ္သြားခဲ့။

လက္စတာနဲ႔ကစားမယ့္ ကြန္ျမဴနတီဒိုင္းပြဲစဥ္ကို လြဲေခ်ာ္မယ္လို႔ အတည္ျပဳခံထားရတဲ့ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ဖီးလ္ဖိုဒင္တို႔ဟာ ယူ႐ိုၿပိဳင္ပြဲမွာ ေျခက်င္းဝတ္ဒဏ္ရာနဲ႔ ေျခက်င္းဝတ္ဒဏ္ရာအသီးသီးရရွိထားခဲ့တာေၾကာင့္ ​ေနာက္တပတ္မွာကစားမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲကိုပါ ဆက္လက္လြဲေခ်ာ္ႏိုင္ဖြယ္ရွိတယ္လို႔ မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာက အသိေပးသြားခဲ့။

မန္ယူႏိုက္တက္ကစားသမားေဟာင္း ႐ြိဳင္ကိန္းဟာ လက္စတာအသင္းကို အေရးနိမ့္ခဲ့တဲ့ မန္စီးတီးလူစာရင္းက ဗဟိုခံစစ္မႉး နာသန္ အကီကို ေဝဖန္သြားခဲ့ၿပီး အလြန္ပ်င္းစရာေကာင္းတဲ့ ကစားသမားလို႔ ဆိုသြားခဲ့သလို အီယန္နာခ်ိဳကို ဂိုးေပးခဲ့ရတဲ့ ပင္နယ္တီ​ေၾကာင့္ စတုတၳဦးစားေပးေနရာမွာသာ ရွိသင့္တယ္လို႔ ေျပာၾကား။

ဂြာဒီယိုလာရဲ႕ ပယ္ခ်မႈရွိခဲ့ေပမယ့္ မက္ဆီနဲ႔ မန္စီးတီးရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ဆက္လက္အသက္ဝင္​ေနဆဲျဖစ္တယ္လို႔ ျပင္သစ္ကလာတဲ့ သတင္းေတြက ေဖာ္ျပသြားခဲ့ၿပီး မန္စီးတီးအသင္းပိုင္ရွင္ေတြရဲ႕ စဥ္းစားပုံအရ အာဂ်င္တီးနားသားႀကီးကို ၃ ႏွစ္စာခ်ဳပ္ခ်ဳပ္မယ္လို႔ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့သလို အခုအ​ေျပာင္းအေ႐ႊ႕ကို နီးစပ္သူတခ်ိဳ႕ကတည္း အတည္ျပဳေပးသြား။

မန္စီးတီးအသင္းက ယူႏိုက္တက္၊ ခ်ယ္လ္ဆီးတို႔နဲ႔အၿပိဳင္လိုက္ေနတဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္႐ိုက္စ္က ဒီတရာသီေတာ့ အေရွ႕လန္ဒန္အသင္းမွာ ဆက္ေနမွာျဖစ္ေၾကာင္း အတည္ျပဳသြားခဲ့လို႔ ေပါင္သန္း ၉၀ တန္ အဂၤလန္သားဟာ ဘယ္ကမ္းလွမ္းမႈကိုမွ လက္မခံေတာ့ဘူးလို႔ ဆုံးျဖတ္ထားေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: