Match Report Premier League

ပေါင်သန်း ၁၀၀ တန်ကြီးရဲ့ ပွဲဦးထွက်ကို မြေခွေးတွေဖျက်ဆီးသွားခဲ့တဲ့ လက်စတာ 1:0 မန်စီးတီးပွဲအပြီး မှတ်မှတ်ရရပြောစရာ ၇ ချက်

အခက်အခဲတွေစုနေတဲ့ မန်စီးတီး
နွေရာသီတစ်လျှောက်လုံးနီးပါး အပြောင်းအရွှေ့ကိစ္စတွေပဲ အာရုံစိုက်နေခဲ့တဲ့ မန်ချက်စတာစီးတီးအနေနဲ့ အတော်‌ထူးဆန်းတဲ့ ရာသီကြိုလေ့ကျင့်မှုတွေရှိနေတယ်ဆိုတာကို သတိထားမိခဲ့မှာပါ။ ကစားသမားအများစုအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေကစားပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်တွေနဲ့အတူ ရာသီကြိုအစီအစဉ်မှာ ပါဝင်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

ဒါကြောင့်လည်း ပရက်စတန်၊ ဘန်စလေ၊ ဘလက်ပူးလ်အသင်းတို့နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ အကယ်ဒမီအသင်းက ကစားသမားတွေကိုပဲ အားကိုးခဲ့ရတာဖြစ်ပါတယ်။ ပက်ပ် ဂွါဒီယိုလာအနေနဲ့ အနည်းငယ်စိတ်လှုပ်ရှားနေပုံပေါ်ခဲ့ပြီး ရာသီအစပွဲကြပ်တွေဖြစ်တဲ့ တော့တင်ဟမ်၊ အာဆင်နယ်၊ လက်စတာ၊ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကို ပွဲစဉ် ၇ ပွဲအတွင်းရင်ဆိုင်ရမှာဖြစ်ပါတယ်။

လက်စတာကို ဆွဲတင်မယ့် ဟာဗီ ဘန်းစ်
လက်စတာ တောင်ပံကစားသမား ဟာဗီဘန်းစ်အနေနဲ့ ‌သူ့အတွက် ကျောနံပါတ်အသစ်အဖြစ် နံပါတ် ၇ ကိုရခဲ့ပြီး သူ့အနေနဲ့ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ၃ လကြာတဲ့အထိ ဒဏ်ရာရတာထက် ကံကောင်းမှုတွေ အများကြီးရဖို့ မျှော်လင့်နေလောက်ပါတယ်။ သူသာကြံ့ခိုင်မှုပြည့်နေခဲ့မယ်ဆိုရင် လက်စတာရဲ့ ရာသီကုန်ခါနီးမှာ ထိပ်ဆုံး ၄ သင်းထဲ မဝင်ခဲ့တဲ့အဖြစ်လည်း အပြောင်းအလဲဖြစ်လာနိုင်ခဲ့ပါတယ်။

ခံစစ်မှာ လူသိပ်မကျန်တော့တဲ့ လက်စတာ
ဗီလာရီးရဲလ်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲတုန်းက မဖြစ်သင့်တဲ့အနေအထားက‌နေ ဒဏ်ရာရသွားခဲ့တဲ့ ဝီစလီ ဖိုဖာနာရဲ့ အခြေအနေအနေနဲ့ လက်စတာအသင်းရဲ့ ခံစစ်ပိုင်းရွေးချယ်မှုကို အထိုက်အလျောက် အခက်တွေ့စေခဲ့ပြီး ဒီအချိန်မှာ ဂျွန်နီ အီဗန်စ်ရဲ့ ကြံ့ခိုင်မှုကို ဒီအချိန်မှာ မျှော်လင့်လို့မရသလို နည်းပြ ဘရန်ဒန် ရော့ဂျားစ်အတွက်တော့ ချာလာ ဆိုယွန်ကျူတစ်ဦးတည်းသာ ဟုတ်တိပတ်တိ ရွေးချယ်စရာအဖြစ် ကျန်တာဖြစ်ပါတယ်။

ဆိုယွန်ကျူနောက်မှာ ပထမ ကစားသမားမရှိတဲ့ ‌အခြေအနေကြောင့် နည်းပြ ရော့ဂျားစ်အနေနဲ့ ခံစစ်အတွင်းလူစစ်စစ်တွေကို ပထမအသင်းကြီးမှာ သိပ်မတွေ့ရတော့ဘဲ အသင်းမှာအချိန်တစ်ခုကြာနေပြီဖြစ်တဲ့ ဒယ်နီရယ် အမာတေးရဲ့အနေအထားအနေနဲ့ ယုံကြည်လို့မရနိုင်သေးပါဘူး။ ဝီလ်ဖရီး အန်ဒီဒီအနေနဲ့ ဗဟိုခံစစ်ဆင်းကစားနိုင်ပေမယ့် သူ့ကို ကွင်းလယ်မှာပဲ တကယ်အလိုရှိနေလို့ ခံစစ်မှူးအသစ် ခေါ်ယူဖို့ လိုအပ်နေပါတယ်။

ငုပ်လျှိုးခဲ့ရတဲ့ ရီယက် မာရက်ဇ်
မန်ချက်စတာစီးတီးရဲ့တိုက်စစ်ကို ရှေ့ကနေ ဦးဆောင်ခဲ့တာကြောင့် ပရိသတ်အချို့ရဲ့ စံနမူနာထားခြင်းကို ခံခဲ့ရတဲ့ ရီယက် မာရက်ဇ်အတွက်တော့ ဒီညရှုံးပွဲအနေနဲ့ စိတ်ပျက်စရာကောင်းတဲ့ ညနေခင်းတစ်ခုဖြစ်ခဲ့ပြီး အများစုက မေ့ဖျောက်ဖို့လွယ်နေပေမယ့် သူ့အတွက် ဒီရှုံးပွဲက တော်တော်နဲ့မပျောက်သွားလောက်ပါဘူး။ ဒါပေမယ့် လာမယ့်ရက်သတ္တပတ်တွေတွေအတွင်းမှာ သူ့ရဲ့မူလခြေစွမ်းကို ပြန်ပြနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။

ပွဲဦးထွက်ရှုံးပွဲကြုံခဲ့တဲ့ ဂရီးလစ်ရှ်
ဂျက် ဂရီးလစ်ရှ်အနေနဲ့ မန်စီးတီးအတွက် သူ့ရဲ့ပထမဆုံးပွဲကို ကစားခဲ့ပြီး အစောပိုင်း အရန်ခုံမှာထိုင်နေခဲ့ရပေမယ့် သူ့ကိုမျှော်လင့်တဲ့ပရိသတ်အချို့အနေနဲ့ သူတို့ မျှော်လင့်ခဲ့တဲ့အတိုင်း သူ့ကို ဒုတိယပိုင်းမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ပုံက နည်းနည်းလောနေပုံပေါ်ခဲ့ပြီး သူ့စကေးကိုတော့ တစ်ချက်တစ်ချက်ပြခဲ့ပါသေးတယ်။ ကစားသမားကောင်းတွေနဲ့ဆို ခြေပိုပေါ်မယ့်သူ့အနေနဲ့ ဒီပွဲမှာတော့ ပေါင်သန်း ၁၀၀ ဆိုတဲ့ တန်ကြေးနဲ့အတူ ရုန်းကန်ခဲ့ရပါတယ်။

အသင်းဟောင်းကို ပွဲပြီးခါနီးကပ်ဖြုတ်တဲ့ အီဟန်နာချို
လက်စတာတိုက်စစ်မှူး အီဟန်နာချိုအနေနဲ့ သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးကို အနိုင်ရစေမယ့်ဂိုးအဖြစ် ၈၉ မိနစ်မှာရခဲ့တဲ့ ပင်နယ်တီကတစ်ဆင့် သွင်းယူခဲ့ပါတယ်။ သူ့ရဲ့ကန်ချက်ကို မိုးပြာရောင်တို့ရဲ့ဂိုးသမား ဇက်ခ် စတက်ဖင်အနေနဲ့ ကာကွယ်နိုင်ဖို့ လက်တစ်ကမ်းအလိုအထိ နီးစပ်ခဲ့ပေမယ့် နည်းနည်းလေး နောက်ကျသွားခဲ့သလို့သာ ပေးခဲ့ရတာဖြစ်ပြီး အဲ့ဒီဂိုးကပဲ လက်စတာအသင်းကို ကွန်မြူနတီဒိုင်းရစေခဲ့တာဖြစ်ပါတယ်။

ရွှေရတုတိုင်မှ မြေခွေးပြာတွေအတွက် တဖန်ပြန်ရခဲ့တဲ့ကွန်မြူနတီဒိုင်း
လက်စတာစီးတီးအသင်းဟာ ကွန်မြူနတီဒိုင်း (ယခင်က ချာရတီဒိုင်း)ကို ၁၉၇၁ က လီဗာပူးလ်အသင်းကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိကာ ဆွတ်ခူးခဲ့အပြီး ယခုနှစ် ၅၀ တိတိ ကြာမှ ပြန်လည်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၇၁ က ကွန်မြူနတီဒိုင်း ပြိုင်ပွဲရဲ့ ထူးခြားချက်ကတော့ အာဆင်နယ်အသင်းအနေနဲ့ ၁၉၇၀-၇၁ မှာ ပရီးမီးယားလိဂ် (ယခင် First Division) နှင့် FA ဖလား နှစ်ခုစလုံးမှာ ချန်ပီယံဖြစ်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းအစား ကွန်မြူနတီဒိုင်းပြိုင်ပွဲကို EFL ချန်ပီယံရှစ် (ယခင် Second Division) ချန်ပီယံ လက်စတာစီးတီးအသင်းနဲ့ FA ဖလား ဒုတိယဆုရ လီဗာပူးလ်အသင်းတို့ကို ယှဉ်ပြိုင်စေခဲ့တဲ့အတွက် မြေခွေးပြာတွေဟာ EFL ချန်ပီယံရှစ်ချန်ပီယံမှ ကွန်မြူနတီဒိုင်းကို ရရှိခဲ့တဲ့ တခုတည်းသော အသင်းအဖြစ်မှတ်တမ်းရေးထိုးထားနိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အခက္အခဲေတြစုေနတဲ့ မန္စီးတီး
ေႏြရာသီတစ္ေလွ်ာက္လုံးနီးပါး အေျပာင္းအေ႐ႊ႕ကိစၥေတြပဲ အာ႐ုံစိုက္ေနခဲ့တဲ့ မန္ခ်က္စတာစီးတီးအေနနဲ႔ အေတာ္‌ထူးဆန္းတဲ့ ရာသီႀကိဳေလ့က်င့္မႈေတြရွိေနတယ္ဆိုတာကို သတိထားမိခဲ့မွာပါ။ ကစားသမားအမ်ားစုအေနနဲ႔ ႏိုင္ငံတကာၿပိဳင္ပြဲေတြကစားၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ကန႔္သတ္ခ်က္ေတြနဲ႔အတူ ရာသီႀကိဳအစီအစဥ္မွာ ပါဝင္ႏိုင္ဖို႔ ခက္ခဲခဲ့ပါတယ္။

ဒါေၾကာင့္လည္း ပရက္စတန္၊ ဘန္စေလ၊ ဘလက္ပူးလ္အသင္းတို႔နဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ ေျခစမ္းပြဲေတြမွာ အကယ္ဒမီအသင္းက ကစားသမားေတြကိုပဲ အားကိုးခဲ့ရတာျဖစ္ပါတယ္။ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ အနည္းငယ္စိတ္လႈပ္ရွားေနပုံေပၚခဲ့ၿပီး ရာသီအစပြဲၾကပ္ေတြျဖစ္တဲ့ ေတာ့တင္ဟမ္၊ အာဆင္နယ္၊ လက္စတာ၊ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ကို ပြဲစဥ္ ၇ ပြဲအတြင္းရင္ဆိုင္ရမွာျဖစ္ပါတယ္။

လက္စတာကို ဆြဲတင္မယ့္ ဟာဗီ ဘန္းစ္
လက္စတာ ေတာင္ပံကစားသမား ဟာဗီဘန္းစ္အေနနဲ႔ ‌သူ႔အတြက္ ေက်ာနံပါတ္အသစ္အျဖစ္ နံပါတ္ ၇ ကိုရခဲ့ၿပီး သူ႔အေနနဲ႔ ၿပီးခဲ့တဲ့ရာသီကုန္ခါနီးမွာ ၃ လၾကာတဲ့အထိ ဒဏ္ရာရတာထက္ ကံေကာင္းမႈေတြ အမ်ားႀကီးရဖို႔ ေမွ်ာ္လင့္ေနေလာက္ပါတယ္။ သူသာႀကံ့ခိုင္မႈျပည့္ေနခဲ့မယ္ဆိုရင္ လက္စတာရဲ႕ ရာသီကုန္ခါနီးမွာ ထိပ္ဆုံး ၄ သင္းထဲ မဝင္ခဲ့တဲ့အျဖစ္လည္း အေျပာင္းအလဲျဖစ္လာႏိုင္ခဲ့ပါတယ္။

ခံစစ္မွာ လူသိပ္မက်န္ေတာ့တဲ့ လက္စတာ
ဗီလာရီးရဲလ္နဲ႔ကစားခဲ့တဲ့ ေျခစမ္းပြဲတုန္းက မျဖစ္သင့္တဲ့အေနအထားက‌ေန ဒဏ္ရာရသြားခဲ့တဲ့ ဝီစလီ ဖိုဖာနာရဲ႕ အေျခအေနအေနနဲ႔ လက္စတာအသင္းရဲ႕ ခံစစ္ပိုင္းေ႐ြးခ်ယ္မႈကို အထိုက္အေလ်ာက္ အခက္ေတြ႕ေစခဲ့ၿပီး ဒီအခ်ိန္မွာ ဂြၽန္နီ အီဗန္စ္ရဲ႕ ႀကံ့ခိုင္မႈကို ဒီအခ်ိန္မွာ ေမွ်ာ္လင့္လို႔မရသလို နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္အတြက္ေတာ့ ခ်ာလာ ဆိုယြန္က်ဴတစ္ဦးတည္းသာ ဟုတ္တိပတ္တိ ေ႐ြးခ်ယ္စရာအျဖစ္ က်န္တာျဖစ္ပါတယ္။

ဆိုယြန္က်ဴေနာက္မွာ ပထမ ကစားသမားမရွိတဲ့ ‌အေျခအေနေၾကာင့္ နည္းျပ ေရာ့ဂ်ားစ္အေနနဲ႔ ခံစစ္အတြင္းလူစစ္စစ္ေတြကို ပထမအသင္းႀကီးမွာ သိပ္မေတြ႕ရေတာ့ဘဲ အသင္းမွာအခ်ိန္တစ္ခုၾကာေနၿပီျဖစ္တဲ့ ဒယ္နီရယ္ အမာေတးရဲ႕အေနအထားအေနနဲ႔ ယုံၾကည္လို႔မရႏိုင္ေသးပါဘူး။ ဝီလ္ဖရီး အန္ဒီဒီအေနနဲ႔ ဗဟိုခံစစ္ဆင္းကစားႏိုင္ေပမယ့္ သူ႔ကို ကြင္းလယ္မွာပဲ တကယ္အလိုရွိေနလို႔ ခံစစ္မႉးအသစ္ ေခၚယူဖို႔ လိုအပ္ေနပါတယ္။

ငုပ္လွ်ိဳးခဲ့ရတဲ့ ရီယက္ မာရက္ဇ္
မန္ခ်က္စတာစီးတီးရဲ႕တိုက္စစ္ကို ေရွ႕ကေန ဦးေဆာင္ခဲ့တာေၾကာင့္ ပရိသတ္အခ်ိဳ႕ရဲ႕ စံနမူနာထားျခင္းကို ခံခဲ့ရတဲ့ ရီယက္ မာရက္ဇ္အတြက္ေတာ့ ဒီညရႈံးပြဲအေနနဲ႔ စိတ္ပ်က္စရာေကာင္းတဲ့ ညေနခင္းတစ္ခုျဖစ္ခဲ့ၿပီး အမ်ားစုက ေမ့ေဖ်ာက္ဖို႔လြယ္ေနေပမယ့္ သူ႔အတြက္ ဒီရႈံးပြဲက ေတာ္ေတာ္နဲ႔မေပ်ာက္သြားေလာက္ပါဘူး။ ဒါေပမယ့္ လာမယ့္ရက္သတၱပတ္ေတြေတြအတြင္းမွာ သူ႔ရဲ႕မူလေျခစြမ္းကို ျပန္ျပႏိုင္ဖို႔ အခြင့္အေရးရွိေနပါတယ္။

ပြဲဦးထြက္ရႈံးပြဲႀကဳံခဲ့တဲ့ ဂရီးလစ္ရွ္
ဂ်က္ ဂရီးလစ္ရွ္အေနနဲ႔ မန္စီးတီးအတြက္ သူ႔ရဲ႕ပထမဆုံးပြဲကို ကစားခဲ့ၿပီး အေစာပိုင္း အရန္ခုံမွာထိုင္ေနခဲ့ရေပမယ့္ သူ႔ကိုေမွ်ာ္လင့္တဲ့ပရိသတ္အခ်ိဳ႕အေနနဲ႔ သူတို႔ ေမွ်ာ္လင့္ခဲ့တဲ့အတိုင္း သူ႔ကို ဒုတိယပိုင္းမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္ သူ႔ပုံက နည္းနည္းေလာေနပုံေပၚခဲ့ၿပီး သူ႔စေကးကိုေတာ့ တစ္ခ်က္တစ္ခ်က္ျပခဲ့ပါေသးတယ္။ ကစားသမားေကာင္းေတြနဲ႔ဆို ေျခပိုေပၚမယ့္သူ႔အေနနဲ႔ ဒီပြဲမွာေတာ့ ေပါင္သန္း ၁၀၀ ဆိုတဲ့ တန္ေၾကးနဲ႔အတူ ႐ုန္းကန္ခဲ့ရပါတယ္။

အသင္းေဟာင္းကို ပြဲၿပီးခါနီးကပ္ျဖဳတ္တဲ့ အီဟန္နာခ်ိဳ
လက္စတာတိုက္စစ္မႉး အီဟန္နာခ်ိဳအေနနဲ႔ သူ႔ရဲ႕အသင္းေဟာင္းျဖစ္တဲ့ မန္စီးတီးကို အႏိုင္ရေစမယ့္ဂိုးအျဖစ္ ၈၉ မိနစ္မွာရခဲ့တဲ့ ပင္နယ္တီကတစ္ဆင့္ သြင္းယူခဲ့ပါတယ္။ သူ႔ရဲ႕ကန္ခ်က္ကို မိုးျပာေရာင္တို႔ရဲ႕ဂိုးသမား ဇက္ခ္ စတက္ဖင္အေနနဲ႔ ကာကြယ္ႏိုင္ဖို႔ လက္တစ္ကမ္းအလိုအထိ နီးစပ္ခဲ့ေပမယ့္ နည္းနည္းေလး ေနာက္က်သြားခဲ့သလို႔သာ ေပးခဲ့ရတာျဖစ္ၿပီး အဲ့ဒီဂိုးကပဲ လက္စတာအသင္းကို ကြန္ျမဴနတီဒိုင္းရေစခဲ့တာျဖစ္ပါတယ္။

ေ႐ႊရတုတိုင္မွ ေျမေခြးျပာေတြအတြက္ တဖန္ျပန္ရခဲ့တဲ့ကြန္ျမဴနတီဒိုင္း
လက္စတာစီးတီးအသင္းဟာ ကြန္ျမဴနတီဒိုင္း (ယခင္က ခ်ာရတီဒိုင္း)ကို ၁၉၇၁ က လီဗာပူးလ္အသင္းကို ၁ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိကာ ဆြတ္ခူးခဲ့အၿပီး ယခုႏွစ္ ၅၀ တိတိ ၾကာမွ ျပန္လည္ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။ ၁၉၇၁ က ကြန္ျမဴနတီဒိုင္း ၿပိဳင္ပြဲရဲ႕ ထူးျခားခ်က္ကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ၁၉၇၀-၇၁ မွာ ပရီးမီးယားလိဂ္ (ယခင္ First Division) ႏွင့္ FA ဖလား ႏွစ္ခုစလုံးမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့အတြက္ အာဆင္နယ္အသင္းအစား ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲကို EFL ခ်န္ပီယံရွစ္ ( ယခင္ Second Division) ခ်န္ပီယံ လက္စတာစီးတီးအသင္းနဲ႔ FA ဖလား ဒုတိယဆုရ လီဗာပူးလ္အသင္းတို႔ကို ယွဥ္ၿပိဳင္ေစခဲ့တဲ့အတြက္ ေျမေခြးျပာေတြဟာ EFL ခ်န္ပီယံရွစ္ခ်န္ပီယံမွ ကြန္ျမဴနတီဒိုင္းကို ရရွိခဲ့တဲ့ တခုတည္းေသာ အသင္းအျဖစ္မွတ္တမ္းေရးထိုးထားႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.