Premier League Transfer News

8 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာနိုင်မှုအပေါ် အခွင့်ကောင်း ရယူနိုင်ပြီး ပြင်သစ်ကလပ်ဘက်က ဘဏ္ဏာရေးထိန်းညှိဖို့ ရောင်းထုတ်သွားနိုင်တဲ့ ဗဟိုခံစစ်မှူး အက်ဘ်ဒူ ဒီယယ်လိုက ခေါ်ယူသွားနိုင်ဖို့ စောင့်ကြည့်နေသလို ဘန်ဝှိုက်နဲ့ ခံစစ်အတွဲသစ်ကို တည်ဆောက်လိုနေ။

– လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ကို ခေါ်ယူဖို့အရေးက ခက်ခဲနေတာကြောင့် အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ပြောင်းလဲ စိတ်ဝင်စားနေပြီး ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေ။

– နည်းပြဟောင်း ဇီနီဒန်း ဇီဒန်းက သူ့ကစားသမားရဲ့ ဘယ်ခြေတစ်ချောင်းဟာ မက်ဆီလောက်ကို ကောင်းတယ်လို့ ချီးကျူးခံထားရဖူးတဲ့ တောင်ပံကစားသမား မာကို အဆန်စီယိုကို ရောင်းထုတ်ဖို့ ရီးရဲလ်မက်ဒရစ်တို့အနေနဲ့ လာလီဂါရဲ့ ဘဏ္ဏာရေးထိန်းညှိမှု အစီအစဉ်အရ စဉ်းစားနေပြီး အာဆင်နယ်အသင်းက စိတ်ဝင်စားလာ။

– လာလီဂါဥက္ကဋ္ဌ ဟားဗီးယား တီဘက်စ်ရဲ့ အာဏာရှင်ဆန်ဆန်လုပ်ဆောင်လိုက်တဲ့ ဘဏ္ဏာရေးစည်းမျဉ်းမှာ မက်ဆီကို လက်လွှတ်ရအောင် အထိနာသွားခဲ့တဲ့ ဘာစီလိုနာအသင်းအနေနဲ့ လိုအပ်တဲ့ လိုက်နာစရာ စံချိန်စံညွှန်းတွေကို ပြည့်မီခြင်း မရှိသေးတာကြောင့် ကစားသမားတချို့ကို ရောင်းထုတ်ဖို့ လုပ်ဆောင်နေရာမှာ အာဆင်နယ်ပစ်မှတ် ဂိုးသမား နီတိုကို သက်သက်သာသာနဲ့ ထုတ်ရောင်းဖွယ်ရှိနေ။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ အိုလံပစ်ချန်ပီယံ ဘရာဇီးလ်အသင်းရဲ့ အဝတ်လဲခန်းထဲက ဂါဘရီယယ်လ် မာတီနယ်လီနဲ့ အသင်းဖော် ဘရူနို ဂီမာရေးစ်တို့ရဲ့ ပုံကို တင်ခဲ့တဲ့ ဂျာနယ်လစ် ခရစ္စ ဝီတ်လီရဲ့ တွစ်တာပို့စ်ကို လီယွန်ကွင်းလယ်လူရဲ့ အေးဂျင့်က Like လုပ်သွားခဲ့လို့ ပရိသတ်တွေ ရင်ခုန်နေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ရိုမီလူ လူကာကူးကို ချဲလ်ဆီးဆီ ရောင်းချဖို့ အင်တာမီလန်ဘက်က သဘောတူညီသွားခဲ့ချိန်မှာ ညှိရနှိုင်းရ ပိုမိုခက်ခဲလာဖွယ်ရှိနေတဲ့ လော်တာရို မာတီနက်ဇ်အစား ဖီအိုရင်တီးနားအသင်းရဲ့ ယူရိုသန်း ၆၀ ဝန်းကျင်နဲ့ ဈေးခေါ်ထားတဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ချ်ကို မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်နဲ့အပြိုင် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေ။

– ဂန္ထဝင်တိုက်စစ်မှူးကြီး အီယန်ရိုက်က လက်စတာစီးတီးကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ကို ခေါ်ယူဖို့ အသင်းဟောင်း အာဆင်နယ်တို့ဆီ တောင်းဆိုမှု ပြုလုပ်လိုက်ချိန်မှာ ပရိသတ်တွေအနေနဲ့ လူမှုကွန်ယက်တွေအပေါ်မှာ ထောက်ခံရေးသားခဲ့ကြပြီး လက်ရှိမှာ လစ်လပ်နေတဲ့ ကျောနံပါတ် ၈ ကိုလည်း သူ့အတွက် သီးသန့်ဖယ်ထားဖို့ တောင်းဆိုခဲ့ကြ။

– ပြီးခဲ့တဲ့ ရာသီဒုတိယဝက်က နယူးကာဆယ်လ်အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဂျိုး ဝီလော့ခ်ကို အလိုရှိနေသလို မိမိတို့ အသင်းအနေနဲ့ အာဆင်နယ်အသင်းနဲ့ ဆွေးနွေးနေကြောင်း ငှက်ကျားတွေရဲ့ နည်းပြကြီး စတိဗ် ဘရုစ်က ထုတ်ဖော်ပြောကြားလိုက်ပြီး တတ်နိုင်သမျှ ဂန်းနားတွေဘက်က တောင်းဆိုတာကို လိုက်လျောသွားမယ်လို့ပါဆိုနေ။

– အာဆင်နယ်အသင်းရဲ့ ရာသီအဖွင့်ပွဲစဉ် သုံးလေးပွဲကို ကွင်းလယ်လူ သောမတ်စ် ပါတေး၊ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်နဲ့ တိုက်စစ်မှူး အက်ဒီ နကီးတီးယားတို့ လွဲချော်မှာဖြစ်ပြီး နည်းပြ အာတီတာအနေနဲ့ ကွင်းလယ်လူသစ်တစ်ဦးကို အမြန်ဆုံး ခေါ်ယူအစားထိုးသွားနိုင်ဖို့ ဆန္ဒရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ လီယြန္နယ္ မက္ဆီရဲ႕ ပီအက္စ္ဂ်ီအသင္းကို ေရာက္ရွိလာႏိုင္မႈအေပၚ အခြင့္ေကာင္း ရယူႏိုင္ၿပီး ျပင္သစ္ကလပ္ဘက္က ဘဏၰာေရးထိန္းညႇိဖို႔ ေရာင္းထုတ္သြားႏိုင္တဲ့ ဗဟိုခံစစ္မႉး အက္ဘ္ဒူ ဒီယယ္လိုက ေခၚယူသြားႏိုင္ဖို႔ ေစာင့္ၾကည့္ေနသလို ဘန္ဝႈိက္နဲ႔ ခံစစ္အတြဲသစ္ကို တည္ေဆာက္လိုေန။

– လက္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္ကို ေခၚယူဖို႔အေရးက ခက္ခဲေနတာေၾကာင့္ အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူနဲ႔ ဆက္ဆံေရးေကာင္းရွိတဲ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားကို ေျပာင္းလဲ စိတ္ဝင္စားေနၿပီး ေပါင္သန္း ၄၀ ဝန္းက်င္နဲ႔ ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေန။

– နည္းျပေဟာင္း ဇီနီဒန္း ဇီဒန္းက သူ႔ကစားသမားရဲ႕ ဘယ္ေျခတစ္ေခ်ာင္းဟာ မက္ဆီေလာက္ကို ေကာင္းတယ္လို႔ ခ်ီးက်ဴးခံထားရဖူးတဲ့ ေတာင္ပံကစားသမား မာကို အဆန္စီယိုကို ေရာင္းထုတ္ဖို႔ ရီးရဲလ္မက္ဒရစ္တို႔အေနနဲ႔ လာလီဂါရဲ႕ ဘဏၰာေရးထိန္းညႇိမႈ အစီအစဥ္အရ စဥ္းစားေနၿပီး အာဆင္နယ္အသင္းက စိတ္ဝင္စားလာ။

– လာလီဂါဥကၠ႒ ဟားဗီးယား တီဘက္စ္ရဲ႕ အာဏာရွင္ဆန္ဆန္လုပ္ေဆာင္လိုက္တဲ့ ဘဏၰာေရးစည္းမ်ဥ္းမွာ မက္ဆီကို လက္လႊတ္ရေအာင္ အထိနာသြားခဲ့တဲ့ ဘာစီလိုနာအသင္းအေနနဲ႔ လိုအပ္တဲ့ လိုက္နာစရာ စံခ်ိန္စံၫႊန္းေတြကို ျပည့္မီျခင္း မရွိေသးတာေၾကာင့္ ကစားသမားတခ်ိဳ႕ကို ေရာင္းထုတ္ဖို႔ လုပ္ေဆာင္ေနရာမွာ အာဆင္နယ္ပစ္မွတ္ ဂိုးသမား နီတိုကို သက္သက္သာသာနဲ႔ ထုတ္ေရာင္းဖြယ္ရွိေန။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ အိုလံပစ္ခ်န္ပီယံ ဘရာဇီးလ္အသင္းရဲ႕ အဝတ္လဲခန္းထဲက ဂါဘရီယယ္လ္ မာတီနယ္လီနဲ႔ အသင္းေဖာ္ ဘ႐ူႏို ဂီမာေရးစ္တို႔ရဲ႕ ပုံကို တင္ခဲ့တဲ့ ဂ်ာနယ္လစ္ ခရစၥ ဝီတ္လီရဲ႕ တြစ္တာပို႔စ္ကို လီယြန္ကြင္းလယ္လူရဲ႕ ေအးဂ်င့္က Like လုပ္သြားခဲ့လို႔ ပရိသတ္ေတြ ရင္ခုန္ေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ႐ိုမီလူ လူကာကူးကို ခ်ဲလ္ဆီးဆီ ေရာင္းခ်ဖို႔ အင္တာမီလန္ဘက္က သေဘာတူညီသြားခဲ့ခ်ိန္မွာ ညႇိရႏႈိင္းရ ပိုမိုခက္ခဲလာဖြယ္ရွိေနတဲ့ ေလာ္တာ႐ို မာတီနက္ဇ္အစား ဖီအိုရင္တီးနားအသင္းရဲ႕ ယူ႐ိုသန္း ၆၀ ဝန္းက်င္နဲ႔ ေဈးေခၚထားတဲ့ တိုက္စစ္မႉး ဒူဆန္ ဗလာဟိုဗစ္ခ်္ကို ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးစ္နဲ႔အၿပိဳင္ ေခၚယူသြားဖို႔ စိတ္ဝင္စားေန။

– ဂႏၴဝင္တိုက္စစ္မႉးႀကီး အီယန္႐ိုက္က လက္စတာစီးတီးကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္ကို ေခၚယူဖို႔ အသင္းေဟာင္း အာဆင္နယ္တို႔ဆီ ေတာင္းဆိုမႈ ျပဳလုပ္လိုက္ခ်ိန္မွာ ပရိသတ္ေတြအေနနဲ႔ လူမႈကြန္ယက္ေတြအေပၚမွာ ေထာက္ခံေရးသားခဲ့ၾကၿပီး လက္ရွိမွာ လစ္လပ္ေနတဲ့ ေက်ာနံပါတ္ ၈ ကိုလည္း သူ႔အတြက္ သီးသန႔္ဖယ္ထားဖို႔ ေတာင္းဆိုခဲ့ၾက။

– ၿပီးခဲ့တဲ့ ရာသီဒုတိယဝက္က နယူးကာဆယ္လ္အသင္းအတြက္ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္လူ ဂ်ိဳး ဝီေလာ့ခ္ကို အလိုရွိေနသလို မိမိတို႔ အသင္းအေနနဲ႔ အာဆင္နယ္အသင္းနဲ႔ ေဆြးေႏြးေနေၾကာင္း ငွက္က်ားေတြရဲ႕ နည္းျပႀကီး စတိဗ္ ဘ႐ုစ္က ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး တတ္ႏိုင္သမွ် ဂန္းနားေတြဘက္က ေတာင္းဆိုတာကို လိုက္ေလ်ာသြားမယ္လို႔ပါဆိုေန။

– အာဆင္နယ္အသင္းရဲ႕ ရာသီအဖြင့္ပြဲစဥ္ သုံးေလးပြဲကို ကြင္းလယ္လူ ေသာမတ္စ္ ပါေတး၊ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္နဲ႔ တိုက္စစ္မႉး အက္ဒီ နကီးတီးယားတို႔ လြဲေခ်ာ္မွာျဖစ္ၿပီး နည္းျပ အာတီတာအေနနဲ႔ ကြင္းလယ္လူသစ္တစ္ဦးကို အျမန္ဆုံး ေခၚယူအစားထိုးသြားႏိုင္ဖို႔ ဆႏၵရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.