La Liga Other Premier League

မက်ဆီဆိုတာ ပရီးမီးယားလိဂ်အဆင့်အတန်းကို မမီဘူးလို့ တိုက်ခိုက်သွားခဲ့တဲ့ ယူနိုက်တက်ဖန်

ပြီးခဲ့တဲ့ကြာသာပတေးနေ့မှာ တကမ္ဘာလုံးကို ရှော့ခ်ရသွားစေတဲ့ သတင်းဆိုးကတော့ GOAT ကြီး မက်ဆီတယောက် ဘာစီလိုနာနဲ့ အပြီးအပိုင်လမ်းခွဲပြီဆိုတဲ့ ဖြစ်စဥ်ပါ။ အသင်းနဲ့ စာချုပ်သစ်ကိုတရပ် ဖြစ်ပေါ်လာဖို့ စောင့်ဆိုင်းနေစဥ်မှာပဲ မက်ဆီအတွက် နားအခါးဆုံးတုံ့ပြန်မှုကို ရလိုက်တာလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်က ဘောလုံးလောကတခုလုံးမှာ ပွက်လောရိုက်သွားခဲ့သလို ဘလွန်ဒေါခြောက်ဆုရှင်ကို မုန်းတီးနေတဲ့ Haters တွေအတွက် ကြိတ်ဝမ်းသာစရာဖြစ်ခဲ့ပြီး ဘာစီနာလိုပရိသတ်တွေအတွက်တော့ ရင်ကွဲခဲ့ရချိန်မှာ မက်ဆီဆန့်ကျင်သူတွေကို ” ခွေးဝမ်းသာအောင် လေလည်ပြလိုက်လေသလား” လို့ မချင့်မရဲထိုးနှက်မှုတွေလည်း ရှိလာခဲ့ပါတယ်။

အကြောင်းအဆိုးဆုံးကတော့ အာဂျင်တီးနားသားကြီးတယောက် လာလီဂါကနေ ပရီးမီးယားလိဂ်မှာ ပြောင်းကစားကြည့်ရင် ရွာပါလည်သွားဦးမယ်ဆိုတဲ့ မန်ယူနိုက်တက်နဲ့ CR7 ပရိသတ်တွေရဲ့ အောက်လုံးထိုးမှုနဲ့ စိတ်ကူးယဥ်အိပ်မက်တွေကလည်း အမှန်တကယ်ဖြစ်လာချိန်မှာ မက်ဆီကတော့ သူ့လမ်းသူရွေးချယ်ရတော့မှာပါ။

လတ်တလော PSG အသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်မယ်လို့ သတင်းတွေလျှံထွက်နေသလို မက်ဆီကို အကိုကြီးတယောက်လို လေးစားကြည်ညိုတဲ့ ဘာဆာအသင်းဖော်ဟောင်း နေမာနဲ့ ပြန်လည်ပူးပေါင်းသွားဖို့ ပြင်သစ်လီဂူးကလပ်ကို ဖုန်းဆက်သွယ်မှုတွေရှိခဲ့တယ်လို့လည်း သိရှိထားရပါတယ်။

မက်ဆီအနေနဲ့ မန်စီးတီး၊ မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ကို ပြောင်းရွှေ့ကစားဖို့လည်း အတည်မပြုနိင်တဲ့ သတင်းတွေ ဖော်ပြနေကြပြီး ယူနိုက်တက်ပရိသတ်တဦးကတော့ မက်ဆီဆိုတာ ပရီးမီးယားလိဂ်မှာ လာကစားဖို့ သွေးကြောင်နေတဲ့ ငကြောက်တဦးသာဖြစ်တယ်လို့ ပက်ပက်စက်စက်ဝေဖန်သွားခဲ့ပါတယ်။

” မက်ဆီဆိုတာ ပရီးမီးယားလိဂ်အဆင့်အတန်းကို မမီပါဘူး။ တဆင့်နိမ့်တဲ့ လာလီဂါမှာပဲ ‘အိမ်ကျယ်’ လုပ်လို့ရတာပါ။ မက်ဆီ ယူနိုက်တက်ကို လာကစားမယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့သတင်းတွေ မကြားချင်ပါဘူး။ သူဟာ အဆင့်ရှိခဲ့ရင် ပရီးမီးယားလိဂ်ကို လာကစားရဲတာ ကြာပါပြီ။ ဒါကရိုးရှင်းပါတယ်”

” ပရီးမီးယားလိဂ်ဆိုတာ ကြံ့ခိုင်မှုအသားပေးတဲ့ ကစားဟန်ကို မြန်နှုန်းမြင့်ပေါက်ကွဲအားနဲ့ ပေါင်းစပ်ထားတဲ့ ပြိုင်ပွဲပါ။ မက်ဆီလို လူဖလံမျိုးက ဝင်တိုးနိုင်ဖို့ဆိုတာ ဆုတောင်းနေလိုက်ပါ။ တပွဲ၊ နှစ်ပွဲလောက်ကစားပြီးတာနဲ့ အကန်ခံရလွန်းလို့ လေထဲခဏခဏမြောက်တက်ပြီး အဖေကယ်ပါလို့ တသွားရလိမ့်မယ်” လို့ သူက လူသိရှင်ကြား ပြောဆိုသွားခဲ့တာပါ။

ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ လုံးဆွတ်ခူးထားခဲ့တဲ့ မက်ဆီရဲ့သမိုင်းကတော့ အဆိုပါယူနိုက်တက်ဖန်ဆိုသူရဲ့ ဇာတ်လမ်းနဲ့ ခြားနားနေခဲ့ပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေကိုမှ အကြိမ်ကြိမ်အလဲထိုးပြီး ကျော်ဖြတ်ပြခဲ့သူဖြစ်သလို ဥပမာအနေနဲ့ အင်္ဂလန်က ယူနိုက်တက်၊ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းပရိသတ်တွေဟာ မက်ဆီရဲ့လက်ချက်နဲ့ ငိုကြွေးခဲ့ရဖူး​ကြောင့် နာကျည်းစရာဖြစ်နေခဲ့ရတယ်လို့လည်း ဆိုရမှာပါ။

အဆိုပါပရိသတ်ဟာ ဘာစီလိုနာမှာ ၇၇၈ ပွဲကစား၊ ၆၇၂ ဂိုးသွင်းခဲ့တဲ့ မက်ဆီရဲ့ရာဇဝင်ကိုလည်း စော်ကားခဲ့တဲ့အပြင် CR7 ဟာလည်း သူ့ရဲ့ကစားဟန်ကို ကျက်မိသွားတဲ့ ပရီးမီးယားလိဂ်မှာ လူရာမဝင်နိုင်တော့လို့သာ လာလီဂါကို ပြောင်းပြေးခဲ့ခြင်းဖြစ်ကြောင်း ​အငြိုးတကြီးတိုက်ခိုက်သွားခဲ့ပြီး တကယ်တမ်းမှာတော့ ယူနိုက်တက်ကစားသမားဘဝမှာ ပေါ်တူဂီသားက ဘလွန်ဒေါဆုရှင်ဖြစ်ခဲ့တာကိုလည်း ခပ်ချောင်ချောင်ဦးနှောက်ထဲ မမှတ်သားနိုင်တော့ဘူးလို့သာ မှတ်ချက်ပြုရပါလိမ့်မယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ၾကာသာပေတးေန႔မွာ တကမာၻလုံးကို ေရွာ့ခ္ရသြားေစတဲ့ သတင္းဆိုးကေတာ့ GOAT ႀကီး မက္ဆီတေယာက္ ဘာစီလိုနာနဲ႔ အၿပီးအပိုင္လမ္းခြဲၿပီဆိုတဲ့ ျဖစ္စဥ္ပါ။ အသင္းနဲ႔ စာခ်ဳပ္သစ္ကိုတရပ္ ျဖစ္ေပၚလာဖို႔ ေစာင့္ဆိုင္းေနစဥ္မွာပဲ မက္ဆီအတြက္ နားအခါးဆုံးတုံ႔ျပန္မႈကို ရလိုက္တာလည္း ျဖစ္ပါတယ္။

ဒီျဖစ္ရပ္က ေဘာလုံးေလာကတခုလုံးမွာ ပြက္ေလာ႐ိုက္သြားခဲ့သလို ဘလြန္ေဒါေျခာက္ဆုရွင္ကို မုန္းတီးေနတဲ့ Haters ေတြအတြက္ ႀကိတ္ဝမ္းသာစရာျဖစ္ခဲ့ၿပီး ဘာစီနာလိုပရိသတ္ေတြအတြက္ေတာ့ ရင္ကြဲခဲ့ရခ်ိန္မွာ မက္ဆီဆန္႔က်င္သူေတြကို ” ေခြးဝမ္းသာေအာင္ ေလလည္ျပလိုက္ေလသလား” လို႔ မခ်င့္မရဲထိုးႏွက္မႈေတြလည္း ရွိလာခဲ့ပါတယ္။

အေၾကာင္းအဆိုးဆုံးကေတာ့ အာဂ်င္တီးနားသားႀကီးတေယာက္ လာလီဂါကေန ပရီးမီးယားလိဂ္မွာ ေျပာင္းကစားၾကည့္ရင္ ႐ြာပါလည္သြားဦးမယ္ဆိုတဲ့ မန္ယူႏိုက္တက္နဲ႔ CR7 ပရိသတ္ေတြရဲ႕ ေအာက္လုံးထိုးမႈနဲ႔ စိတ္ကူးယဥ္အိပ္မက္ေတြကလည္း အမွန္တကယ္ျဖစ္လာခ်ိန္မွာ မက္ဆီကေတာ့ သူ႔လမ္းသူေ႐ြးခ်ယ္ရေတာ့မွာပါ။

လတ္တေလာ PSG အသင္းနဲ႔ ၃ ႏွစ္စာခ်ဳပ္ခ်ဳပ္မယ္လို႔ သတင္းေတြလွ်ံထြက္ေနသလို မက္ဆီကို အကိုႀကီးတေယာက္လို ေလးစားၾကည္ညိဳတဲ့ ဘာဆာအသင္းေဖာ္ေဟာင္း ေနမာနဲ႔ ျပန္လည္ပူးေပါင္းသြားဖို႔ ျပင္သစ္လီဂူးကလပ္ကို ဖုန္းဆက္သြယ္မႈေတြရွိခဲ့တယ္လို႔လည္း သိရွိထားရပါတယ္။

မက္ဆီအေနနဲ႔ မန္စီးတီး၊ မန္ယူႏိုက္တက္နဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ကို ေျပာင္းေ႐ႊ႕ကစားဖို႔လည္း အတည္မျပဳနိင္တဲ့ သတင္းေတြ ေဖာ္ျပေနၾကၿပီး ယူႏိုက္တက္ပရိသတ္တဦးကေတာ့ မက္ဆီဆိုတာ ပရီးမီးယားလိဂ္မွာ လာကစားဖို႔ ေသြးေၾကာင္ေနတဲ့ ငေၾကာက္တဦးသာျဖစ္တယ္လို႔ ပက္ပက္စက္စက္ေဝဖန္သြားခဲ့ပါတယ္။

” မက္ဆီဆိုတာ ပရီးမီးယားလိဂ္အဆင့္အတန္းကို မမီပါဘူး။ တဆင့္နိမ့္တဲ့ လာလီဂါမွာပဲ ‘အိမ္က်ယ္’ လုပ္လို႔ရတာပါ။ မက္ဆီ ယူႏိုက္တက္ကို လာကစားမယ္ဆိုတဲ့ အေျခအျမစ္မရွိတဲ့သတင္းေတြ မၾကားခ်င္ပါဘူး။ သူဟာ အဆင့္ရွိခဲ့ရင္ ပရီးမီးယားလိဂ္ကို လာကစားရဲတာ ၾကာပါၿပီ။ ဒါက႐ိုးရွင္းပါတယ္”

” ပရီးမီးယားလိဂ္ဆိုတာ ႀကံ့ခိုင္မႈအသားေပးတဲ့ ကစားဟန္ကို ျမန္ႏႈန္းျမင့္ေပါက္ကြဲအားနဲ႔ ေပါင္းစပ္ထားတဲ့ ၿပိဳင္ပြဲပါ။ မက္ဆီလို လူဖလံမ်ိဳးက ဝင္တိုးႏိုင္ဖို႔ဆိုတာ ဆုေတာင္းေနလိုက္ပါ။ တပြဲ၊ ႏွစ္ပြဲေလာက္ကစားၿပီးတာနဲ႔ အကန္ခံရလြန္းလို႔ ေလထဲခဏခဏေျမာက္တက္ၿပီး အေဖကယ္ပါလို႔ တသြားရလိမ့္မယ္” လို႔ သူက လူသိရွင္ၾကား ေျပာဆိုသြားခဲ့တာပါ။

ဘာစီလိုနာနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၄ လုံးဆြတ္ခူးထားခဲ့တဲ့ မက္ဆီရဲ႕သမိုင္းကေတာ့ အဆိုပါယူႏိုက္တက္ဖန္ဆိုသူရဲ႕ ဇာတ္လမ္းနဲ႔ ျခားနားေနခဲ့ၿပီး ပရီးမီးယားလိဂ္အသင္းႀကီးေတြကိုမွ အႀကိမ္ႀကိမ္အလဲထိုးၿပီး ေက်ာ္ျဖတ္ျပခဲ့သူျဖစ္သလို ဥပမာအေနနဲ႔ အဂၤလန္က ယူႏိုက္တက္၊ အာဆင္နယ္၊ ခ်ယ္လ္ဆီးအသင္းပရိသတ္ေတြဟာ မက္ဆီရဲ႕လက္ခ်က္နဲ႔ ငိုေႂကြးခဲ့ရဖူး​ေၾကာင့္ နာက်ည္းစရာျဖစ္ေနခဲ့ရတယ္လို႔လည္း ဆိုရမွာပါ။

အဆိုပါပရိသတ္ဟာ ဘာစီလိုနာမွာ ၇၇၈ ပြဲကစား၊ ၆၇၂ ဂိုးသြင္းခဲ့တဲ့ မက္ဆီရဲ႕ရာဇဝင္ကိုလည္း ေစာ္ကားခဲ့တဲ့အျပင္ CR7 ဟာလည္း သူ႔ရဲ႕ကစားဟန္ကို က်က္မိသြားတဲ့ ပရီးမီးယားလိဂ္မွာ လူရာမဝင္ႏိုင္ေတာ့လို႔သာ လာလီဂါကို ေျပာင္းေျပးခဲ့ျခင္းျဖစ္ေၾကာင္း ​အၿငိဳးတႀကီးတိုက္ခိုက္သြားခဲ့ၿပီး တကယ္တမ္းမွာေတာ့ ယူႏိုက္တက္ကစားသမားဘဝမွာ ေပၚတူဂီသားက ဘလြန္ေဒါဆုရွင္ျဖစ္ခဲ့တာကိုလည္း ခပ္ေခ်ာင္ေခ်ာင္ဦးေႏွာက္ထဲ မမွတ္သားႏိုင္ေတာ့ဘူးလို႔သာ မွတ္ခ်က္ျပဳရပါလိမ့္မယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.