Premier League Serie A Transfer News

တိုက်စစ်မှူးဟောင်းကို ပေါင် ၉၇.၅ သန်းနဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီး

၂၀၁၄ ခုနှစ်မှာ ချဲလ်ဆီးအသင်းက ထွက်ခွာခဲ့တဲ့ ရိုမဲလူ လူကာကူးအနေနဲ့ သူ့အတွက် အသင်းဟောင်းဆီက သင့်တော်တဲ့ကမ်းလှမ်းမှု တစ်ခုရရှိခဲ့ရင် ထွက်ခွာခွင့်ပေးဖို့ ဒီအပတ်အစောပိုင်းက အင်တာမီလန်အသင်းကို အကြောင်းကြားခဲ့ပြီး ဘယ်လ်ဂျီယမ်တိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အင်တာမီလန်အသင်းအတွက် စီးရီးအေသွင်းဂိုး ၂၄ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနဲ့ အင်တာမီလန်အသင်းတို့အနေနဲ့ သဘောတူညီမှုရဲ့ နောက်ဆုံးအသေးစိတ်အချက်အလက်‌တွေကို ညှိနှိုင်းနေပြီး ချဲလ်ဆီးကစားသမား‌တွေအနေနဲ့ အင်တာမီလန်အသင်းဘက်ကို ပြောင်းရွှေ့ဖို့ မတွေ့ရပါဘူး။ အင်တာမီလန်အသင်းအနေနဲ့ အနောက်လန်ဒန်ကလပ်ဘက်က ဘယ်လ်ဂျီယမ်တိုက်စစ်မှူးအတွက် ကမ်းလှမ်းမှုတွေကို ၂ ကြိမ်တိတိ ပယ်ချခဲ့တာဖြစ်ပါတယ်။

ပယ်ချခံခဲ့ရတဲ့ ဒုတိယကမ်းလှမ်းချက်မှာ ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူးအတွက် ပေါင် ၈၅ သန်းအပါအဝင် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုကို အလိုက်ပေး ကမ်းလှမ်းခဲ့တာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး လူကာကူးအနေနဲ့ ချဲလ်ဆီးအသင်းကို ၂၀၁၁ ဝန်းကျင်မှာ အန်ဒါလက်ခ်ျက ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ၁၅ ပွဲသာ လန်ဒန်ခြင်္သေ့ပြာတွေကို ကိုယ်စားပြုကစားခွင့် ရခဲ့တာဖြစ်ပါတယ်။

ဥရောပရဲ့ တိုးတက်မှုအမြင့်ဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်ဖြစ်တဲ့ လူကာကူးအနေနဲ့ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အဲဗာတန်အသင်းအတွက် ၁၆၆ ပွဲကစားခဲ့ပြီး ၈၇ ဂိုးသွင်းယူပေးခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့သလို ၂ နှစ်အတွင်း ၉၆ ပွဲကစားခဲ့ရာ ၄၂ ဂိုးသွင်းယူခဲ့ပါတယ်။ သူ့အနေနဲ့ အင်တာမီလန်အသင်းကို ၂၀၁၉ ခုနှစ်မှာ ပြောင်းရွှေ့သွားခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက စီးရီးအေသွင်းဂိုး ၂၄ ဂိုးသွင်းယူပေးခဲ့ပါတယ်။

သူ့ရဲ့သွင်းဂိုး‌တွေနဲ့ အင်တာမီလန်အသင်းကို ၁၁ နှစ်အတွင်း ပထမဆုံး စကူဒက်တိုဖလားကို ဆွတ်ခူးစေခဲ့ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ ၁၁ နှစ်အတွင်း ၉ ကြိမ် စီးရီးအေဖလားရခဲ့တဲ့ အမြင့်ပျံခရီးကို ရိုက်ချဖို့ အကူအညီဖြစ်ခဲ့ပါတယ်။ ဒီနှစ်နွေမှာ အင်တာအနေနဲ့ ငွေကြေးကျပ်တည်းမှုကြောင့် လစာနှုန်းထားကို လျှော့ချဖို့ လိုအပ်လာလို့ ဆုဖလားယူပေးခဲ့တဲ့မန်နေဂျာ အန်တိုနီယို ကွန်တီတောင် လစာအထိမခံနိုင်လို့ နှုတ်ထွက်ခဲ့ရပါတယ်။

ငွေကြေးအကျပ်အတည်းရင်ဆိုင်နေရတဲ့ အင်တာမီလန်အသင်းအနေနဲ့ ပြီးခဲ့တဲ့ တစ်နာရီလောက်ကမှ ချဲလ်ဆီးအသင်းရဲ့ လူကာကူးအတွက် ပေါင် ၉၇.၅ သန်းနဲ့ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ဘယ်လ်ဂျီယမ်တိုက်စစ်မှူးအနေနဲ့ အသင်းဟောင်းမှာ တစ်နှစ်လုပ်ခ ပေါင် ၁၀.၁၇ သန်း(ယူရို ၁၂ သန်း) ရရှိသွားမှာဖြစ်တယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက မကြာသေးမီကမှ အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
၂၀၁၄ ခုႏွစ္မွာ ခ်ဲလ္ဆီးအသင္းက ထြက္ခြာခဲ့တဲ့ ႐ိုမဲလူ လူကာကူးအေနနဲ႔ သူ႔အတြက္ အသင္းေဟာင္းဆီက သင့္ေတာ္တဲ့ကမ္းလွမ္းမႈ တစ္ခုရရွိခဲ့ရင္ ထြက္ခြာခြင့္ေပးဖို႔ ဒီအပတ္အေစာပိုင္းက အင္တာမီလန္အသင္းကို အေၾကာင္းၾကားခဲ့ၿပီး ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးအေနနဲ႔ ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက အင္တာမီလန္အသင္းအတြက္ စီးရီးေအသြင္းဂိုး ၂၄ ဂိုးသြင္းယူေပးခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းနဲ႔ အင္တာမီလန္အသင္းတို႔အေနနဲ႔ သေဘာတူညီမႈရဲ႕ ေနာက္ဆုံးအေသးစိတ္အခ်က္အလက္‌ေတြကို ညႇိႏႈိင္းေနၿပီး ခ်ဲလ္ဆီးကစားသမား‌ေတြအေနနဲ႔ အင္တာမီလန္အသင္းဘက္ကို ေျပာင္းေ႐ႊ႕ဖို႔ မေတြ႕ရပါဘူး။ အင္တာမီလန္အသင္းအေနနဲ႔ အေနာက္လန္ဒန္ကလပ္ဘက္က ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးအတြက္ ကမ္းလွမ္းမႈေတြကို ၂ ႀကိမ္တိတိ ပယ္ခ်ခဲ့တာျဖစ္ပါတယ္။

ပယ္ခ်ခံခဲ့ရတဲ့ ဒုတိယကမ္းလွမ္းခ်က္မွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ လူကာကူးအတြက္ ေပါင္ ၈၅ သန္းအပါအဝင္ ဘယ္ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုကို အလိုက္ေပး ကမ္းလွမ္းခဲ့တာျဖစ္ၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ တိုက္စစ္မႉး လူကာကူးအေနနဲ႔ ခ်ဲလ္ဆီးအသင္းကို ၂၀၁၁ ဝန္းက်င္မွာ အန္ဒါလက္ခ္်က ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ပိုင္း ၁၅ ပြဲသာ လန္ဒန္ျခေသၤ့ျပာေတြကို ကိုယ္စားျပဳကစားခြင့္ ရခဲ့တာျဖစ္ပါတယ္။

ဥေရာပရဲ႕ တိုးတက္မႈအျမင့္ဆုံးတိုက္စစ္မႉးေတြထဲကတစ္ေယာက္ျဖစ္တဲ့ လူကာကူးအေနနဲ႔ ၂၀၁၄ ခုႏွစ္မွ ၂၀၁၇ ခုႏွစ္အတြင္း အဲဗာတန္အသင္းအတြက္ ၁၆၆ ပြဲကစားခဲ့ၿပီး ၈၇ ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕သြားခဲ့သလို ၂ ႏွစ္အတြင္း ၉၆ ပြဲကစားခဲ့ရာ ၄၂ ဂိုးသြင္းယူခဲ့ပါတယ္။ သူ႔အေနနဲ႔ အင္တာမီလန္အသင္းကို ၂၀၁၉ ခုႏွစ္မွာ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက စီးရီးေအသြင္းဂိုး ၂၄ ဂိုးသြင္းယူေပးခဲ့ပါတယ္။

သူ႔ရဲ႕သြင္းဂိုး‌ေတြနဲ႔ အင္တာမီလန္အသင္းကို ၁၁ ႏွစ္အတြင္း ပထမဆုံး စကူဒက္တိုဖလားကို ဆြတ္ခူးေစခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ၁၁ ႏွစ္အတြင္း ၉ ႀကိမ္ စီးရီးေအဖလားရခဲ့တဲ့ အျမင့္ပ်ံခရီးကို ႐ိုက္ခ်ဖို႔ အကူအညီျဖစ္ခဲ့ပါတယ္။ ဒီႏွစ္ေႏြမွာ အင္တာအေနနဲ႔ ေငြေၾကးက်ပ္တည္းမႈေၾကာင့္ လစာႏႈန္းထားကို ေလွ်ာ့ခ်ဖို႔ လိုအပ္လာလို႔ ဆုဖလားယူေပးခဲ့တဲ့မန္ေနဂ်ာ အန္တိုနီယို ကြန္တီေတာင္ လစာအထိမခံႏိုင္လို႔ ႏႈတ္ထြက္ခဲ့ရပါတယ္။

ေငြေၾကးအက်ပ္အတည္းရင္ဆိုင္ေနရတဲ့ အင္တာမီလန္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ တစ္နာရီေလာက္ကမွ ခ်ဲလ္ဆီးအသင္းရဲ႕ လူကာကူးအတြက္ ေပါင္ ၉၇.၅ သန္းနဲ႔ကမ္းလွမ္းခ်က္ကို လက္ခံခဲ့ၿပီး ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးအေနနဲ႔ အသင္းေဟာင္းမွာ တစ္ႏွစ္လုပ္ခ ေပါင္ ၁၀.၁၇ သန္း(ယူ႐ို ၁၂ သန္း) ရရွိသြားမွာျဖစ္တယ္လို႔ နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက မၾကာေသးမီကမွ အတည္ျပဳသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.