La Liga Ligue1 Transfer News

PSG မှာ သမိုင်းသစ်ကို ရေးထိုးဖို့ လစာငွေမြင့်မြင့်မားမားနဲ့ သဘောတူညီဖို့ နီးစပ်နေတဲ့ မက်ဆီ

ဘာစီလိုနာအသင်းအနေနဲ့ ကြာသပတေးညက လီယွန်နယ် မက်ဆီနဲ့ သက်တမ်း ထပ်မတိုးကြောင်း အတည်ပြုခဲ့ပြီး ပီအက်စ်ဂျီအသင်းဘက်က အာဂျင်တီးနား တိုက်စစ်မှူးကို ခေါ်ယူဖို့ အတော်လေး ရေပန်းစားလာခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဘာဆာလူထွက်အနေနဲ့ သူ့ရဲ့ ကစားသမားဘ၀တစ်လျှောက်လုံး နူးကမ့်မှာ နောက်ဆုံးအချိန်အထိ သစ္စာရှိရှိနဲ့ အသင်းအတွက် စဉ်းစားပေးရင်း အချိန်ကုန်ဆုံးခဲ့တာပါ။

မက်ဆီအနေနဲ့ လာမယ့် တစ်ပတ်အတွင်း ပီအက်စ်ဂျီအသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုဖို့ မျှော်မှန်းထားပြီး တစ်နှစ်ကို ‌အခွန်ဆောင်ပြီး ပေါင် ၂၅ သန်း ရရှိမှာဖြစ်သလို နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ဘဏ္ဏာရေးနဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အခက်အခဲ‌တွေကြောင့် သဘောတူညီပြီးသား စာချုပ်သစ်ကို ရှေ့ဆက်လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့လည်း မက်ဆီကို အကြောင်းကြားခဲ့ပါတယ်။

မက်ဆီအနေနဲ့ တစ်နိုင်ငံတည်းသား နည်းပြ မော်ရီစီယို ပိုချက်တီနို ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီး သူ့ရဲ့ အေးဂျင့်နဲ့ ဖခင်ဖြစ်သူ ဟော်ဟဲနဲ့ စကားပြောခိုင်းထားသလို ဘာစီလိုနာအသင်းဖော်ဟောင်း နေမာနဲ့အတူ ပြင်သစ်‌‌မြေမှာ ပြန်လည်ပူးပေါင်းမယ့် အစီအစဉ် အလျင်အမြန် အပြီးသတ်နိုင်ပြီး လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ စာချုပ်ပြီးမြောက်ဖို့အတွက် အခွင့်အရေးကောင်းရှိနေပြီး ငွေကြေးစည်းမျဉ်းတွေကို မချိုးဖောက်ဘဲ မက်ဆီကို စာချုပ်ချုပ်နိုင်မယ်လို့ ယုံကြည်နေသလို ဒီနှစ်နွေမှာ ခေါ်ယူထားတဲ့ ဂျန်လွီဂျီ ဒွန်နာရမ်မာ၊ ဆာဂျီယို ရာမို့စ်နဲ့ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်တို့အားလုံးက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာသူတွေဖြစ်နေခဲ့တာကလည်း ခိုင်လုံမှုတစ်ရပ်ဖြစ်နေပါတယ်။

သူ့အနေနဲ့ ကျောနံပါတ် ၁၉ ကို ရွေးချယ်ခဲ့လို့ သတင်းထွက်နေပြီးပြီး လက်ရှိ ပီအက်စ်ဂျီရဲ့ ကျောနံပါတ် ၁၀ ပိုင်ရှင် နေမာကိုယ်တိုင်က လိုလိုလားလားနဲ့ သူ့နံပါတ်ကို ပေးခဲ့ပေမယ့် အာဂျင်တီးနားသားကြီးအနေနဲ့ ငြင်းဆန်သွားတယ်လို့ ဆိုပြီး လောလောဆယ်မှာတော့ ပါရီအခြေစိုက်အသင်းဆီမှာ မက်ဆီ ရွေးချယ်မယ်ံ နံပါတ်ကို ဆီဗီလာကွင်းလယ်လူဟောင်း ပါဘလို ဆာရားဘီးယားက ဝတ်ဆင်ထားတာလည်းဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် စတင်ပွဲထွက်ခဲ့စဉ်က ကျောနံပါတ် ၃၀ ကို ဝတ်ဆင်ခဲ့ပြီး အဲ့ဒီတုန်းက ကျောနံပါတ် ၁၀ ပိုင်ရှင်က ရော်နယ်လ်ဒင်ညိုပဲ ဖြစ်ပါတယ်။ ကျောနံပါတ် ၃၀ ကို ၂ နှစ်ကြာ ဝတ်ဆင်အပြီး ကျောနံပါတ် ၁၉ ကို ပြောင်းလဲခဲ့သလို ရော်နယ်လ်ဒင်ညို ထွက်ခွာသွားချိန်မှာတော့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘယ်လွန်ဒေါဆုကို ၆ ကြိမ် ဆွတ်ခူးထားတဲ့ မက်ဆီအနေနဲ့ ဇူလိုင်လ ၁ ရက်နေ့ကတည်းက တရားဝင် အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့မတိုင်ခင်မှာ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရှိမထားခဲ့သလို လက်ရှိမှာတော့ ဘာစီလိုနာအသင်းမှာ ၂၀၀၃ ခုနှစ်က ၂၀၂၁ ခုနှစ်အတွင်း ၇၇၈ ပွဲမှာ ၆၇၂ ဂိုးအထိ သွင်းယူထားခဲ့တဲ့ ကစားသမားအနေနဲ့ စိန်ခေါ်မှုသစ်နဲ့ သမိုင်းသစ်ကို ရေးထိုးရတော့မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းအေနနဲ႔ ၾကာသပေတးညက လီယြန္နယ္ မက္ဆီနဲ႔ သက္တမ္း ထပ္မတိုးေၾကာင္း အတည္ျပဳခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းဘက္က အာဂ်င္တီးနား တိုက္စစ္မႉးကို ေခၚယူဖို႔ အေတာ္ေလး ေရပန္းစားလာခဲ့ပါတယ္။ အသက္ ၃၄ ႏွစ္အ႐ြယ္ ဘာဆာလူထြက္အေနနဲ႔ သူ႔ရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္လုံး ႏူးကမ့္မွာ ေနာက္ဆုံးအခ်ိန္အထိ သစၥာရွိရွိနဲ႔ အသင္းအတြက္ စဥ္းစားေပးရင္း အခ်ိန္ကုန္ဆုံးခဲ့တာပါ။

မက္ဆီအေနနဲ႔ လာမယ့္ တစ္ပတ္အတြင္း ပီအက္စ္ဂ်ီအသင္းနဲ႔ ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ေမွ်ာ္မွန္းထားၿပီး တစ္ႏွစ္ကို ‌အခြန္ေဆာင္ၿပီး ေပါင္ ၂၅ သန္း ရရွိမွာျဖစ္သလို ေနာက္ထပ္တစ္ႏွစ္ သက္တမ္းတိုးခြင့္လည္း ပါဝင္ပါတယ္။ ဘာစီလိုနာအသင္းအေနနဲ႔ ဘဏၰာေရးနဲ႔ ဖြဲ႕စည္းတည္ေဆာက္ပုံ အခက္အခဲ‌ေတြေၾကာင့္ သေဘာတူညီၿပီးသား စာခ်ဳပ္သစ္ကို ေရွ႕ဆက္လုပ္ေဆာင္ေတာ့မွာ မဟုတ္ဘူးလို႔လည္း မက္ဆီကို အေၾကာင္းၾကားခဲ့ပါတယ္။

မက္ဆီအေနနဲ႔ တစ္ႏိုင္ငံတည္းသား နည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏို ကိုင္တြယ္ေနတဲ့ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနၿပီး သူ႔ရဲ႕ ေအးဂ်င့္နဲ႔ ဖခင္ျဖစ္သူ ေဟာ္ဟဲနဲ႔ စကားေျပာခိုင္းထားသလို ဘာစီလိုနာအသင္းေဖာ္ေဟာင္း ေနမာနဲ႔အတူ ျပင္သစ္‌‌ေျမမွာ ျပန္လည္ပူးေပါင္းမယ့္ အစီအစဥ္ အလ်င္အျမန္ အၿပီးသတ္ႏိုင္ၿပီး လက္မွတ္ေရးထိုးႏိုင္ဖို႔ ေဆြးေႏြးေနတာလည္း ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ စာခ်ဳပ္ၿပီးေျမာက္ဖို႔အတြက္ အခြင့္အေရးေကာင္းရွိေနၿပီး ေငြေၾကးစည္းမ်ဥ္းေတြကို မခ်ိဳးေဖာက္ဘဲ မက္ဆီကို စာခ်ဳပ္ခ်ဳပ္ႏိုင္မယ္လို႔ ယုံၾကည္ေနသလို ဒီႏွစ္ေႏြမွာ ေခၚယူထားတဲ့ ဂ်န္လြီဂ်ီ ဒြန္နာရမ္မာ၊ ဆာဂ်ီယို ရာမို႔စ္နဲ႔ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္တို႔အားလုံးက အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာသူေတြျဖစ္ေနခဲ့တာကလည္း ခိုင္လုံမႈတစ္ရပ္ျဖစ္ေနပါတယ္။

သူ႔အေနနဲ႔ ေက်ာနံပါတ္ ၁၉ ကို ေ႐ြးခ်ယ္ခဲ့လို႔ သတင္းထြက္ေနၿပီးၿပီး လက္ရွိ ပီအက္စ္ဂ်ီရဲ႕ ေက်ာနံပါတ္ ၁၀ ပိုင္ရွင္ ေနမာကိုယ္တိုင္က လိုလိုလားလားနဲ႔ သူ႔နံပါတ္ကို ေပးခဲ့ေပမယ့္ အာဂ်င္တီးနားသားႀကီးအေနနဲ႔ ျငင္းဆန္သြားတယ္လို႔ ဆိုၿပီး ေလာေလာဆယ္မွာေတာ့ ပါရီအေျခစိုက္အသင္းဆီမွာ မက္ဆီ ေ႐ြးခ်ယ္မယ္ံ နံပါတ္ကို ဆီဗီလာကြင္းလယ္လူေဟာင္း ပါဘလို ဆာရားဘီးယားက ဝတ္ဆင္ထားတာလည္းျဖစ္ပါတယ္။

မက္ဆီအေနနဲ႔ ၂၀၀၄-၂၀၀၅ ေဘာလုံးရာသီမွာ ဘာစီလိုနာအသင္းအတြက္ စတင္ပြဲထြက္ခဲ့စဥ္က ေက်ာနံပါတ္ ၃၀ ကို ဝတ္ဆင္ခဲ့ၿပီး အဲ့ဒီတုန္းက ေက်ာနံပါတ္ ၁၀ ပိုင္ရွင္က ေရာ္နယ္လ္ဒင္ညိဳပဲ ျဖစ္ပါတယ္။ ေက်ာနံပါတ္ ၃၀ ကို ၂ ႏွစ္ၾကာ ဝတ္ဆင္အၿပီး ေက်ာနံပါတ္ ၁၉ ကို ေျပာင္းလဲခဲ့သလို ေရာ္နယ္လ္ဒင္ညိဳ ထြက္ခြာသြားခ်ိန္မွာေတာ့ ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘယ္လြန္ေဒါဆုကို ၆ ႀကိမ္ ဆြတ္ခူးထားတဲ့ မက္ဆီအေနနဲ႔ ဇူလိုင္လ ၁ ရက္ေန႔ကတည္းက တရားဝင္ အသင္းလက္မဲ့ျဖစ္ေနခဲ့ၿပီး ဇြန္လ ၃၀ ရက္ေန႔မတိုင္ခင္မွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမႈ ရွိမထားခဲ့သလို လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းမွာ ၂၀၀၃ ခုႏွစ္က ၂၀၂၁ ခုႏွစ္အတြင္း ၇၇၈ ပြဲမွာ ၆၇၂ ဂိုးအထိ သြင္းယူထားခဲ့တဲ့ ကစားသမားအေနနဲ႔ စိန္ေခၚမႈသစ္နဲ႔ သမိုင္းသစ္ကို ေရးထိုးရေတာ့မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.