Premier League Transfer News

7 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူလိုနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားတွေဖြစ်ကြတဲ့ နောက်ခံလူ ဟက်တာ ဘယ်လာရင်နဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်တို့ကို အလိုက်ပေးထားပြီး ဆန်စီရိုဘက်က လိုချင်နေတဲ့ ငွေသား ယူရိုသန်း ၇၀ ပမာဏကို လျှော့ချသွားနိုင်ဖို့ စီစဉ်နေ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို ဆက်သွယ်နေတဲ့ အသင်းတွေထဲမှာ အပါအဝင်ဖြစ်ပြီး ကစားသမားအနေနဲ့ အသင်းက ထွက်ခွာဖို့လည်း ရည်ရွယ်နေတဲ့ ပြောကြားခဲ့တဲ့ မွန်ချန်ဂလာဘက်ချ် အားကစားဒါရိုက်တာ မက်စ် အီဘားလ်ကြောင့် ဆွစ်ဇာလန်အသင်းဖော် ချာကာနဲ့ ပူးပေါင်းမလား စောင့်ကြည့်ရဖို့ရှိလာ။

– အာဆင်နယ်အသင်းရဲ့ နွေရာသီ စတုတ္ထမြောက်ကစားသမား ခေါ်ယူမှုဟာ ဂိုးသမားပဲဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပြီး နည်းစနစ် ဒါရိုက်တာ အီဒူးအနေနဲ့ ဒုတိယဂိုးသမား မဟုတ်ဘဲ ဘန်းဒ် လီနိုကို အရန်ခုံပို့ပစ်နိုင်မယ့်သူမျိုးကို ရှာဖွေနေတာကြောင့် ရှက်ဖီးလ်ဒ်ရဲ့ အာရွန် ရမ်းစ်ဒေးလ်ပဲ ဖြစ်ဖို့ရှိနေ။

– ဘာစီလိုနာအသင်းရဲ့ ငွေမသုံးနိုင်မှုနဲ့ အငှားခေါ်ယူဖို့သာ တတ်နိုင်မှုတွေကြောင့် ကွင်းလယ်လူ ရီနာတို ဆန်ချက်စ်ရဲ့ အပြောင်းအရွှေ့ကို လိုင်လီအသင်းဥက္ကဋ္ဌ အိုလီဗီးယေး လေတွန်းက ပိတ်ပင်လိုက်ပြီး အာဆင်နယ်အသင်းအနေနဲ့ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်ရှိလာ။

– ယူရိုချန်ပီယံ အီတလီကွင်းလယ်လူ မန်နူယယ်လ် လိုကာတယ်လီရဲ့ အချိုးမပြေမှုကို အာဆင်နယ်အသင်းဘက်က စိတ်ကုန်သွားခဲ့ပြီဖြစ်ပြီး မူလက ဆာဆူအိုလိုအသင်းနဲ့ သဘောတူညီထားခဲ့တဲ့ ယူရိုသန်း ၄၀ တန် ကမ်းလှမ်းမှုကို ပယ်ဖျက်သွားခဲ့သလို ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့သူ့ကို တူရင်ကလပ်ကိုယ်တိုင် ခေါ်ယူဖို့ ငွေမသုံးနိုင်ဘဲဖြစ်နေ။

– ဘရာဇီးလ် အိုလံပစ်အသင်းနဲ့ လေ့ကျင့်ရင်း ဒူးဒဏ်ရာ ရရှိသွားခဲ့တဲ့ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်အနေနဲ့ မက္ကဆီကိုနိုင်ငံမှာ ကြံ့ခိုင်ရေးမှူး သီယာဂို ပီဂိုရက်တီနဲ့ ကုသနေပြီး လာမယ့် ၁၁ ရက်အတွင်းမှာ ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီးရင် အာဆင်နယ်အသင်းနဲ့ ပူးပေါင်းနိုင်ဖို့ အဆင်သင့်ဖြစ်လိမ့်မယ်လို့ သိရ။

– အာဆင်နယ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ရောင်းချသွားမယ့် ဖန်တီးမှုမြင့်မားတဲ့ တောင်ပံသမား မာကို အဆန်စီယိုကို စိတ်ဝင်စားလာခဲ့ပြီး အသင်းဘယ်တောင်ပံမှာ အထိုင်ချသွားဖို့ ရည်ရွယ်နေသလို ညာတောင်ပံမှာလည်း ကစားနိုင်တဲ့ စပိန်သားအတွက် ကမ်းလှမ်းသွားဖို့ရှိနေ။

– တောင်ပံကစားသမားတစ်ယောက် ထပ်မံအလိုရှိနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ လာဇီယိုရဲ့ ယူရိုသန်း ၃၀ တန် ဟိုအာကင် ကော်ရီးယားအပြင် လီဗာပူးလ်အသင်းကနေ ပေါင် ၁၂.၇၅ သန်းနဲ့ အရောင်းစာရင်းတင်ထားတဲ့ တောင်ပံသမား ချာဒန် ရှာကျီရီကိုလည်း စိတ်ဝင်စားနေတဲ့အတွက် ဒီနွေမှာ မိုချန်ဂလာဘက်ချ်ရဲ့ ဇာကာရီးယားနဲ့အတူ ချာကာတို့ ဆွစ်ဇာလန်သုံးဦး ဆုံစည်းနိုင်ခြေရှိလာ။

– ဟက်တာ ဘယ်လာရင်နဲ့ ဆီးဒရစ်တို့ကို ရှင်းထုတ်သွားဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ ပစ်မှတ်ဖြစ်တဲ့ ဘိုလော့ညာရဲ့ ဂျပန်သား တာကဲဟီရို တိုမီယာစုအတွက် တော့တင်ဟမ်ဟော့စပါးစ် အသင်းအပြင် ဝက်စ်ဟမ်းအသင်းကပါ ပြိုင်ပွဲထဲ ပါဝင်လာခဲ့ပြီး ယှဉ်ပြိုင်ခေါ်ယူရဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို ဆက်သွယ်နေတဲ့ အသင်းတွေထဲမှာ အပါအဝင်ဖြစ်ပြီး ကစားသမားအနေနဲ့ အသင်းက ထွက်ခွာဖို့လည်း ရည်ရွယ်နေတဲ့ ပြောကြားခဲ့တဲ့ မွန်ချန်ဂလာဘက်ခ်ျ အားကစားဒါရိုက်တာ မက်စ် အီဘားလ်ကြောင့် ဆွစ်ဇာလန်အသင်းဖော် ချာကာနဲ့ ပူးပေါင်းမလား စောင့်ကြည့်ရဖို့ရှိလာ။






– တောင်ပံကစားသမားတစ်ယောက် ထပ်မံအလိုရှိနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ လာဇီယိုရဲ့ ယူရိုသန်း ၃၀ တန် ဟိုအာကင် ကော်ရီးယားအပြင် လီဗာပူးလ်အသင်းကနေ ပေါင် ၁၂.၇၅ သန်းနဲ့ အရောင်းစာရင်းတင်ထားတဲ့ တောင်ပံသမား ချာဒန် ရှာကျီရီကိုလည်း စိတ်ဝင်စားနေတဲ့အတွက် ဒီနွေမှာ မိုချန်ဂလာဘက်ခ်ျရဲ့ ဇာကာရီးယားနဲ့အတူ ချာကာတို့ ဆွစ်ဇာလန်သုံးဦး ဆုံစည်းနိုင်ခြေရှိလာ။


REF: INTERNET SOURCES
SPORTS A2Z.