Premier League

ဂရီးလစ်ရှ်ကို ခေါ်ယူပြီးနောက် ဟာရီကိန်းကိုပါ အရခေါ်ယူလိုကြောင်း အတည်ပြုလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့အတွက် အတွေးထဲမှာရှိပြီး မန်စီးတီးအသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို မြင်ရဖို့ ရှိနေ‌တယ်လို့ အတည်ပြုသွားခဲ့ပေမယ့် အင်္ဂလန်အသင်းခေါင်းဆောင်အတွက် စီတီဇန်တွေဘက်က နီးစပ်တဲ့ကမ်းလှမ်းမှုမျိုးကို စပါးစ်အသင်းဆီ ကမ်းလှမ်းထားတာတော့ မရှိသေးပါဘူး။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းအနေနဲ့ အက်စတန်ဗီလာအသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ကို ဗြိတိသျှအပြောင်းအရွှေ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၁၀၀ (ဒေါ်လာ ၁၃၉ သန်း)နဲ့ခေါ်ယူနိုင်ခဲ့ပြီး မကြာမီမှာ ကိန်းကို မရမကဖမ်းဆွဲထားနေတဲ့ စပါးစ်အသင်းဆီက သူ့အတွက် တံခါးဖွင့်တာနဲ့ စံချိန်သစ်ထပ်တင်မယ့် ပေါင်သန်းရာချီတဲ့ပမာဏနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေပါတယ်။

မကြာသေးမီက ကိန်းအနေနဲ့ စပါးစ်အသင်းအတွက် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ပြန်လည်ပါဝင်တော့မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မေးမြန်းခံခဲ့ရတုန်းမှာ ဂွါဒီယိုလာက “ကိန်းက တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ကစားသမားပါ။ တကယ်လို့ တော့တင်ဟမ်အနေနဲ့ သူ့အတွက် ဆွေးနွေးညှိနှိုင်းတာမျိုးမလုပ်ချင်ဘူးဆိုရင် ပြီးသွားပြီ”လို့ ပြောခဲ့ပြီး အပြောင်းအရွှေ့အပေါ် သူ့အမြင်ကို အစချီပြီးပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “တကယ်လို့ သူတို့အနေနဲ့ ညှိနှိုင်းဖို့ တံခါးဖွင့်ပေးလိုက်ပြီဆိုရင် ကျွန်တော့်အထင် မန်စီးတီးတစ်သင်းတည်းတော့မကဘူး။ ကမ္ဘာပေါ်က အသင်းအများကြီးက သူနဲ့စာချုပ်ချုပ်ချင်နေတာလေ။ ကျွန်တော်တို့နဲ့ပဲ စာချုပ်ချုပ်ဆိုမယ်ဆိုတဲ့ ခြွင်းချက် အနေအထားမဟုတ်ဘူး။ ဒါပေမယ့်လည်း ဒီကိစ္စကအနေနဲ့ တော့တင်ဟမ်အပေါ်မှာပဲ မူတည်ပါတယ်”လို့ သူ့အမြင်ကို ပြောသွားခဲ့ပါတယ်။

နောက်ထပ်လည်း “ဒီကိစ္စက ဂျက်ခ် ဂရီးလစ်ရှ်တုန်းကလို မဟုတ်ဘူး။ သူ့မှာ စာချုပ်ပါလျော်ကြေးရှိတယ်။ ဟာရီကိန်းက ခြွင်းချက်မရှိ ထူးခြားတဲ့ တိုက်စစ်မှူးဖြစ်လို့ ကျွန်တော့်အနေနဲ့ စိတ်ဝင်စားပေမယ့် သူက တော့တင်ဟမ်ကစားသမားဖြစ်ပြီး သူတို့ မဆွေးနွေးချင်ရင် ဘာမှထပ်ပြောစရာမရှိဘူး။ သူတို့ဘက်က ညှိနှိုင်းချင်ရင် ကျွန်တော်တို့ ကြိုးစားမယ်”လို့ ပြောသွားခဲ့ပြီး ဟာရီကိန်းနဲ့ မန်စီးတီးတို့ရဲ့ လက်ရှိအခြေအနေကို ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးအသင္းရဲ႕နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ တိုက္စစ္မႉး ဟာရီကိန္းကို ေခၚယူဖို႔အတြက္ အေတြးထဲမွာရွိၿပီး မန္စီးတီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈေတြကို ျမင္ရဖို႔ ရွိေန‌တယ္လို႔ အတည္ျပဳသြားခဲ့ေပမယ့္ အဂၤလန္အသင္းေခါင္းေဆာင္အတြက္ စီတီဇန္ေတြဘက္က နီးစပ္တဲ့ကမ္းလွမ္းမႈမ်ိဳးကို စပါးစ္အသင္းဆီ ကမ္းလွမ္းထားတာေတာ့ မရွိေသးပါဘူး။

လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံအသင္းအေနနဲ႔ အက္စတန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ၿဗိတိသွ်အေျပာင္းအေ႐ႊ႕စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့ ေပါင္သန္း ၁၀၀ (ေဒၚလာ ၁၃၉ သန္း)နဲ႔ေခၚယူႏိုင္ခဲ့ၿပီး မၾကာမီမွာ ကိန္းကို မရမကဖမ္းဆြဲထားေနတဲ့ စပါးစ္အသင္းဆီက သူ႔အတြက္ တံခါးဖြင့္တာနဲ႔ စံခ်ိန္သစ္ထပ္တင္မယ့္ ေပါင္သန္းရာခ်ီတဲ့ပမာဏနဲ႔ ကမ္းလွမ္းဖို႔ အသင့္ရွိေနပါတယ္။

မၾကာေသးမီက ကိန္းအေနနဲ႔ စပါးစ္အသင္းအတြက္ ရာသီႀကိဳေလ့က်င့္ေရးအစီအစဥ္မွာ ျပန္လည္ပါဝင္ေတာ့မယ္ဆိုတဲ့ သတင္းေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းခံခဲ့ရတုန္းမွာ ဂြါဒီယိုလာက “ကိန္းက ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ကစားသမားပါ။ တကယ္လို႔ ေတာ့တင္ဟမ္အေနနဲ႔ သူ႔အတြက္ ေဆြးေႏြးညႇိႏႈိင္းတာမ်ိဳးမလုပ္ခ်င္ဘူးဆိုရင္ ၿပီးသြားၿပီ”လို႔ ေျပာခဲ့ၿပီး အေျပာင္းအေ႐ႊ႕အေပၚ သူ႔အျမင္ကို အစခ်ီၿပီးေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “တကယ္လို႔ သူတို႔အေနနဲ႔ ညႇိႏႈိင္းဖို႔ တံခါးဖြင့္ေပးလိုက္ၿပီဆိုရင္ ကြၽန္ေတာ့္အထင္ မန္စီးတီးတစ္သင္းတည္းေတာ့မကဘူး။ ကမာၻေပၚက အသင္းအမ်ားႀကီးက သူနဲ႔စာခ်ဳပ္ခ်ဳပ္ခ်င္ေနတာေလ။ ကြၽန္ေတာ္တို႔နဲ႔ပဲ စာခ်ဳပ္ခ်ဳပ္ဆိုမယ္ဆိုတဲ့ ႁခြင္းခ်က္ အေနအထားမဟုတ္ဘူး။ ဒါေပမယ့္လည္း ဒီကိစၥကအေနနဲ႔ ေတာ့တင္ဟမ္အေပၚမွာပဲ မူတည္ပါတယ္”လို႔ သူ႔အျမင္ကို ေျပာသြားခဲ့ပါတယ္။

ေနာက္ထပ္လည္း “ဒီကိစၥက ဂ်က္ခ္ ဂရီးလစ္ရွ္တုန္းကလို မဟုတ္ဘူး။ သူ႔မွာ စာခ်ဳပ္ပါေလ်ာ္ေၾကးရွိတယ္။ ဟာရီကိန္းက ႁခြင္းခ်က္မရွိ ထူးျခားတဲ့ တိုက္စစ္မႉးျဖစ္လို႔ ကြၽန္ေတာ့္အေနနဲ႔ စိတ္ဝင္စားေပမယ့္ သူက ေတာ့တင္ဟမ္ကစားသမားျဖစ္ၿပီး သူတို႔ မေဆြးေႏြးခ်င္ရင္ ဘာမွထပ္ေျပာစရာမရွိဘူး။ သူတို႔ဘက္က ညႇိႏႈိင္းခ်င္ရင္ ကြၽန္ေတာ္တို႔ ႀကိဳးစားမယ္”လို႔ ေျပာသြားခဲ့ၿပီး ဟာရီကိန္းနဲ႔ မန္စီးတီးတို႔ရဲ႕ လက္ရွိအေျခအေနကို ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.