Serie A

အွန်လိုင်း စကောလားရှစ်ဆု ၂၄ ဆုကို ထောက်ပံ့ပြီး ပညာဒါနလုပ်လိုက်တဲ့ ရော်နယ်လ်ဒို

သူ့ရဲ့ အလှူအတန်းရက်ရောမှုနဲ့ ပရိသတ်တွေကို ဂရုစိုက်တတ်တဲ့ စေတနာ၊ ဝါသနာတွေကြောင့် ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ အအောင်မြင်ဆုံး ပေါ်တူဂီသား ဘောလုံးသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ အချိုပေါ် သကာလောင်းတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အွန်လိုင်းကနေ ပညာသင်ယူမယ့်သူတွေအတွက် စကောလားရှစ် ၂၄ ဆုကို ထောက်ပံ့လိုက်ပြီဖြစ်ပါတယ်။

eCampus University လို့ အမည်ရတဲ့ တက္ကသိုလ်ကျောင်းမှာ ပညာသင်ဆုတွေကို ထောက်ပံ့ပေးဖို့ အသက် ၃၆ နှစ်အရွယ် ဂျူဗင်တပ်စ် တိုက်စစ်မှူးကြီးက သဘောတူညီခဲ့တာဖြစ်ပြီး ပေးအပ်သွားမယ့်ဆုတွေအတွက် အီးကမ်းပတ်စ်ရဲ့ ဝက်ဘ်ဆိုက်က သူ့ရဲ့ အထူးပြုလိပ်စာ cr7.uniecampus.it မှာ လျှောက်ထားနိုင်ကြောင်း ကြေငြာသွားခဲ့တာပါ။

ဝက်ဘ်ဆိုက်လိပ်စာအရ အီတလီအခြေစိုက်ဖြစ်တဲ့ ကျောင်းမှာ သင်ယူခွင့်အတွက် ရော်နယ်လ်ဒိုက “ဘွဲ့ရပညာတတ်ဖြစ်ဖို့ အိပ်မက်ကို မစွန့်လွှတ်လိုက်ကြပါနဲ့။ ကျွန်တော် ပျော်ရွှင်စွာ လှူဒါန်းထားတဲ့ အီးကမ်းပတ်စ်ရဲ့ စကောလားရှစ် ၂၄ ဆုမှာ ဝင်ရောက်ရွေးချယ်ခံလိုက်ပါ။ စက်တင်ဘာလ ၁၂ ရက်မတိုင်ခင်မှာ လျှောက်လွှာပေးပို့နိုင်ပြီး ခင်ဗျားတို့ရဲ့ ပညာရေးအတွက် ထောက်ပံ့ခွင့်ရလို့ ဂုဏ်ယူနေမှာပါ”လို့ သူ့ရဲ့ တွစ်တာမှာ တင်ခဲ့ပါတယ်။

အီးကမ်းပတ်စ် တက္ကသိုလ်ကို ကျောင်းသားပေါင်း သုံးသောင်းကျော် တက်ရောက်လျက်ရှိပြီး အင်ဂျင်နီယာပညာ၊ စိတ်ပညာ၊ ဥပဒေပညာ၊ စီးပွားရေးပညာနဲ့ ဝိဇ္ဇာဘာသာရပ်တွေကို သင်ကြားပေးနေပြီး ရော်နယ်လ်ဒိုကတော့ အီတလီမှာ နေထိုင်တုန်းမှာ ဒီလိုမျိုး သူ့ရဲ့ မလှူရ မနေနိုင်တဲ့ စိတ်ထားကောင်းနဲ့ ဒါနပြုသွားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် လီယွန်နယ် မက်ဆီနဲ့ အမြဲတမ်း ယှဉ်ပြိုင်နေခဲ့တဲ့ ရော်နယ်လ်ဒိုအနေနဲ့ လူသားချင်း စာနာမှုအရ သွင်းဂိုးတစ်ဂိုး ထပ်ရခဲ့တာလည်းဖြစ်ပြီး ဆေးလောကနဲ့ ပတ်သက်တဲ့ အလှူတွေကို ပိုလုပ်လေ့ရှိတဲ့ ပြိုင်ဘက် အာဂျင်တီးနားသားနဲ့ သူတို့ကြား ဘယ်သူက အသာစီးရသွားမလဲဆိုတာကို စောင့်ကြည့်ရဖို့နဲ့ ပရိသတ်တွေလည်း ဒီစကောလားရှစ်အတွက် လျှောက်ထားနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: သူ႔ရဲ႕ အလႉအတန္းရက္ေရာမႈနဲ႔ ပရိသတ္ေတြကို ဂ႐ုစိုက္တတ္တဲ့ ေစတနာ၊ ဝါသနာေတြေၾကာင့္ ခ်စ္ခင္ေလးစားမႈကို ရရွိထားတဲ့ အေအာင္ျမင္ဆုံး ေပၚတူဂီသား ေဘာလုံးသမားႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ အခ်ိဳေပၚ သကာေလာင္းတဲ့အေနနဲ႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာ အြန္လိုင္းကေန ပညာသင္ယူမယ့္သူေတြအတြက္ စေကာလားရွစ္ ၂၄ ဆုကို ေထာက္ပံ့လိုက္ၿပီျဖစ္ပါတယ္။

eCampus University လို႔ အမည္ရတဲ့ တကၠသိုလ္ေက်ာင္းမွာ ပညာသင္ဆုေတြကို ေထာက္ပံ့ေပးဖို႔ အသက္ ၃၆ ႏွစ္အ႐ြယ္ ဂ်ဴဗင္တပ္စ္ တိုက္စစ္မႉးႀကီးက သေဘာတူညီခဲ့တာျဖစ္ၿပီး ေပးအပ္သြားမယ့္ဆုေတြအတြက္ အီးကမ္းပတ္စ္ရဲ႕ ဝက္ဘ္ဆိုက္က သူ႔ရဲ႕ အထူးျပဳလိပ္စာ cr7.uniecampus.it မွာ ေလွ်ာက္ထားႏိုင္ေၾကာင္း ေၾကျငာသြားခဲ့တာပါ။

ဝက္ဘ္ဆိုက္လိပ္စာအရ အီတလီအေျခစိုက္ျဖစ္တဲ့ ေက်ာင္းမွာ သင္ယူခြင့္အတြက္ ေရာ္နယ္လ္ဒိုက “ဘြဲ႕ရပညာတတ္ျဖစ္ဖို႔ အိပ္မက္ကို မစြန႔္လႊတ္လိုက္ၾကပါနဲ႔။ ကြၽန္ေတာ္ ေပ်ာ္႐ႊင္စြာ လႉဒါန္းထားတဲ့ အီးကမ္းပတ္စ္ရဲ႕ စေကာလားရွစ္ ၂၄ ဆုမွာ ဝင္ေရာက္ေ႐ြးခ်ယ္ခံလိုက္ပါ။ စက္တင္ဘာလ ၁၂ ရက္မတိုင္ခင္မွာ ေလွ်ာက္လႊာေပးပို႔ႏိုင္ၿပီး ခင္ဗ်ားတို႔ရဲ႕ ပညာေရးအတြက္ ေထာက္ပံ့ခြင့္ရလို႔ ဂုဏ္ယူေနမွာပါ”လို႔ သူ႔ရဲ႕ တြစ္တာမွာ တင္ခဲ့ပါတယ္။

အီးကမ္းပတ္စ္ တကၠသိုလ္ကို ေက်ာင္းသားေပါင္း သုံးေသာင္းေက်ာ္ တက္ေရာက္လ်က္ရွိၿပီး အင္ဂ်င္နီယာပညာ၊ စိတ္ပညာ၊ ဥပေဒပညာ၊ စီးပြားေရးပညာနဲ႔ ဝိဇၨာဘာသာရပ္ေတြကို သင္ၾကားေပးေနၿပီး ေရာ္နယ္လ္ဒိုကေတာ့ အီတလီမွာ ေနထိုင္တုန္းမွာ ဒီလိုမ်ိဳး သူ႔ရဲ႕ မလႉရ မေနႏိုင္တဲ့ စိတ္ထားေကာင္းနဲ႔ ဒါနျပဳသြားခဲ့တာျဖစ္ပါတယ္။

ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ လီယြန္နယ္ မက္ဆီနဲ႔ အၿမဲတမ္း ယွဥ္ၿပိဳင္ေနခဲ့တဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ လူသားခ်င္း စာနာမႈအရ သြင္းဂိုးတစ္ဂိုး ထပ္ရခဲ့တာလည္းျဖစ္ၿပီး ေဆးေလာကနဲ႔ ပတ္သက္တဲ့ အလႉေတြကို ပိုလုပ္ေလ့ရွိတဲ့ ၿပိဳင္ဘက္ အာဂ်င္တီးနားသားနဲ႔ သူတို႔ၾကား ဘယ္သူက အသာစီးရသြားမလဲဆိုတာကို ေစာင့္ၾကည့္ရဖို႔နဲ႔ ပရိသတ္ေတြလည္း ဒီစေကာလားရွစ္အတြက္ ေလွ်ာက္ထားႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.