La Liga

လာလီဂါရဲ့ ချေးငွေရရှိပြီး ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ မက်ဆီ

ဩဂုတ်လ ၅ ရက်နေ့(ဒီနေ့)မှာ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမှာဖြစ်ကြောင်း နာမည်ကြီးသတင်းဌာနဖြစ်တဲ့ Goal.com မှအတည်ပြုခဲ့ပြီး ကာတာလန်ကလပ်အနေနဲ့ လာလီဂါအဖွဲ့ချုပ်ထံမှ များပြားတဲ့ ချေးငွေတစ်ရပ်ကို ရရှိခဲ့လို့ အခုလို မရေမရာ ကြန့်ကြာမှုကို အဆုံးသတ်လိုက်နိုင်တာဖြစ်ကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးပြဿနာတွေ ရင်ဆိုင်ခဲ့ရပြီးနောက် စပိန်လာလီဂါအနေနဲ့ ယူရို ၂.၇ ဘီလီယံကို CVC Capital Partners မှရရှိခဲ့ပြီး ရာခိုင်နှုန်းအများစုကို ကလပ်အသင်းတစ်သင်းစီကို ခွဲဝေပေးရပါတယ်။ ဘာစီလိုနာအသင်းအ‌နေနဲ့ လာလီဂါကနေ ယူရိုသန်း ၂၈၀ ရရှိမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးနဲ့ လစာအတွက် ယူရို ၄၂ သန်း ခွဲဝေပေးလို့ မက်ဆီရဲ့ သက်တမ်းတိုးမယ့်ကိစ္စ အကောင်အထည်ပေါ်လာခဲ့တာပါ။

မက်ဆီအ‌နေနဲ့ ဘာစီလိုနာကနေ ထွက်ခွာလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ လနဲ့ချီကြာပြီးနောက် သြဂုတ် ၅ ရက်နေ့မှာ ဘာဆာဘက်က တရားဝင်ထုတ်ပြန်ကြေငြာမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးဖို့ စီစဉ်နေပြီး သူ့အနေနဲ့ စာချုပ်ဖျက်သိမ်းမှုကို နှစ်နှစ်အကြာ ၂၀၂၃ နွေမှာ ရပ်စဲဖို့အတွက် အခွင့်အရေးရှိ‌ပေမယ့် ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သူ့ဖခင်နဲ့ အေးဂျင့်ဖြစ်သူ ဟော်ဟဲ မက်ဆီအပါအဝင် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာတို့နဲ့ ကြာသပတေးနေ့မှာ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး တရားဝင်ကြေငြာမှုကို မကြာမီပြုလုပ်သွားဖို့ရှိကြောင်း သိရသလို မက်ဆီအနေနဲ့ လာမယ့်တနင်္ဂနွေနေ့ ယိုအန် ဂမ်ပါပြိုင်ပွဲအတွင်း အသင်းပိုင်ကွင်းတစ်ကွင်းဖြစ်တဲ့ ယိုဟန် ခရိုက်ဖ်ကွင်းမှာ ပရိသတ် ၃,၀၀၀ ရဲ့ ရှေ့မှောက်မှာ စကားပြောသွားဖို့လည်း ရှိနေပါတယ်။

ဘဏ္ဍာ‌ရေးကျွမ်းကျင်သူ မာ့ခ် စီရီယာအနေနဲ့ Goal.com ကို “ယူရို ၂.၇ ဘီလီယံရဲ့ ၉၀ ရာခိုင်နှုန်းကို နှစ် ၄၀ ချေးငွေနဲ့ ကလပ်အသင်းတွေကို ပေးပြီး ၇၀ ရာခိုင်နှုန်းကို အဆောက်အဦတွေမှာ ရင်းနှီးမြုပ်နှံဖို့အတွက်၊ ၁၅ ရာခိုင်နှုန်းကို အကြွေးပြန်ဆပ်ဖို့နဲ့ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းကို လစာငွေအတွက်‌ ပေးဖို့ရှိတယ်”လို့ လက်ရှိအခြေအနေတွေအပေါ် ပြောသွားခဲ့ပြီး မက်ဆီရဲ့ စာချုပ်သစ်အခြေအနေကို ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဩဂုတ္လ ၅ ရက္ေန႔(ဒီေန႔)မွာ အာဂ်င္တီးနားတိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမွာျဖစ္ေၾကာင္း နာမည္ႀကီးသတင္းဌာနျဖစ္တဲ့ Goal.com မွအတည္ျပဳခဲ့ၿပီး ကာတာလန္ကလပ္အေနနဲ႔ လာလီဂါအဖြဲ႕ခ်ဳပ္ထံမွ မ်ားျပားတဲ့ ေခ်းေငြတစ္ရပ္ကို ရရွိခဲ့လို႔ အခုလို မေရမရာ ၾကန႔္ၾကာမႈကို အဆုံးသတ္လိုက္ႏိုင္တာျဖစ္ေၾကာင္း သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးျပႆနာေတြ ရင္ဆိုင္ခဲ့ရၿပီးေနာက္ စပိန္လာလီဂါအေနနဲ႔ ယူ႐ို ၂.၇ ဘီလီယံကို CVC Capital Partners မွရရွိခဲ့ၿပီး ရာခိုင္ႏႈန္းအမ်ားစုကို ကလပ္အသင္းတစ္သင္းစီကို ခြဲေဝေပးရပါတယ္။ ဘာစီလိုနာအသင္းအ‌ေနနဲ႔ လာလီဂါကေန ယူ႐ိုသန္း ၂၈၀ ရရွိမွာျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လစာအတြက္ ယူ႐ို ၄၂ သန္း ခြဲေဝေပးလို႔ မက္ဆီရဲ႕ သက္တမ္းတိုးမယ့္ကိစၥ အေကာင္အထည္ေပၚလာခဲ့တာပါ။

မက္ဆီအ‌ေနနဲ႔ ဘာစီလိုနာကေန ထြက္ခြာလိမ့္မယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြ လနဲ႔ခ်ီၾကာၿပီးေနာက္ ၾသဂုတ္ ၅ ရက္ေန႔မွာ ဘာဆာဘက္က တရားဝင္ထုတ္ျပန္ေၾကျငာမယ့္ စာခ်ဳပ္သစ္ကို လက္မွတ္ထိုးဖို႔ စီစဥ္ေနၿပီး သူ႔အေနနဲ႔ စာခ်ဳပ္ဖ်က္သိမ္းမႈကို ႏွစ္ႏွစ္အၾကာ ၂၀၂၃ ေႏြမွာ ရပ္စဲဖို႔အတြက္ အခြင့္အေရးရွိ‌ေပမယ့္ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္တယ္လို႔ စပိန္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

သူ႔ဖခင္နဲ႔ ေအးဂ်င့္ျဖစ္သူ ေဟာ္ဟဲ မက္ဆီအပါအဝင္ ဘာစီလိုနာဥကၠ႒ လာေပၚတာတို႔နဲ႔ ၾကာသပေတးေန႔မွာ စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္ၿပီး တရားဝင္ေၾကျငာမႈကို မၾကာမီျပဳလုပ္သြားဖို႔ရွိေၾကာင္း သိရသလို မက္ဆီအေနနဲ႔ လာမယ့္တနဂၤေႏြေန႔ ယိုအန္ ဂမ္ပါၿပိဳင္ပြဲအတြင္း အသင္းပိုင္ကြင္းတစ္ကြင္းျဖစ္တဲ့ ယိုဟန္ ခ႐ိုက္ဖ္ကြင္းမွာ ပရိသတ္ ၃,၀၀၀ ရဲ႕ ေရွ႕ေမွာက္မွာ စကားေျပာသြားဖို႔လည္း ရွိေနပါတယ္။

ဘ႑ာ‌ေရးကြၽမ္းက်င္သူ မာ့ခ္ စီရီယာအေနနဲ႔ Goal.com ကို “ယူ႐ို ၂.၇ ဘီလီယံရဲ႕ ၉၀ ရာခိုင္ႏႈန္းကို ႏွစ္ ၄၀ ေခ်းေငြနဲ႔ ကလပ္အသင္းေတြကို ေပးၿပီး ၇၀ ရာခိုင္ႏႈန္းကို အေဆာက္အဦေတြမွာ ရင္းႏွီးျမဳပ္ႏွံဖို႔အတြက္၊ ၁၅ ရာခိုင္ႏႈန္းကို အေႂကြးျပန္ဆပ္ဖို႔နဲ႔ က်န္တဲ့ ၁၅ ရာခိုင္ႏႈန္းကို လစာေငြအတြက္‌ ေပးဖို႔ရွိတယ္”လို႔ လက္ရွိအေျခအေနေတြအေပၚ ေျပာသြားခဲ့ၿပီး မက္ဆီရဲ႕ စာခ်ဳပ္သစ္အေျခအေနကို ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.