Serie A

ပေါ်လို ရော့စီဆုရဲ့ ပထမဆုံးပိုင်ရှင်ဖြစ်လာမယ့် ‌ခရစ္စတီယာနို ရော်နယ်လ်ဒို

ဂျူဗင်တပ်စ်အသင်းရဲ့ စူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ပေါ်လို ရော့စီလို့ အမည်သစ်ပေးထားတဲ့ဆုရဲ့ ပထမဆုံးပိုင်ရှင်ဖြစ်လာဖို့ ရှိနေပြီး တစ်ရာသီအတွင်း စီးရီးအေသွင်းဂိုးအများဆုံးကစားသမားကို အဲ့ဒီဆု ချီးမြှင့်မှာလည်း ဖြစ်တယ်လို့ အီတလီသတင်းဌာနတွေရဲ့ တရားဝင်ဖော်ပြချက်တွေအရ သိရပါတယ်။

တရားဝင်ဖော်ပြချက်တွေအရ အီတလီဘောလုံးအဖွဲ့ချုပ်(AIC)အနေနဲ့ အီတလီဂန္ထဝင်ကစားသမားဖြစ်တဲ့ ပေါ်လို ရော့စီရဲ့ ကွယ်လွန်ခဲ့အပြီးမှာ စီးရီး‌အေဂိုးသွင်းဘုရင်ဆုကို အမည်ပြောင်းလဲသတ်မှတ်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တာလည်းဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းနဲ့ ပြိုင်ပွဲစုံ ၁၃၅ ပွဲမှာ ၄၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားကြီးဟာ သူ့ခေတ်သူ့အခါမှာတော့ အကောင်းဆုံးတွေထဲက တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။

၁၉၈၂ ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်းရဲ့ အဓိက,ကစားသမားဖြစ်ခဲ့တဲ့ ရော့စီဟာ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား ရွှေဘောလုံးဆုနဲ့ ဂိုးသွင်းဘုရင် ရွှေဖိနပ်ဆုတွေကိုလည်း သွင်းဂိုး ၆ ဂိုးနဲ့ ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပြီး စီးရီးအေမှာတော့ ၁၉၇၈ ရဲ့ ဂိုးသွင်းဘုရင်ဖြစ်ခဲ့သလို သူအောင်မြင်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်း အတွက်တော့ ၁၉၈၂ မှာ စတင်ပြီး ချန်ပီယံဆုကို ရယူပေးခဲ့သလို ၁၉၈၂ ခုနှစ်အတွင်း အောင်မြင်မှုတွေက သူ့ကို ဘယ်လွန်ဒေါဆု ရရှိစေခဲ့တာပါ။

၂၀၂၀ ဒီဇင်ဘာ၊ အသက် ၆၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ရော့စီရဲ့ ကစားသမားဘဝတစ်‌‌လျှောက် ရရှိခဲ့တဲ့အောင်မြင်မှုတွေရဲ့ အထိမ်းအမှတ်အဖြစ် အီတလီဘောလုံးအဖွဲ့ချုပ် AIC အနေနဲ့ တစ်ရာသီအတွင်း စီးရီးအေ သွင်းဂိုးအများဆုံးကစားသမားဆုကို ပေါ်လို ရော့စီဆုဆိုတဲ့ အမည်အဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

တိုက်ဆိုင်စွာနဲ့ပဲ ပေါ်လို ရော့စီဆုရဲ့ ပထမဆုံး ဆုလက်ခံရရှိမယ့် ကစားသမားကလည်း ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားပဲဖြစ်ခဲ့ပြီး တူရင်ကလပ်ရဲ့ ဂိုးသွင်းစက်ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုပဲ ဖြစ်ပါတယ်။ ဘယ်လွန်ဒေါဆု ၅ ဆုရှင်အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ၂၉ ဂိုးသွင်းယူခဲ့ပြီး သူ့ကစားသမားဘဝရဲ့ ပထမဆုံးအကြိမ် စီးရီးအေဂိုးသွင်းချန်ပီယံဖြစ်လာခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ဴဗင္တပ္စ္အသင္းရဲ႕ စူပါစတား ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ ေပၚလို ေရာ့စီလို႔ အမည္သစ္ေပးထားတဲ့ဆုရဲ႕ ပထမဆုံးပိုင္ရွင္ျဖစ္လာဖို႔ ရွိေနၿပီး တစ္ရာသီအတြင္း စီးရီးေအသြင္းဂိုးအမ်ားဆုံးကစားသမားကို အဲ့ဒီဆု ခ်ီးျမႇင့္မွာလည္း ျဖစ္တယ္လို႔ အီတလီသတင္းဌာနေတြရဲ႕ တရားဝင္ေဖာ္ျပခ်က္ေတြအရ သိရပါတယ္။

တရားဝင္ေဖာ္ျပခ်က္ေတြအရ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္(AIC)အေနနဲ႔ အီတလီဂႏၴဝင္ကစားသမားျဖစ္တဲ့ ေပၚလို ေရာ့စီရဲ႕ ကြယ္လြန္ခဲ့အၿပီးမွာ စီးရီး‌ေအဂိုးသြင္းဘုရင္ဆုကို အမည္ေျပာင္းလဲသတ္မွတ္ဖို႔အတြက္ ဆုံးျဖတ္ခ်က္ခ်ခဲ့တာလည္းျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ၿပိဳင္ပြဲစုံ ၁၃၅ ပြဲမွာ ၄၄ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ ကစားသမားႀကီးဟာ သူ႔ေခတ္သူ႔အခါမွာေတာ့ အေကာင္းဆုံးေတြထဲက တစ္ေယာက္လည္းျဖစ္ခဲ့ပါတယ္။

၁၉၈၂ ကမာၻ႔ဖလားခ်န္ပီယံ အီတလီအသင္းရဲ႕ အဓိက,ကစားသမားျဖစ္ခဲ့တဲ့ ေရာ့စီဟာ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမား ေ႐ႊေဘာလုံးဆုနဲ႔ ဂိုးသြင္းဘုရင္ ေ႐ႊဖိနပ္ဆုေတြကိုလည္း သြင္းဂိုး ၆ ဂိုးနဲ႔ ပိုင္ဆိုင္ႏိုင္ခဲ့သူျဖစ္ၿပီး စီးရီးေအမွာေတာ့ ၁၉၇၈ ရဲ႕ ဂိုးသြင္းဘုရင္ျဖစ္ခဲ့သလို သူေအာင္ျမင္ခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္း အတြက္ေတာ့ ၁၉၈၂ မွာ စတင္ၿပီး ခ်န္ပီယံဆုကို ရယူေပးခဲ့သလို ၁၉၈၂ ခုႏွစ္အတြင္း ေအာင္ျမင္မႈေတြက သူ႔ကို ဘယ္လြန္ေဒါဆု ရရွိေစခဲ့တာပါ။

၂၀၂၀ ဒီဇင္ဘာ၊ အသက္ ၆၄ ႏွစ္အ႐ြယ္မွာ ကြယ္လြန္ခဲ့တဲ့ ေရာ့စီရဲ႕ ကစားသမားဘဝတစ္‌‌ေလွ်ာက္ ရရွိခဲ့တဲ့ေအာင္ျမင္မႈေတြရဲ႕ အထိမ္းအမွတ္အျဖစ္ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ AIC အေနနဲ႔ တစ္ရာသီအတြင္း စီးရီးေအ သြင္းဂိုးအမ်ားဆုံးကစားသမားဆုကို ေပၚလို ေရာ့စီဆုဆိုတဲ့ အမည္အျဖစ္ ေျပာင္းလဲသတ္မွတ္ေပးဖို႔ လုပ္ေဆာင္ေနခဲ့တာျဖစ္ပါတယ္။

တိုက္ဆိုင္စြာနဲ႔ပဲ ေပၚလို ေရာ့စီဆုရဲ႕ ပထမဆုံး ဆုလက္ခံရရွိမယ့္ ကစားသမားကလည္း ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ကစားသမားပဲျဖစ္ခဲ့ၿပီး တူရင္ကလပ္ရဲ႕ ဂိုးသြင္းစက္ႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုပဲ ျဖစ္ပါတယ္။ ဘယ္လြန္ေဒါဆု ၅ ဆုရွင္အေနနဲ႔ ၿပီးခဲ့တဲ့ ေဘာလုံးရာသီအတြင္း ၂၉ ဂိုးသြင္းယူခဲ့ၿပီး သူ႔ကစားသမားဘဝရဲ႕ ပထမဆုံးအႀကိမ္ စီးရီးေအဂိုးသြင္းခ်န္ပီယံျဖစ္လာခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.