Premier League

ကိန်းရဲ့အမှားကို အမြတ်ထုတ်ပြီး တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက်ဖို့ ဆွန်ဟောင်မင် ကြံစည်နေသလား

ဒီတပတ်အတွင်းမှာတော့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းရဲ့အ​ကြောင်းက မကြားချင်မှမဆုံး အတော်လေးဟော့နေခဲ့ပြီး မန်စီးတီးကို ပြောင်းကစားပြီး အောင်မြင်မှုတွေ ရှာဖွေချင်လွန်းလို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆန်ခဲ့ပြီး ခေါင်းမာလွန်းပြီး စျေးကိုင်ထားတဲ့ စပါးစ်ဥက္ကဌ လီဗိုင်းကို အာခံခဲ့တာလည်း အထင်အရှားဖြစ်ရပ်ပါ။

စပါးစ်တိုက်စစ်အတွဲဖြစ်တဲ့ ဆွန်ဟောင်မင်ကတော့ “ကလပ်အသင်းရဲ့ အထက်မှာ ဘယ်ကစားသမားမှ မရှိ”ဆိုတဲ့ လူမှုကွန်ရက်က ပို့စ်တခုကို Like လုပ်သွားခဲ့ပြီး ဒီဖြစ်ရပ်မှာ အသင်းဖော် ကိန်းဘက်ကနေ ရပ်တည်ခြင်း မရှိခဲ့တာကိုလည်း မြင်တွေ့ခဲ့ရတာလည်း တမျိုးထူးဆန်းလို့နေခဲ့ပါတယ်။

ကိန်းအနေနဲ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့ ၂ ရက်စလုံးမှာ အသင်းရဲ့ခွင့်ပြုမှုမပါဘဲ လေ့ကျင့်ရေးဆင်းဖို့ ပျက်ကွက်ခဲ့တာဖြစ်ပြီး ဒါဟာ စပါးစ်အသိုင်းအဝိုင်းတခုလုံးကို ကလန်ကဆန်လုပ်သွားခဲ့ခြင်းဖြစ်တယ်လို့ ယူဆခံထားရပါတယ်။ ကိန်းဘက်က ကြည့်ရင်တော့ သူက ရေကြည်ရာမြက်နုရာကို ရှာဖွေချင်ပြီလို့ ပြီးခဲ့တဲ့ ရာသီအသိမ်းမှာကတည်းက ထုတ်ဖော်ထားခဲ့သူပါ။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ အသက် ၂၈ နှစ်အရွယ်နောက်ပိုင်းမှာတော့ ဆုဖလား အောင်မြင်မှုတွေနဲ့ ကစားသမားဘဝ မှတ်တိုင်တခုကို စိုက်ထူလိုနေတာဖြစ်ပြီး ဒါဟာ မှားယွင်းမှုတခုတော့ မဟုတ်ပေမယ့် အသင်းကို ပြဿနာရှာခဲ့တာတော့ စရိုက်ဆန်ပြီး မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဂျေမီ ကာရေဂါကလည်း တုပ်သွားခဲ့ပါတယ်။

တဖက်မှာတော့ ရီယို ဖာဒီနန်က ဒီဖြစ်ရပ်မှာ အသင်းပြောင်းချင်နေတဲ့သူကို ထွက်ခွာခွင့်မပေးဘဲ ပေါင်သန်း ၁၆၀ ကို တပြားမှ မလျှော့နိုင်ကြောင်း မဖြစ်နိုင်တဲ့စျေးကို ကိုင်ပြီး ခေါင်းမာလွန်းနေတဲ့ လီဗိုင်းကသာ မန်စီးတီး-ဟာရီကိန်းဖြစ်စဥ်ကို ယောက်ျားဆန်ဆန် ထွက်ရှင်းသင့်တယ်လို့ အင်္ဂလန်သားဘက်က ရပ်တည်ပြီး မှတ်ချက်​ပေးသွားခဲ့တယ်လို့ သိရပါတယ်။

စပါးစ်ပရိသတ်တွေအနေနဲ့ ကိန်းရဲ့ လုပ်ရပ်ကို ဒေါသထွက်နေကြပြီး ဒါဟာ အသင်းကို စော်ကားခဲ့ခြင်းဖြစ်တယ်လို့ ဆန္ဒပြခဲ့သလို “ဟာရီကိန်း FC ဆိုတာ ဘာအောင်မြင်မှုမှ မရှိ၊ စပါးစ်အသင်းဆိုတာ ဖလား ၂၃ လုံး ရယူထားတယ်။ ကလပ်အသင်းရဲ့ အထက်မှာ ဘယ်ကစားသမားမှ မရှိစေရ”လို့ ရဲရဲတောက်ဆိုသွားခဲ့တာပါ။

အဆိုပါပို့စ်ကို ဆွန်ဟောင်မင်က ဝင်ရောက်ထောက်ခံသွားခဲ့ရာမှာ “ကိန်းဟာ အသင်းအပေါ် မလေးမစားပြုမူသွားခဲ့ခြင်းဖြစ်တယ်။ အသင်းပြောင်းခွင့် ရှိတယ်ဆိုတာ မှန်ပေမယ့် ဒီလိုနည်းလမ်းမျိုးနဲ့ အသင်းပြောင်းဖို့ ဖိအားပေးခဲ့တဲ့ သူ့ရဲ့လုပ်ရပ်က ရုပ်ပေါက်လွန်းပါတယ်”ဆိုတဲ့ အရေးအသားမှာ စပါးစ်ပရိသတ်အချစ်တော် ဘဝကနေ သက်ဆင်းခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။

တောင်ကိုရီးယားသားအနေနဲ့ စပါးစ်ပရိသတ် အချစ်တော်ဘဝကို လက်လွှဲယူသွားဖို့ ရှိနေပြီး သူက မြောက်လန်ဒန်ကလပ်နဲ့ စာချုပ်သစ်လည်း ချုပ်ဆိုခဲ့ပြီးဖြစ်လို့ ကိန်းရဲ့ ဖူးဖူးမှုတ်ခံဘဝကို ဆက်ခံသွားနိုင်ဖို့လည်း အလေးသာသွားခဲ့သလို အသင်းဖော် ဟာရီကိန်းကိုလည်း ရန်ငါစည်းပြတ်ပြီး ဆက်ဆံလိုက်ပြီလို့လည်း မှတ်ချက်ပေးခံထားရပါတယ်။

စပါးစ်အသင်းဟာ နောက်ဆုံးဆုဖလားကို ရခဲ့တာက လွန်ခဲ့တဲ့ ၁၃ နှစ်က ချဲလ်ဆီးကို အနိုင်ယူခဲ့တဲ့ လိဂ်ဖလားမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ကိန်း+ဆွန်အတွဲဟာ ၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးလ်၊ ပြီးခဲ့တဲ့ ကာရာဘောင်းဖိုင်နယ်မှာ မန်စီးတီတို့ကို ရှုံးနိမ့်ထားခဲ့တာဖြစ်သလို ကိန်းကတော့ အင်္ဂလန်နဲ့ ယူရိုဖိုင်နယ်ကို ထပ်မံရှုံးနိမ့်ခဲ့ပေမယ့် ဆွန်ကတော့ ၂၀၁၈ အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် မတူညီတဲ့ အမြင်တွေနဲ့ တော့တင်ဟမ်ရဲ့ ဘုရင်အဖြစ် ပလ္လင်သိမ်းတော့မှာလားဆိုတာ စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီတပတ္အတြင္းမွာေတာ့ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းရဲ႕အ​ေၾကာင္းက မၾကားခ်င္မွမဆုံး အေတာ္ေလးေဟာ့ေနခဲ့ၿပီး မန္စီးတီးကို ေျပာင္းကစားၿပီး ေအာင္ျမင္မႈေတြ ရွာေဖြခ်င္လြန္းလို႔ အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းဖို႔ ျငင္းဆန္ခဲ့ၿပီး ေခါင္းမာလြန္းၿပီး ေစ်းကိုင္ထားတဲ့ စပါးစ္ဥကၠဌ လီဗိုင္းကို အာခံခဲ့တာလည္း အထင္အရွားျဖစ္ရပ္ပါ။

စပါးစ္တိုက္စစ္အတြဲျဖစ္တဲ့ ဆြန္ေဟာင္မင္ကေတာ့ “ကလပ္အသင္းရဲ႕ အထက္မွာ ဘယ္ကစားသမားမွ မရွိ”ဆိုတဲ့ လူမႈကြန္ရက္က ပို႔စ္တခုကို Like လုပ္သြားခဲ့ၿပီး ဒီျဖစ္ရပ္မွာ အသင္းေဖာ္ ကိန္းဘက္ကေန ရပ္တည္ျခင္း မရွိခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရတာလည္း တမ်ိဳးထူးဆန္းလို႔ေနခဲ့ပါတယ္။

ကိန္းအေနနဲ႔ တနလၤာေန႔နဲ႔ အဂၤါေန႔ ၂ ရက္စလုံးမွာ အသင္းရဲ႕ခြင့္ျပဳမႈမပါဘဲ ေလ့က်င့္ေရးဆင္းဖို႔ ပ်က္ကြက္ခဲ့တာျဖစ္ၿပီး ဒါဟာ စပါးစ္အသိုင္းအဝိုင္းတခုလုံးကို ကလန္ကဆန္လုပ္သြားခဲ့ျခင္းျဖစ္တယ္လို႔ ယူဆခံထားရပါတယ္။ ကိန္းဘက္က ၾကည့္ရင္ေတာ့ သူက ေရၾကည္ရာျမက္ႏုရာကို ရွာေဖြခ်င္ၿပီလို႔ ၿပီးခဲ့တဲ့ ရာသီအသိမ္းမွာကတည္းက ထုတ္ေဖာ္ထားခဲ့သူပါ။

အဂၤလန္အသင္းေခါင္းေဆာင္ဟာ အသက္ ၂၈ ႏွစ္အ႐ြယ္ေနာက္ပိုင္းမွာေတာ့ ဆုဖလား ေအာင္ျမင္မႈေတြနဲ႔ ကစားသမားဘဝ မွတ္တိုင္တခုကို စိုက္ထူလိုေနတာျဖစ္ၿပီး ဒါဟာ မွားယြင္းမႈတခုေတာ့ မဟုတ္ေပမယ့္ အသင္းကို ျပႆနာရွာခဲ့တာေတာ့ စ႐ိုက္ဆန္ၿပီး မွားယြင္းတဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ေဂ်မီ ကာေရဂါကလည္း တုပ္သြားခဲ့ပါတယ္။

တဖက္မွာေတာ့ ရီယို ဖာဒီနန္က ဒီျဖစ္ရပ္မွာ အသင္းေျပာင္းခ်င္ေနတဲ့သူကို ထြက္ခြာခြင့္မေပးဘဲ ေပါင္သန္း ၁၆၀ ကို တျပားမွ မေလွ်ာ့ႏိုင္ေၾကာင္း မျဖစ္ႏိုင္တဲ့ေစ်းကို ကိုင္ၿပီး ေခါင္းမာလြန္းေနတဲ့ လီဗိုင္းကသာ မန္စီးတီး-ဟာရီကိန္းျဖစ္စဥ္ကို ေယာက္်ားဆန္ဆန္ ထြက္ရွင္းသင့္တယ္လို႔ အဂၤလန္သားဘက္က ရပ္တည္ၿပီး မွတ္ခ်က္​ေပးသြားခဲ့တယ္လို႔ သိရပါတယ္။

စပါးစ္ပရိသတ္ေတြအေနနဲ႔ ကိန္းရဲ႕လုပ္ရပ္ကို ေဒါသထြက္ေနၾကၿပီး ဒါဟာ အသင္းကို ေစာ္ကားခဲ့ျခင္းျဖစ္တယ္လို႔ ဆႏၵျပခဲ့သလို “ဟာရီကိန္း FC ဆိုတာ ဘာေအာင္ျမင္မႈမွ မရွိ၊ စပါးစ္အသင္းဆိုတာ ဖလား ၂၃ လုံးရယူထားတယ္။ ကလပ္အသင္းရဲ႕အထက္မွာ ဘယ္ကစားသမားမွ မရွိေစရ”လို႔ ရဲရဲေတာက္ဆိုသြားခဲ့တာပါ။

အဆိုပါပို႔စ္ကို ဆြန္ေဟာင္မင္က ဝင္ေရာက္ေထာက္ခံသြားခဲ့ရာမွာ “ကိန္းဟာ အသင္းအေပၚ မေလးမစားျပဳမူသြားခဲ့ျခင္းျဖစ္တယ္။ အသင္းေျပာင္းခြင့္ ရွိတယ္ဆိုတာ မွန္ေပမယ့္ ဒီလိုနည္းလမ္းမ်ိဳးနဲ႔ အသင္းေျပာင္းဖို႔ ဖိအားေပးခဲ့တဲ့ သူ႔ရဲ႕လုပ္ရပ္က ႐ုပ္ေပါက္လြန္းပါတယ္”ဆိုတဲ့ အေရးအသားမွာ စပါးစ္ပရိသတ္အခ်စ္ေတာ္ ဘဝကေန သက္ဆင္းခဲ့ၿပီလို႔လည္း ဆိုႏိုင္ပါတယ္။

ေတာင္ကိုရီးယားသားအေနနဲ႔ စပါးစ္ပရိသတ္ အခ်စ္ေတာ္ဘဝကို လက္လႊဲယူသြားဖို႔ ရွိေနၿပီး သူက ေျမာက္လန္ဒန္ကလပ္နဲ႔ စာခ်ဳပ္သစ္လည္း ခ်ဳပ္ဆိုခဲ့ၿပီးျဖစ္လို႔ ကိန္းရဲ႕ ဖူးဖူးမႈတ္ခံဘဝကို ဆက္ခံသြားႏိုင္ဖို႔လည္း အေလးသာသြားခဲ့သလို အသင္းေဖာ္ ဟာရီကိန္းကိုလည္း ရန္ငါစည္းျပတ္ၿပီး ဆက္ဆံလိုက္ၿပီလို႔လည္း မွတ္ခ်က္ေပးခံထားရပါတယ္။

စပါးစ္အသင္းဟာ ေနာက္ဆုံးဆုဖလားကို ရခဲ့တာက လြန္ခဲ့တဲ့ ၁၃ ႏွစ္က ခ်ဲလ္ဆီးကို အႏိုင္ယူခဲ့တဲ့ လိဂ္ဖလားမွာျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ ကိန္း+ဆြန္အတြဲဟာ ၂၀၁၈ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ လီဗာပူးလ္၊ ၿပီးခဲ့တဲ့ ကာရာေဘာင္းဖိုင္နယ္မွာ မန္စီးတီတို႔ကို ရႈံးနိမ့္ထားခဲ့တာျဖစ္သလို ကိန္းကေတာ့ အဂၤလန္နဲ႔ ယူ႐ိုဖိုင္နယ္ကို ထပ္မံရႈံးနိမ့္ခဲ့ေပမယ့္ ဆြန္ကေတာ့ ၂၀၁၈ အာရွဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ မတူညီတဲ့ အျမင္ေတြနဲ႔ ေတာ့တင္ဟမ္ရဲ႕ ဘုရင္အျဖစ္ ပလႅင္သိမ္းေတာ့မွာလားဆိုတာ ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.