Premier League Transfer News

4 Aug နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးအနေနဲ့ သူ့အသက် ၁၇ နှစ်အရွယ် စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းကြီးကို ပထမဆုံးရောက်တုန်းက ပြောခဲ့တဲ့စကားတွေ YouTube ချန်နယ်တစ်ခုမှာ ပျံ့နှံ့လာခဲ့ပြီး တစ်နေ့မှာ ချဲလ်ဆီးအသင်းအတွက် ကစားပေးမယ်ဆိုတာနဲ့ ချဲလ်ဆီးအသင်းကို ချစ်ကြောင်းပြောခဲ့လို့ အနောက်လန်ဒန်ပရိသတ်တွေအနေနဲ့ ဘယ်လ်ဂျီယမ်သားကို အမြင်ကြည်လာခဲ့ကြ။

ချဲလ်ဆီးအသင်းက အလိုရှိနေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိပြီးပြီဖြစ်တဲ့တဲ့ နောက်ခံလူ ဂျူးလ် ကွန်ဒီအတွက် ဘာအလိုက်ပေးမှုနဲ့ ဘယ်ကစားသမားကိုမှ ပြန်မလိုချင်ကြောင်း ဆီဗီလာဘက်က ကြေငြာလိုက်ပြီး ပြင်သစ်သားကို ခေါ်ယူချင်ရင် ပေါင် ၅၁ သန်း (ယူရိုသန်း ၆၀)ကိုသာ ငွေသားသီးသန့် ပေးချေဖို့ ရာဇသံပေးလိုက်တာကြောင့် ကတ်ဇူးမားကို ရောင်းချဖို့ အပူတပြင်းကြိုးစားရဖွယ်ရှိနေ။

ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူးကိုသာ ခေါ်ယူနိုင်ခဲ့ရင် မီလန်မြို့ခံအသင်းအနေနဲ့ အာဆင်နယ်အသင်းက လိုချင်နေတဲ့ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ရောင်းချဖို့မရှိတော့လို့ ဂန်းနားတို့အနေနဲ့ တမ်မီ အေဘရာဟမ်ကို ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ပြန်ချိတ်ဆက်ရမှာကြောင့် ဘယ်လ်ဂျီယမ်သားကို ရတာနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်ဖို့ရှိနေ။

ချဲလ်ဆီးအသင်းရဲ့ အဓိကပစ်မှတ်ကစားသမားဖြစ်တဲ့ ဒက်ကလန် ရိုက်စ်အနေနဲ့ ဝက်စ်ဟမ်းအသင်းမှာပဲ ဆက်ရှိနေဖို့အတွက် ဆုံးဖြတ်လိုက်ပြီး စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်တွေကို ပယ်ချထားလို့ နောက်နှစ်မှ ချဲလ်ဆီးအသင်းကို ပိုပြီးသက်သာမယ့်ဈေးနဲ့ ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့။

ဝက်စ်ဟမ်းအသင်းအနေနဲ့ ချဲလ်ဆီးနောက်ခံလူ ကတ်ဇူးမားကို ခေါ်ယူဖို့အတွက် ကြိုးစားတော့မှာ မဟုတ်ကြောင်းသိရပြီး ဟမ်းမားတို့ ပေးတဲ့‌‌ ဈေးနဲ့ ချဲလ်ဆီးဘက်က အလိုရှိတဲ့‌ ဈေးက ပေါင် ၄ သန်းသာ ကွာဟမှုရှိနေပေမယ့် လစာငွေကို ညှိနှိုင်းလို့ မရခဲ့သလို ပြင်သစ်သားအတွက် စပါးစ်နဲ့ တခြားအသင်းတွေကိုပဲ ရောင်းချဖို့ လုပ်ဆောင်ရတော့မှာဖြစ်ကြောင်း သိရ။

အေစီမီလန်အသင်းကို ရောက်ရှိသွားခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးအနေနဲ့ ချဲလ်ဆီးအသင်းက ကစားဖော်ဟောင်း ဟာကင်းမ် ဇီးယက်ရှ်ကို ဆန်စီရိုမှာ လာရောက်ကစားစေဖို့ အလိုရှိနေပြီး သူ့ရဲ့ အတွေ့အကြုံ၊ ဘယ်ခြေတစ်ချောင်းနဲ့ ဘောလုံးအမြင်တွေကို သတိရနေသလို မိမိတို့ကြားထဲက နားလည်မှုကိုလည်း တန်ဖိုးထားတာကြောင့် နောက်တစ်ကြိမ် အတူတွဲဖက်ကစားခွင့်ရချင်ကြောင်း ပြောကြားသွားခဲ့။

အက်စတန်ဗီလာအသင်းအနေနဲ့ ချဲလ်ဆီးအသင်းဘက်က အရောင်းစာရင်းတင်ထားတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို အငှားနဲ့ခေါ်ယူဖို့ စီစဉ်နေပြီး ချန်ပီယံရှစ်မှာ ကစားနေစဉ်ကလည်း သူ့ကို အငှားခေါ်ယူခဲ့ဖူးတာကြောင့် နှစ်သင်းကြား ဆက်ဆံရေး ကောင်းမွန်နေသလို အပြောင်းအရွှေ့ဖြစ်လာဖို့ ဘာမင်ဂမ်မြို့ခံအသင်းအနေနဲ့ မျှော်လင့်နေကြောင်း သတင်းတွေ ထွက်ပေါ်လာ။

အင်တာမီလန်တိုက်စစ်မှူး လူကာကူးရဲ့ ချဲလ်ဆီးဂျာစီနဲ့ ဖိုတိုရှော့လုပ်ထားတဲ့ ပုံတစ်ခုကို ချဲလ်ဆီးအသင်းရဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားက အင်စတာဂရမ် သုံးနေစဉ်အတွင်း တွေ့လိုက်တဲ့ ဖြစ်ရပ်အနေနဲ့ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့သွားပြီး ဘယ်လ်ဂျီယမ်တိုက်စစ်မှူးကို အသင်းမှာ မြင်ရဖို့ရှိနေပြီလားလို့ ခန့်မှန်းမှုတွေရှိလာ။

ချဲလ်ဆီးတို့အနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့အတွက် အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပေမယ့် ဂျာမန်ကလပ်ဘက်က မရောင်းဘဲ တင်းခံနေတာကြောင့် ဒီရာသီမှာ ခေါ်ယူသွားဖို့ မရှိတော့ဘဲ အလွယ်တကူ ရရှိနိုင်မယ့် တိုက်စစ်မှူးတွေကို စဉ်းစားနေသလို အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာအနေနဲ့ နောက်နှစ်နွေရာသီမှသာ စာချုပ်ပါလျော်ကြေး ပေါင် ၆၄ သန်းဝန်းကျင်ပေးပြီး နော်ဝေးသားလေးကို ခေါ်ယူသွားဖို့ ပြင်ဆင်နေကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးအေနနဲ႔ သူ႔အသက္ ၁၇ ႏွစ္အ႐ြယ္ စတန္းဖို႔ဒ္ဘရစ္ခ္်ကြင္းႀကီးကို ပထမဆုံးေရာက္တုန္းက ေျပာခဲ့တဲ့စကားေတြ YouTube ခ်န္နယ္တစ္ခုမွာ ပ်ံ႕ႏွံ႔လာခဲ့ၿပီး တစ္ေန႔မွာ ခ်ဲလ္ဆီးအသင္းအတြက္ ကစားေပးမယ္ဆိုတာနဲ႔ ခ်ဲလ္ဆီးအသင္းကို ခ်စ္ေၾကာင္းေျပာခဲ့လို႔ အေနာက္လန္ဒန္ပရိသတ္ေတြအေနနဲ႔ ဘယ္လ္ဂ်ီယမ္သားကို အျမင္ၾကည္လာခဲ့ၾက။

ခ်ဲလ္ဆီးအသင္းက အလိုရွိေနၿပီး ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိၿပီးၿပီျဖစ္တဲ့တဲ့ ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီအတြက္ ဘာအလိုက္ေပးမႈနဲ႔ ဘယ္ကစားသမားကိုမွ ျပန္မလိုခ်င္ေၾကာင္း ဆီဗီလာဘက္က ေၾကျငာလိုက္ၿပီး ျပင္သစ္သားကို ေခၚယူခ်င္ရင္ ေပါင္ ၅၁ သန္း (ယူ႐ိုသန္း ၆၀)ကိုသာ ေငြသားသီးသန႔္ ေပးေခ်ဖို႔ ရာဇသံေပးလိုက္တာေၾကာင့္ ကတ္ဇူးမားကို ေရာင္းခ်ဖို႔ အပူတျပင္းႀကိဳးစားရဖြယ္ရွိေန။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လူကာကူးကိုသာ ေခၚယူႏိုင္ခဲ့ရင္ မီလန္ၿမိဳ႕ခံအသင္းအေနနဲ႔ အာဆင္နယ္အသင္းက လိုခ်င္ေနတဲ့ တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ကို ေရာင္းခ်ဖို႔မရွိေတာ့လို႔ ဂန္းနားတို႔အေနနဲ႔ တမ္မီ ေအဘရာဟမ္ကို ေပါင္သန္း ၄၀ ဝန္းက်င္နဲ႔ ျပန္ခ်ိတ္ဆက္ရမွာေၾကာင့္ ဘယ္လ္ဂ်ီယမ္သားကို ရတာနဲ႔ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ ျဖစ္ဖို႔ရွိေန။

ခ်ဲလ္ဆီးအသင္းရဲ႕ အဓိကပစ္မွတ္ကစားသမားျဖစ္တဲ့ ဒက္ကလန္ ႐ိုက္စ္အေနနဲ႔ ဝက္စ္ဟမ္းအသင္းမွာပဲ ဆက္ရွိေနဖို႔အတြက္ ဆုံးျဖတ္လိုက္ၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းခ်က္ေတြကို ပယ္ခ်ထားလို႔ ေနာက္ႏွစ္မွ ခ်ဲလ္ဆီးအသင္းကို ပိုၿပီးသက္သာမယ့္ေဈးနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့။

ဝက္စ္ဟမ္းအသင္းအေနနဲ႔ ခ်ဲလ္ဆီးေနာက္ခံလူ ကတ္ဇူးမားကို ေခၚယူဖို႔အတြက္ ႀကိဳးစားေတာ့မွာ မဟုတ္ေၾကာင္းသိရၿပီး ဟမ္းမားတို႔ ေပးတဲ့‌‌ ေဈးနဲ႔ ခ်ဲလ္ဆီးဘက္က အလိုရွိတဲ့‌ ေဈးက ေပါင္ ၄ သန္းသာ ကြာဟမႈရွိေနေပမယ့္ လစာေငြကို ညႇိႏႈိင္းလို႔ မရခဲ့သလို ျပင္သစ္သားအတြက္ စပါးစ္နဲ႔ တျခားအသင္းေတြကိုပဲ ေရာင္းခ်ဖို႔ လုပ္ေဆာင္ရေတာ့မွာျဖစ္ေၾကာင္း သိရ။

ေအစီမီလန္အသင္းကို ေရာက္ရွိသြားခဲ့တဲ့ ဝါရင့္တိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးအေနနဲ႔ ခ်ဲလ္ဆီးအသင္းက ကစားေဖာ္ေဟာင္း ဟာကင္းမ္ ဇီးယက္ရွ္ကို ဆန္စီ႐ိုမွာ လာေရာက္ကစားေစဖို႔ အလိုရွိေနၿပီး သူ႔ရဲ႕ အေတြ႕အႀကဳံ၊ ဘယ္ေျခတစ္ေခ်ာင္းနဲ႔ ေဘာလုံးအျမင္ေတြကို သတိရေနသလို မိမိတို႔ၾကားထဲက နားလည္မႈကိုလည္း တန္ဖိုးထားတာေၾကာင့္ ေနာက္တစ္ႀကိမ္ အတူတြဲဖက္ကစားခြင့္ရခ်င္ေၾကာင္း ေျပာၾကားသြားခဲ့။

အက္စတန္ဗီလာအသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းဘက္က အေရာင္းစာရင္းတင္ထားတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို အငွားနဲ႔ေခၚယူဖို႔ စီစဥ္ေနၿပီး ခ်န္ပီယံရွစ္မွာ ကစားေနစဥ္ကလည္း သူ႔ကို အငွားေခၚယူခဲ့ဖူးတာေၾကာင့္ ႏွစ္သင္းၾကား ဆက္ဆံေရး ေကာင္းမြန္ေနသလို အေျပာင္းအေ႐ႊ႕ျဖစ္လာဖို႔ ဘာမင္ဂမ္ၿမိဳ႕ခံအသင္းအေနနဲ႔ ေမွ်ာ္လင့္ေနေၾကာင္း သတင္းေတြ ထြက္ေပၚလာ။

အင္တာမီလန္တိုက္စစ္မႉး လူကာကူးရဲ႕ ခ်ဲလ္ဆီးဂ်ာစီနဲ႔ ဖိုတိုေရွာ့လုပ္ထားတဲ့ ပုံတစ္ခုကို ခ်ဲလ္ဆီးအသင္းရဲ႕ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားက အင္စတာဂရမ္ သုံးေနစဥ္အတြင္း ေတြ႕လိုက္တဲ့ ျဖစ္ရပ္အေနနဲ႔ လူမႈကြန္ယက္ေတြမွာ ပ်ံ႕ႏွံ႔သြားၿပီး ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးကို အသင္းမွာ ျမင္ရဖို႔ရွိေနၿပီလားလို႔ ခန႔္မွန္းမႈေတြရွိလာ။

ခ်ဲလ္ဆီးတို႔အေနနဲ႔ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူဖို႔အတြက္ အႀကိမ္ႀကိမ္ ညႇိႏႈိင္းခဲ့ေပမယ့္ ဂ်ာမန္ကလပ္ဘက္က မေရာင္းဘဲ တင္းခံေနတာေၾကာင့္ ဒီရာသီမွာ ေခၚယူသြားဖို႔ မရွိေတာ့ဘဲ အလြယ္တကူ ရရွိႏိုင္မယ့္ တိုက္စစ္မႉးေတြကို စဥ္းစားေနသလို အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာအေနနဲ႔ ေနာက္ႏွစ္ေႏြရာသီမွသာ စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ ၆၄ သန္းဝန္းက်င္ေပးၿပီး ေနာ္ေဝးသားေလးကို ေခၚယူသြားဖို႔ ျပင္ဆင္ေနေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.