Analysis La Liga Other Serie A

ရော်နယ်လ်ဒိုထက် ပိုမိုပြီး​ပြည့်စုံတဲ့ အားကစားသမားတဦးကို ရီးရဲလ်အသင်းဆရာဝန်ဟောင်း ထောက်ပြသွားခဲ့

ရီးရဲလ်မက်ဒရစ်မှာ တာဝန်ယူဆောင်ရွက်ခဲ့ဖူးတဲ့ အသင်းဆရာဝန်ဟောင်းတဦးက ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ပိုမိုပြီး​ပြည့်စုံတဲ့ အားကစားသမားတဦးရှိနေပြီး အဲဒါဟာ လက်ရှိရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဂါရက်သ်ဘေးလ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အဆိုပါဆရာဝန် ဂျီးဆပ်စ် အော်လ်မိုရဲ့ ပြောဆိုချက်အရ ဘေးလ်ဟာ သူလက်တွဲခဲ့ဖူးတဲ့ ဘောလုံးသမားတွေထဲမှာ အပြီးပြည့်စုံဆုံး အားကစားသမားတဦးဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ခြင်းမှာ ကမ္ဘာ့အကောင်းဆုံးဖြစ်ချင်တဲ့ ရော်နယ်လ်ဒိုအတွက် အနည်းငယ်ခံပြင်းစရာဖြစ်ခဲ့သလို ဘယ်လိုတွေတောင် စပ်သွားမလဲလို့ လှောင်ပြောင်ခံဘဝကိုလည်း ရောက်ရှိသွားခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်မှာ အဆီပိုတကျပ်သားမရှိတဲ့ ကမ္ဘာ့အကောင်းဆုံး ခန္ဓာကိုယ်နဲ့ ရုပ်ပိုင်းကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားတဲ့ ရော်နယ်လ်ဒိုအနေနဲ့ မကြာခဏ ဒဏ်ရာသားကောင်ဖြစ်လေ့ရှိတဲ့ ဝေးလ်တိုက်စစ်မှူးနဲ့ နှိုင်းယှဥ်ခံခဲ့ရခြင်းမှာ ဖြေသိမ့်နိုင်စရာတော့ မရှိခဲ့တာဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို စိန်ခေါ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ကွင်းထဲမှာ ခွန်အား၊ အမြင့်ခုန်နိုင်စွမ်း၊ အမြန်နှုန်းစတဲ့ အမြင့်ဆုံးအားသာချက်တွေကို ပိုင်ဆိုင်ထားတဲ့ ပေါ်တူဂီ GOAT ကြီးဟာ လူငယ်ဘဝတည်းကစလို့ Gym မှာ အချိန်ပေးပြီး သေချာလေ့ကျင့်လာခဲ့တာဟာ ဒီနေ့မှာ အကောင်းဆုံး ကိုယ်ကာယကြံ့ခိုင်မှုကို ​ပိုင်ဆိုင်ထားသလို သူက သွားရည်စာနဲ့ အချိုရည်တို့​ကို မတို့မထိသူတဦးဖြစ်ပါတယ်။

အော်လ်မိုရဲ့အမြင်အရ “ကျွန်တော်မြင်ဖူးတဲ့ အကောင်းဆုံးအားကစားသမားက ဂါရက်သ်ဘေးလ်ပါ။ သူက ဘယ်အားကစားမျိုးကိုမဆို သာလွန်အဆင့်ရောက်အောင် စွမ်းဆောင်နိုင်သူဖြစ်ပါတယ်။ သူ့မှာ ပုံမှန်မဟုတ်တဲ့ မျိုးရိုးဗီဇကို ပိုင်ဆိုင်ထားပြီး နည်းစနစ်ပိုင်းအရ သိပ်ပြီးကျေညက်ပါတယ်”

” အားကစားပိုင်းဆိုင်ရာအရ ရှုထောင့်မျိုးစုံမှာ ကွျှန်တော့်ကို လက်ဖျားခါပြီး အထင်တကြီးဖြစ်စေခဲ့သူပါ။” လို့ အားကစားပညာရှင်ရှုထောင့်ကနေ ဆိုခဲ့တာဖြစ်ပြီး ဆောက်သမ်တန်ကစားသမားဘဝမှာ ပိန်လှီပြီး အရိုးပေါ်အရေတင်ထားတဲ့ ခန္ဓာကိုယ်ကို ဘေးလ်က တဆစ်ချိုးပြောင်းလဲပစ်ခဲ့တယ်လို့လည်း သိရပါတယ်။

နှစ်ပေါင်းများစွာကြာတဲ့အခါ ပိန်လှီခြောက်ကပ်နေတဲ့ ဘေးလ်အဖြစ်က​နေ လက်ရှိမှာ ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ခြင်းက အော်လ်မိုကို အားရကျေနပ်စေခဲ့တဲ့ အရည်အသွေးမျိုးဖြစ်ခဲ့ပြီး သူ့ရဲ့ခြေထောက်တွေဟာ တော်ရုံပြိုင်ဘက် အနားမကပ်နိုင်လောက်အောင် ပါဝါအတော်ပြင်းသလို ၂၀၁၇ ခုနှစ်က ရီးရဲလ်ဆိုစီဒက်ကို သွင်းယူခဲ့တဲ့ဂိုးဟာ ၁ နာရီ ၂၂ မိုင်နှုန်းနဲ့ ၇၅ ကီလိုမီတာအထိ ပြေးလွှားခဲ့ခြင်းဖြစ်သလို ရော်နယ်လ်ဒိုထက် သာလွန်တဲ့ သူ့ရဲ့မဟာခွန်အားကို ပြသခဲ့ခြင်းဖြစ်တယ်လို့လည်း သိရှိထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ရီးရဲလ္မက္ဒရစ္မွာ တာဝန္ယူေဆာင္႐ြက္ခဲ့ဖူးတဲ့ အသင္းဆရာဝန္ေဟာင္းတဦးက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္ ပိုမိုၿပီး​ျပည့္စုံတဲ့ အားကစားသမားတဦးရွိေနၿပီး အဲဒါဟာ လက္ရွိရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ဂါရက္သ္ေဘးလ္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

အဆိုပါဆရာဝန္ ဂ်ီးဆပ္စ္ ေအာ္လ္မိုရဲ႕ ေျပာဆိုခ်က္အရ ေဘးလ္ဟာ သူလက္တြဲခဲ့ဖူးတဲ့ ေဘာလုံးသမားေတြထဲမွာ အၿပီးျပည့္စုံဆုံး အားကစားသမားတဦးျဖစ္တယ္လို႔ မွတ္ခ်က္ေပးသြားခဲ့ျခင္းမွာ ကမာၻ႔အေကာင္းဆုံးျဖစ္ခ်င္တဲ့ ေရာ္နယ္လ္ဒိုအတြက္ အနည္းငယ္ခံျပင္းစရာျဖစ္ခဲ့သလို ဘယ္လိုေတြေတာင္ စပ္သြားမလဲလို႔ ေလွာင္ေျပာင္ခံဘဝကိုလည္း ေရာက္ရွိသြားခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္မွာ အဆီပိုတက်ပ္သားမရွိတဲ့ ကမာၻ႔အေကာင္းဆုံး ခႏၶာကိုယ္နဲ႔ ႐ုပ္ပိုင္းႀကံ့ခိုင္မႈကို ပိုင္ဆိုင္ထားတဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ မၾကာခဏ ဒဏ္ရာသားေကာင္ျဖစ္ေလ့ရွိတဲ့ ေဝးလ္တိုက္စစ္မႉးနဲ႔ ႏႈိင္းယွဥ္ခံခဲ့ရျခင္းမွာ ေျဖသိမ့္ႏိုင္စရာေတာ့ မရွိခဲ့တာျဖစ္ၿပီး သူ႔ရဲ႕စြမ္းေဆာင္ရည္ကို စိန္ေခၚခံခဲ့ရတာလည္းျဖစ္ပါတယ္။

ကြင္းထဲမွာ ခြန္အား၊ အျမင့္ခုန္ႏိုင္စြမ္း၊ အျမန္ႏႈန္းစတဲ့ အျမင့္ဆုံးအားသာခ်က္ေတြကို ပိုင္ဆိုင္ထားတဲ့ ေပၚတူဂီ GOAT ႀကီးဟာ လူငယ္ဘဝတည္းကစလို႔ Gym မွာ အခ်ိန္ေပးၿပီး ေသခ်ာေလ့က်င့္လာခဲ့တာဟာ ဒီေန႔မွာ အေကာင္းဆုံး ကိုယ္ကာယႀကံ့ခိုင္မႈကို ​ပိုင္ဆိုင္ထားသလို သူက သြားရည္စာနဲ႔ အခ်ိဳရည္တို႔​ကို မတို႔မထိသူတဦးျဖစ္ပါတယ္။

ေအာ္လ္မိုရဲ႕အျမင္အရ “ကြၽန္ေတာ္ျမင္ဖူးတဲ့ အေကာင္းဆုံးအားကစားသမားက ဂါရက္သ္ေဘးလ္ပါ။ သူက ဘယ္အားကစားမ်ိဳးကိုမဆို သာလြန္အဆင့္ေရာက္ေအာင္ စြမ္းေဆာင္ႏိုင္သူျဖစ္ပါတယ္။ သူ႔မွာ ပုံမွန္မဟုတ္တဲ့ မ်ိဳး႐ိုးဗီဇကို ပိုင္ဆိုင္ထားၿပီး နည္းစနစ္ပိုင္းအရ သိပ္ၿပီးေက်ညက္ပါတယ္”

” အားကစားပိုင္းဆိုင္ရာအရ ရႈေထာင့္မ်ိဳးစုံမွာ ကြွ်န္ေတာ့္ကို လက္ဖ်ားခါၿပီး အထင္တႀကီးျဖစ္ေစခဲ့သူပါ။” လို႔ အားကစားပညာရွင္ရႈေထာင့္ကေန ဆိုခဲ့တာျဖစ္ၿပီး ေဆာက္သမ္တန္ကစားသမားဘဝမွာ ပိန္လွီၿပီး အ႐ိုးေပၚအေရတင္ထားတဲ့ ခႏၶာကိုယ္ကို ေဘးလ္က တဆစ္ခ်ိဳးေျပာင္းလဲပစ္ခဲ့တယ္လို႔လည္း သိရပါတယ္။

ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အခါ ပိန္လွီေျခာက္ကပ္ေနတဲ့ ေဘးလ္အျဖစ္က​ေန လက္ရွိမွာ ႀကံ့ခိုင္သန္မာတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ခဲ့ျခင္းက ေအာ္လ္မိုကို အားရေက်နပ္ေစခဲ့တဲ့ အရည္အေသြးမ်ိဳးျဖစ္ခဲ့ၿပီး သူ႔ရဲ႕ေျခေထာက္ေတြဟာ ေတာ္႐ုံၿပိဳင္ဘက္ အနားမကပ္ႏိုင္ေလာက္ေအာင္ ပါဝါအေတာ္ျပင္းသလို ၂၀၁၇ ခုႏွစ္က ရီးရဲလ္ဆိုစီဒက္ကို သြင္းယူခဲ့တဲ့ဂိုးဟာ ၁ နာရီ ၂၂ မိုင္ႏႈန္းနဲ႔ ၇၅ ကီလိုမီတာအထိ ေျပးလႊားခဲ့ျခင္းျဖစ္သလို ေရာ္နယ္လ္ဒိုထက္ သာလြန္တဲ့ သူ႔ရဲ႕မဟာခြန္အားကို ျပသခဲ့ျခင္းျဖစ္တယ္လို႔လည္း သိရွိထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.