Premier League

ပါတေးကြောင့် ကွင်းလယ်လူ ခေါ်ယူမှုအစီအစဉ်ကို ပြောင်းရနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ လက်ကျန် အပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ ခေါ်ယူမှု အစီအစဉ်တွေကို ပြောင်းလဲရဖွယ်ရှိနေပြီး ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ Mind Series ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကြောင့် နည်းပြ မီခယ်လ် အာတီတာရဲ့ အတွေးအခေါ်တွေကို တစ်နည်းတစ်ဖုံ ထိခိုက်နိုင်ဖွယ်ရှိလာခဲ့ပါတယ်။

ဆေးစစ်ချက်ထွက်ပေါ်လာပြီးမှာ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူဟာ ခန့်မှန်းခြေ ဒီလကုန်လောက်အထိ နားရနိုင်ပြီး ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ် ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမယ့် ခရီးကနေ စတင်လွဲချော်တော့မှာဖြစ်သလို နောက်အပတ်တွေမှာ ဆက်လက်ကစားဖို့ ရှိနေတဲ့ ချဲလ်ဆီး၊ မန်ချက်စတာစီးတီးတို့နဲ့ ပွဲတွေကိုလည်း ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်ရဲ့ ဖျက်ထုတ်မှုကြောင့် ဂရာနစ် ချာကာနဲ့ လူစားလဲခဲ့ရတဲ့ ပါတေးရဲ့ နေရာကိုတော့ ကစားသမားသစ် အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါနဲ့ မိုဟာမက် အယ်လ်နန်နီတို့က ဖြည့်ဆည်းရဖွယ်ရှိနေပြီး အာတီတာအနေနဲ့ ဘယ်လိုအဆင်ပြေအောင် စီစဉ်မလဲတော့ စောင့်ကြည့်ရမှာပါ။

ခြေကျင်းဝတ်ဒဏ်ရာတွေရဲ့ သဘောသဘာဝအရ ခန့်မှန်းခြေ နှစ်ပတ်အနည်းဆုံး အနားယူရနိုင်ချိန်မှာ ချဲလ်ဆီး၊ မန်စီးတီးတို့လိုအသင်းတွေနဲ့ ဂါနာသား မပါဘဲ ဆက်တိုက်တွေ့ဆုံရမယ့် အာဆင်နယ်တို့အနေနဲ့ ကွင်းလယ်မှာ Box to Box နဲ့ အဖျက်ကိုပါ ကစားနိုင်မယ့်သူတွေကို ထပ်မံခေါ်ယူမလား စဉ်းစားစရာဖြစ်ခဲ့ပြီး ချာကာကတော့ အသင်းမှာ ဆက်ရှိမယ်ဆိုပေမယ့် သွက်သွက်လက်လက် မဖျက်နိုင်တာက အစားဝင်ဖို့ ခက်စေပါတယ်။

ဒါကြောင့် ပါတေးရဲ့ ဒဏ်ရာရရှိမှုဟာ ဆာဆူအိုလိုရဲ့ မာနူယယ် လိုကာတယ်လီ၊ ဝုလ်ဗ်စ်ရဲ့ ရူဘင် နီဗက်စ်နဲ့ အရင်က အသံထွက်ခဲ့ဖူးတဲ့ အေစီမီလန်ရဲ့ ဖရွန့်ခ် ကက်ဆီယေးတို့ကို အရှိန်မြှင့်ကြိုးစားဖို့ လုပ်ဆောင်သွားမှာလားဆိုတာ စိတ်ဝင်စားစရာဖြစ်ခဲ့ပြီး အပြောင်းအရွှေ့အတွက် ပေါင်သန်း ၂၀၀ ကျော် ထုတ်ပေးသွားမယ်လို့ လေသံပစ်ထားတဲ့ ခရိုယန်ကီနဲ့ တာဝန်ရှိသူတွေရဲ့ စကားညီမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ လက္က်န္ အေျပာင္းအေ႐ႊ႕ကာလမွာ အသင္းရဲ႕ ေခၚယူမႈ အစီအစဥ္ေတြကို ေျပာင္းလဲရဖြယ္ရွိေနၿပီး ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ Mind Series ပြဲစဥ္မွာ ဒဏ္ရာရသြားခဲ့တဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးေၾကာင့္ နည္းျပ မီခယ္လ္ အာတီတာရဲ႕ အေတြးအေခၚေတြကို တစ္နည္းတစ္ဖုံ ထိခိုက္ႏိုင္ဖြယ္ရွိလာခဲ့ပါတယ္။

ေဆးစစ္ခ်က္ထြက္ေပၚလာၿပီးမွာ အသက္ ၂၈ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ခန႔္မွန္းေျခ ဒီလကုန္ေလာက္အထိ နားရႏိုင္ၿပီး ပရီးမီးယားလိဂ္ ရာသီအဖြင့္ပြဲစဥ္ ဘရန႔္ဖို႔ဒ္နဲ႔ အေဝးကြင္းမွာ သြားေရာက္ကစားရမယ့္ ခရီးကေန စတင္လြဲေခ်ာ္ေတာ့မွာျဖစ္သလို ေနာက္အပတ္ေတြမွာ ဆက္လက္ကစားဖို႔ ရွိေနတဲ့ ခ်ဲလ္ဆီး၊ မန္ခ်က္စတာစီးတီးတို႔နဲ႔ ပြဲေတြကိုလည္း ပါဝင္ႏိုင္ဖို႔ မေသခ်ာေသးဘူးလို႔ သိရပါတယ္။

ခ်ဲလ္ဆီးကြင္းလယ္လူ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ ဂရာနစ္ ခ်ာကာနဲ႔ လူစားလဲခဲ့ရတဲ့ ပါေတးရဲ႕ ေနရာကိုေတာ့ ကစားသမားသစ္ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါနဲ႔ မိုဟာမက္ အယ္လ္နန္နီတို႔က ျဖည့္ဆည္းရဖြယ္ရွိေနၿပီး အာတီတာအေနနဲ႔ ဘယ္လိုအဆင္ေျပေအာင္ စီစဥ္မလဲေတာ့ ေစာင့္ၾကည့္ရမွာပါ။

ေျခက်င္းဝတ္ဒဏ္ရာေတြရဲ႕ သေဘာသဘာဝအရ ခန႔္မွန္းေျခ ႏွစ္ပတ္အနည္းဆုံး အနားယူရႏိုင္ခ်ိန္မွာ ခ်ဲလ္ဆီး၊ မန္စီးတီးတို႔လိုအသင္းေတြနဲ႔ ဂါနာသား မပါဘဲ ဆက္တိုက္ေတြ႕ဆုံရမယ့္ အာဆင္နယ္တို႔အေနနဲ႔ ကြင္းလယ္မွာ Box to Box နဲ႔ အဖ်က္ကိုပါ ကစားႏိုင္မယ့္သူေတြကို ထပ္မံေခၚယူမလား စဥ္းစားစရာျဖစ္ခဲ့ၿပီး ခ်ာကာကေတာ့ အသင္းမွာ ဆက္ရွိမယ္ဆိုေပမယ့္ သြက္သြက္လက္လက္ မဖ်က္ႏိုင္တာက အစားဝင္ဖို႔ ခက္ေစပါတယ္။

ဒါေၾကာင့္ ပါေတးရဲ႕ ဒဏ္ရာရရွိမႈဟာ ဆာဆူအိုလိုရဲ႕ မာႏူယယ္ လိုကာတယ္လီ၊ ဝုလ္ဗ္စ္ရဲ႕ ႐ူဘင္ နီဗက္စ္နဲ႔ အရင္က အသံထြက္ခဲ့ဖူးတဲ့ ေအစီမီလန္ရဲ႕ ဖ႐ြန႔္ခ္ ကက္ဆီေယးတို႔ကို အရွိန္ျမႇင့္ႀကိဳးစားဖို႔ လုပ္ေဆာင္သြားမွာလားဆိုတာ စိတ္ဝင္စားစရာျဖစ္ခဲ့ၿပီး အေျပာင္းအေ႐ႊ႕အတြက္ ေပါင္သန္း ၂၀၀ ေက်ာ္ ထုတ္ေပးသြားမယ္လို႔ ေလသံပစ္ထားတဲ့ ခ႐ိုယန္ကီနဲ႔ တာဝန္ရွိသူေတြရဲ႕ စကားညီမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.