Premier League Transfer News

3 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ရှိနေတယ်လို့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလိုက်ပြီး နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဆွစ်ဇာလန်သားကို နောက်တစ်ကြိမ် ထပ်မံစည်းရုံးနိုင်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေ ယုံကြည်နေ။

– အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ပြီးခဲ့တဲ့ ရာသီကလို တွန့်ဆုတ်တွန့်ဆုတ် လုပ်နေခဲ့ရင် ပရိသတ်တွေရဲ့ အမျက် ဒေါသနဲ့ နောက်တစ်ကြိမ် ကြုံတွေ့ရဖွယ်ရှိနေပြီး အမ်းမရိတ်မှာ လူကြိုက်မများတဲ့ ဘရာဇီးလ်သားအနေနဲ့ လီယွန်ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူဖို့ တစ်ဖက်က တောင်းဆိုတဲ့ ယူရိုသန်း ၄၀ (ပေါင် ၃၄ သန်း)အစား ယူရိုသန်း ၃၀ (ပေါင် ၂၆ သန်း)နဲ့ ဈေးဆစ်နေ။

– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ်က မြောက်လန်ဒန်မှာ အငှားနဲ့ လာရောက်ကစားပြီး ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် မာတင် အော်ဒီဂွါဒ်ကို ယူရိုသန်း ၅၀ (ပေါင် ၄၂ သန်း)နဲ့ အာဆင်နယ်ဆီ ရောင်းချပေးဖို့ ရှိနေပေမယ့် သတ်မှတ်ဈေးနဲ့ ပြန်လည်ခေါ်ယူနိုင်ခွင့်ကို ထည့်သွင်းဖို့ အလိုရှိနေ။

– အာဆင်နယ်အသင်းက ပေါင် ၁၇ သန်းနဲ့ ကမ်းလှမ်းတာကို လာဇီယိုဘက်က ပယ်ချခဲ့အပြီးမှာ တောင်ပံကစားသမား ဟိုအာကင်း ကော်ရီးယားအနေနဲ့ စိတ်ပျက်နေပြီး အသင်းက ထွက်ခွာချင်ပြီဖြစ်ကြောင်း ရောမအခြေစိုက်ကလပ်ဘက်ကို တောင်းဆိုခဲ့ပြီး အာတီတာ အတွက်တော့ သတင်းကောင်းဖြစ်လာ။

– အမှားတွေ ဆက်တိုက်ကျူးလွန်နေတဲ့ ဂိုးသမား ဘန်းဒ် လီနိုကို မယုံကြည်တော့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ယူလိုနေတာ သဘာဝကျပေမယ့် ပြီးခဲ့တဲ့ ရာသီက စွမ်းဆောင်မှုအရ အင်္ဂလန်ဂိုးသမားအနေနဲ့ ပေါင်သန်း ၃၀ ထက်တော့ ပိုမထိုက်တန်ဘူးလို့ ပရီးမီးယားလိဂ်နောက်ခံလူဟောင်း ဒန်နီ မီးလ်စ် သတိပေး။

– အာဆင်နယ်အသင်းက ယူရိုသန်း ၆၀ နဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး သန်း ၈၀ ပေးရမယ်လို့ အင်တာမီလန်အသင်းဘက်က သတ်မှတ်လိုက်တဲ့ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူဖို့ လန်ဒန်ပြိုင်ဘက်တွေဖြစ်ကြတဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းနဲ့ ချဲလ်ဆီးအသင်းတွေကပါ ခေါ်ယူဖို့ စိတ်ဝင်စားလာ။

– ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်အပြီး အာဆင်နယ်ပရိသတ်တွေက တစ်ဖက်အသင်းတိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ယူသင့်တယ်လို့ ထောက်ခံလိုက်ကြပြီး အနည်းဆုံးတော့ ဂိုးရှေ့မှာ ဘာမှ အလုပ်မဖြစ်တဲ့ အသင်းရဲ့ လုပ်ခအမြင့်မားဆုံး ကစားသမား ပျယ်-အမ်မရိခ် အူဘာမီယန်းထက်တော့ သာသေးတယ်လို့ ဂါဘွန်သားကို လှောင်ပြောင်ခဲ့ကြ။

– အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တဲ့ ဝုလ်ဗာဟမ့်ပ်တန်ကွင်းလယ်လူ ရူဘင် နီဗက်စ်အနေနဲ့ ရာသီကြိုပြင်ဆင်မှုတွေမှာ အသင်းအတွက် အာရုံစိုက်ထားတယ်လို့ ဆိုခဲ့ပေမယ့် အပြောင်းအရွှေ့အတွက် မေးမြန်းမှုတွေကိုတော့ ငြင်းဆန်ခြင်းမပြုဘဲ မိုလီနူးက ထွက်ခွာနိုင်ကြောင်း အရိပ်အမြွက် ပြသွားခဲ့။

– ဟောသွန်းကနေ ထွက်ဖို့ အတင်းအကျပ်တောင်းဆိုသွားမှာ မဟုတ်ပေမယ့် ကမ်းလှမ်းမှုတွေ ရှိလာရင် အသင်းပြောင်းရွှေ့ပြီး စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ တွစ်တာမှာ ရေးသားခဲ့တဲ့ ဝက်စ်ဘရွန်းတောင်ပံကစားသမား မားသီးယပ်စ် ပါရဲရားကို ခေါ်ယူဖို့ အာဆင်နယ်ဘက်က စိတ်ဝင်စားနေပြီး ပရိသတ်တွေကလည်း ထောက်ခံခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ ရွိေနတယ္လို႔ ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ေဖာ္ျပလိုက္ၿပီး နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ဆြစ္ဇာလန္သားကို ေနာက္တစ္ႀကိမ္ ထပ္မံစည္း႐ုံးႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ပရိသတ္ေတြ ယုံၾကည္ေန။

– အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကလို တြန႔္ဆုတ္တြန႔္ဆုတ္ လုပ္ေနခဲ့ရင္ ပရိသတ္ေတြရဲ႕ အမ်က္ ေဒါသနဲ႔ ေနာက္တစ္ႀကိမ္ ႀကဳံေတြ႕ရဖြယ္ရွိေနၿပီး အမ္းမရိတ္မွာ လူႀကိဳက္မမ်ားတဲ့ ဘရာဇီးလ္သားအေနနဲ႔ လီယြန္ကြင္းလယ္လူ ဘ႐ူႏို ဂီမာေရးစ္ကို ေခၚယူဖို႔ တစ္ဖက္က ေတာင္းဆိုတဲ့ ယူ႐ိုသန္း ၄၀ (ေပါင္ ၃၄ သန္း)အစား ယူ႐ိုသန္း ၃၀ (ေပါင္ ၂၆ သန္း)နဲ႔ ေဈးဆစ္ေန။

– ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္က ေျမာက္လန္ဒန္မွာ အငွားနဲ႔ လာေရာက္ကစားၿပီး ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္ဖန္တီးရွင္ မာတင္ ေအာ္ဒီဂြါဒ္ကို ယူ႐ိုသန္း ၅၀ (ေပါင္ ၄၂ သန္း)နဲ႔ အာဆင္နယ္ဆီ ေရာင္းခ်ေပးဖို႔ ရွိေနေပမယ့္ သတ္မွတ္ေဈးနဲ႔ ျပန္လည္ေခၚယူႏိုင္ခြင့္ကို ထည့္သြင္းဖို႔ အလိုရွိေန။

– အာဆင္နယ္အသင္းက ေပါင္ ၁၇ သန္းနဲ႔ ကမ္းလွမ္းတာကို လာဇီယိုဘက္က ပယ္ခ်ခဲ့အၿပီးမွာ ေတာင္ပံကစားသမား ဟိုအာကင္း ေကာ္ရီးယားအေနနဲ႔ စိတ္ပ်က္ေနၿပီး အသင္းက ထြက္ခြာခ်င္ၿပီျဖစ္ေၾကာင္း ေရာမအေျခစိုက္ကလပ္ဘက္ကို ေတာင္းဆိုခဲ့ၿပီး အာတီတာ အတြက္ေတာ့ သတင္းေကာင္းျဖစ္လာ။

– အမွားေတြ ဆက္တိုက္က်ဴးလြန္ေနတဲ့ ဂိုးသမား ဘန္းဒ္ လီႏိုကို မယုံၾကည္ေတာ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေခၚယူလိုေနတာ သဘာဝက်ေပမယ့္ ၿပီးခဲ့တဲ့ ရာသီက စြမ္းေဆာင္မႈအရ အဂၤလန္ဂိုးသမားအေနနဲ႔ ေပါင္သန္း ၃၀ ထက္ေတာ့ ပိုမထိုက္တန္ဘူးလို႔ ပရီးမီးယားလိဂ္ေနာက္ခံလူေဟာင္း ဒန္နီ မီးလ္စ္ သတိေပး။

– အာဆင္နယ္အသင္းက ယူ႐ိုသန္း ၆၀ နဲ႔ ကမ္းလွမ္းမႈကို ပယ္ခ်ၿပီး သန္း ၈၀ ေပးရမယ္လို႔ အင္တာမီလန္အသင္းဘက္က သတ္မွတ္လိုက္တဲ့ အာဂ်င္တီးနားတိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူဖို႔ လန္ဒန္ၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းေတြကပါ ေခၚယူဖို႔ စိတ္ဝင္စားလာ။

– ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္အၿပီး အာဆင္နယ္ပရိသတ္ေတြက တစ္ဖက္အသင္းတိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေခၚယူသင့္တယ္လို႔ ေထာက္ခံလိုက္ၾကၿပီး အနည္းဆုံးေတာ့ ဂိုးေရွ႕မွာ ဘာမွ အလုပ္မျဖစ္တဲ့ အသင္းရဲ႕ လုပ္ခအျမင့္မားဆုံး ကစားသမား ပ်ယ္-အမ္မရိခ္ အူဘာမီယန္းထက္ေတာ့ သာေသးတယ္လို႔ ဂါဘြန္သားကို ေလွာင္ေျပာင္ခဲ့ၾက။

– အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြက ေခၚယူဖို႔ စိတ္ဝင္စားေနခဲ့တဲ့ ဝုလ္ဗာဟမ့္ပ္တန္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္အေနနဲ႔ ရာသီႀကိဳျပင္ဆင္မႈေတြမွာ အသင္းအတြက္ အာ႐ုံစိုက္ထားတယ္လို႔ ဆိုခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕အတြက္ ေမးျမန္းမႈေတြကိုေတာ့ ျငင္းဆန္ျခင္းမျပဳဘဲ မိုလီႏူးက ထြက္ခြာႏိုင္ေၾကာင္း အရိပ္အႁမြက္ ျပသြားခဲ့။

– ေဟာသြန္းကေန ထြက္ဖို႔ အတင္းအက်ပ္ေတာင္းဆိုသြားမွာ မဟုတ္ေပမယ့္ ကမ္းလွမ္းမႈေတြ ရွိလာရင္ အသင္းေျပာင္းေ႐ႊ႕ၿပီး စိန္ေခၚမႈ အသစ္ေတြနဲ႔ ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ တြစ္တာမွာ ေရးသားခဲ့တဲ့ ဝက္စ္ဘ႐ြန္းေတာင္ပံကစားသမား မားသီးယပ္စ္ ပါရဲရားကို ေခၚယူဖို႔ အာဆင္နယ္ဘက္က စိတ္ဝင္စားေနၿပီး ပရိသတ္ေတြကလည္း ေထာက္ခံခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.