Article Other

ရော်နယ်လ်ဒိုရဲ့ပါရမီဖြည့်ဖက် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်အကြောင်း လူမသိသေးတဲ့အချက်များ

ပေါ်တူဂီ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ၅ နှစ်ကြာတွဲခုတ်လာတဲ့ အီရီနာရှက်ခ်နဲ့ ၂၀၁၅ ခုနှစ်မှာ ခွာပြဲခဲ့ပြီးနောက်ပိုင်း စပိန်သူ​လေး ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်နဲ့ လေးနက်တဲ့ မိသားစုဘဝကို အခိုင်အမာတည်​ဆောက်နိုင်ခဲ့ပါတယ်။ ဂျော်ဂျီနာအတွက် တပတ်ပေါင် ၂၅၀ ရတဲ့ ဝန်ထမ်းဘဝ၊ စားပွဲထိုးမလေးဘဝကနေ CR7 နဲ့ ဖူးစာဆုံပြီးနောက် ဘဝက ဇာတာကောင်းသွားခဲ့သလို သူ့အကြောင်း လူမသိသေးတဲ့အချက်တွေကို စုစည်းဖော်ပြပေးသွားချင်ပါတယ်။

မွေးရပ်ဇာတိ နဲ့ မိဘအကြောင်း

ဂျော်ဂျီနာ ရိုဒရီဂွတ်ဇ်ကို စပိန်နိုင်ငံအရှေ့မြောက်ပိုင်းက ဂျာကာမြို့တော်မှာ မွေးဖွားခဲ့တာပါ။ လူဦးရေ ၁၃၀၀၀ ကျော်နေထိုင်ပြီး ပြင်သစ်နယ်စပ်နဲ့လည်း နီးစပ်သလို မက်ဒရစ်မြို့ကနေ ကီလိုမီတာ ၄၅၀ ကွာဝေးတဲ့အရပ်လည်းဖြစ်ပါတယ်။ သူ့ကို စပိန်လူမျိုးမိခင်နဲ့ အာဂျင်တီးနားသားဖခင်တို့က မွေးဖွားခဲ့ကြတာပါ။

ဂျော်ဂျီနာက သူ့ရဲ့ဇာတိမြို့လေးမှာ စားပွဲထိုးမလေးဘဝကနေ အသက်မွေးခဲ့ပေမယ့် အင်္ဂလန်နိုင်ငံ ဘရစ္စတိုးလ်မြို့ကို မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ သူ့ဖခင်ဖြစ်သူ​ ဂျော့ချ် ရိုဒရီဂွက်ဇ်ကလည်း လည်း ဘောလုံးသမားဟောင်းတဦးဖြစ်သလို ဘိန်းမှောင်ခိုကူးမှုနဲ့ ထောင် ၁၀ နှစ်ကျခဲ့ပါတယ်။ မိခင်ဖြစ်သူကတော့ ၂၀၁၁ ခုနှစ်မှာ ကားမတော်မဆမှုဖြစ်ရပ်ဆိုးနဲ့ကြုံပြီး အသက်ဆုံးပါးသွားခဲ့လို့ ဂျော်ဂျီနာတယောက် ဘဝနာခဲ့တယ်လို့ ဆိုရမှာပါ။

မြင်မြင်ချင်းအချစ်

မက်ဒရစ်မြို့က ဂူချီစတိုးဆိုင်တခုမှာ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေချိန် ရော်နယ်လ်ဒိုနဲ့ စတင်ဆုံစည်းခဲ့ပြီး မြင်မြင်ချင်းမှာပဲ မေတ္တာသက်ဝင်ခဲ့ကြောင်း ဂျော်ဂျီနာက ပြောပြခဲ့ခြင်း ဖြစ်ပါတယ်။ ပွဲတခုမှာ နောက်ထပ်တကြိမ် ထပ်ဆုံတွေ့ခဲဲ့ကြပြီး စကားတွေပြောဖြစ်ခဲ့သလို သူကတော့ ရော်နယ်လ်ဒိုရှေ့မှာ တုန်လှုပ်နေခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ နတ်ရေးတဲ့ဖူးစာလို့လည်း ဆိုနိုင်သလို ဂူချီရေးတဲ့ဖူးစာလို့လည်း ဆိုရမှာဖြစ်ပြီး စော်ကြည်လွန်းတဲ့ GOAT ​ကြီးရဲ့ ခန္ဓာကိုယ်၊ အရပ်အမြင့်နဲ့ ရုပ်ရည်ချောမောမှုမှာ စပိန်မော်ဒယ်လေးက ကြွေဆင်းသွားခဲဲ့ရပြီး တော်ကီကျွေးတတ်လွန်းတဲ့ ပေါ်တူဂီသားကြောင့် အရည်ပျော်သွားခဲ့တာဖြစ်သလို ၂၀၁၆ မှာတော့ ပါပါရာဇီတွေက လူမြင်ကွင်းမှာ သူတို့တွဲခုတ်နေကြောင်း ဖော်ထုတ်သွားခဲ့တာပါ။

ဆည်းလည်းလေး ၄ ဦး

ရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာတို့မိသားစုမှာ ရင်နှစ်သည်းချာ ဆည်းလည်းလေး ၄ ဦးပိုင်ဆိုင်ထားသလို ၂၀၁၇ နိုဝင်ဘာ ၁၂ ရက်မှာ သူတို့နှစ်ဦးရဲ့ သမီးဦးလေး အလာနာ မာတီနာကို မွေးဖွားခဲ့ကြပါတယ်။ ရော်နယ်လ်ဒိုအနေနဲ့ အီဗာနဲ့ မက်တီယိုတို့နှစ်ဦးကို အငှားကိုယ်ဝန်ဆောင်နဲ့ မွေးဖွားထားခဲ့ဖူးတာပါ။

ဒါ့အပြင် မိခင်ဘယ်သူမှန်းမသိရတဲ့ သားအကြီးဆုံးဖြစ်တဲ့ ဂျူနီယာခရစ္စတီယာနိုလေးလည်း ရှိနေသလို ဂျော်ဂျီနာကတော့ ” ကလေး ၄ ယောက်စလုံးက ကျွန်မတို့မိသားစုရဲ့ ပျော်ရွှင်မှုပါ။ မနက်နိုးပြီဆိုတာနဲ့ သူတို့လေးတွေကို ပွေ့ဖက်နမ်းရှုံ့ပြီး သူတို့ခုံလေးတွေမှာတင်ပြီး မနက်စာကျွေးမွေးပေးပါတယ်။ လိုလေသေးမရှိ ဂရုစိုက်ရပါတယ်။” လို့ ကျောနဲ့ရင် မခွဲခြားဘဲ သားသမီးလေးဦးစလုံးကို မေတ္တာထားပုံကို ပြောပြခဲ့ပါသေးတယ်။

ဂျော်ဂျီနာရဲ့ မော်ဒယ်ဘဝ

သူက ၁၉၉၄ ခုနှစ်ဖွားဖြစ်ပြီး CR7 ထက် ၉ နှစ်ငယ်ရွယ်သူပါ။ သူ​က ဘဏ္ဍာရေးစာရင်းအင်းပညာကိုလည်း လေ့လာထားသူဖြစ်သလို သာမန်ဘဝကနေ သူစိတ်ဝင်စားတဲ့ ဖက်ရှင်ပညာနဲ့ မော်ဒယ်ဘဝကို လျှောက်လှမ်းခဲ့သလို ရော်နယ်လ်ဒိုနဲ့ ရည်းစားဖြစ်ပြီးနောက်ပိုင်း ဓာတ်ပုံသတင်းထောက် ၁၀ ဦးလောက်က ဂူချီဆိုင်ရှေ့မှာ အမြဲခြေရှုပ်နေတတ်လို့ အလုပ်လည်းထွက်ခဲ့ရပါသေးတယ်။

ဂျော်ဂျီနာရဲ့ ပိုင်ဆိုင်မှု

ဂျော်ဂျီနာက မော်ဒယ်ဘဝတင်မက ကချေသည်ဘဝကိုပါ ပိုင်ဆိုင်ထားပြီး သေချာလေ့ကျင့်သင်ကြားထားတာပါ။ လက်ရှိမှာတော့ သူ့အိပ်မက်တွေက ကလေးလေးယောက်ကို မိခင်ကောင်းပီသအောင် ပြုစုစောင့်ရှောက်ဖို့သာဖြစ်ပြီး CR7 ကို ပါရမီဖြည့်ဆည်းဖို့သာ ပိုမိုအာရုံစိုက်ထားတာပါ။

ဒါပေမယ့် မော်ဒယ်အဖြစ် ဆက်လက်လုပ်ကိုင်ဖို့ Uno Models အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုထားတာမို့ ဝင်ငွေဆက်တိုးလာဖို့ ရှိနေသလို သူ​က စပိန်နာမည်ကြီးမဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးရှင်အဖြစ်လည်း အထင်အရှား ဖော်ပြခံထားရတာပါ။ လက်ရှိမှာတော့ သူ့ရဲ့ကိုယ်ပိုင်ကြွယ်ဝမှုအနေနဲ့ ဒေါ်လာ ၁၀ သန်း ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

ဘယ်တော့လက်ထပ်ကြမလဲ?

နှစ်ကိုယ်တူချစ်သမျှ အလာနာ မာတီနာဆိုတဲ့ သမီးလေးရဲ့ မိဘဘဝကို ပိုင်ဆိုင်ထားတဲ့ သူတို့စုံတွဲက သားသမီးဆက်ယူသွားဖို့လည်း ရှိသလို အနာဂတ်ရဲ့ ရော်နယ်လ်ဒိုရဲ့တရားဝင်ဇနီးဖြစ်ချင်ပြီး လက်ထပ်ဖို့လည်း မဝေးတော့ဘူးလို့ ဂျော်ဂျီနာက ပြောပါတယ်။ လျှို့ဝှက်ချက်အနေနဲ့ သူတို့ဟာ တိတ်တဆိတ်လက်ထပ်ပြီးသားဖြစ်သလို မော်ရိုကိုနိုင်ငံကို ပျားရည်ဆမ်းခရီးထွက်ခဲ့ကြတယ်လို့ အီတလီမဂ္ဂဇင်းတခုကလည်း ဖော်ထုတ်ထားတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေပၚတူဂီ GOAT ႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ ၅ ႏွစ္ၾကာတြဲခုတ္လာတဲ့ အီရီနာရွက္ခ္နဲ႔ ၂၀၁၅ ခုႏွစ္မွာ ခြာၿပဲခဲ့ၿပီးေနာက္ပိုင္း စပိန္သူ​ေလး ေဂ်ာ္ဂ်ီနာ ႐ိုဒရီဂြက္ဇ္နဲ႔ ေလးနက္တဲ့ မိသားစုဘဝကို အခိုင္အမာတည္​ေဆာက္ႏိုင္ခဲ့ပါတယ္။ ေဂ်ာ္ဂ်ီနာအတြက္ တပတ္ေပါင္ ၂၅၀ ရတဲ့ ဝန္ထမ္းဘဝ၊ စားပြဲထိုးမေလးဘဝကေန CR7 နဲ႔ ဖူးစာဆုံၿပီးေနာက္ ဘဝက ဇာတာေကာင္းသြားခဲ့သလို သူ႔အေၾကာင္း လူမသိေသးတဲ့အခ်က္ေတြကို စုစည္းေဖာ္ျပေပးသြားခ်င္ပါတယ္။

ေမြးရပ္ဇာတိ နဲ႔ မိဘအေၾကာင္း

ေဂ်ာ္ဂ်ီနာ ႐ိုဒရီဂြတ္ဇ္ကို စပိန္ႏိုင္ငံအေရွ႕ေျမာက္ပိုင္းက ဂ်ာကာၿမိဳ႕ေတာ္မွာ ေမြးဖြားခဲ့တာပါ။ လူဦးေရ ၁၃၀၀၀ ေက်ာ္ေနထိုင္ၿပီး ျပင္သစ္နယ္စပ္နဲ႔လည္း နီးစပ္သလို မက္ဒရစ္ၿမိဳ႕ကေန ကီလိုမီတာ ၄၅၀ ကြာေဝးတဲ့အရပ္လည္းျဖစ္ပါတယ္။ သူ႔ကို စပိန္လူမ်ိဳးမိခင္နဲ႔ အာဂ်င္တီးနားသားဖခင္တို႔က ေမြးဖြားခဲ့ၾကတာပါ။

ေဂ်ာ္ဂ်ီနာက သူ႔ရဲ႕ဇာတိၿမိဳ႕ေလးမွာ စားပြဲထိုးမေလးဘဝကေန အသက္ေမြးခဲ့ေပမယ့္ အဂၤလန္ႏိုင္ငံ ဘရစၥတိုးလ္ၿမိဳ႕ကို မိသားစုလိုက္ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကပါတယ္။ သူ႔ဖခင္ျဖစ္သူ​ ေဂ်ာ့ခ်္ ႐ိုဒရီဂြက္ဇ္ကလည္း လည္း ေဘာလုံးသမားေဟာင္းတဦးျဖစ္သလို ဘိန္းေမွာင္ခိုကူးမႈနဲ႔ ေထာင္ ၁၀ ႏွစ္က်ခဲ့ပါတယ္။ မိခင္ျဖစ္သူကေတာ့ ၂၀၁၁ ခုႏွစ္မွာ ကားမေတာ္မဆမႈျဖစ္ရပ္ဆိုးနဲ႔ႀကဳံၿပီး အသက္ဆုံးပါးသြားခဲ့လို႔ ေဂ်ာ္ဂ်ီနာတေယာက္ ဘဝနာခဲ့တယ္လို႔ ဆိုရမွာပါ။

ျမင္ျမင္ခ်င္းအခ်စ္

မက္ဒရစ္ၿမိဳ႕က ဂူခ်ီစတိုးဆိုင္တခုမွာ အေရာင္းဝန္ထမ္းအျဖစ္ လုပ္ကိုင္ေနခ်ိန္ ေရာ္နယ္လ္ဒိုနဲ႔ စတင္ဆုံစည္းခဲ့ၿပီး ျမင္ျမင္ခ်င္းမွာပဲ ေမတၱာသက္ဝင္ခဲ့ေၾကာင္း ေဂ်ာ္ဂ်ီနာက ေျပာျပခဲ့ျခင္း ျဖစ္ပါတယ္။ ပြဲတခုမွာ ေနာက္ထပ္တႀကိမ္ ထပ္ဆုံေတြ႕ခဲဲ့ၾကၿပီး စကားေတြေျပာျဖစ္ခဲ့သလို သူကေတာ့ ေရာ္နယ္လ္ဒိုေရွ႕မွာ တုန္လႈပ္ေနခဲ့တယ္လို႔ သိရပါတယ္။

ဒါဟာ နတ္ေရးတဲ့ဖူးစာလို႔လည္း ဆိုႏိုင္သလို ဂူခ်ီေရးတဲ့ဖူးစာလို႔လည္း ဆိုရမွာျဖစ္ၿပီး ေစာ္ၾကည္လြန္းတဲ့ GOAT ​ႀကီးရဲ႕ ခႏၶာကိုယ္၊ အရပ္အျမင့္နဲ႔ ႐ုပ္ရည္ေခ်ာေမာမႈမွာ စပိန္ေမာ္ဒယ္ေလးက ေႂကြဆင္းသြားခဲဲ့ရၿပီး ေတာ္ကီေကြၽးတတ္လြန္းတဲ့ ေပၚတူဂီသားေၾကာင့္ အရည္ေပ်ာ္သြားခဲ့တာျဖစ္သလို ၂၀၁၆ မွာေတာ့ ပါပါရာဇီေတြက လူျမင္ကြင္းမွာ သူတို႔တြဲခုတ္ေနေၾကာင္း ေဖာ္ထုတ္သြားခဲ့တာပါ။

ဆည္းလည္းေလး ၄ ဦး

ေရာ္နယ္လ္ဒိုနဲ႔ ေဂ်ာ္ဂ်ီနာတို႔မိသားစုမွာ ရင္ႏွစ္သည္းခ်ာ ဆည္းလည္းေလး ၄ ဦးပိုင္ဆိုင္ထားသလို ၂၀၁၇ ႏိုဝင္ဘာ ၁၂ ရက္မွာ သူတို႔ႏွစ္ဦးရဲ႕ သမီးဦးေလး အလာနာ မာတီနာကို ေမြးဖြားခဲ့ၾကပါတယ္။ ေရာ္နယ္လ္ဒိုအေနနဲ႔ အီဗာနဲ႔ မက္တီယိုတို႔ႏွစ္ဦးကို အငွားကိုယ္ဝန္ေဆာင္နဲ႔ ေမြးဖြားထားခဲ့ဖူးတာပါ။

ဒါ့အျပင္ မိခင္ဘယ္သူမွန္းမသိရတဲ့ သားအႀကီးဆုံးျဖစ္တဲ့ ဂ်ဴနီယာခရစၥတီယာႏိုေလးလည္း ရွိေနသလို ေဂ်ာ္ဂ်ီနာကေတာ့ ” ကေလး ၄ ေယာက္စလုံးက ကြၽန္မတို႔မိသားစုရဲ႕ ေပ်ာ္႐ႊင္မႈပါ။ မနက္ႏိုးၿပီဆိုတာနဲ႔ သူတို႔ေလးေတြကို ေပြ႕ဖက္နမ္းရႈံ႕ၿပီး သူတို႔ခုံေလးေတြမွာတင္ၿပီး မနက္စာေကြၽးေမြးေပးပါတယ္။ လိုေလေသးမရွိ ဂ႐ုစိုက္ရပါတယ္။” လို႔ ေက်ာနဲ႔ရင္ မခြဲျခားဘဲ သားသမီးေလးဦးစလုံးကို ေမတၱာထားပုံကို ေျပာျပခဲ့ပါေသးတယ္။

ေဂ်ာ္ဂ်ီနာရဲ႕ ေမာ္ဒယ္ဘဝ

သူက ၁၉၉၄ ခုႏွစ္ဖြားျဖစ္ၿပီး CR7 ထက္ ၉ ႏွစ္ငယ္႐ြယ္သူပါ။ သူ​က ဘ႑ာေရးစာရင္းအင္းပညာကိုလည္း ေလ့လာထားသူျဖစ္သလို သာမန္ဘဝကေန သူစိတ္ဝင္စားတဲ့ ဖက္ရွင္ပညာနဲ႔ ေမာ္ဒယ္ဘဝကို ေလွ်ာက္လွမ္းခဲ့သလို ေရာ္နယ္လ္ဒိုနဲ႔ ရည္းစားျဖစ္ၿပီးေနာက္ပိုင္း ဓာတ္ပုံသတင္းေထာက္ ၁၀ ဦးေလာက္က ဂူခ်ီဆိုင္ေရွ႕မွာ အၿမဲေျခရႈပ္ေနတတ္လို႔ အလုပ္လည္းထြက္ခဲ့ရပါေသးတယ္။

ေဂ်ာ္ဂ်ီနာရဲ႕ ပိုင္ဆိုင္မႈ

ေဂ်ာ္ဂ်ီနာက ေမာ္ဒယ္ဘဝတင္မက ကေခ်သည္ဘဝကိုပါ ပိုင္ဆိုင္ထားၿပီး ေသခ်ာေလ့က်င့္သင္ၾကားထားတာပါ။ လက္ရွိမွာေတာ့ သူ႔အိပ္မက္ေတြက ကေလးေလးေယာက္ကို မိခင္ေကာင္းပီသေအာင္ ျပဳစုေစာင့္ေရွာက္ဖို႔သာျဖစ္ၿပီး CR7 ကို ပါရမီျဖည့္ဆည္းဖို႔သာ ပိုမိုအာ႐ုံစိုက္ထားတာပါ။

ဒါေပမယ့္ ေမာ္ဒယ္အျဖစ္ ဆက္လက္လုပ္ကိုင္ဖို႔ Uno Models ေအဂ်င္စီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတာမို႔ ဝင္ေငြဆက္တိုးလာဖို႔ ရွိေနသလို သူ​က စပိန္နာမည္ႀကီးမဂၢဇင္းေတြရဲ႕ မ်က္ႏွာဖုံးရွင္အျဖစ္လည္း အထင္အရွား ေဖာ္ျပခံထားရတာပါ။ လက္ရွိမွာေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ႂကြယ္ဝမႈအေနနဲ႔ ေဒၚလာ ၁၀ သန္း ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။

ဘယ္ေတာ့လက္ထပ္ၾကမလဲ?

ႏွစ္ကိုယ္တူခ်စ္သမွ် အလာနာ မာတီနာဆိုတဲ့ သမီးေလးရဲ႕ မိဘဘဝကို ပိုင္ဆိုင္ထားတဲ့ သူတို႔စုံတြဲက သားသမီးဆက္ယူသြားဖို႔လည္း ရွိသလို အနာဂတ္ရဲ႕ ေရာ္နယ္လ္ဒိုရဲ႕တရားဝင္ဇနီးျဖစ္ခ်င္ၿပီး လက္ထပ္ဖို႔လည္း မေဝးေတာ့ဘူးလို႔ ေဂ်ာ္ဂ်ီနာက ေျပာပါတယ္။ လွ်ိဳ႕ဝွက္ခ်က္အေနနဲ႔ သူတို႔ဟာ တိတ္တဆိတ္လက္ထပ္ၿပီးသားျဖစ္သလို ေမာ္႐ိုကိုႏိုင္ငံကို ပ်ားရည္ဆမ္းခရီးထြက္ခဲ့ၾကတယ္လို႔ အီတလီမဂၢဇင္းတခုကလည္း ေဖာ္ထုတ္ထားတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.