Premier League Transfer News

2 Aug ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ ဂျူဗင်တပ်စ်တောင်ပံကစားသမား ဖက်ဒါရီကို ခီယေဆာကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းထက် အခွင့်သာနိုင်ပြီး အာလင်း ဟားလန်းကို ခေါ်ရဦးမယ့် အနောက်လန်ဒန်သားတွေအနေနဲ့ ယူရိုသန်း ၁၀၀ ထက်ပိုပြီး ကမ်းလှမ်းဖို့အတွက် စွန့်စားနိုင်ခွင့် နည်းနေတာကြောင့် မာဆေးဆိုက်ဘက်ကို အလေးသာဖွယ်ရှိနေ။

– ဒေါ့မွန်အသင်းဆီ လက်လွှတ်လိုက်ရတဲ့ ဒွန်ယဲလ် မာလန်ကို မခေါ်ယူနိုင်ခဲ့တာဟာ အသင်းရဲ့ တင်းကျပ်တဲ့ ဘဏ္ဏာရေးစည်းမျဉ်းတွေအရ ချာဒန် ရှာကျီရီနဲ့ ဒီဗော့ခ် အိုရီဂီကို ရှင်းထုတ်ပြီးမှာ လုပ်ဆောင်ရမှာအတွက်ကြောင့် လက်လျှော့ခဲ့ရတာဖြစ်မယ်လို့ လီဗာပူးလ် အားကစား ဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ် အကျပ်တွေ့ခဲ့ပုံကို ဖာရီဇီယို ရိုမာနို ထုတ်ဖော်သွား။

– လီဗာပူးလ်အသင်းအနေနဲ့ နွေရာသီမှာ ပီအက်စ်ဂျီအသင်းဆီ အလွတ်ထွက်ခွာသွားခဲ့တဲ့ ကွင်းလယ်လူဟောင်း ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်နေရာမှာ အစားထိုးဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အာဂျင်တီးနားကွင်းလယ်လူ ဂီဒို ရိုဒရီးရက်ဇ်ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာ။

– အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို ရောက်ရှိနေတဲ့ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူကို လီဗာပူးလ်ဘက်ကလည်း ချဉ်းကပ်ဆွေးနွေးနေပြီး မန်ချက်စတာယူနိုက်တက်နဲ့ သတင်းကြီးနေတဲ့ စပိန်သားကို နောက်ဆုံးမိနစ်မှာ လက်ဦးနိုင်ဖို့ စီစဉ်နေ။

– ပြီးခဲ့တဲ့ ရာသီမှာ ကျဆင်းလာခဲ့တဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် လီဗာပူးလ်တာဝန်ရှိသူတွေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ရောင်းချဖို့ ပြင်ဆင်နေခဲ့တဲ့ အာဆင်နယ်အငှားကစားသမားဟောင်း မာတင် အော်ဒီဂွါဒ်ကို ပေါင် ၄၃ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်စုံစမ်းထား။

– လီဗာပူးလ်အသင်းရဲ့ ကစားသမားသစ် အီဘရာဟီမာ ကိုနာတေက အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ပြီးရင် သူ့မှာ ညတိုင်း တုန်းခနဲ အလျင်အမြန် အိပ်မောကျခဲ့ရကြောင်းနဲ့ ယာဂန် ကလော့ပ်ရဲ့ ထရိန်နင်တွေ ပြင်းထန်ပုံကို ထုတ်ဖော်သွားခဲ့ပြီး ဘောလုံးသမားတစ်ယောက် ဖြစ်လို့ ဒါက ပြဿနာမဟုတ်ကြောင်း ပြောပြသွားခဲ့။

– အန်းဖီးလ်အနာဂတ်ကို သေသေချာချာ မဆုံးဖြတ်ရသေးတဲ့ လူငယ်တောင်ပံတိုက်စစ်မှူး ဟာဗီ အီးလီးယော့ကို ခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ် ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းက အလိုရှိနေပြီး အသက် ၁၈ နှစ်အရွယ် အင်္ဂလန်လူငယ်ကို ရိုင်ယန် ဘရူးစတားကို ခေါ်ယူတုန်းကလိုပဲ ပြန်လည်‌ဝယ်ယူခွင့်ပါတဲ့ အပြောင်းအရွှေ့နဲ့ ကမ်းလှမ်းသွားဖို့ရှိနေ။

– ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ၂၀၀၃ ခုနှစ်က ခေါ်ယူဖို့ လီဗာပူးလ်အသင်းအနေနဲ့ စီစဉ်ဆောင်ရွက်ခဲ့ပြီး အသင်းကို ကိုယ်စားပြုတဲ့ အေးဂျင့် တိုနီ ဟင်နရီကို မီးစိမ်းပြလိုက်ချိန်မှာပဲ မန်ချက်စတာယူနိုက်တက်ရဲ့ အလျင်အမြန် ခေါ်ယူသွားမှုကို တွေ့လိုက်ရချိန်မှာ မိမိနဲ့ စတီဗင် ဂျရတ်တို့ မယုံနိုင်အောင် တုန်လှုပ်အံ့ဩခဲ့ရကြောင်း နည်းပြကြီး ဂျရယ် အူလီယေးရဲ့ လက်ထောက်ဟောင်း ဖီးလ် သွမ့်ပ်ဆန်က ဝန်ခံသွားခဲ့။

– လီဗာပူးလ်အသင်းက အလိုရှိနေခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ခီလီယန် အမ်ဘာပေအနေနဲ့ သိပ်ပြီးရင်ခုန်စရာမရှိတော့တဲ့ လီဂူးဝမ်းကလပ်မှာ ပါရီသားတွေဘက်က စာချုပ်သစ် ကမ်းလှမ်းမှုတွေကို ပယ်ချနေတဲ့အတွက် ဒီရာသီကုန် စာချုပ်ကုန်ဆုံးချိန်မှာ အန်းဖီးလ်ကို ပြောင်းရွှေ့လာနိုင်မယ်ဆိုတဲ့ ကောလဟာလတွေက ပိုမိုဆူညံလာခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ ဂ်ဴဗင္တပ္စ္ေတာင္ပံကစားသမား ဖက္ဒါရီကို ခီေယဆာကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းထက္ အခြင့္သာႏိုင္ၿပီး အာလင္း ဟားလန္းကို ေခၚရဦးမယ့္ အေနာက္လန္ဒန္သားေတြအေနနဲ႔ ယူ႐ိုသန္း ၁၀၀ ထက္ပိုၿပီး ကမ္းလွမ္းဖို႔အတြက္ စြန႔္စားႏိုင္ခြင့္ နည္းေနတာေၾကာင့္ မာေဆးဆိုက္ဘက္ကို အေလးသာဖြယ္ရွိေန။

– ေဒါ့မြန္အသင္းဆီ လက္လႊတ္လိုက္ရတဲ့ ဒြန္ယဲလ္ မာလန္ကို မေခၚယူႏိုင္ခဲ့တာဟာ အသင္းရဲ႕ တင္းက်ပ္တဲ့ ဘဏၰာေရးစည္းမ်ဥ္းေတြအရ ခ်ာဒန္ ရွာက်ီရီနဲ႔ ဒီေဗာ့ခ္ အိုရီဂီကို ရွင္းထုတ္ၿပီးမွာ လုပ္ေဆာင္ရမွာအတြက္ေၾကာင့္ လက္ေလွ်ာ့ခဲ့ရတာျဖစ္မယ္လို႔ လီဗာပူးလ္ အားကစား ဒါ႐ိုက္တာ မိုက္ကယ္ အက္ဒ္ဝပ္ အက်ပ္ေတြ႕ခဲ့ပုံကို ဖာရီဇီယို ႐ိုမာႏို ထုတ္ေဖာ္သြား။

– လီဗာပူးလ္အသင္းအေနနဲ႔ ေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းဆီ အလြတ္ထြက္ခြာသြားခဲ့တဲ့ ကြင္းလယ္လူေဟာင္း ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ေနရာမွာ အစားထိုးဖို႔အတြက္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အာဂ်င္တီးနားကြင္းလယ္လူ ဂီဒို ႐ိုဒရီးရက္ဇ္ကို ေပါင္ ၂၅ သန္းနဲ႔ ေခၚယူႏိုင္ဖို႔ အေျခအေနေကာင္းလာ။

– အဂၤလန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ရဲ႕ ေအးဂ်င့္ျဖစ္သူကို လီဗာပူးလ္ဘက္ကလည္း ခ်ဥ္းကပ္ေဆြးေႏြးေနၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ သတင္းႀကီးေနတဲ့ စပိန္သားကို ေနာက္ဆုံးမိနစ္မွာ လက္ဦးႏိုင္ဖို႔ စီစဥ္ေန။

– ၿပီးခဲ့တဲ့ ရာသီမွာ က်ဆင္းလာခဲ့တဲ့ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းသြားဖို႔အတြက္ လီဗာပူးလ္တာဝန္ရွိသူေတြအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကေန ေရာင္းခ်ဖို႔ ျပင္ဆင္ေနခဲ့တဲ့ အာဆင္နယ္အငွားကစားသမားေဟာင္း မာတင္ ေအာ္ဒီဂြါဒ္ကို ေပါင္ ၄၃ သန္း ဝန္းက်င္နဲ႔ ေခၚယူႏိုင္ဖို႔ ခ်ိတ္ဆက္စုံစမ္းထား။

– လီဗာပူးလ္အသင္းရဲ႕ ကစားသမားသစ္ အီဘရာဟီမာ ကိုနာေတက အသင္းရဲ႕ ေလ့က်င့္ခန္း အစီအစဥ္ၿပီးရင္ သူ႔မွာ ညတိုင္း တုန္းခနဲ အလ်င္အျမန္ အိပ္ေမာက်ခဲ့ရေၾကာင္းနဲ႔ ယာဂန္ ကေလာ့ပ္ရဲ႕ ထရိန္နင္ေတြ ျပင္းထန္ပုံကို ထုတ္ေဖာ္သြားခဲ့ၿပီး ေဘာလုံးသမားတစ္ေယာက္ ျဖစ္လို႔ ဒါက ျပႆနာမဟုတ္ေၾကာင္း ေျပာျပသြားခဲ့။

– အန္းဖီးလ္အနာဂတ္ကို ေသေသခ်ာခ်ာ မဆုံးျဖတ္ရေသးတဲ့ လူငယ္ေတာင္ပံတိုက္စစ္မႉး ဟာဗီ အီးလီးေယာ့ကို ေခၚယူဖို႔ ခ်န္ပီယံရွစ္ကလပ္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းက အလိုရွိေနၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္ အဂၤလန္လူငယ္ကို ႐ိုင္ယန္ ဘ႐ူးစတားကို ေခၚယူတုန္းကလိုပဲ ျပန္လည္‌ဝယ္ယူခြင့္ပါတဲ့ အေျပာင္းအေ႐ႊ႕နဲ႔ ကမ္းလွမ္းသြားဖို႔ရွိေန။

– ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ၂၀၀၃ ခုႏွစ္က ေခၚယူဖို႔ လီဗာပူးလ္အသင္းအေနနဲ႔ စီစဥ္ေဆာင္႐ြက္ခဲ့ၿပီး အသင္းကို ကိုယ္စားျပဳတဲ့ ေအးဂ်င့္ တိုနီ ဟင္နရီကို မီးစိမ္းျပလိုက္ခ်ိန္မွာပဲ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အလ်င္အျမန္ ေခၚယူသြားမႈကို ေတြ႕လိုက္ရခ်ိန္မွာ မိမိနဲ႔ စတီဗင္ ဂ်ရတ္တို႔ မယုံႏိုင္ေအာင္ တုန္လႈပ္အံ့ဩခဲ့ရေၾကာင္း နည္းျပႀကီး ဂ်ရယ္ အူလီေယးရဲ႕ လက္ေထာက္ေဟာင္း ဖီးလ္ သြမ့္ပ္ဆန္က ဝန္ခံသြားခဲ့။

– လီဗာပူးလ္အသင္းက အလိုရွိေနခဲ့တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး ခီလီယန္ အမ္ဘာေပအေနနဲ႔ သိပ္ၿပီးရင္ခုန္စရာမရွိေတာ့တဲ့ လီဂူးဝမ္းကလပ္မွာ ပါရီသားေတြဘက္က စာခ်ဳပ္သစ္ ကမ္းလွမ္းမႈေတြကို ပယ္ခ်ေနတဲ့အတြက္ ဒီရာသီကုန္ စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ အန္းဖီးလ္ကို ေျပာင္းေ႐ႊ႕လာႏိုင္မယ္ဆိုတဲ့ ေကာလဟာလေတြက ပိုမိုဆူညံလာခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.